Miracle တစ်နှစ်နားပြီး Kuro နဲ့ SumaiL တို့ အသင်းထွက်မယ်ကြားထားတဲ့ Entity.Fishman

 

Russian Dota2 Podcast တစ်ခုမှာ Entity အသင်းမှ Fishman က Nigma Galaxy EU အသင်းနဲ့ပါတ်သက်ပြီး သူကြားထားတဲ့ သတင်းတစ်ခုကို Share သွားခဲ့ပါတယ်။

(Kuro, GH, Miracle, MC) တူတူကစားခဲ့တာ (၄) နှစ်လောက်ရှိသွားပြီဆိုတော့ သူတို့ဟာ စိတ်အားထက်သန်မှု ပျောက်ကွယ်နေပြီလို့ ထင်ပါတယ်။ Nigma Galaxy အသင်းဟာ အပြောင်းအလဲတစ်ခုခု ပြုလုပ်လိမ့်မယ်လို့ ငါသိနေပါတယ်။ အခုပြောမှာကတော့ ကောလာဟလတွေပါ။ Nigma ကစားသမားတွေဆီကနေ တိုက်ရိုက်သိရခဲ့တာမဟုတ်ပါဘူး။ တစ်ဆင့်စကား တစ်ဆင့်ကြားပြီး သိထားတာတွေ ဖြစ်ပါတယ်။

Old Liquid Dota2 Roster

ငါကြားထားသလောက်ကတော့ Miracle က တစ်နှစ်နားမယ်လို့ သိထားပါတယ်။ Kuroky ကလည်း အသင်းကထွက်ပါလိမ့်မယ်။ SumaiL လည်း ထွက်မယ်လို့ထင်ပါတယ်။ အရမ်းတော့ မသေချာပါဘူး။

​Nigma Galaxy ဟာ တကယ်ကောင်းတဲ့အသင်းပါ။ သူတို့ဟာ ငါတို့ကို scrim (training match) တွေမှာ ဒုတိယဂိမ်းရောက်တိုင်း အပြတ်အသတ် အနိုင်ယူနေကျပါ။ Scrim မှာတော့ အခက်ဆုံးပြိုင်ဖက်ပါပဲ။ ဒါပေမယ့် Qualifier မှာတော့ သူတိုဟာ တစ်ခုခုလွဲမှားနေပါတယ်။ ဖိအားအရမ်းဝင်နေလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါဟာပုံမှန်မဟုတ်ပါဘူး။ သူတိုဟာ အရင်ကဆိုရင် Dota2 ကို ပျော်ပျော်ရွှင်ရွှင် ကစားနေကျပါ။ ဒီ WEU Qualifier ကတော့သူတို့ဟာ ရှုံးမှာကြောက်တဲ့ပုံစံနဲ့ ကစားခဲ့ကြပါတယ်။

Entity.Fishman

အထက်ပါအကြောင်းအရာတွေကတော့ Enitiy.Fishman ကြားသိထားတဲ့ Nigma Galaxy EU ရဲ့ ကောလာဟလနဲ့ ကစားပုံတွေကို ပြောဆိုခဲ့တာဖြစ်ပါတယ်။ Nigma Galaxy ဟာလည်း TI မဝင်တာ (၂) နှစ်ရှိပြီဖြစ်လို့ ဒီနှစ်မှာတော့ အပြောင်းအလဲတစ်ခုခု ပြုလုပ်ဖို့ လိုနေပြီလို့ ထင်မြင်မိပါတယ်။

Source – escorenews

#NigmaGalaxy #RosterNews #Fishman