[Unicode]
နိုင်ငံတကာဂိမ်းဆာဗာများကို တရုတ်နိုင်ငံမှ ဝင်ရောက်ကစားခွင့်ရတော့မည်မဟုတ်
တရုတ်နိုင်ငံအတွင်းမှာ ဗီဒီယိုဂိမ်းများနဲ့ပတ်သက်တဲ့ ဥပဒေသစ်များကို မကြာသေးမီက ထပ်မံထုတ်ပြန် ကြေညာလိုက်ပါတယ်။ ယင်းဥပဒေသစ်များထဲမှာတော့ တရုတ်နိုင်ငံတွင်း ဂိမ်းကစားသူများကို နိုင်ငံတကာက ဂိမ်းကစားသူများနဲ့ ဂိမ်းတွင်း အွန်လိုင်းဆက်သွယ်မှုများ ပြုလုပ်ခွင့်ပေးတော့မှာ မဟုတ်ကြောင်း ပါဝင်ခဲ့ပါတယ်။
ဒီထုတ်ပြန်ကြေညာမှုဟာ Nintendo ရဲ့ Animal Crossing: New Horizons ဂိမ်းကို နိုင်ငံအတွင်း ပိတ်ပင်လိုက်ကြောင်း တရုတ်ကွန်မြူနစ်ပါတီက ကြေညာပြီး သိပ်မကြာခင်မှာ ထွက်ပေါ်လာခဲ့တာပါ။ ယင်းဂိမ်းအတွင်းမှာ ကစားသူများဟာ ဟောင်ကောင်လွတ်မြောက်ရေးလှုပ်ရှားမှုနဲ့ သက်ဆိုင်တဲ့အရာများကို ဖန်တီးခဲ့ကြတဲ့အတွက် ပိတ်ပင်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဟောင်ကောင်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ Joshua Wong ဟာ ဧပြီလ ၂ ရက်နေ့က နိုင်ငံရေးနဲ့ဆက်နွယ်တဲ့ ဂိမ်းဓာတ်ပုံတစ်ပုံကို အွန်လိုင်းပေါ်မှာ တင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အခြားသူများဟာလည်း နိုင်ငံရေးနဲ့သက်ဆိုင်တဲ့အရာများကို ဂိမ်းတွင်းမှာ ပြုလုပ်ပြော ဆိုလာကြတဲ့အတွက် ဧပြီလ ၁၀ ရက်နေ့က စတင်ပြီး ယင်းဂိမ်းကို တရုတ်နိုင်ငံအတွင်းမှာ ပိတ်ပင်လိုက်တာပဲ ဖြစ်ပါတယ်။
အသစ်ကြေညာလိုက်တဲ့ တရုတ်ဂိမ်းဥပဒေသစ်များအရ ဂိမ်းများအတွင်းမှာ zombies, doomsday, kill, death, ghost, evil အစရှိတဲ့စကားလုံးများ ပါဝင်ခြင်းကို ခွင့်ပြုတော့မှာ မဟုတ်ပါဘူး။ ဂိမ်းတွင်း ဇာတ်ကောင်ကို စိတ်ကြိုက်ပြုပြင်ခြင်းများ၊ ဂိမ်း chat များ၊ ဂိမ်းအသင်းအဖွဲ့ထူထောင်ခြင်းများ စ တာတွေမှာ “အမိမြေကို ကွဲပြားအောင် လှုံ့ဆော်တဲ့အပြုအမူများ ဖန်တီးခြင်း” ကို တရုတ်အစိုးရအနေနဲ့ လုံးဝလက်ခံမှာ မဟုတ်ကြောင်းလည်း ကြေညာထားပါတယ်။

