[Unicode]
ခေတ်စားသထက်စားလာနေတဲ့ Esports လောင်းကစားများ
ယနေ့ကမ္ဘာမှာ လွန်စွာခေတ်စားနေတဲ့ Esports နဲ့အတူ ဒွန်တွဲပြီး အားကောင်းလာတာကတော့ Esports လောင်းကစားများပါ။ မှတ်တမ်းများအရ ၂၀၁၉ ခုနှစ်မှာ Esports လောင်းကစားများရဲ့ စုစုပေါင်းတန်ဖိုးဟာ ဒေါ်လာ ၈ ဘီလီယံအထိ ရှိလာခဲ့ပြီး ယခုနှစ်အတွင်းမှာလည်း ဆက်လက်မြင့်တက်လာနေပါတယ်။ အထူးသဖြင့် ယခုလို သမားရိုးကျအားကစားအတွက် လောင်းကစားများ အလွန်နည်းပါးနေချိန်မှာ Esports လောင်းကစားများဟာ တစ်ဟုန်ထိုးခေတ်စားလာလျှက်ရှိပါတယ်။
Covid-19 ပြဿနာကြောင့် သမားရိုးကျအားကစားပြိုင်ပွဲကြီးများကို လုံးဝရွှေ့ဆိုင်းထားရပေမယ့် Esports ပြိုင်ပွဲများကတော့ အွန်လိုင်းပေါ်မှာ ဆက်လက်ကျင်းပလို့ရတဲ့ အားသားချက်ရှိနေပြီး ဒီအချက်က Esports လောင်းကစားများကို ဆက်လက်လည်ပတ်နေနိုင်အောင် ကူညီပေးနေပါတယ်။ လက်ရှိမှာ အွန်လိုင်း သီးသန့် ပြိုင်ပွဲများအဖြစ် ပြောင်းလဲထားတဲ့ ESL One Los Angeles, LCK နဲ့ Call of Duty League တို့လို ပြိုင်ပွဲကြီးများဟာ Esports လောင်းကစားသမားများရဲ့ စိတ်အာရုံကို ဖမ်းစားထားတဲ့ ပြိုင်ပွဲများပဲ ဖြစ်ကြပါတယ်။

လောင်းကစားပြုလုပ်နိုင်တဲ့ Esports ဂိမ်းအမျိုးအစားများထဲမှာတော့ သမားရိုးကျအားကစားနည်းများကို တုပပြုလုပ်ထားတဲ့ NBA 2K, FIFA နဲ့ sim racing တို့လို Esports ဂိမ်းများရော သမားရိုးကျ အားကစား နည်းများနဲ့ မသက်ဆိုင်လှတဲ့ Dota 2, CS: GO, Call of Duty, League of Legends တို့လို ဂိမ်းများပါ ပါဝင်ပါတယ်။ Esports လောင်းကစားပြုလုပ်ကြသူများထဲမှာလည်း ကိုယ်တိုင်ဂိမ်းကစားသူများရော မကစားသူများပါ ပါဝင်နေကြပါတယ်။
Esports လောင်းကစားဝက်ဘ်ဆိုက်များနဲ့ အပလီကေးရှင်းများရဲ့ ကြော်ငြာများကို အဓိက တွေ့မြင်နိုင်တာ ကတော့ ယင်းတို့ဆီမှ လောင်းကစားပြုလုပ်နိုင်တဲ့ Esports ပြိုင်ပွဲများမှာပါ။ ဥပမာအားဖြင့် လောင်းကစားလုပ်သူအမြောက်အများ နှစ်သက်ကြတဲ့ CS: GO ဂိမ်းမှာ ဆိုရင် Flashpoint ပြိုင်ပွဲများကို Pinnacle က စပွန်ဆာပေးထားပြီး ESL Pro League နဲ့ BLAST Premier တို့ကို Betway က စပွန်ဆာပေးထားတာကို တွေ့မြင်ကြရမှာပါ။

Esports လောင်းကစားကုမ္ပဏီများဟာ Esports အဖွဲ့အစည်းများကို စပွန်ဆာပေးပြီးလည်း ကြော်ငြာလေ့ရှိကြပါတယ်။ ဥပမာအားဖြင့် Rivalry က Fnatic, FURIA, beastcoast, B8 တို့နဲ့ Betway က Ninjas in Pyjamas ကို အသီးသီးစပွန်ဆာပေးထားခြင်းမျိုးပါ။ ဒီလိုပြုလုပ်ခြင်းဟာလည်း ယင်းအဖွဲ့အစည်း များရဲ့ ပြိုင်ပွဲဝင်အသင်းများကို အားပေးနေကြတဲ့ ပရိသတ်များအတွက် Esports လောင်းကစားများကို သတိထားမိလာစေပါတယ်။
CS: GO အကြောင်းအရာများကို ဖော်ပြပေးနေတဲ့ HLTV.org ဝက်ဘ်ဆိုက်မှာဆိုရင်တော့ Betway, Pinnacle, Bet365, Unibet စ တာတွေရဲ့ CS: GO လောင်းကစားပွဲပေါင်းစုံက ဆများကို ဝက်ဘ်စာမျက်နှာ တစ်ခုနဲ့ သီးသန့်ဖော်ပြပေးထားကို တွေ့ကြရမှာပါ။ HLTV.org ဟာ LOOT.BET နဲ့လည်း ဆိုရှယ်မီဒီယာ အကျိုးတူပူးပေါင်းမှုများ ပြုလုပ်ထားပါသေးတယ်။

