JoJo Fan တွေကို လက်ဖျားခါစေမယ့် JoJo’s All Star Battle Remaster

 

Jojo fan တွေအတွက်သတင်းကောင်းတစ်ခုကတော့ 2013 PS3 မှာ all star battle ဆိုပြီး ဘယ်သူမှမသိလိုက်တဲ့ ဂိမ်းကောင်းတစ်ခုကို ဒီနှစ်ထဲ သိပ်မကြာသေးခင်လေးက JoJo’s Bizarre Adventure: All Star Battle R ဆိုပြီး version အသစ် pc, ps4, xbox, switch စသဖြင့် platform အစုံမှာ remastered ပြန်ထွက်ခဲ့ပါတယ်။

Remaster ဖြစ်တာမို့ နည်းပညာပိုင်းအရ nintendo switch ကလွဲလို့ 60fps ရသွားတဲ့အပြင် ခုလုတ်နှိပ်ရပိုလွယ်အောင် input buffer, မလိုအပ်ဘဲ ခက်နေခဲ့တဲ့ skill command တွေကိုလွယ်အောင်ပြန်ပြင်ထားတာ အစရှိသဖြင့် အခြားသော upgrade ပေါင်းစုံလဲပါလာခဲ့ပါတယ်။ အထူးသဖြင့် လက်ရှိ Esports စာရင်းဝင်ဖြစ်အောင် balance patch တွေအများကြီးပါလာခဲ့ပါတယ်။

Story mode မှာ JoJo part1 Phantom Blood ကနေ နောက်ဆုံး part8 Jojolion အထိ အစအဆုံးပါတာမို့ လုံးဝတစ်ဝကြီးဆော့လို့ရပါတယ်။ ဒါပေမယ့် သေချာတာတော့ anime only လက်ရှိ part6 Stone Ocean အထိပဲ ကြည့်ထားတဲ့လူတွေအဖို့တော့ spoiler မိမှာသေချာပါတယ်။

အဓိကအနေနဲ့ gameplay ကိုပြောချင်ပါတယ်။ Fighting game အမျိုးအစားဖြစ်တာမို့ သူလိုကိုယ်လို fighting game လို့ထင်ရင်မှားသွားပါလိမ့်မယ်။ JoJo fan တွေအတွက် fighting game ကိုမှ လုံးဝ JoJo ပီသတဲ့ဂိမ်းလို့ပြောလို့ရပါတယ်။ Character ပေါင်း ၅၀ ကျော်ပါတာမို့ series တစ်ခုလုံး လွတ်တဲ့ကောင်ဆိုတာ တော်တော်ရှားပါတယ်။

ပထမဆုံး အရင်ဂိမ်းနဲ့မတူတော့တာ assist system ပါလာပါတယ်။ ဒါကတော့တခြား fighting game တွေမှာလဲ မြင်ရတာမို့ ထွေထွေထူးထူးမဟုတ်ပါဘူး။ အရင်ကလို 1v1 မဟုတ်ပဲ ဝင်ကူပေးမယ့် ဘော်ဒါတစ်ယောက် အပိုပါလာတာပါပဲ။

Jojo ပီသတဲ့ဂိမ်းလို့ပြောရမှာတွေက အခုမှစပါပြီ။ အသစ်အနေနဲ့ Stylish Guard ဆိုတဲ့အကွက်သစ်တိုးလာပါတယ်။ Jojo ဇာတ်လမ်းတွေထဲကလို ရန်သူချတာကို ကွက်တိရှောင်ပြီး Jojo pose တွေထုတ်ပြ အသာစီးပြန်ယူတာပါ။ နည်းစနစ်အရကတော့ တခြားဂိမ်းတွေအနေနဲ့ပြောရင် parry system ပါပဲ။ ဒါပေမယ့်တော်တော်လေးအမြင်ဆန်းသွားပါတယ်။

Taunt system ကတော့ တော်တော်ထူးခြားပါတယ်။ Fighting game အများစုမှာ taunt လုပ်ပြတာက နိုင်နေလို့ လေတိုက်တာထက် ဘာမှမပိုပေမယ့် ဒီဂိမ်းမှာတော့အရေးကြီးပါတယ်။ Taunt လုပ်ပြီး ဇာတ်လမ်းထဲကအတိုင်း Jojo pose တွေထုတ်ပြပြီဆို အကွက်တိုင်းအတွက် special move တွေထုတ်ဖို့ meter ပါပြည့်ပါတယ်။ ပွဲတစ်ပွဲ အနိုင်အရှုံးမှာ Special Attack Bar ဟာ ဘယ်လောက်သိသာလဲဆိုတာ Fighting Game ဆော့ဖူးတဲ့လူတွေအသိဆုံးဖြစ်ပါတယ်။ အဲဒါမို့ ဒီဂိမ်းမှာ pose တွေများများထုတ်ပြ များများလေတိုက်နိုင်လေ ကောင်းလေပါပဲ။

