[Unicode]
ESL Los Angeles Major ရဲ့ Open Qualifier စပြီ
Dota2 ရဲ့ 2019-2020 DPC Season ရဲ့ တတိယမြောက် Major Open Qualifier ကို ယနေ့စတင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ Leipzig Major အပြီး 7.24 Patch အသစ်မှာ Snapfire နဲ့ Void Spirit တို့ကို Captain Mode မှာ စတွေ့ရတော့မယ့် ပွဲစဉ်တွေကတော့ ရင်ခုန် စရာပါ။
SEA – ယနေ့ညနေ ၄:၃၀ မှာ စတင်မှာပါ။ မြန်မာအသင်း Team Veteran ပါဝင်မှာဖြစ်ပြီး အသင်းသစ်တွေဖြစ်တဲ့ LGD.International, T1, Team IO(Mushi အသင်းသစ်) နဲ့ Cloud9 တို့ ပါဝင်မှာမလို့ ပြိုင်ဆိုင်မှု ပြင်းထန်ပါတယ်။ ထိပ်ဆုံး ၂ သင်းသာ Closed Qualifier တက်ရောက်ခွင့် ရမှာပါ။

CIS – မြန်မာအချိန် ည ၉:၃၀ မှာ စတင်မှာပါ။ Dendi ရဲ့ အသစ်စက်စက်အသင်း B8 ကို အားပေးချင်ရင်တော့ လက်လွတ်မခံ သင့်ပါဘူး။ CIS ကလည်း Closed Qualifier ကို ၂ သင်းတက်ရမှာပါ။
EUROPE – ည ၁၁:၃၀ မှ စမှာဖြစ်ပါတယ်။ TI9 ချန်ပီယံ OG ရယ် ဒုတိယအသင်း OG Seed ရယ်ပါဝင်လာမှာပါ။ Closed Qualifier ကို ၂ သင်းတက်ရောက်ခွင့်ရပေမယ့် Bracket အရ ရှုံးထွက်စနစ်မလို့ OG ၂ သင်းလုံး တက်ရောင်နိုင်ခြေ နည်းပါတယ်။ သတင်းကောင်းကတော့ OG ရဲ့ ပွဲတွေအားလုံးကို သူတို့ရဲ့ Streaming Partner “Gorgc” ရဲ့ Twitch Channel (www.twitch.com/gorgc) ကနေ Live ပြပေးသွားမှာပါ။
CHINA – တရုတ် Qualifier တွေကတော့ စမယ့်အချိန် အတိအကျ မသိရသေးပဲ CoronaVirus ကြောင့် ရက်ကို နောက်ဆုတ်ထားတယ်လို့ သိရပါတယ်။

SOUTH and NORTH AMERICA – Open Qualifier ဝင်ပြိုင်မယ့် တောင်နဲ့မြောက် အမေရိကအသင်းတွေကတော့ နာမည်ကြီး အသင်း ရှားပါတယ်။ သူတို့လည်း ၂ သင်းစီ Closed Qualifier တက်ရောက်ခွင့်ရမှာဖြစ်ပြီး တောင်အမေရိကပွဲတွေကိုတော့ ၈ ရက်နေ့မနက် ၃:၃၀ နဲ့ မြောက်အမေရိကပွဲတွေကိုတော့ ၈ ရက်နေ့မနက် ၅:၃၀ မှာ စတင်ကြမှာပါ။
Open Qualifier တွေကို ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ ကျင်းပမှာဖြစ်ပြီး ၉ ရက်နေ့မှာတော့ Closed Qualifier စတင်မှာဖြစ်ပါတယ်။ ပွဲတွေကိုတော့ Dota2 TV မှာ ကြည့်ရှုနိုင်ပါတယ်။
ပွဲစဉ်အားလုံးအတွက် ပါဝင်မယ့် အသင်းတွေနဲ့ရ(ပွဲစကာနီးရင်) Bracket တွေကို အောက်ပါ Link မှာ ကြည့်ရှုနိုင်ပါတယ်။
https://play.eslgaming.com/dota2/esl-one/los-angeles-2020/
