[Unicode]
ဝူဟန် ဗိုင်းရပ်စ် တိုက်ဖျက်ရေးကို ကူညီခဲ့တဲ့ LoL ကမ္ဘာ့ ချန်ပီယံ
ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ League of Legends World Championship 2019 ကို အနိုင်ရဗိုလ်စွဲခဲ့ကြတဲ့ FunPlus Pheonix (FPX) အသင်းဟာ ဝူဟန်မြို့မှာ ဖြစ်ပေါ်နေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်ရေးနဲ့ ဗိုင်းရပ်စ်ကြောင့် ဒုက္ခရောက်နေရသူများကို ကူညီနိုင်ရေးတို့အတွက် ယွမ် ၂ သန်း (ကန်ဒေါ်လာ ၂ သိန်း ၉ သောင်း) ကို လှူဒါန်းခဲ့ကြပါတယ်။
FPX အသင်းရဲ့ ပြောကြားချက်တစ်ခုအတွင်းမှာတော့ ယင်းအလှူငွေများဟာ ကိုရိုနာ ဗိုင်းရပ်စ်ပြဿနာကို ဖြေရှင်းဖို့ ဆေးဝါးထုတ်လုပ်ရေး၊ ဆေးဘက်ဆိုင်ရာပစ္စည်းများ ဝယ်ယူနိုင်ရေး၊ ဝူဟန်မြို့အတွက် လိုအပ်နေတဲ့ အခြားသော ရိက္ခာများနဲ့ ပစ္စည်းများ ကူညီနိုင်ရေး စ တာတွေအတွက် အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ကြောင်း ပါဝင်ခဲ့ပါတယ်။
လက်ရှိအချိန်ထိ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၀၅ ဦးကျော်သွားခဲ့ပြီးဖြစ်သလို လူပေါင်း ၁၄,၃၀၀ ကျော်လည်း ကူးစက်ခံထားရပါတယ်။ နိုင်ငံပေါင်း၂၅ ခုကျော်မှာ ကူးစက်ခံထားရသူများကို တွေ့ရှိခဲ့ရသလို ရောဂါကို ကုသနိုင်မယ့် ဆေးဝါးကိုလည်း ရှာဖွေနေကြဆဲပါ။
ကိုရိုနာ ဗိုင်းရပ်စ်ပြဿနာကြောင့် တရုတ်နိုင်ငံအတွင်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ Esports ပြိုင်ပွဲများကို ရက်နောက်ဆုတ်ရွှေ့ပြောင်းခြင်းနဲ့ ဖျက်သိမ်းခြင်းများ ပြုလုပ်နေကြရပါတယ်။ ယင်းတို့ထဲမှာ တရုတ်နိုင်ငံရဲ့ League ပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ League of Legends Pro League 2020 Spring Split (LPL) လည်း ပါဝင်ခဲ့ပြီး လာမယ့် ယခု ဖေဖော်ဝါရီလအတွင်းမှာ ကျင်းပမယ့်ပွဲစဉ်များကို ရက်နောက်ဆုတ်ကြောင်း ကြေညာခဲ့တာပါ။

ကိုရိုနာ ဗိုင်းရပ်စ်ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ကမ္ဘာတစ်ဝှမ်းလုံးက ဘီလျံနာများနဲ့ ကုမ္ပဏီကြီးများဟာလည်း လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြပြီး ဖြစ်ပါတယ်။ ဘီလျံနာသူဌေးကြီးများဖြစ်ကြတဲ့ ဘီလ်ဂိတ်နဲ့ ဂျက်ခ်မားတို့ဟာ ကန်ဒေါ်လာ ၁၀ သန်းနဲ့ ၁၄ သန်းစီ အသီးသီးလှူဒါန်းခဲ့ကြသလို နာမည်ကျော်ကုမ္ပဏီကြီးဖြစ်တဲ့ Tencent ဟာလည်း ကန်ဒေါ်လာ ၄၃ သန်းကျော် လှူဒါန်းခဲ့ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။
