TI11 မှာ ပရိသတ်တွေရဲ့အသည်းနှလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ Region တစ်ခု

 

Dota လောကမှာ ပရိသတ်တွေရဲ့ ဝေဖန်ခံရဆုံး region ကို ပြောပါဆိုရင်တော့ SA region ပဲဖြစ်ပါတယ်။ ဒါဟာ SA region ကို မုန်းလို့မဟုတ်ဘဲ ခက်ခဲကြမ်းတမ်းတဲ့ WEU DPC ပြိုင်ပွဲတွေအတွက် Valve ကို မမျှတဘူးလို့ ဝေဖန်ခဲ့ကြတာပါ။ ဒါပေမဲ့ Valve အနေနဲ့တော့ ထွေထွေထူးထူးပြောင်းလဲခဲ့တာမျိုးမရှိပေမယ့် ဒီနှစ်မှာတော့ last chance qualifier ဆိုပြီး regional qualifiers တွေမှာ 2nd, 3rd ရရှိခဲ့တဲ့ အသင်းတွေကို ပြန်လည်ယှဥ်ပြိုင်စေခဲ့ပြီး အကောင်းဆုံးနှစ်သင်းအတွက် အခွင့်အရေးပေးခဲ့ပါတယ်။

WEU က Team Secret နဲ့ Team Liquid တို့ဟာ ဒီအခွင့်အရေးကို အပြည့်အဝ ဆုပ်ကိုင်နိုင်ခဲ့ပြီး အစဥ်အလာကြီးမားခဲ့တဲ့ WEU Dota ကို သက်သေပြနိုင်ခဲ့ပါတယ်။ TI11 ရဲ့ Top 4 နေရာအထိလည်း Team Secret နဲ့ Team Liquid တို့ဟာ ပါဝင်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ Last chance qualifier သာ မရှိခဲ့ရင် ဒီလိုကောင်းမွန်တဲ့ အသင်းတွေရဲ့လက်စွမ်းကို TI11 မှာ ကြည့်ခွင့်ရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အမြဲ ဝေဖန်ခံနေရတဲ့ SA region က အသင်းတွေအနေနဲ့ TI11 မှာတော့ အကောင်းဆုံးလက်စွမ်းတွေကို ပြသနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အသည်းနှလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Hokori

ပထမဦးဆုံးပြောချင်တာကတော့ Hokori အသင်းအကြောင်းပဲ ဖြစ်ပါတယ်။ Hokori အသင်းဟာ SA region ရဲ့ DPC Tour 3 မှာ ရလဒ်ဆိုးရွားပြီး Division 2 ကို ရောက်ရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Lumiere (carry) နဲ့ Thiolicor (soft support) တို့ကိုခေါ်ယူခဲ့ပါတယ်။ Carry ကောင်းရင်ကောင်းသလောက် နိုင်ပွဲရရှိဖို့ ပိုသေချာတဲ့ meta မှာတော့ Hokori အသင်းအနေနဲ့ Lumiere ကို ရရှိလိုက်တာဟာ တော်တော်လေး ကောင်းမွန်ခဲ့ပါတယ်။ Lumiere ရဲ့ hard carry ရုန်းအားတွေနဲ့ tier 3 ပြိုင်ပွဲတချို့မှာ ချန်ပီယံဖြစ်ခဲ့သလို TI11 SA Qualifier မှာလည်း SA region မှာ ဆရာတစ်ဆူလိုဖြစ်နေတဲ့ Infamous အသင်းကို 3-0 ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး TI11 ကို ပါဝင်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ TI11 အတွက် qualified ဖြစ်ပြီးကတည်းက တော်တော်များများဟာ Hokori အသင်းကို အိမ်ဖြည့်အသင်းတစ်သင်းလို့ပဲ သတ်မှတ်ခဲ့ကြတာပါ။ ဒါကလည်း Hokori အသင်းအနေနဲ့ TI11 မစခင် BTS Pro Series Season 12:Southeast Asia မှာ ဝင်ပြိုင်ခဲ့ပြီး SEA ရဲ့ tier2 လောက်အသင်းတွေကိုတောင် ယှဥ်မဆော့နိုင်ခဲ့တာကြောင့်လည်း ပါပါတယ်။ Hokori အသင်းဟာ TI11 ရဲ့ group stage မှာ တော်တော်လေးကို လက်စွမ်းပြနိုင်တဲ့ အသင်းတစ်သင်းဖြစ်ခဲ့ပါတယ်။ Upper bracket ရောက်ခဲ့တဲ့ OG အသင်းနဲ့လည်း တစ်မှတ်ပဲ ကွာခဲ့ပါတယ်။ ကံမကောင်းစွာဘဲ lower bracket round 1 မှာ beastcoast အသင်းကို ရှုံးနိမ့်ပြီး TI11 ရဲ့ အဆင့် 13-16th နေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဆုကြေး $500 သာပေးတဲ့ Epulze ပြိုင်ပွဲတွေမှာ စတင်ယှဥ်ပြိုင်ခဲ့ရတဲ့ Hokori အသင်းအနေနဲ့ အခုလို TI11 မှာ ပျမ်းမျှဆုကြေးငွေ $266,319 ရရှိခဲ့တာဟာ Hokori အသင်းအတွက်တော့ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုလို့ ဆိုနိုင်ပါတယ်။ (TI10 တုန်းက အဆင့် 13-16th ရရှိတဲ့အသင်းတွေဟာ ဆုကြေးငွေ $600,300 လောက်ရရှိခဲ့တာမလို့ Hokori အသင်းအတွက်တော့ အနည်းငယ် နစ်နာစရာပါ)

