[Zawgyi]
Dota 2 ကစားသမားဘဝကေန အနားယူသြားတဲ့ Vici Gaming ရဲ႕ အသင္းေခါင္းေဆာင္ Fade
Vici Gaming ကို ဦးေဆာင္ျပီး TI9 ကို ဝင္ေရာက္ယွဥ္ျပိဳင္ခဲ့တဲ့ Fade ဟာ Dota 2 ျပိဳင္ပြဲဝင္ကစားသမားကေန အနားယူသြားခဲ့ပါတယ္။ အသက္ ၂၃ ႏွစ္သာ ရွိေသးတဲ့ Fade ရဲ႕ ဦးေဆာင္မႈဟာ 2018-2019 Dota 2 season မွာ Vici Gaming ကို Stockholm Major နဲ႔ Epicenter Major လို ျပိဳင္ပြဲမ်ားမွာ အႏိုင္ရေစခဲ့ပါတယ္။ ဒါေပမယ့္ မၾကာေသးမီက က်င္းပခဲ့တဲ့ TI9 မွာ ေမွ်ာ္လင့္ထားသေလာက္ အေျခအေနမေကာင္းျဖစ္ခဲ့ျပီး ျပိဳင္ပြဲအျပီးမွာေတာ့ Fade ဟာ သူအနားယူေၾကာင္းကို ေၾကညာခဲ့တာပါ။
TI9 မတိုင္မီ Season တစ္ေလွ်ာက္လုံးမွာ အားေကာင္းေနတဲ့ Vici Gaming ဟာ လူၾကိဳက္အမ်ားဆုံး တရုတ္အသင္းတစ္သင္းျဖစ္ခဲ့ပါတယ္။ Upper bracket မွာ ေနရာတစ္ေနရာရေအာင္ ၾကိဳးစားယွဥ္ျပိဳင္ခဲ့ၾကေပမယ့္ ျပိဳင္ဘက္တရုတ္အသင္း PSG.LGD ကို ရႈံးနိမ့္ျပီး lower bracket ကို အေရာက္မွာလည္း Team Secret ကို ထပ္မံရႈံးနိမ့္သြားခဲ့လို့ အဆင့္ ၅ နဲ႔ ၆ ပူးတြဲေနရာနဲ႔သာ ေက်နပ္ခဲ့ရပါတယ္။

TI9 ကို ဝင္ေရာက္ယွဥ္ျပိဳင္ခဲ့တဲ့ အျခားအသင္းတစ္သင္းျဖစ္တဲ့ Royal Never Give Up (RNG) နဲ႔ Vici Gaming တို႔ၾကား ေပၚေပါက္ခဲ့တဲ့ ျပႆနာကလည္း Fade ကို အနားယူေအာင္ တြန္းပို႔သလိုျဖစ္ခဲ့ပါတယ္။ RNG ဟာ Fade ကို TI9 က်င္းပအျပီးမွာ အသင္းသားအျဖစ္ေခၚယူဖုိ႔ ဆက္သြယ္ကမ္းလွမ္းခဲ့ေၾကာင္း Vici Gaming ဘက္က စြပ္စြဲေျပာဆိုခဲ့ပါတယ္။


RNG ဘက္ကလည္း Vici Gaming ရဲ႕ ကစားသမားမ်ားနဲ႔ ပတ္သတ္တဲ့ အလြွဲအေျပာင္းကိစၥျဖစ္ေပၚေအာင္ ဘာတစ္ခုမွ မလုပ္ခဲ့ေၾကာင္း ျပန္လည္ တုန္႔ျပန္ခဲ့ျပီး အဖြဲ႔အစည္းႏွစ္ခုၾကား တင္းမာမႈမ်ား ျဖစ္ေပၚခဲ့ပါတယ္။ ေနာက္ပိုင္းမွာ Vici Gaming ရဲ႕ CEO Qc ဟာ အျဖစ္မွန္ကို လာေရာက္ေျပာဆိုဖုိ႔ Fade ကို ဖိအားေပးခဲ့ပါတယ္။ ဒါေပမယ့္ Fade ဟာ ဒီကိစၥကို ဘာမွ ဝင္ေရာက္ေျပာဆိုျခင္း မျပဳေတာ့ပဲ အနားယူေၾကာင္းသာ ေၾကညာခဲ့တာပါ။