ဂိမ်းတစ်ခုရဲ့ပြိုင်ပွဲများကို လောင်းကစားလုပ်ကြသူများဟာ ယင်းဂိမ်းအကြောင်းဆောင်းပါးများကို ဖတ်ရှုလေ့ရှိကြတာမို့ Esports လောင်းကစားကုမ္ပဏီများဟာလည်း Esports ဂျာနယ်လစ်များကို စပွန်ဆာပေးလာကြပါတယ်။ ဥပမာတစ်ခုကတော့ CS: GO ပြိုင်ပွဲများအကြောင်းကို အလေးပေး ရေးသားလေ့ရှိတဲ့ Richard Lewis ကို Rivalry က စပွန်ဆာပေးထားတာပဲ ဖြစ်ပါတယ်။
ဂိမ်မာအချို့ကတော့ Esports လောင်းကစားများကို သဘောကျနှစ်သက်ခြင်း မရှိကြပါဘူး။ ဒါပေမယ့် ယခုအချိန်မှာ Esports လောင်းကစားများဟာ သမားရိုးကျအားကစားများရဲ့ လောင်းကစားများကနေ ကူးပြောင်းလာသူများနဲ့ စည်ကားနေချိန်ဖြစ်တာမို့ ယင်းတို့အကြောင်းကို ဗဟုသုတအဖြစ် ဖော်ပြလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျှက်ရှိပါတယ်။
source: esportsinsider
[ZawGyi]
ေခတ္စားသထက္စားလာေနတဲ့ Esports ေလာင္းကစားမ်ား
ယေန႔ကမာၻမွာ လြန္စြာေခတ္စားေနတဲ့ Esports နဲ႔အတူ ဒြန္တြဲၿပီး အားေကာင္းလာတာကေတာ့ Esports ေလာင္းကစားမ်ားပါ။ မွတ္တမ္းမ်ားအရ ၂၀၁၉ ခုႏွစ္မွာ Esports ေလာင္းကစားမ်ားရဲ႕ စုစုေပါင္းတန္ဖိုးဟာ ေဒၚလာ ၈ ဘီလီယံအထိ ရွိလာခဲ့ၿပီး ယခုႏွစ္အတြင္းမွာလည္း ဆက္လက္ျမင့္တက္လာေနပါတယ္။ အထူးသျဖင့္ ယခုလို သမား႐ိုးက်အားကစားအတြက္ ေလာင္းကစားမ်ား အလြန္နည္းပါးေနခ်ိန္မွာ Esports ေလာင္းကစားမ်ားဟာ တစ္ဟုန္ထိုးေခတ္စားလာလွ်က္ရွိပါတယ္။
Covid-19 ျပႆနာေၾကာင့္ သမား႐ိုးက်အားကစားၿပိဳင္ပြဲႀကီးမ်ားကို လုံးဝေ႐ႊ႕ဆိုင္းထားရေပမယ့္ Esports ၿပိဳင္ပြဲမ်ားကေတာ့ အြန္လိုင္းေပၚမွာ ဆက္လက္က်င္းပလို႔ရတဲ့ အားသားခ်က္ရွိေနၿပီး ဒီအခ်က္က Esports ေလာင္းကစားမ်ားကို ဆက္လက္လည္ပတ္ေနႏိုင္ေအာင္ ကူညီေပးေနပါတယ္။ လက္ရွိမွာ အြန္လိုင္း သီးသန႔္ ၿပိဳင္ပြဲမ်ားအျဖစ္ ေျပာင္းလဲထားတဲ့ ESL One Los Angeles, LCK နဲ႔ Call of Duty League တို႔လို ၿပိဳင္ပြဲႀကီးမ်ားဟာ Esports ေလာင္းကစားသမားမ်ားရဲ႕ စိတ္အာ႐ုံကို ဖမ္းစားထားတဲ့ ၿပိဳင္ပြဲမ်ားပဲ ျဖစ္ၾကပါတယ္။

