“Storm Spirit တွေချည်းပဲ pick ခဲ့ရခြင်းအကြောင်းအရင်းကို ရှင်းပြသွားခဲဲ့တဲ့ BuLba”

 

မကြာသေးမီက ထွက်ပေါ်လာခဲ့တဲ့ We Say Things podcast ရဲ့ ၁၇၆ ခုမြောက် episode အတွင်းမှာတော့ Shopify Rebellion အသင်းရဲ့ နည်းပြဖြစ်သူ Kanishka “BuLba” Sosale ဟာ သူ့အနေနဲ့ ONE Esports Singapore Major 2021 ရဲ့ ဂရင်းဖိုင်နယ်အတွင်း midlane ကစားသမားဖြစ်သူ Abed “Abed” Yusop အတွက် Storm Spirit တွေချည်းပဲ ၅ ပွဲဆက်တိုက် pick ခဲ့ရခြင်းအကြောင်းအရင်းကို ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ထိုစဉ်က BuLba နဲ့ Abed တို့ နှစ်ဦးစလုံးဟာ Evil Geniuses အသင်းသားများအဖြစ် ပြိုင်ပွဲကို ဝင်ရောက်နေခဲ့ကြတာဖြစ်ပြီး ဂရင်းဖိုင်နယ်အဆုံးမှာတော့ ပြိုင်ဘက်အသင်း Invictus Gaming ကို ၃ – ၂ နဲ့ ရှုံးနိမ့်သွားခဲ့ရပါတယ်။

ထိုစဉ်က စလို့ BuLba ရဲ့ Storm Spirit ရွေးချယ်မှုအပေါ် Dota 2 အသိုင်းအဝိုင်းအတွင်းမှာ meme များ၊ အပြစ်တင်ဝေဖန်မှုများနဲ့ ​လှောင်ပြောင်မှုများ အ​မြောက်အများပေါ်ပေါက်နေခဲ့တာပါ။ Podcast အတွင်းမှာတော့ နာမည်ကျော် caster များဖြစ်ကြတဲ့ Shannon “SUNSfan” Scotten နဲ့ Troels Lyngholt “syndereN” Nielsen တို့က BuLba ကို ဒီအကြောင်းနဲ့ပတ်သက်ပြီး မေးမြန်းထားခဲ့ကြပါတယ်။

BuLba ကတော့ ဒီအကြောင်း စတင်မေးမြန်းခံရချိန်မှာ ရယ်မောသွားခဲ့ပြီးနောက် သူ့အနေနဲ့ Abed ကို ခုံမှာထိုင်ခိုင်းထားကာ သေနတ်တစ်လက်နဲ့ချိန်ပြီး Storm Spirit မဖြစ်မနေကစားရမယ်လို့ ဖိအားပေးခဲ့တာမျိုးမရှိခဲ့ကြောင်း ဟာသနှောကာ ဖြေကြားသွားခဲ့ပါတယ်။ ဒါ့အပြင် BuLba က ဒီလိုကိစ္စမျိုးဟာ ဖြစ်ပြီးနောက်ပိုင်းမှသာ ပြန်လည်သတိထားမိနိုင်တာမျိုးဖြစ်ကြောင်း၊ ယင်း Singapore Major ကို အနိုင်ရသွားတဲ့ Invictus Gaming ဟာလည်း ပြိုင်ပွဲအတွင်းမှာ ဒီလိုတွေချည်းပဲ pick ခဲ့ကြောင်း၊ တစ်ခါတစ်လေ ဟီးရိုးတစ်ကောင်တည်းကို အကြိမ်များစွာ pick မိတာတွေရှိတတ်ပေမယ့် များသောအားဖြင့် နောက်ပိုင်းမှ သတိထားမိကြတာဖြစ်ကြောင်း၊ Neta (33) ဆိုရင်လည်း Doom ကိုင်ရင် အရှုံးများပေမယ့် TI မှာပါ Doom pick ကာ ရှုံးသွားခဲ့ဖူးကြောင်း၊ နောက်ဆုံးမှာ အနိုင်ရရှိသူကသာ သမိုင်းသစ်ကို ရေးထိုးနိုင်တာဖြစ်ကြောင်း အစရှိသဖြင့် ပြောသွားခဲ့ပါတယ်။

BuLba ရဲ့ ဖြေကြားချက်အရ သူ့ရဲ့ Storm Spirit ရွေးချယ်မှုအပေါ် မေးခွန်းအထုတ်ခံရခြင်းဟာ ပြိုင်ပွဲကို ရှုံးနိမ့်ခဲ့လို့သာဖြစ်တယ်လို့ ဆိုလိုနေကြောင်း ပရိသတ်များက ကောက်ချက်ချလာကြပါတယ်။ ဆက်လက်ပြီး BuLba က Storm Spirit ဟာ ကစားလို့ကောင်းတဲ့ ဟီးရိုးတစ်ကောင်ဖြစ်ပြီး သူ့အနေနဲ့ နှစ်သက်မှုရှိသလို Singapore Major အတွင်း ကစားခဲ့ရတဲ့ patch မှာလည်း Storm Spirit ဟာ အားကောင်းနေခဲ့ကြောင်း၊ ဒါပေမယ့် TI အတွင်းမှာတော့ မ pick ခဲ့ကြောင်း၊ Bozhidar “bzm” Bogdanov ဆိုရင် Storm Spirit ပွဲတွေအများကြီးကစားခဲ့ကြောင်း အစရှိသဖြင့်လည်း ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

BuLba ဟာ သူ့အနေနဲ့ ဒီလိုပြုလုပ်ခဲ့တဲ့အတွက် နောင်တရတာမျိုးမရှိသလို meme များ၊ အပြစ်ဝေဖန်မှုများနဲ့ ​လှောင်ပြောင်မှုများကိုလည်း ဂရုစိုက်ခြင်းမရှိဘူးလို့ ဆိုပါတယ်။ သူ့ရဲ့အသင်းသားတစ်ဦးကဖြစ်စေ၊ Sébastien “Ceb” Debs လို ပုဂ္ဂိုလ်တစ်ဦးက analyst panel မှာထိုင်ပြီးဖြစ်စေ သူ့ရဲ့လုပ်ရပ်ကိုထောက်ပြရင်တော့ ပြန်လည်သုံးသပ်မိနိုင်ပေမယ့် ပုံမှန်အားဖြင့်တော့ အရေထူနေပြီဖြစ်တဲ့အတွက် ကျန်တဲ့သူတွေပြောတာကို အာရုံထားနေမှာမဟုတ်ဘူးလို့လည်း ပြောသွားခဲ့ပါတယ်။ Evil Geniuses အသင်းသားဟောင်းများနဲ့ ဖွဲ့စည်းထားတဲ့ Shopify Rebellion အသင်းရဲ့ အနီးဆုံး DPC ပွဲစဉ်များကိုတော့ လာမယ့် ဇန်နဝါရီ ၉ ရက်နေ့က စလို့ စောင့်ကြည့်နိုင်ကြမှာဖြစ်ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: afkgaming, we say things podcast youtube