Codashop မှ အသစ်မိတ်ဆက်လိုက်သည့် ပိုမိုကောင်းမွန်သောပုံစံအသစ်

 

Codashop ၏ အသစ်ပြောင်းလဲသွားသည့် ပုံစံအသစ်သည် ကုမ္ပဏီ၏ရည်မှန်းချက်ဖြစ်သည် မိုဘိုင်းဂိမ်းနှင့်အွန်လိုင်းဖျော်ဖြေရေးကို နောက်တစ်ဆင့်သို့ ပိုမိုတိုးတက်စေချင်သည့် ရည်မှန်းချက်ကို ထင်ဟပ်စေသည်။

စင်္ကာပူ၊ စက်တင်ဘာ ၉၊ ၂၀၂၁- ဒစ်ဂျစ်တယ်အကြောင်းအရာများနှင့် ဂိမ်းအတွင်း၀ယ်ယူမှုများအတွက် ထိပ်တန်းကုမ္ပဏီဖြစ်သည့် Codashopသည် သုံးစွဲသူများအား ၎င်းတို့၏ကစားဟန်ဖြင့် ပိုမို တီထွင်ဖန်တီးနိုင်စေခြင်းဖြင့် ဂိမ်းကစားခြင်းကို နောက်တစ်ဆင့်တက်စေလိုသည့် ၎င်း၏ ရည်မှန်းချက်ကို ထင်ဟပ်နေသော ရဲရင့်သည့်အသွင်သစ်ကို မိတ်ဆက်ခဲ့သည်။

Codashop သည် အသုံးပြုသူများအား ၎င်းတို့ အနှစ်သက်ဆုံးဂိမ်းများ၏ ဂိမ်းတွင်းပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ ချက်ချင်း စိတ်ကြိုက်ဝယ်ယူနိုင်အောင် လုပ်ပေးထားသည်။

Codashop သည် သုံးစွဲသူများ ကြိုက်နှစ်သက်သည့် ဂိမ်းများနှင့်အခြားအွန်လိုင်းဝန်ဆောင်မှုများမှ အကြံဥာဏ်ကိုရယူပြီး Codashop သို့ လာရောက်စျေးဝယ်ခြင်းကို ဖျော်ဖြေရေးအတွက်သာမက စျေးဝယ်ယူမှုအတွေ့အကြုံအတွက်ပါ ပိုမိုကောင်းမွန်အောင်ပြုလုပ်ရန်အတွက် ၎င်း၏အမှတ်တံဆိပ်ကို အဆင့်မြှင့်တင်လိုက်သည်။

Codashop သည် သာလွန် ဒစ်ဂျစ်တယ်အတွေ့အကြုံများကို ရယူနိုင်သည့် ထိပ်တန်းပလက်ဖောင်း တစ်ခုဖြစ်သည့်အတွက် ၎င်း၏ထုတ်ကုန်နှင့် စျေးကွက်ရှာဖွေရေး အပြင်အဆင်တွေကို ပိုပြီးဆန်းသစ်တဲ့ အသွင်အပြင်ဖြစ်အောင်ပြင်ဆင်လိုက်ခြင်းက ဖြစ်သင့်သည့် အရာတစ်ခုဖြစ်သည်။ အမှတ်တံဆိပ်၏ နောက်တဆင့်တက်လှမ်းချင်သည့် ရည်မှန်းချက်ကို အခြေခံထားသော ဒီဇိုင်းအသစ်သည် မျက်လုံးထဲထင်းနေပြီး လန်းဆန်းစေသည်။

Riot Games, Tencent နဲ့ Airbnb ကဲ့သို့ ထိပ်တန်းကုမ္ပဏီများအတွက် ဒီဇိုင်းဖန်တီးပြုလုပ်ပေးခဲ့သည့် Design Studio မှ ဒီဇိုင်းများကို ပြန်လည်ဖန်တီးပြုလုပ်ပေးခဲ့သည်။

Codashop အနေဖြင့် အမှတ်တံဆိပ်တစ်ခုကို အသစ်ပြန်လည်ဆန်းသစ်ပြုလုပ်ခဲ့ခြင်းသည် လက်ရှိ ရောက်ရှိနေသည့်နေရာမှ နောက်ထပ်အဆင့်တစ်ခုကို ထပ်မံတိုးမြှင့်လိုက်ခြင်းဖြစ်ပြီး Mobile Game လောကတွင် မိတ်ဖက်ကုမ္ပဏီအဖြစ် အတူတကွပြုလုပ်နေသည့် ကုမ္ပဏီများကိုလည်း ၎င်းတို့ရဲ့ အသစ်ပြင်ဆင်ပြောင်းလဲလာသည့် အဆင့်အတန်းတစ်ခုကို မြင်သာစေအောင် ဖော်ပြခဲ့ ခြင်းလည်းဖြစ်သည်။