ေလာင္းကစားျပဳလုပ္ႏိုင္တဲ့ Esports ဂိမ္းအမ်ိဳးအစားမ်ားထဲမွာေတာ့ သမား႐ိုးက်အားကစားနည္းမ်ားကို တုပျပဳလုပ္ထားတဲ့ NBA 2K, FIFA နဲ႔ sim racing တို႔လို Esports ဂိမ္းမ်ားေရာ သမား႐ိုးက် အားကစား နည္းမ်ားနဲ႔ မသက္ဆိုင္လွတဲ့ Dota 2, CS: GO, Call of Duty, League of Legends တို႔လို ဂိမ္းမ်ားပါ ပါဝင္ပါတယ္။ Esports ေလာင္းကစားျပဳလုပ္ၾကသူမ်ားထဲမွာလည္း ကိုယ္တိုင္ဂိမ္းကစားသူမ်ားေရာ မကစားသူမ်ားပါ ပါဝင္ေနၾကပါတယ္။
Esports ေလာင္းကစားဝက္ဘ္ဆိုက္မ်ားနဲ႔ အပလီေကးရွင္းမ်ားရဲ႕ ေၾကာ္ျငာမ်ားကို အဓိက ေတြ႕ျမင္ႏိုင္တာ ကေတာ့ ယင္းတို႔ဆီမွ ေလာင္းကစားျပဳလုပ္ႏိုင္တဲ့ Esports ၿပိဳင္ပြဲမ်ားမွာပါ။ ဥပမာအားျဖင့္ ေလာင္းကစားလုပ္သူအေျမာက္အမ်ား ႏွစ္သက္ၾကတဲ့ CS: GO ဂိမ္းမွာ ဆိုရင္ Flashpoint ၿပိဳင္ပြဲမ်ားကို Pinnacle က စပြန္ဆာေပးထားၿပီး ESL Pro League နဲ႔ BLAST Premier တို႔ကို Betway က စပြန္ဆာေပးထားတာကို ေတြ႕ျမင္ၾကရမွာပါ။

Esports ေလာင္းကစားကုမၸဏီမ်ားဟာ Esports အဖြဲ႕အစည္းမ်ားကို စပြန္ဆာေပးၿပီးလည္း ေၾကာ္ျငာေလ့ရွိၾကပါတယ္။ ဥပမာအားျဖင့္ Rivalry က Fnatic, FURIA, beastcoast, B8 တို႔နဲ႔ Betway က Ninjas in Pyjamas ကို အသီးသီးစပြန္ဆာေပးထားျခင္းမ်ိဳးပါ။ ဒီလိုျပဳလုပ္ျခင္းဟာလည္း ယင္းအဖြဲ႕အစည္း မ်ားရဲ႕ ၿပိဳင္ပြဲဝင္အသင္းမ်ားကို အားေပးေနၾကတဲ့ ပရိသတ္မ်ားအတြက္ Esports ေလာင္းကစားမ်ားကို သတိထားမိလာေစပါတယ္။
CS: GO အေၾကာင္းအရာမ်ားကို ေဖာ္ျပေပးေနတဲ့ HLTV.org ဝက္ဘ္ဆိုက္မွာဆိုရင္ေတာ့ Betway, Pinnacle, Bet365, Unibet စ တာေတြရဲ႕ CS: GO ေလာင္းကစားပြဲေပါင္းစုံက ဆမ်ားကို ဝက္ဘ္စာမ်က္ႏွာ တစ္ခုနဲ႔ သီးသန႔္ေဖာ္ျပေပးထားကို ေတြ႕ၾကရမွာပါ။ HLTV.org ဟာ LOOT.BET နဲ႔လည္း ဆိုရွယ္မီဒီယာ အက်ိဳးတူပူးေပါင္းမႈမ်ား ျပဳလုပ္ထားပါေသးတယ္။

ဂိမ္းတစ္ခုရဲ႕ၿပိဳင္ပြဲမ်ားကို ေလာင္းကစားလုပ္ၾကသူမ်ားဟာ ယင္းဂိမ္းအေၾကာင္းေဆာင္းပါးမ်ားကို ဖတ္ရႈေလ့ရွိၾကတာမို႔ Esports ေလာင္းကစားကုမၸဏီမ်ားဟာလည္း Esports ဂ်ာနယ္လစ္မ်ားကို စပြန္ဆာေပးလာၾကပါတယ္။ ဥပမာတစ္ခုကေတာ့ CS: GO ၿပိဳင္ပြဲမ်ားအေၾကာင္းကို အေလးေပး ေရးသားေလ့ရွိတဲ့ Richard Lewis ကို Rivalry က စပြန္ဆာေပးထားတာပဲ ျဖစ္ပါတယ္။
ဂိမ္မာအခ်ိဳ႕ကေတာ့ Esports ေလာင္းကစားမ်ားကို သေဘာက်ႏွစ္သက္ျခင္း မရွိၾကပါဘူး။ ဒါေပမယ့္ ယခုအခ်ိန္မွာ Esports ေလာင္းကစားမ်ားဟာ သမား႐ိုးက်အားကစားမ်ားရဲ႕ ေလာင္းကစားမ်ားကေန ကူးေျပာင္းလာသူမ်ားနဲ႔ စည္ကားေနခ်ိန္ျဖစ္တာမို႔ ယင္းတို႔အေၾကာင္းကို ဗဟုသုတအျဖစ္ ေဖာ္ျပလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလွ်က္ရွိပါတယ္။
source: esportsinsider