ကစားသမားဘဝကေန အနားယူေတာ့မွာျဖစ္လို႔ ယခုျဖစ္ေနတဲ့ ပဋိပကၡေတြ အဆုံးသတ္သြားေစဖုိ႔ ေမွ်ာ္လင့္ေၾကာင္း၊ Professional ကစားသမားအျဖစ္ျဖတ္သန္းခဲ့ရတဲ့ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ဟာ သူ႔အတြက္ ခါးသီးခဲ့ေၾကာင္း၊ အားလုံးကို စိတ္ပ်က္ေစမယ့္ ကိစၥေတြျဖစ္ေပၚခဲ့ျပီး အခုေတာ့အကုန္လုံးကို အဆုံးသတ္ေတာ့မွာျဖစ္ေၾကာင္း နဲ႔ Dota ကို သာမန္အေပ်ာ္တမ္းကစားသမားတစ္ေယာက္လိုပဲ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ကစားေတာ့မွာျဖစ္ေၾကာင္း စတာေတြကို Fade ဟာ တရုတ္လူမႈကြန္ယက္ Weibo ေပၚမွာ ေရးသားခဲ့ပါတယ္။

RNG က ေခၚယူခဲ့ေၾကာင္း Fade ဟာ လိမ္လည္ေျပာၾကားခဲ့တယ္လုိ႔ အခ်ိဳ႕ပရိသတ္မ်ားက သုံးသပ္ၾကပါတယ္။ အျခားအသင္းတစ္သင္းက လာေရာက္ေခၚယူတဲ့ ကစားသမားျဖစ္ေနခဲ့ရင္ Vici Gaming က ထြက္ခြာမသြားေအာင္ လစာတိုးေပးျခင္းမ်ားျပဳလုပ္လာႏိုင္လို႔ လိမ္လည္ခဲ့တာျဖစ္တယ္လို႔ ဆိုၾကပါတယ္။ Vici Gaming ဘက္က RNG ကို ျပန္လည္ေတာင္းပန္လိုက္လို့လည္း ဒီလို ယူဆၾကတာပါ။
ဘယ္လုိပဲျဖစ္ျဖစ္ အသင္းအဖြဲ႔ႏွစ္ခုၾကားမွာ ေျမစာပင္ျဖစ္သြားခဲ့တဲ့ Fade ကေတာ့ Dota 2 ကစားသမားဘဝက အနားယူသြားခဲ့ျပီပဲ ျဖစ္ပါတယ္။ Vici Gaming အေနနဲ႔ ထိပ္တန္း support ကစားသမားတစ္ဦးလိုအပ္လာမွာျဖစ္သလို ေခါင္းေဆာင္ဘယ္သူျဖစ္လာမယ္ ဆိုတာကလည္း စိတ္ဝင္စားစရာပါ။ အသင္းသား အလွည့္အေျပာင္းမ်ားနဲ႔ Dota 2 season အသစ္ဟာ မၾကာခင္ေရာက္ရွိလာဦးမွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။
[Unicode]
Dota 2 ကစားသမားဘဝကနေ အနားယူသွားတဲ့ Vici Gaming ရဲ့ အသင်းခေါင်းဆောင် Fade
Vici Gaming ကို ဦးဆောင်ပြီး TI9 ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ Fade ဟာ Dota 2 ပြိုင်ပွဲဝင်ကစားသမားကနေ အနားယူသွားခဲ့ပါတယ်။ အသက် ၂၃ နှစ်သာ ရှိသေးတဲ့ Fade ရဲ့ ဦးဆောင်မှုဟာ 2018-2019 Dota 2 season မှာ Vici Gaming ကို Stockholm Major နဲ့ Epicenter Major လို ပြိုင်ပွဲများမှာ အနိုင်ရစေခဲ့ပါတယ်။ ဒါပေမယ့် မကြာသေးမီက ကျင်းပခဲ့တဲ့ TI9 မှာ မျှော်လင့်ထားသလောက် အခြေအနေမကောင်းဖြစ်ခဲ့ပြီး ပြိုင်ပွဲအပြီးမှာတော့ Fade ဟာ သူအနားယူကြောင်းကို ကြေညာခဲ့တာပါ။
TI9 မတိုင်မီ Season တစ်လျှောက်လုံးမှာ အားကောင်းနေတဲ့ Vici Gaming ဟာ လူကြိုက်အများဆုံး တရုတ်အသင်းတစ်သင်းဖြစ်ခဲ့ပါတယ်။ Upper bracket မှာ နေရာတစ်နေရာရအောင် ကြိုးစားယှဉ်ပြိုင်ခဲ့ကြပေမယ့် ပြိုင်ဘက်တရုတ်အသင်း PSG.LGD ကို ရှုံးနိမ့်ပြီး lower bracket ကို အရောက်မှာလည်း Team Secret ကို ထပ်မံရှုံးနိမ့်သွားခဲ့လို့ အဆင့် ၅ နဲ့ ၆ ပူးတွဲနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

