လူစာရင်းပြောင်းလဲမှုတွေနဲ့ ဖျော်ဖြေမှုရသ အပြည့်ပေးမယ့် DPC WEU Div (1)

 

အားလုံးစောင့်ဆိုင်းနေကြတဲ့ DPC WEU 2023 Tour 1 ရဲ့ Division ပွဲစဥ်တွေဟာ ဇန်နဝါရီလ ၉ ရက်နေ့မှာ စတင်မှာပဲ ဖြစ်ပါတယ်။ ပွဲဦးထွက်အနေနဲ့ TI11 ချန်ပီယံ Tundra Esport နဲ့ OG အသင်းတို့ ယှဥ်ပြိုင်ကစားကြမှာပဲဖြစ်ပါတယ်။

DPC ပွဲစဥ်တွေဟာ အချိန်ကြာမြင့်တယ်လို့ ဝေဖန်ခံနေရမှုအပေါ်မှာတော့ Valve အနေနဲ့ ပြင်ဆင်ပေးခဲ့ပြီး DPC Tournament တစ်ခုလုံးကို ရက်၂ဝပဲ ကြာမြင့်တော့မှာ ဖြစ်ပါတယ်။ ဒါဟာ ကစားသမားတွေသာမက ပွဲကြည့်ပရိသတ်တွေအတွက်ပါ တော်တော်လေး အားရကျေနပ်စေမှာပါ။ အဲဒီအပြင် ပြိုင်ပွဲမှာ Top 4 ရရှိတဲ့အသင်းတွေဟာ Lima Major ကို Direct Invite ရရှိမှာဖြစ်လို့ ပြိုင်ဆိုင်မှုပြင်းထန်မှာ အသေအချာပါပဲ။

Tundra Esports ကလွဲရင် ကျန်တဲ့အသင်းတွေအားလုံးဟာ လူစာရင်းအပြောင်းအလဲတွေ ပြုလုပ်ခဲ့တာဖြစ်လို့ WEU Region ရဲ့ Division 1 ပွဲစဉ်တွေဟာ အသစ်အဆန်းတွေနဲ့ တော်တော်လေး ကြည့်လို့ကောင်းမှာ အသေအချာပါပဲ။ TI11 ချန်ပီယံ Tundra Esports အသင်းဟာ အကောင်းဆုံး peak form ကို ထိန်းသိမ်းပြီး ပြိုင်ဘက်အသင်းတွေကို လွယ်လွယ်ကူကူဖြတ်ကျော်နိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။

အထူးသဖြင့် တစ်ကျော့ပြန် Division 1 ကို ရောက်ရှိလာခဲ့တဲ့ Nigma Galaxy အသင်းအနေနဲ့ Miracle ရဲ့နေရာမှာ carry role ကိုအရမ်းဆော့ချင်နေတဲ့ ATF ကို အစားထိုးလိုက်တာဟာ Nigma Galaxy အသင်းအတွက် အလုပ်ဖြစ်မလားဆိုတာ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဝေဖန်မှုတွေရရှိနေတဲ့ KuroKy အတွက်တော့ Division 2 ကို ပြန်မရောက်ဖို့အတွက် အရေးပါနေပြီး ATF ကိုလည်း အကောင်းဆုံးပုံစံဖြစ်အောင် စွမ်းဆောင်နိုင်မယ်လို့တော့ ထင်ပါတယ်။

 

Team Liquid မှာ MATUMBAMAN ထွက်ခွာသွားရင် အသင်းရဲ့ကစားပုံလျော့နည်းသွားမယ်လို့ ထင်ခဲ့ကြပေမယ့် အချိန်တိုင်းမှာ အကောင်းဆုံးကစားနိုင်တဲ့ Nisha ရောက်ရှိလာခဲ့တဲ့အတွက် Team Liquid အနေနဲ့ ဘာတွေဆက်ဖြစ်လာမလဲ စောင့်ကြည့်ရတော့မှာပါ။ miCKe ဟာ role ပြောင်းလဲပေးလိုက်ရတဲ့ Mid Role မှာ တော်တော်လေးလက်စွမ်းပြနိုင်ခဲ့သလို ယခုပြန်လည်ကစားတော့မယ့် Carry Role မှာလည်း စိတ်ချရတဲ့ ကစားသမားတစ်ယောက်ပါ။