အသစ်ပြန်လည်ဆန်းသစ် တီထွင်ထားသည့် Codashop ၏ ဆန်းသစ်သည့သည့် ဒီဇိုင်းအမှတ်တံဆိပ်ကို Codashop ၏ လက်ရှိဝန်ဆောင်မှုပေးနေသော စျေးကွက် (၄၀) လုံးတွင် မြင်တွေ့နိုင်မည်ဖြစ်သည်။

Codashop ၏ စဉ်ဆက်မပြတ် တိုးတက်မှုများ

ပိုသစ်လွင်ပြီးကောင်းမွန်သော အမှတ်တံဆိပ်တစ်ခုကို Codashop အနေဖြင့် လွန်ခဲ့သည့် နှစ်နှစ်အတွင်းတွင် လုပ်ဆောင်နိုင်ခဲ့သည်။ Codashop ၏ ပင်မကုမ္ပဏီဖြစ်သော Codapayments သည် အာရှပစစိဖိတ်ဒေသတွင် အချိန်တိုအတွင်း လျင်မြန်စွာတိုးတက်လာသည့သည့် ကုမ္ပဏီတစ်ခုအဖြစ် Financial Times မှ ဖော်ပြခံခဲ့ရပြီး ၂ နှစ်တာအတွင်း Digital လောကမှာ ဒုတိယအမြန်ဆုံး တိုးတက်သည့် Fintech ကုမ္ပဏီတစ်ခုအဖြစ်လည်း ရပ်တည်နိုင်ခဲ့သည်။

ဒါ့အပြင် Codashop သည် ဂိမ်းကစားသူများ၏ ယုံကြည်မှုနှင့် အားပေးထောက်ခံမှုကို ရရှိထားပြီးဖြစ်သည်။ Codashop တွင် ဂိမ်းကစားသူများအတွက် ငွေပေးချေမှုနည်းလမ်းပေါင်း (၂၅၀) ကျော်ရှိသည့်အပြင် ငွေပေးချေသည့်အခါတွင်လည်း ခရက်ဒစ်ကဒ် (သို့မဟုတ်) အကြွေးဝယ်ကဒ် (သို့မဟုတ်) ဘဏ်ကဒ်မရှိသောသူများအတွက်လည်း ဝယ်ယူရာတွင်အဆင်ပြေစေသောကြောင့်
များပြားလှတဲ့ ဂိမ်းကစားသူများသည် Codashop တွင် ဂိမ်းပစ္စည်းများကို လာရောက်ဝယ်ယူကြသည်။

ဩဂုတ်လတွင် Codashop သည် Codacash အမည်ရသည့် Digital Wallet စနစ်တစ်ခုကို သုံးစွဲသူများအတွက် မိတ်ဆက်ပေးခဲ့သည်။ ၎င်းစနစ်သည်သုံးစွဲသူများကို Codashop တွင် ဂိမ်းပစ္စည်းဝယ်ယူသည့်အခါတွင် အပိုဆုနှင့်အခြားသော အထူးသီးသန့်ဆုများကို ရရှိစေနိုင်ရန် ပြုလုပ်ထားသည့် စနစ်တစ်ခုဖြစ်သည်။ ၎င်းအစီအစဉ်ကို လတ်တလောတွင် မလေးရှားနှင့် ဖိလစ်ပိုင် နိုင်ငံများတွင်သာ အသုံးပြုနိုင်ပြီး တခြားနိုင်ငံများတွင် အသုံးပြုနိုင်ရန်အတွက်ကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်။

“Codashop အနေနဲ့ဒီလို တိုးတက်လာတာဟာ ကမ္ဘာ့အကြီးဆုံး ဂိမ်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကြောင့်လည်းပါပါတယ်။ ဒါ့အပြင် ငွေပေးချေမှု နည်းလမ်းပေါင်း (၂၅၀) ရှိတဲ့အပြင် စျေးကွက်(၄၀)ခန့်မှာလည်း အသုံးပြုနိင်ခြင်းက အဓိကကျစေပါတယ်” ဟု Coda Payments ရဲ့ VP Marketing ဌာနမှ Guillaume Noe ကပြောကြားခဲ့သည်။ ထို့အပြင် “Codashop ကိုအားပေးတဲ့ သူတွေအတွက်လည်းပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ Mobile Game တွေကို သယ်ဆောင်လာဖို့ မျှော်လင့်နေပါတယ်” ဟု ပြောခဲ့ပါသည်။

