

Huawei နဲ့ တရားဝင်လက်တွဲခဲ့တဲ့ မြန်မာ Esports အသင်း Burmese Ghouls
ပြည်တွင်းရှိ အအောင်မြင်ဆုံး Esports အသင်းတစ်သင်းဖြစ်တဲ့ Burmese Ghouls ဟာ ကမ္ဘာကျော် Telecom အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Huawei(ဟွာဝေး) နဲ့ တရားဝင်လက်တွဲမှုပြုလုပ်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲကို ယနေ့ ဇူလိုင် ၂၆ ရက် နေ့လည် ၁ နာရီ Melia Hotel မှာ ပြုလုပ်ခဲ့ပါတယ်။
Huawei အမှတ်တံဆိပ်သည် မြန်မာ Esports လောကကို ၂၀၁၇ ခုနှစ်ကတည်းက ထောက်ပံမှုများ ပြုလုပ်နေတာဖြစ်ပြီး Huawei Esports Gaming Challenge ကိုလည်း ၂၀၁၇ ကတည်းက စတင်ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။
Burmese Ghouls အသင်းကိုတော့ 2016 ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး Mobile Legends အသင်းနဲ့ စတင်ခဲ့ပါတယ်။ Burmese Ghouls Mobile Legend အသင်းဟာတော့ မြန်မာနိုင်ငံရှိ အောင်မြင်မှုအများဆုံး အသင်းဖြစ်ပြီး 2018 MSC Myanmar Qualifier Champion, Huawei Nova MLBB Champion, MPL Myanmar Season (1) Champion, MPL Myanmar Season (2) First Runner-up အစရှိတဲ့ အောင်မြင်မှုတွေ ရရှိထားပါတယ်။ Burmese Ghouls MLBB ဟာ အရှေ့တောင်အာရှအထိပါ နာမည်ကျော်ကြားသည့်အတွက် အခါအားလျှော်စွာ ဖိတ်ခေါ်ပြိုင်ပွဲများလည်း ယှဉ်ပြိုင်ခွင့်ရရှိနေတဲ့ အသင်းတစ်သင်းပဲ ဖြစ်ပါတယ်။
ဟွာဝေးနဲ့ Burmese Ghouls တို့ဟာ ၂၀၁၉ မတ်လကတည်းက ပူးပေါင်မှုတွေ စတင်ခဲ့တာဖြစ်ပြီး Huawei Consumer Business Group ရဲ့ Marketing Director မခင်ရတနာဝင်းမှ Burmese Ghouls နဲ့ လက်တွဲပြီး မြန်မာ့ Esports နယ်ပယ်ကို ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ သယ်ဆောင်လာနိုင်အောင် ကြိုးစားသွားပါ့မယ်လို့ ပြောကြားခဲ့ပါတယ်။
Burmese Ghouls အသင်းမှာတော့ MLBB အသင်းအပြင် ယခုနှစ်အစောပိုင်းက စတင်ဖွဲ့စည်းထားတဲ့ PUBG Mobile နဲ့ AOV အသင်း ၂ သင်းကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ထို့အပြင် အခြား PC Game နဲ့ ပတ်သက်တဲ့ Esports အသင်းများကိုလည်း ခေါ်ယူဖို့ အစီအစဉ်ရှိကြောင်းလည်း သိရှိရပါတယ်။