source: onesports
[Zawgyi]
ဝူဟန္ ဗိုင္းရပ္စ္ တိုက္ဖ်က္ေရးကို ကူညီခဲ့တဲ့ LoL ကမာၻ႔ ခ်န္ပီယံ
ၿပီးခဲ့တဲ့ႏွစ္က က်င္းပခဲ့တဲ့ League of Legends World Championship 2019 ကို အႏိုင္ရဗိုလ္စြဲခဲ့ၾကတဲ့ FunPlus Pheonix (FPX) အသင္းဟာ ဝူဟန္ၿမိဳ႕မွာ ျဖစ္ေပၚေနတဲ့ ကို႐ိုနာ ဗိုင္းရပ္စ္ကို တိုက္ဖ်က္ႏိုင္ေရးနဲ႔ ဗိုင္းရပ္စ္ေၾကာင့္ ဒုကၡေရာက္ေနရသူမ်ားကို ကူညီႏိုင္ေရးတို႔အတြက္ ယြမ္ ၂ သန္း (ကန္ေဒၚလာ ၂ သိန္း ၉ ေသာင္း) ကို လႉဒါန္းခဲ့ၾကပါတယ္။
FPX အသင္းရဲ႕ ေျပာၾကားခ်က္တစ္ခုအတြင္းမွာေတာ့ ယင္းအလႉေငြမ်ားဟာ ကို႐ိုနာ ဗိုင္းရပ္စ္ျပႆနာကို ေျဖရွင္းဖို႔ ေဆးဝါးထုတ္လုပ္ေရး၊ ေဆးဘက္ဆိုင္ရာပစၥည္းမ်ား ဝယ္ယူႏိုင္ေရး၊ ဝူဟန္ၿမိဳ႕အတြက္ လိုအပ္ေနတဲ့ အျခားေသာ ရိကၡာမ်ားနဲ႔ ပစၥည္းမ်ား ကူညီႏိုင္ေရး စ တာေတြအတြက္ အေထာက္အကူျဖစ္ေစဖို႔ ရည္႐ြယ္ေၾကာင္း ပါဝင္ခဲ့ပါတယ္။
လက္ရွိအခ်ိန္ထိ ကို႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၃၀၅ ဦးေက်ာ္သြားခဲ့ၿပီးျဖစ္သလို လူေပါင္း ၁၄,၃၀၀ ေက်ာ္လည္း ကူးစက္ခံထားရပါတယ္။ ႏိုင္ငံေပါင္း၂၅ ခုေက်ာ္မွာ ကူးစက္ခံထားရသူမ်ားကို ေတြ႕ရွိခဲ့ရသလို ေရာဂါကို ကုသႏိုင္မယ့္ ေဆးဝါးကိုလည္း ရွာေဖြေနၾကဆဲပါ။
ကို႐ိုနာ ဗိုင္းရပ္စ္ျပႆနာေၾကာင့္ တ႐ုတ္ႏိုင္ငံအတြင္းမွာ က်င္းပဖို႔ စီစဥ္ထားတဲ့ Esports ၿပိဳင္ပြဲမ်ားကို ရက္ေနာက္ဆုတ္ေ႐ႊ႕ေျပာင္းျခင္းနဲ႔ ဖ်က္သိမ္းျခင္းမ်ား ျပဳလုပ္ေနၾကရပါတယ္။ ယင္းတို႔ထဲမွာ တ႐ုတ္ႏိုင္ငံရဲ႕ League ၿပိဳင္ပြဲႀကီးတစ္ခုျဖစ္တဲ့ League of Legends Pro League 2020 Spring Split (LPL) လည္း ပါဝင္ခဲ့ၿပီး လာမယ့္ ယခု ေဖေဖာ္ဝါရီလအတြင္းမွာ က်င္းပမယ့္ပြဲစဥ္မ်ားကို ရက္ေနာက္ဆုတ္ေၾကာင္း ေၾကညာခဲ့တာပါ။

ကို႐ိုနာ ဗိုင္းရပ္စ္ျပႆနာကို ေျဖရွင္းႏိုင္ဖို႔အတြက္ ကမာၻတစ္ဝွမ္းလုံးက ဘီလ်ံနာမ်ားနဲ႔ ကုမၸဏီႀကီးမ်ားဟာလည္း လႉဒါန္းမႈမ်ား ျပဳလုပ္ခဲ့ၾကၿပီး ျဖစ္ပါတယ္။ ဘီလ်ံနာသူေဌးႀကီးမ်ားျဖစ္ၾကတဲ့ ဘီလ္ဂိတ္နဲ႔ ဂ်က္ခ္မားတို႔ဟာ ကန္ေဒၚလာ ၁၀ သန္းနဲ႔ ၁၄ သန္းစီ အသီးသီးလႉဒါန္းခဲ့ၾကသလို နာမည္ေက်ာ္ကုမၸဏီႀကီးျဖစ္တဲ့ Tencent ဟာလည္း ကန္ေဒၚလာ ၄၃ သန္းေက်ာ္ လႉဒါန္းခဲ့ပါတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။
source: onesports