[Unicode]
COVID-19 ဝေဒနာခံစားနေရပေမယ့် Apex Legends ဖိုင်နယ်ပွဲမှာ ဝင်ရောက်ကစားသွားသူ
Team Liquid ရဲ့ Apex Legends အသင်းမှ ပရိုကစားသမား “Casper” / Brenden Marino ဟာ COVID-19 ရောဂါလက္ခဏာတွေကို ခံစားနေရကြောင်း မတ်လ ၂၂ ရက်နေ့ထဲက သူ့ရဲ့တွစ်တာမှာ တင်ခဲ့တာပါ။ ဒါပေမယ့် Apex Legends Online Tournament #2 ပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲကို ကစားနေချိန်မှ သူဟာ COVID-19 ကူးစက်ခံရကြောင်း ရလဒ်ထွက်လာခဲ့ပါတယ်။
Casper ဟာ “oh Nocturnal” နဲ့ “Flanker” တို့နဲ့အတူ Team Liquid ရဲ့ Apex Blue Squad အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။ အသက် ၂၆ နှစ်သာရှိသေးပေမယ့် Casper ဟာ ငယ်စဉ်ထဲက ကျန်းမာရေးမကောင်းတဲ့ အခံရှိသူမို့ လက္ခဏာပြသချိန်မှာလည်း အတော်လေးပြင်းထန်ခဲ့ပါတယ်။
ပထမနေ့မှာ သူတို့အသင်းဟာ 128 သင်းအဆင့်နဲ့ ဆီမီးဖိုင်နယ်တို့မှာ သတ္တမနေရာကို ရယူနိုင်ခဲ့ပြီး ဖိုင်နယ်ပွဲထိ တက်လှမ်းနိုင်ခဲ့ပေမယ့် Casper ရဲ့ဝေဒနာခံစားရမှုကတော့ ပေါ်လွင်လာခဲ့ပါပြီ။ ဖိုင်နယ်နေ့မှာ Team Liquid အသင်းက လူစားလဲဖို့ ကမ်းလှမ်းခဲ့ပေမယ့် ပြိုင်ပွဲကျင်းပသူတွေက စည်းမျဉ်းအရ ခွင့်မပြုခဲ့တဲ့အတွက် Casper ဟာ နှုတ်ထွက်မလား၊ ကစားမလားဆိုတဲ့ အခြေအနေမှာ ဖိုင်နယ်ကိုကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
COVID test came back positive. The nurses aren’t very concerned for someone my age it’s pretty much just like a cold. Said it should be about 8-12 more days till I should start feeling a lot better. Now to sit in my room for 2 weeks straight. Thanks everyone for the support.
— Brenden (@Liquid_Casper) March 24, 2020
သူတို့အသင်းဟာ ဒီဖိုင်နယ်မှာလည်း သတ္တမနေရာကိုပဲ ဆက်လက်ရရှိခဲ့ပြီး ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၃၆၀၀ (မြန်မာငွေသိန်းငါးဆယ်နီးပါး) ပိုင်ဆိုင်ခဲ့ကာ Apex Legends Global Series Points 1,290 ရရှိခဲ့ပါတယ်။ ပြိုင်ပွဲအပြီးမှာ Casper က သူ့ရဲ့ရောဂါအတည်ပြုချက်ကို ထုတ်ပြန်ပေးခဲ့ကာ အပြင်မှာဈေးဝယ်ထွက်ရင်း ကူးစက်ခဲ့တာဖြစ်မယ်လို့ မှတ်ချက်ချခဲ့ပါတယ်။ Casper ရဲ့ ရဲရင့်တဲ့သတ္တိနဲ့ ဝေဒနာကို သည်းခံပြီး အသင်းဖော်တွေအတွက် ငဲ့ညှာပေးခဲ့တာကတော့ အားလုံးက အမှတ်ရနေမှာပါ။ Gaming Noodle မှ ဂိမ်မာတွေအတွက် Esports / Gaming နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ အဆက်မပြတ်တင်ဆက်ပေးနေပါတယ်။