ခုအောက်ပါအချက်တွေကတော့ Jojo fan တွေအတွက်ပြဿနာမရှိပေမယ့် မသိတဲ့လူတွေအတွက်တော့ နားမလည်ဘဲ spoiler တွေဖြစ်သွားနိုင်တာမို့ spoiler alert လို့သတိပေးပါရစေ။ Jojo series မှာအဓိကလူကြိုက်ကြတာ character တစ်ကောင်ချင်းစီရဲ့ ability တွေဟာ မတရား detail ကျပြီး လုံးဝ mindblown ဖြစ်တဲ့ထိ ထူးဆန်းတာတွေလဲ အပါအဝင်ဖြစ်ပါတယ်။ အဲဒါတွေကိုလဲ ဒီဂိမ်းက မေ့မထားပါဘူး။

ပထမဆုံးဥပမာအနေနဲ့ဆို Dio ရဲ့ Zawarudo သုံးပြီး time stop အချိန်ရပ်ပစ်လိုက်တာကို Jotaro ရဲ့ Star Platinum နဲ့အချိန်ပြန်ရပ်ပြီး counter လို့ရပါတယ်။

Father Pucci ရဲ့ gameplay style ဟာဆိုရင်လဲ ဇာတ်လမ်းထဲကအတိုင်း White Snake ကနေ C-Moon, C-Moon ကနေ နောက်ဆုံး Made in Heaven တစ်ဆင့်ချင်း upgrade နဲ့သွားတာပါ။ သူ MiH ရသွားပြီဆို သူကလွဲလို့အကုန် လှုပ်ရှားမှုတွေနှေးကုန်တာမို့ နိုင်ဖို့လုံးဝမလွယ်တော့ပါဘူး။ ဒါပေမယ့် Part4 ထဲက main villain ဖြစ်တဲ့ Yoshikage Kira ရဲ့ stand “Killer Queen” နဲ့တွေ့ရင် တိုင်ပတ်တာပါပဲ။ Made in Heaven ကြီးရပြီးမှ သူ့ရဲ့ Killer Queen: Bites the Dust အကွက်မိသွားရင် ဇာတ်လမ်းထဲကအတိုင်း အချိန်တွေနောက်ပြန်ရစ်ပြီး MiH ကနေ White Snake ဘဝပြန်ရောက်သွားပါတယ်။ ပြီးတော့ အဲဒါတွေအကုန်လုံး Giorno ရဲ့ stand Gold Experience ကနေ Requiem mode ဖြစ်သွားရင် ဘာမှမတိုးတော့ပါဘူး။

အစရှိသဖြင့် character တစ်ကောင်ချင်းစီမှာ unique gimmick တွေရှိတဲ့အပြင် မထင်ထားတဲ့ match up တွေကလဲ fan တွေအတွက် holy shit ဆိုပြီးအံ့သြလောက်အောင် detail တော်တော်ကျပါတယ်။

ဒီဂိမ်းအတွက်မကောင်းတာတစ်ခုပြောရရင် online mode အတွက် netcode ကတော်တော်စုတ်တာပါ။ နေရာဝေးတဲ့လူတွေတွေ့ရင် ချနေရင်း connecting ဖြစ်ဖြစ်ပြီး ရပ်ရပ်သွားတာ ခဏခဏပါပဲ။ Developer တွေအနေနဲ့ ပြန်ပြင်မယ်ပြောထားပေမယ့် esport တန်းဝင်ဖြစ်အောင် အများကြီးပြန်ပြင်ထုတ်ထားတဲ့ဂိမ်းမှာ netcode ကောင်းကောင်းပါမလာလဲ ဆိုတာ စဥ်းစားလို့မရပါဘူး။

ခြုံပြောရရင်တော့ Jojo fan တွေအတွက် ဂိမ်းကောင်းကောင်းဆိုတာ မထွက်သလောက်ကိုရှားပါတယ်။ အထူးသဖြင့် pc player တွေအတွက် ပိုတောင်ဆိုးပါသေးတယ်။ အနည်းဆုံးတော့ နောက်ဆုံးထွက်လာတဲ့ ဒီ all star battle R ဆိုရင် စုတ်ပြတ်နေတဲ့ ပေါပေါလောလော cash grab မဟုတ်ပဲ သေချာလေး passion အပြည့်နဲ့လုပ်ပေးထားတဲ့ ဂိမ်းတစ်ခုဆိုတာသေချာပေါက်ပြောလို့ရပါတယ်။ သင်ဟာ Fighting Game တွေလဲကြိုက်တယ် Jojo fan လဲဖြစ်တယ်ဆိုရင်တော့ ဒီဂိမ်းဟာ အတိုင်းထက်အလွန်ပါပဲ။

~Lan