ယင်းဂိမ်းဥပဒေသစ်များထဲမှာ တရုတ်နိုင်ငံက အွန်လိုင်းဂိမ်းကစားသူများအားလုံးဟာ မိမိတို့ရဲ့ နာမည်အရင်း များကိုသာ အသုံးပြုကစားကြရတော့မှာဖြစ်ကြောင်းလည်း ပါဝင်ပါတယ်။ ယင်းတို့ဟာ တရုတ်ဂိမ်းဆာဗာ များကိုသာ သီးသန့်အသုံးပြုကစားကြရတော့မှာဖြစ်ပြီး အခြားနိုင်ငံသားများနဲ့ ဆက်သွယ်မှု ပြုလုပ် နိုင်စေမယ့် နိုင်ငံတကာဂိမ်းဆာဗာများ အသုံးပြုခွင့်ကို ပိတ်ပင်ထားမှာဖြစ်ကြောင်းလည်း ကြေညာ ထားပါတယ်။
ဒါကြောင့် တရုတ်ဂိမ်းကုမ္ပဏီများဟာ နိုင်ငံအတွင်းဖြန့်ချိမယ့်ဂိမ်းများကို တရုတ်နိုင်ငံသား သီးသန့် ကစားနိုင်မယ့်ပုံစံများဖြစ်အောင် ပြုလုပ်ကြရတော့မှာပါ။ လက်ရှိမှာ တရုတ်အစိုးရဟာ ဒီဥပဒေသစ်များ ထိရောက်အောင် ဆောင်ရွက်နိုင်စေမယ့် စောင့်ကြည့်ရေးစနစ်များကို စတင်စမ်းသပ် တော့မှာ ဖြစ်ကြောင်းလည်း ကြေညာထားပါသေးတယ်။
ဒီဗီဒီယိုဂိမ်းဥပဒေသစ်များ တင်းကြပ်စွာ အသက်ဝင်လာခဲ့ရင် တရုတ်အွန်လိုင်းဂိမ်းလောကကိုသာမက ကမ္ဘာ့ဂိမ်းလောကတစ်ခုလုံးကိုပါ ရိုက်ခတ်မှုများ ရှိလာနိုင်ပါတယ်။ မည်သို့ပင်ဖြစ်စေ ကန့်သတ်ပိတ်ပင်မှု များသထက်များလာတဲ့ တရုတ်ဂိမ်းလောကရဲ့အနာဂတ်ကတော့ စိတ်ဝင်စားစရာပဲဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။
source: dotesports
[ZawGyi]
ႏိုင္ငံတကာဂိမ္းဆာဗာမ်ားကို တ႐ုတ္ႏိုင္ငံမွ ဝင္ေရာက္ကစားခြင့္ရေတာ့မည္မဟုတ္
တ႐ုတ္ႏိုင္ငံအတြင္းမွာ ဗီဒီယိုဂိမ္းမ်ားနဲ႔ပတ္သက္တဲ့ ဥပေဒသစ္မ်ားကို မၾကာေသးမီက ထပ္မံထုတ္ျပန္ ေၾကညာလိုက္ပါတယ္။ ယင္းဥပေဒသစ္မ်ားထဲမွာေတာ့ တ႐ုတ္ႏိုင္ငံတြင္း ဂိမ္းကစားသူမ်ားကို ႏိုင္ငံတကာက ဂိမ္းကစားသူမ်ားနဲ႔ ဂိမ္းတြင္း အြန္လိုင္းဆက္သြယ္မႈမ်ား ျပဳလုပ္ခြင့္ေပးေတာ့မွာ မဟုတ္ေၾကာင္း ပါဝင္ခဲ့ပါတယ္။
ဒီထုတ္ျပန္ေၾကညာမႈဟာ Nintendo ရဲ႕ Animal Crossing: New Horizons ဂိမ္းကို ႏိုင္ငံအတြင္း ပိတ္ပင္လိုက္ေၾကာင္း တ႐ုတ္ကြန္ျမဴနစ္ပါတီက ေၾကညာၿပီး သိပ္မၾကာခင္မွာ ထြက္ေပၚလာခဲ့တာပါ။ ယင္းဂိမ္းအတြင္းမွာ ကစားသူမ်ားဟာ ေဟာင္ေကာင္လြတ္ေျမာက္ေရးလႈပ္ရွားမႈနဲ႔ သက္ဆိုင္တဲ့အရာမ်ားကို ဖန္တီးခဲ့ၾကတဲ့အတြက္ ပိတ္ပင္ခံခဲ့ရတာ ျဖစ္ပါတယ္။

