[Unicode]
၂၀၂၁ အာရှ ရုံတွင်းအားကစားနှင့် ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲ (2021 AIMAG) တွင် Esports ကို ရွှေတံဆိပ်ဆုရ အားကစားအဖြစ် ထည့်သွင်းမည်
အာရှ အီလက်ထရောနစ်အားကစား ဖက်ဒရေးရှင်းအဖွဲ့ကြီး (AESF) ဟာ လာမယ့်နှစ်မှာ ကျင်းပမယ့် ၂၀၂၁ အာရှ ရုံတွင်းအားကစားနှင့် ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲ (2021 AIMAG) မှာ Esports ကို ဆုတံဆိပ်ချီးမြှင့်တဲ့အားကစားအဖြစ် ထည့်သွင်းသွားမှာဖြစ်ကြောင်း မကြာသေးမီက ကြေညာလိုက်ပါတယ်။ AIMAG ပြိုင်ပွဲများဟာ ၄ နှစ်တစ်ကြိမ်ပြုလုပ်လေ့ရှိတဲ့ အာရှရဲ့အားကစားပြိုင်ပွဲကြီးများဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာတော့ ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ ကျင်းပမှာဖြစ်ပါတယ်။
AESF အဖွဲ့ကြီး၊ ထိုင်းအီလက်ထရောနစ်အားကစား ဖက်ဒရှင်းအဖွဲ့နဲ့ ထိုင်းအိုလံပစ်ကော်မတီအဖွဲ့တို့ဟာ အစည်းအဝေးတစ်ခုကို ပြုလုပ်ခဲ့ကြပြီးနောက် ယခုဆုံးဖြတ်ချက်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့် ထည့်သွင်းသွားမယ့် Esports ဂိမ်းအမျိုးအစားများနဲ့ အခြားအသေးစိတ်အချက်အလက်များကိုတော့ ကြေညာခဲ့ခြင်း မရှိသေးပါဘူး။
၂၀၀၇ နဲ့ ၂၀၀၉ ခုနှစ်တို့မှာ ကျင်းပခဲ့တဲ့ အာရှ ရုံတွင်းအားကစားပြိုင်ပွဲများမှာတည်းက Esports ဟာ ဆုတံဆိပ်ချီးမြှင့်တဲ့အားကစားအနေနဲ့ ပါဝင်ခဲ့ဖူးပါတယ်။ ၂၀၁၃ အာရှ ရုံတွင်းအားကစားနှင့် ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲမှာလည်း FIFA 13, Need for Speed: Shift 2 Unleashed, StarCraft II, Tekken Tag Tournamnet 2, League of Legends နဲ့ Special Force ဂိမ်း ၆ ခုတို့ရဲ့ ပြိုင်ပွဲများကို Esports ခေါင်းစဉ်အောက်မှာ ပြုလုပ်ကျင်းပပြီး ဆုတံဆိပ်များ အပ်နှင်းခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှာတော့ ပြိုင်ပွဲကျင်းပရေးကော်မတီဟာ Esports ကို ဆုတံဆိပ်ချီးမြှင့်တဲ့အားကစားအနေနဲ့ မထည့်သွင်းပဲ သရုပ်ပြအားကစားတစ်ခုအဖြစ်သာ ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ Esports ဂိမ်းအရေအတွက်ကိုလည်း ၄ ခုအထိ လျှော့ချခဲ့ပါတယ်။ ထိုစဉ်က ပါဝင်ခဲ့တဲ့ ဂိမ်းများကတော့ StarCraft II, The King of Fighters XIV, Hearthstone နဲ့ Dota 2 တို့ပဲ ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့နှစ်က ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၁၉ ဆီးဂိမ်းမှာတော့ Esports ကို ဆုတံဆိပ်ချီးမြှင့်တဲ့အားကစားအဖြစ် ထည့်သွင်းခဲ့ပြီး အိမ်ရှင်ဖိလစ်ပိုင်ကပဲ Esports ရွှေတံဆိပ် အများဆုံးဆွတ်ခူးသွားခဲ့ပါတယ်။ ဒါကြောင့် လာမယ့် ၂၀၂၁ မှာလည်း Esports ထွန်းကားတဲ့ အာရှနိုင်ငံများရဲ့ ကစားသမားများဟာ အမိမြေအတွက် ရွှေတံဆိပ်များ ဆွတ်ခူးယူဆောင်သွားတာကို ထပ်မံမြင်တွေ့ကြရဦးမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: esportsinsider