beastcoast

SA region မှာ ပြိုင်ဘက်ကင်းမဲ့ခဲ့တဲ့ beastcoast အသင်းဟာ Thunder Awaken အသင်းရဲ့ peak form ကို ရောက်လာခဲ့တဲ့အချိန်မှာတော့ SA region ရဲ့ အကောင်းဆုံးအသင်းဆိုတဲ့နေရာကို ဖယ်ပေးခဲ့ရပါတယ်။ beastcoast အသင်းရဲ့ ကစားသမားတွေဟာ အချိန်အတော်ကြာ လူစာရင်းပြောင်းလဲမှုမလုပ်ခဲ့ဘဲ အောင်မြင်မှုတွေကို အခုချိန်ထိ ဆက်ထိန်းထားနိုင်ခဲ့တဲ့ အသင်းတစ်သင်းပါ။ Teamwork ပိုင်းမှာ တော်တော်လေးညီပြီး ကစားသမားတွေအချင်းချင်းမှာလည်း ယုံကြည်မှုအပြည့်အဝ ရှိတာ တွေ့ရပါတယ်။

TI10 မှာ အဆင့် 13-16th နဲ့ ထွက်ခွာခဲ့ရပေမယ့် အခု TI11 မှာတော့ Top 8 အထိရောက်ရှိအောင် လက်စွမ်းပြနိုင်ခဲ့ပါတယ်။ ကံမကောင်းစွာဘဲ အသင်းရဲ့ ကစားသမားအချို့အနေနဲ့ covid ပြဿနာကြောင့် တကွဲတပြားဆီဆော့ကစားခဲ့ရတာဟာ beastcoast အသင်းအတွက်တော့ တော်တော်လေး နစ်နာခဲ့ပါတယ်။ beastcoast အသင်းဟာ နောက်ဆုံးအချိန်ထိတိုင် လုံးဝအလျော့မပေးဘဲ PSG.LGD အသင်းကို pressure ပေးနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ လေးစားအားပေးမှုကို အပြည့်အဝရရှိခဲ့ပါတယ်။ TI11 အပြီးမှာတော့ beastcoast အသင်းအနေနဲ့ SA region ရဲ့ အကောင်းဆုံးအသင်းနေရာကို ပြန်လုနိုင်မလားဆိုတာလည်း တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။

Thunder Awaken

Americas အသင်းတွေထဲမှာ EG နဲ့ Digital Chaos အသင်းတွေ အောင်မြင်ခဲ့သလို Thunder Awaken အသင်းလည်း စံချိန်လိုက်ချိုးနိုင်မလားဆိုတာ အားလုံးက စိတ်ဝင်စားခဲ့ကြပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစွာဘဲ Team Liquid ကို 2-1 နဲ့ ရှုံးနိမ့်ပြီး Top 6 နဲ့ ကျေနပ်ခဲ့ပါတယ်။ ဒါပေမဲ့ Thunder Awaken နဲ့ Team Liquid တို့ပွဲစဥ်ဟာ group stage နဲ့ playoff ပွဲစဥ်တွေထဲမှာမှ အကောင်းဆုံး ပွဲစဥ်တစ်ခုဖြစ်ခဲ့ပါတယ်။ နှစ်သင်းဟာ လက်စွမ်းပိုင်းမှာ တော်တော်လေးမျှပြီး သုံးပွဲစလုံး ဘတစ်ပြန် ကျားတစ်ပြန်နဲ့ ယှဥ်ပြိုင်နေခဲ့ကြပြီး ကြည့်ရတဲ့ပရိသတ်တွေ အတွက်ပါ ရင်ခုန်မှုအပြည့်အဝ ပေးနိုင်ခဲ့ပါတယ်။

Thunder Awaken အသင်းမှာ Pakazs ရဲ့ carry ဟာ တခြားအသင်းတွေရဲ့ tier 1 carry တွေထက် ပိုလက်စွမ်းပြနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးစောင့်ကြည့်မှုကို ရရှိခဲ့ပါတယ်။ DarkMago ရဲ့ mid ဟာ space making လုပ်နေရင်းနဲ့ positioning အမှားတွေကို တစ်ခါတလေ လုပ်တတ်တာ တွေ့ရပါတယ်။ Thunder Awaken အသင်းအတွက် Sacred ရဲ့ offlane ဟာလည်း တော်တော်အားကိုးခဲ့ရပြီး အသင်းအတွက် နိုင်ပွဲတွေကို ဦးဆောင်ယူနိုင်ခဲ့ပါတယ်။ Matthew ဟာ pro Scene မှာ နာမည်ရရှိခဲ့တာ ကြာပြီဆိုပေမယ့် အခု TI11 မှာမှ အောင်မြင်မှုရော၊ ပရိသတ်အားပေးမှုရောပါ တပြိုင်နက် ရရှိခဲ့တာဖြစ်ပါတယ်။ Pakazs နာမည်ရလာတဲ့ နောက်ကွယ်မှာ Pandaboo ရဲ့ တာဝန်ကျေတဲ့ hard support ကစားပုံတွေဟာလည်း တစ်စိတ်တစ်နေရာက ပါဝင်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ NA region ရဲ့ ရလဒ်ဆိုးရွားခဲ့တာတွေကို SA အသင်းတွေအနေနဲ့ တာဝန်ယူပေးနိုင်ခဲ့ပြီး Americas Dota ကို မြှင့်တင့်ပေးနိုင်ခဲ့ပါတယ်။ အရင်လို SA region ကို တခြား region တွေလို တန်းတူအခွင့်အရေးမပေးဘဲ TI slot လျော့ပေးပါဆိုတဲ့ ဝေဖန်သံတွေဟာလည်း TI11 မှာတင် ရပ်တန့်သွားပြီလို့တော့ ထင်ပါတယ်။
#ArrPu