Ref – Dotesports
[ZawGyi]
COVID-19 ေဝဒနာခံစားေနရေပမယ့္ Apex Legends ဖိုင္နယ္ပြဲမွာ ဝင္ေရာက္ကစားသြားသူ
Team Liquid ရဲ႕ Apex Legends အသင္းမွ ပ႐ိုကစားသမား “Casper” / Brenden Marino ဟာ COVID-19 ေရာဂါလကၡဏာေတြကို ခံစားေနရေၾကာင္း မတ္လ ၂၂ ရက္ေန႔ထဲက သူ႔ရဲ႕တြစ္တာမွာ တင္ခဲ့တာပါ။ ဒါေပမယ့္ Apex Legends Online Tournament #2 ၿပိဳင္ပြဲရဲ႕ ဖိုင္နယ္ပြဲကို ကစားေနခ်ိန္မွ သူဟာ COVID-19 ကူးစက္ခံရေၾကာင္း ရလဒ္ထြက္လာခဲ့ပါတယ္။
Casper ဟာ “oh Nocturnal” နဲ႔ “Flanker” တို႔နဲ႔အတူ Team Liquid ရဲ႕ Apex Blue Squad အျဖစ္ ပါဝင္ယွဥ္ၿပိဳင္ခဲ့တာပါ။ အသက္ ၂၆ ႏွစ္သာရွိေသးေပမယ့္ Casper ဟာ ငယ္စဥ္ထဲက က်န္းမာေရးမေကာင္းတဲ့ အခံရွိသူမို႔ လကၡဏာျပသခ်ိန္မွာလည္း အေတာ္ေလးျပင္းထန္ခဲ့ပါတယ္။
ပထမေန႔မွာ သူတို႔အသင္းဟာ 128 သင္းအဆင့္နဲ႔ ဆီမီးဖိုင္နယ္တို႔မွာ သတၱမေနရာကို ရယူႏိုင္ခဲ့ၿပီး ဖိုင္နယ္ပြဲထိ တက္လွမ္းႏိုင္ခဲ့ေပမယ့္ Casper ရဲ႕ေဝဒနာခံစားရမႈကေတာ့ ေပၚလြင္လာခဲ့ပါၿပီ။ ဖိုင္နယ္ေန႔မွာ Team Liquid အသင္းက လူစားလဲဖို႔ ကမ္းလွမ္းခဲ့ေပမယ့္ ၿပိဳင္ပြဲက်င္းပသူေတြက စည္းမ်ဥ္းအရ ခြင့္မျပဳခဲ့တဲ့အတြက္ Casper ဟာ ႏႈတ္ထြက္မလား၊ ကစားမလားဆိုတဲ့ အေျခအေနမွာ ဖိုင္နယ္ကိုကစားဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။
COVID test came back positive. The nurses aren’t very concerned for someone my age it’s pretty much just like a cold. Said it should be about 8-12 more days till I should start feeling a lot better. Now to sit in my room for 2 weeks straight. Thanks everyone for the support.
— Brenden (@Liquid_Casper) March 24, 2020
သူတို႔အသင္းဟာ ဒီဖိုင္နယ္မွာလည္း သတၱမေနရာကိုပဲ ဆက္လက္ရရွိခဲ့ၿပီး ဆုေၾကးေငြ အေမရိကန္ေဒၚလာ ၃၆၀၀ (ျမန္မာေငြသိန္းငါးဆယ္နီးပါး) ပိုင္ဆိုင္ခဲ့ကာ Apex Legends Global Series Points 1,290 ရရွိခဲ့ပါတယ္။ ၿပိဳင္ပြဲအၿပီးမွာ Casper က သူ႔ရဲ႕ေရာဂါအတည္ျပဳခ်က္ကို ထုတ္ျပန္ေပးခဲ့ကာ အျပင္မွာေဈးဝယ္ထြက္ရင္း ကူးစက္ခဲ့တာျဖစ္မယ္လို႔ မွတ္ခ်က္ခ်ခဲ့ပါတယ္။ Casper ရဲ႕ ရဲရင့္တဲ့သတၱိနဲ႔ ေဝဒနာကို သည္းခံၿပီး အသင္းေဖာ္ေတြအတြက္ ငဲ့ညႇာေပးခဲ့တာကေတာ့ အားလုံးက အမွတ္ရေနမွာပါ။ Gaming Noodle မွ ဂိမ္မာေတြအတြက္ Esports / Gaming နဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာေတြ အဆက္မျပတ္တင္ဆက္ေပးေနပါတယ္။
Ref – Dotesports