[Zawgyi]
ESL Los Angeles Major ရဲ႕ Open Qualifier စၿပီ
Dota2 ရဲ႕ 2019-2020 DPC Season ရဲ႕ တတိယေျမာက္ Major Open Qualifier ကို ယေန႔စတင္ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။ Leipzig Major အၿပီး 7.24 Patch အသစ္မွာ Snapfire နဲ႔ Void Spirit တို႔ကို Captain Mode မွာ စေတြ႕ရေတာ့မယ့္ ပြဲစဥ္ေတြကေတာ့ ရင္ခုန္ စရာပါ။
SEA – ယေန႔ညေန ၄:၃၀ မွာ စတင္မွာပါ။ ျမန္မာအသင္း Team Veteran ပါဝင္မွာျဖစ္ၿပီး အသင္းသစ္ေတြျဖစ္တဲ့ LGD.International, T1, Team IO(Mushi အသင္းသစ္) နဲ႔ Cloud9 တို႔ ပါဝင္မွာမလို႔ ၿပိဳင္ဆိုင္မႈ ျပင္းထန္ပါတယ္။ ထိပ္ဆုံး ၂ သင္းသာ Closed Qualifier တက္ေရာက္ခြင့္ ရမွာပါ။
CIS – ျမန္မာအခ်ိန္ ည ၉:၃၀ မွာ စတင္မွာပါ။ Dendi ရဲ႕ အသစ္စက္စက္အသင္း B8 ကို အားေပးခ်င္ရင္ေတာ့ လက္လြတ္မခံ သင့္ပါဘူး။ CIS ကလည္း Closed Qualifier ကို ၂ သင္းတက္ရမွာပါ။
EUROPE – ည ၁၁:၃၀ မွ စမွာျဖစ္ပါတယ္။ TI9 ခ်န္ပီယံ OG ရယ္ ဒုတိယအသင္း OG Seed ရယ္ပါဝင္လာမွာပါ။ Closed Qualifier ကို ၂ သင္းတက္ေရာက္ခြင့္ရေပမယ့္ Bracket အရ ရႈံးထြက္စနစ္မလို႔ OG ၂ သင္းလုံး တက္ေရာင္ႏိုင္ေျခ နည္းပါတယ္။ သတင္းေကာင္းကေတာ့ OG ရဲ႕ ပြဲေတြအားလုံးကို သူတို႔ရဲ႕ Streaming Partner “Gorgc” ရဲ႕ Twitch Channel (www.twitch.com/gorgc) ကေန Live ျပေပးသြားမွာပါ။
CHINA – တ႐ုတ္ Qualifier ေတြကေတာ့ စမယ့္အခ်ိန္ အတိအက် မသိရေသးပဲ CoronaVirus ေၾကာင့္ ရက္ကို ေနာက္ဆုတ္ထားတယ္လို႔ သိရပါတယ္။
SOUTH and NORTH AMERICA – Open Qualifier ဝင္ၿပိဳင္မယ့္ ေတာင္နဲ႔ေျမာက္ အေမရိကအသင္းေတြကေတာ့ နာမည္ႀကီး အသင္း ရွားပါတယ္။ သူတို႔လည္း ၂ သင္းစီ Closed Qualifier တက္ေရာက္ခြင့္ရမွာျဖစ္ၿပီး ေတာင္အေမရိကပြဲေတြကိုေတာ့ ၈ ရက္ေန႔မနက္ ၃:၃၀ နဲ႔ ေျမာက္အေမရိကပြဲေတြကိုေတာ့ ၈ ရက္ေန႔မနက္ ၅:၃၀ မွာ စတင္ၾကမွာပါ။
Open Qualifier ေတြကို ၇ ရက္နဲ႔ ၈ ရက္ေန႔ေတြမွာ က်င္းပမွာျဖစ္ၿပီး ၉ ရက္ေန႔မွာေတာ့ Closed Qualifier စတင္မွာျဖစ္ပါတယ္။ ပြဲေတြကိုေတာ့ Dota2 TV မွာ ၾကည့္ရႈႏိုင္ပါတယ္။
ပြဲစဥ္အားလုံးအတြက္ ပါဝင္မယ့္ အသင္းေတြနဲ႔ရ(ပြဲစကာနီးရင္) Bracket ေတြကို ေအာက္ပါ Link မွာ ၾကည့္ရႈႏိုင္ပါတယ္။
https://play.eslgaming.com/dota2/esl-one/los-angeles-2020/