[ZawGyi]
၂၀၂၁ အာရွ ႐ုံတြင္းအားကစားႏွင့္ ကိုယ္ခံပညာေပါင္းစုံၿပိဳင္ပြဲ (2021 AIMAG) တြင္ Esports ကို ေ႐ႊတံဆိပ္ဆုရ အားကစားအျဖစ္ ထည့္သြင္းမည္
အာရွ အီလက္ထေရာနစ္အားကစား ဖက္ဒေရးရွင္းအဖြဲ႕ႀကီး (AESF) ဟာ လာမယ့္ႏွစ္မွာ က်င္းပမယ့္ ၂၀၂၁ အာရွ ႐ုံတြင္းအားကစားႏွင့္ ကိုယ္ခံပညာေပါင္းစုံၿပိဳင္ပြဲ (2021 AIMAG) မွာ Esports ကို ဆုတံဆိပ္ခ်ီးျမႇင့္တဲ့အားကစားအျဖစ္ ထည့္သြင္းသြားမွာျဖစ္ေၾကာင္း မၾကာေသးမီက ေၾကညာလိုက္ပါတယ္။ AIMAG ၿပိဳင္ပြဲမ်ားဟာ ၄ ႏွစ္တစ္ႀကိမ္ျပဳလုပ္ေလ့ရွိတဲ့ အာရွရဲ႕အားကစားၿပိဳင္ပြဲႀကီးမ်ားျဖစ္ၿပီး ၂၀၂၁ ခုႏွစ္မွာေတာ့ ထိုင္းႏိုင္ငံ ပတၱရားၿမိဳ႕မွာ က်င္းပမွာျဖစ္ပါတယ္။
AESF အဖြဲ႕ႀကီး၊ ထိုင္းအီလက္ထေရာနစ္အားကစား ဖက္ဒရွင္းအဖြဲ႕နဲ႔ ထိုင္းအိုလံပစ္ေကာ္မတီအဖြဲ႕တို႔ဟာ အစည္းအေဝးတစ္ခုကို ျပဳလုပ္ခဲ့ၾကၿပီးေနာက္ ယခုဆုံးျဖတ္ခ်က္ထြက္ေပၚလာတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ထည့္သြင္းသြားမယ့္ Esports ဂိမ္းအမ်ိဳးအစားမ်ားနဲ႔ အျခားအေသးစိတ္အခ်က္အလက္မ်ားကိုေတာ့ ေၾကညာခဲ့ျခင္း မရွိေသးပါဘူး။
၂၀၀၇ နဲ႔ ၂၀၀၉ ခုႏွစ္တို႔မွာ က်င္းပခဲ့တဲ့ အာရွ ႐ုံတြင္းအားကစားၿပိဳင္ပြဲမ်ားမွာတည္းက Esports ဟာ ဆုတံဆိပ္ခ်ီးျမႇင့္တဲ့အားကစားအေနနဲ႔ ပါဝင္ခဲ့ဖူးပါတယ္။ ၂၀၁၃ အာရွ ႐ုံတြင္းအားကစားႏွင့္ ကိုယ္ခံပညာေပါင္းစုံၿပိဳင္ပြဲမွာလည္း FIFA 13, Need for Speed: Shift 2 Unleashed, StarCraft II, Tekken Tag Tournamnet 2, League of Legends နဲ႔ Special Force ဂိမ္း ၆ ခုတို႔ရဲ႕ ၿပိဳင္ပြဲမ်ားကို Esports ေခါင္းစဥ္ေအာက္မွာ ျပဳလုပ္က်င္းပၿပီး ဆုတံဆိပ္မ်ား အပ္ႏွင္းခဲ့ပါတယ္။
၂၀၁၇ ခုႏွစ္မွာေတာ့ ၿပိဳင္ပြဲက်င္းပေရးေကာ္မတီဟာ Esports ကို ဆုတံဆိပ္ခ်ီးျမႇင့္တဲ့အားကစားအေနနဲ႔ မထည့္သြင္းပဲ သ႐ုပ္ျပအားကစားတစ္ခုအျဖစ္သာ ထည့္သြင္းဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။ Esports ဂိမ္းအေရအတြက္ကိုလည္း ၄ ခုအထိ ေလွ်ာ့ခ်ခဲ့ပါတယ္။ ထိုစဥ္က ပါဝင္ခဲ့တဲ့ ဂိမ္းမ်ားကေတာ့ StarCraft II, The King of Fighters XIV, Hearthstone နဲ႔ Dota 2 တို႔ပဲ ျဖစ္ၾကပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က ဖိလစ္ပိုင္ႏိုင္ငံမွာ က်င္းပခဲ့တဲ့ ၂၀၁၉ ဆီးဂိမ္းမွာေတာ့ Esports ကို ဆုတံဆိပ္ခ်ီးျမႇင့္တဲ့အားကစားအျဖစ္ ထည့္သြင္းခဲ့ၿပီး အိမ္ရွင္ဖိလစ္ပိုင္ကပဲ Esports ေ႐ႊတံဆိပ္ အမ်ားဆုံးဆြတ္ခူးသြားခဲ့ပါတယ္။ ဒါေၾကာင့္ လာမယ့္ ၂၀၂၁ မွာလည္း Esports ထြန္းကားတဲ့ အာရွႏိုင္ငံမ်ားရဲ႕ ကစားသမားမ်ားဟာ အမိေျမအတြက္ ေ႐ႊတံဆိပ္မ်ား ဆြတ္ခူးယူေဆာင္သြားတာကို ထပ္မံျမင္ေတြ႕ၾကရဦးမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။
source: esportsinsider