TI9 ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အခြားအသင်းတစ်သင်းဖြစ်တဲ့ Royal Never Give Up (RNG) နဲ့ Vici Gaming တို့ကြား ပေါ်ပေါက်ခဲ့တဲ့ ပြဿနာကလည်း Fade ကို အနားယူအောင် တွန်းပို့သလိုဖြစ်ခဲ့ပါတယ်။ RNG ဟာ Fade ကို TI9 ကျင်းပအပြီးမှာ အသင်းသားအဖြစ်ခေါ်ယူဖို့ ဆက်သွယ်ကမ်းလှမ်းခဲ့ကြောင်း Vici Gaming ဘက်က စွပ်စွဲပြောဆိုခဲ့ပါတယ်။


RNG ဘက်ကလည်း Vici Gaming ရဲ့ ကစားသမားများနဲ့ ပတ်သတ်တဲ့ အလွှဲအပြောင်းကိစ္စဖြစ်ပေါ်အောင် ဘာတစ်ခုမှ မလုပ်ခဲ့ကြောင်း ပြန်လည် တုန့်ပြန်ခဲ့ပြီး အဖွဲ့အစည်းနှစ်ခုကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Vici Gaming ရဲ့ CEO Qc ဟာ အဖြစ်မှန်ကို လာရောက်ပြောဆိုဖို့ Fade ကို ဖိအားပေးခဲ့ပါတယ်။ ဒါပေမယ့် Fade ဟာ ဒီကိစ္စကို ဘာမှ ဝင်ရောက်ပြောဆိုခြင်း မပြုတော့ပဲ အနားယူကြောင်းသာ ကြေညာခဲ့တာပါ။

ကစားသမားဘဝကနေ အနားယူတော့မှာဖြစ်လို့ ယခုဖြစ်နေတဲ့ ပဋိပက္ခတွေ အဆုံးသတ်သွားစေဖို့ မျှော်လင့်ကြောင်း၊ Professional ကစားသမားအဖြစ်ဖြတ်သန်းခဲ့ရတဲ့ လွန်ခဲ့တဲ့နှစ်အနည်းငယ်ဟာ သူ့အတွက် ခါးသီးခဲ့ကြောင်း၊ အားလုံးကို စိတ်ပျက်စေမယ့် ကိစ္စတွေဖြစ်ပေါ်ခဲ့ပြီး အခုတော့အကုန်လုံးကို အဆုံးသတ်တော့မှာဖြစ်ကြောင်း နဲ့ Dota ကို သာမန်အပျော်တမ်းကစားသမားတစ်ယောက်လိုပဲ ပျော်ပျော်ရွှင်ရွှင် ကစားတော့မှာဖြစ်ကြောင်း စတာတွေကို Fade ဟာ တရုတ်လူမှုကွန်ယက် Weibo ပေါ်မှာ ရေးသားခဲ့ပါတယ်။

RNG က ခေါ်ယူခဲ့ကြောင်း Fade ဟာ လိမ်လည်ပြောကြားခဲ့တယ်လို့ အချို့ပရိသတ်များက သုံးသပ်ကြပါတယ်။ အခြားအသင်းတစ်သင်းက လာရောက်ခေါ်ယူတဲ့ ကစားသမားဖြစ်နေခဲ့ရင် Vici Gaming က ထွက်ခွာမသွားအောင် လစာတိုးပေးခြင်းများပြုလုပ်လာနိုင်လို့ လိမ်လည်ခဲ့တာဖြစ်တယ်လို့ ဆိုကြပါတယ်။ Vici Gaming ဘက်က RNG ကို ပြန်လည်တောင်းပန်လိုက်လို့လည်း ဒီလို ယူဆကြတာပါ။
ဘယ်လိုပဲဖြစ်ဖြစ် အသင်းအဖွဲ့နှစ်ခုကြားမှာ မြေစာပင်ဖြစ်သွားခဲ့တဲ့ Fade ကတော့ Dota 2 ကစားသမားဘဝက အနားယူသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ Vici Gaming အနေနဲ့ ထိပ်တန်း support ကစားသမားတစ်ဦးလိုအပ်လာမှာဖြစ်သလို ခေါင်းဆောင်ဘယ်သူဖြစ်လာမယ် ဆိုတာကလည်း စိတ်ဝင်စားစရာပါ။ အသင်းသား အလှည့်အပြောင်းများနဲ့ Dota 2 season အသစ်ဟာ မကြာခင်ရောက်ရှိလာဦးမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။