လက်ရှိတွင် Codashop သည် တခြားသောနိုင်ငံများတွင် စျေးကွက်ကို တိုးချဲ့ နေပြီး မကြာသေးခင်က တောင်ကိုရီးယားစျေးကွက်တွင် မိတ်ဆက်ပွဲ ပြုလုပ်ခဲ့သည်။

Codapayments နဲ့ Codashop အကြောင်း

Coda Payments မှ ဦး ဆောင်သော Codashop သည် ကမ္ဘာတစ်ဝှမ်း ရှိ သန်းပေါင်းများစွာသော Mobile Game ကစားသူများအတွက် ဂိမ်းပစ္စည်းဝယ်ယူရာတွင် စိတ်ချရသည့်နေရာတစ်ခုဖြစ်သည်။ ဂိမ်းကစားသူများ အဆင်ပြေစေမည့် ငွေပေးချေမှုနည်းလမ်း ပေါင်း ၂၅၀ ကျော်ရှိသည့်အပြင် စိတ်ချ ယုံကြည်ရပြီး လွယ်ကူလျင်မြန်စွာ ပေးချေနိုင်သည့်စနစ်ကြောင့် လစဉ် ဂိမ်းကစားသူပေါင်း သန်း (၉၀)ကျော် လာရောက်ဝယ်ယူကြသည်။

၂၀၁၁ တွင် စတင်တည်ထောင်ခဲ့သည့် Coda Payments သည် Digital Content ပံ့ပိုးသူများအတွက် ၎င်းတို့၏ ထုတ်ကုန်များနှင့် ၀န်ဆောင်မှုများကို စျေးကွက်ပေါင်း (၃၀)ကျော်တွင် ငွေရှာရန် ကူညီပေးသည်။ လက်ရှိစျေးကွက်ထဲတွင် ထိပ်တန်းဂိမ်းကုမ္ပဏီများဖြစ်သော Moonton (Mobile Legends: Bang Bang), Garena (Free Fire) နှင့် Tencent (PUBG Mobile), streaming platforms များဖြစ်သော beIN နှင့် Bigo Live တို့အပြင် Tinder ကဲ့သို့ အက်ပလီကေးရှင်းများ၊ Viu ကဲ့သို့ ဗီဒီယိုပလက်ဖောင်းများသည် ငွေပေးချေမှုများကို လက်ခံရန် Coda Payments နှင့် ပေါင်းစည်းထားပြီးဖြစ်သည်။

Coda Payments သည် စင်ကာပူတွင် အခြေစိုက်ပြီး ကမ္ဘာတစ်ဝှမ်းတွင် ရုံးခွဲများစွာ ဖွင့်လှစ်ထားရှိသည်။ ၎င်းကို ဂျပန်နိုင်ငံ၏ အကြီးမားဆုံး အွန်လိုင်းငွေပေးချေမှု ဝန်ဆောင်မှုကုမ္ပဏီဖြစ်သည့် GMO Payment Gateway ၏ GMO Global Payment Fund
နှင့် Apis Partners တို့က ကျောထောက်နောက်ခံပေးထားသည်။ Codashop သည် အာရှပစိဖိတ်ဒေသ၌ (၂၈) ခုမြောက် အလျင်မြန်ဆုံးတိုးတက်လာသည့်ကုမ္ပဏီဟု Financial Times (၎င်းသည် ဒေသအတွင်း၌ ဒုတိယအလျင်မြန်ဆုံး တိုးတက်လာသည့် Fintech ကုမ္ပဏီဖြစ်လာသည်)တွင် ဖော်ပြခံခဲ့ရပြီး Straits Times တွင် စင်္ကာပူ၌ ၈ ခုမြောက် အတိုးတက်ဆုံးကုမ္ပဏီအဖြစ် ဖော်ပြခံခဲ့ရသည်။ ထို့အပြင် World Economic Forum တွင် နည်းပညာရှေ့ဆောင်အဖြစ်လည်း ဖော်ပြခြင်းခံခဲ့ရသည်။

Codashop အကြောင်းပိုမိုသိရှိလိုပါက အောက်ပါ ၀က်ဆိုက်နှင့်လူမှုမီဒီယာစာမျက်နှာများကို ကြည့်ရှုနိုင်ပါသည်။

https://www.codashop.com/
https://www.youtube.com/c/CodashopOfficial

Press Contact
[email protected]