ေဟာင္ေကာင္အေရးတက္ႂကြလႈပ္ရွားသူတစ္ဦးျဖစ္တဲ့ Joshua Wong ဟာ ဧၿပီလ ၂ ရက္ေန႔က ႏိုင္ငံေရးနဲ႔ဆက္ႏြယ္တဲ့ ဂိမ္းဓာတ္ပုံတစ္ပုံကို အြန္လိုင္းေပၚမွာ တင္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာ အျခားသူမ်ားဟာလည္း ႏိုင္ငံေရးနဲ႔သက္ဆိုင္တဲ့အရာမ်ားကို ဂိမ္းတြင္းမွာ ျပဳလုပ္ေျပာဆိုလာၾကတဲ့အတြက္ ဧၿပီလ ၁၀ ရက္ေန႔က စတင္ၿပီး ယင္းဂိမ္းကို တ႐ုတ္ႏိုင္ငံအတြင္းမွာ ပိတ္ပင္လိုက္တာပဲ ျဖစ္ပါတယ္။
အသစ္ေၾကညာလိုက္တဲ့ တ႐ုတ္ဂိမ္းဥပေဒသစ္မ်ားအရ ဂိမ္းမ်ားအတြင္းမွာ zombies, doomsday, kill, death, ghost, evil အစရွိတဲ့စကားလုံးမ်ား ပါဝင္ျခင္းကို ခြင့္ျပဳေတာ့မွာ မဟုတ္ပါဘူး။ ဂိမ္းတြင္း ဇာတ္ေကာင္ကို စိတ္ႀကိဳက္ျပဳျပင္ျခင္းမ်ား၊ ဂိမ္း chat မ်ား၊ ဂိမ္းအသင္းအဖြဲ႕ထူေထာင္ျခင္းမ်ား စ တာေတြမွာ “အမိေျမကို ကြဲျပားေအာင္ လႈံ႕ေဆာ္တဲ့အျပဳအမူမ်ား ဖန္တီးျခင္း” ကို တ႐ုတ္အစိုးရအေနနဲ႔ လုံးဝလက္ခံမွာ မဟုတ္ေၾကာင္းလည္း ေၾကညာထားပါတယ္။

ယင္းဂိမ္းဥပေဒသစ္မ်ားထဲမွာ တ႐ုတ္ႏိုင္ငံက အြန္လိုင္းဂိမ္းကစားသူမ်ားအားလုံးဟာ မိမိတို႔ရဲ႕ နာမည္အရင္း မ်ားကိုသာ အသုံးျပဳ ကစားၾကရေတာ့ မွာျဖစ္ေၾကာင္း လည္း ပါဝင္ပါတယ္။ ယင္းတို႔ဟာ တ႐ုတ္ဂိမ္းဆာဗာ မ်ားကိုသာ သီးသန႔္အသုံးျပဳကစားၾကရေတာ့မွာျဖစ္ၿပီး အျခားႏိုင္ငံသားမ်ားနဲ႔ ဆက္သြယ္မႈ ျပဳလုပ္ ႏိုင္ေစမယ့္ ႏိုင္ငံတကာဂိမ္းဆာဗာမ်ား အသုံးျပဳခြင့္ကို ပိတ္ပင္ထားမွာျဖစ္ေၾကာင္းလည္း ေၾကညာ ထားပါတယ္။
ဒါေၾကာင့္ တ႐ုတ္ဂိမ္းကုမၸဏီမ်ားဟာ ႏိုင္ငံအတြင္းျဖန႔္ခ်ိမယ့္ဂိမ္းမ်ားကို တ႐ုတ္ႏိုင္ငံသား သီးသန႔္ ကစားႏိုင္မယ့္ပုံစံမ်ားျဖစ္ေအာင္ ျပဳလုပ္ၾကရေတာ့မွာပါ။ လက္ရွိမွာ တ႐ုတ္အစိုးရဟာ ဒီဥပေဒသစ္မ်ား ထိေရာက္ေအာင္ ေဆာင္႐ြက္ႏိုင္ေစမယ့္ ေစာင့္ၾကည့္ေရးစနစ္မ်ားကို စတင္စမ္းသပ္ ေတာ့မွာ ျဖစ္ေၾကာင္းလည္း ေၾကညာထားပါေသးတယ္။
ဒီဗီဒီယိုဂိမ္းဥပေဒသစ္မ်ား တင္းၾကပ္စြာ အသက္ဝင္လာခဲ့ရင္ တ႐ုတ္အြန္လိုင္းဂိမ္းေလာကကိုသာမက ကမာၻ႔ဂိမ္းေလာကတစ္ခုလုံးကိုပါ ႐ိုက္ခတ္မႈမ်ား ရွိလာႏိုင္ပါတယ္။ မည္သို႔ပင္ျဖစ္ေစ ကန႔္သတ္ပိတ္ပင္မႈ မ်ားသထက္မ်ားလာတဲ့ တ႐ုတ္ဂိမ္းေလာကရဲ႕အနာဂတ္ကေတာ့ စိတ္ဝင္စားစရာပဲျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။
source: dotesports