OG အသင်းဟာလည်း လစ်ဟာသွားတဲ့ Offlane နေရာမှာ DM ကို ခက်ခက်ခဲခဲနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ DM ဟာ CIS region ရဲ့ ထိပ်သီးအသင်းတွေမှာ လက်စွမ်းပြနေတဲ့ offlane player တစ်ယောက်ဖြစ်ပြီး OG အသင်းရဲ့ကစားပုံနဲ့လည်း teamwork ညီညီနဲ့ အကောင်းဆုံးကစားနိုင်မှာ အသေချာပါပဲ။

ပရိသတ်တွေရဲ့ အားပေးစောင့်ကြည့်မှုကို ရရှိခဲ့တဲ့ Entity အသင်းဟာလည်း Pure ထွက်ခွာသွားပြီးတဲ့နောက်မှာတော့ watson ကို ခေါ်ယူခဲ့ပါတယ်။ watson ဟာ B8 နဲ့ HellRaisers အသင်းတွေမှာ လက်စွမ်းပြပြီး လူသိများလာခဲ့တဲ့ carry player တစ်ယောက်ပဲဖြစ်ပါတယ်။

Team Secret ရဲ့ လူစာရင်းအပြောင်းအလဲကတော့ ပရိသတ်တွေအကြား တော်တော်လေးလှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ပါတယ်။ Team Secret နဲ့အတူ လေးနှစ်ကြာလက်စွမ်းပြပြီး အောင်မြင်မှုတွေရယူပေးခဲ့တဲ့ Nisha ရဲ့နေရာမှာ Boom ကို အစားထိုးခဲ့ရတဲ့အခြေအနေဟာ Puppey အတွက်တော့ တော်တော်လေးခက်ခဲစေမှာပါ။ Team Secret အတွက်တော့ DPC စစချင်းကာလမှာတင် လူစာရင်းတောင့်တင်းလာတဲ့ ပြိုင်ဘက်အသင်းတွေကို နိုင်ပွဲရရှိဖို့အတွက် ခက်ခက်ခဲခဲရုန်းကန်ရမယ်လို့တော့ ထင်မိပါတယ်။

Gaimin Gladiators အသင်းဟာ Boom ကို လက်လွှတ်လိုက်ရပြီးနောက် NA region ရဲ့ ဘုရင်တစ်ပါးဖြစ်တဲ့ Quinn (CCnC) ကို ခေါ်ယူခဲ့ပါတယ်။ BetBoom Xmas Show ပြိုင်ပွဲမှာတော့ Quinn ဟာ Gaimin Gladiators နဲ့အတူ လက်စွမ်းပြခဲ့ပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။

Into The Breach ရဲ့လူစာရင်းကတော့ Otaker, Supream^, Xibbe, Immersion, Kidaro တို့ပဲဖြစ်ပါတယ်။ အတွေ့အကြုံတော်တော်လေးရှိတဲ့ Immersion ကိုခေါ်ယူမှုနဲ့အတူ Into The Breach အသင်းဟာ Nigma Galaxy နဲ့အတူ Division 1 ကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးဖြစ်တဲ့ WEU Division 1 မှာတော့ နိုင်ပွဲရရှိဖို့ တော်တော်လေး ရုန်းကန်ရမှာပါ။

လူစာရင်း ပြောင်းလဲမှုများစွာနဲ့ DPC WEU Tour 1 ရဲ့ Division ပွဲစဥ်တွေဟာ အရင်နှစ်တွေကလိုပဲ ကြည့်လို့ကောင်းမှာပါ။ ဘယ်လက်ရုံးတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့ Puppey ရဲ့ Team Secret နဲ့ ညာလက်ရုံးတစ်ယောက်မပါရှိတော့တဲ့ KuroKy ရဲ့ Nigma Galaxy အသင်းတို့ရဲ့ အခြေအနေဟာ ဘယ်လောက်ထိ ဆိုးရွားသွားနိုင်မလဲဆိုတာ ရင်ခုန်စွာ စောင့်ကြည့်ရမှာပါ။ ဘယ်အသင်းတွေက new lineup တွေနဲ့ အကောင်းဆုံးလက်စွမ်းပြမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းသလို Division 2 ရောက်မယ့် နှစ်သင်းကရော ဘယ်အသင်းတွေဖြစ်မလဲဆိုတာ တော်တော်လေးရင်ခုန်ဖို့ကောင်းပါတယ်။

#ArrPu