Dota 2 ရဲ့ အသစ်ထွက်ရှိတဲ့ 7.32d patch မှာ သိသိသာသာ အားနည်းချက်နဲ့ အားသာချက်တွေ ရရှိခဲ့တဲ့ ဟီးရိုးများ

 

ပြီးခဲ့တဲ့ TI11 ပြိုင်ပွဲကြီးအတွင်း စိုးမိုးခဲ့တဲ့အရာမှန်သမျှနီးပါးကို nerf လိုက်တဲ့ Dota 2 ရဲ့ patch အသစ် 7.32d ကတော့ မကြာသေးမီကပဲ ထွက်ပေါ်လာခဲ့ပါပြီ။ အားလုံးခန့်မှန်းထားခဲ့ကြတဲ့အတိုင်း ဒီ patch မှာ ပွဲတိုင်းလိုလို ဦးစားပေးဝယ်ယူခံခဲ့ရတဲ့ Wraith Pact ကို nerf လိုက်သလို Leshrac, Marci, Primal Beast, Broodmother, Undying တို့လို မကြာခဏတွေ့မြင်နေခဲ့ရတဲ့ ဟီးရိုးများလည်း အနည်းနဲ့ အများဆိုသလို nerf ခံခဲ့ရပါတယ်။

ကိုင်တွယ်ကစားသူနည်းပါးနေခဲ့တဲ့ core ဟီးရိုးများနဲ့ ဝယ်သူနည်းခဲ့တဲ့ item များကိုတော့ ဒီ patch အတွင်း buff ပေးထားပြီး meta ထဲ ပြန်ရောက်လာအောင် လမ်းဖွင့်ပေးထားတာကို တွေ့ရမှာပါ။ Patch အသစ်အရ သိသာစွာ အားနည်းချက်နဲ့ အားသာချက်တွေ ရရှိခဲ့တဲ့ ဟီးရိုးများကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

အားနည်းသွားတဲ့ ဟီးရိုးများ

Wraith Pact ကို magic နဲ့ pure damage တွေ မလျော့ပေးနိုင်တော့အောင် nerf လိုက်တာကြောင့် ဒါကို ဝယ်ယူလေ့ရှိတဲ့ Undying, Visage, Mirana, Enigma စတဲ့ ဟီးရိုးတွေ လူမြင်ကွင်းကနေ အနည်းငယ်ပျောက်သွားနိုင်ပါတယ်။ Blood Stone ကို nerf ခြင်းကတော့ Lehrac နဲ့ Storm Spirit လို ဟီးရိုးတွေကို အားပျော့စေမှာပါ။

Lehrac ရဲ့ Pulse Nova ကို toggle off အပြီးမှာ တစ်စက္ကန့် cooldown ထည့်​ပေးလိုက်ပြီး damage ကို လျော့လိုက်သလို Split Earth ရဲ့ Aghanim’s Shard အကျယ်အဝန်းနဲ့ talent အတွင်းက mana regen တို့ကိုလည်း လျော့ချလိုက်ပါတယ်။ Primal Beast ဟာ Onslaught မှာ stun ခံရရင် မပြေးပဲ ရပ်သွားတော့မှာဖြစ်ပြီး damage ကိုလည်း nerf ထားပါတယ်။

Marci ကို Rebound ရဲ့ range ရော jump speed ပါ လျော့ချလိုက်သလို Sidekick ရဲ့ lifesteal ကိုလည်း level တိုင်းမှာ ၅ ရာခိုင်နှုန်း နှိမ့်ချလိုက်ပါတယ်။ Arc Warden ကို Aghanim’s Scepter secondary Wraith ကြာချိန် ၃ ဆအထိ nerf ချလိုက်ပြီး level 20 talent ရဲ့ Tempest Double cooldown reduction ကိုလည်း လျော့လိုက်ပါတယ်။ Morphling ဟာ level 25 talent မှာ Wave ၂ ခုထိုးလို့ရတော့မှာမဟုတ်ပဲ Waveform coodown ၄၀ ရာခိုင်နှုန်းသာ လျော့နိုင်တော့မှာဖြစ်သလို Aghanim’s Scepter ဝယ်ရင် Morph cooldown ပိုမြန်လာတော့မှာလည်း မဟုတ်ပါဘူး။

Broodmother ရဲ့ spiderling တွေပေးတဲ့ vision ကို သိသိသာသာလျော့ချလိုက်ပြီး Spinner’s Snare ရဲ့ root ကြာချိန်ကိုလည်း လျော့လိုက်ပါတယ်။ Undying ကိုတော့ level 15 talent မှာ Soul Rip ကိုရော Tombstone Zombie ကိုပါ damage တွေ nerf ထားပါတယ်။ Enigma ရဲ့ Eidolon လေးတွေကိုတော့ အစောပိုင်း attack range လျော့ချလိုက်ပါတယ်။

ကျန်ဟီးရိုးများအနေနဲ့ကတော့ TI11 အတွင်း အလုပ်ဖြစ်နေခဲ့တဲ့ Naga Siren, Pudge, Sniper, Crystal Maiden, Distruptor, Silencer စတဲ့ ဟီးရိုးတွေအကုန်လုံးကို nerf လိုက်သလို ယခင်တည်းက အတော်လေး nerf ထားတာတောင် ပွဲတွေမှာမြင်နေရသေးတဲ့ Tiny ကိုလည်း Avalanche နဲ့ Tree Volley တွေ ထပ်လျော့လိုက်သေးတာကြောင့် Valve အနေနဲ့ meta ဟောင်းကို ကုန်ဆုံးစေချင်နေတာ သေချာလှပါတယ်။

အားသာသွားတဲ့ ဟီးရိုးများ

Guardian Greaves ကို သိသိသာသာ buff ပေးထားတဲ့အတွက် ယင်းကိုဝယ်ယူလေ့ရှိတဲ့ Dazzle လို heal ပါတဲ့ ဟီးရိုးများနဲ့ Tidehunter လို အမာဟီးရိုးများ တစ်ခေတ်ဆန်းလာနိုင်ပါတယ်။ Blade Mail ကို buff ပေးထားခြင်းကလည်း Axe နဲ့ Legion Commander လို အမာဟီးရိုးတွေကို လူကိုင်များအောင် ပြုလုပ်ပေးထားသလိုဖြစ်နေပါတယ်။ Drum of Endurance, Boots of Bearing, Crimson Guard နဲ့ Pipe of Insight တွေကိုလည်း တင်ပေးထားတာကြောင့် အသင်းအတွက် aura item ဆက်လေ့ရှိတဲ့ ဟီးရိုးအားလုံးအတွက် ဒီ patch က အားသာစေမှာပါ။

Alchemist ကို acid spray mana cost လျော့ပေးထားပြီး Greevil’s Greed ကိုလည်း rune နဲ့ ပတ်သက်လို့ရော talent မှာရော တင်ပေးထားတာကြောင့် တစ်ချိန်ကလို ပြန်လည်လူကြိုက်များလာနိုင်ပါတယ်။ ပွဲတွေမှာ ကိုင်တွယ်ကစားခဲနေတဲ့ Viper ကို Nethertoxin ရဲ့ mana cost လျော့ခြင်းနဲ့ Nosedive ရဲ့ cast range တိုးခြင်းတွေ လုပ်ပေးထားပြီး talent မှာလည်း Corrosive Skin ကို တင်ပေးထားတာကြောင့် support ဖြစ်စေ core ဖြစ်စေ ကိုင်တွယ်ကြတာကို မြင်တွေ့လာရနိုင်ပါတယ်။

Wraith King ရဲ့ skeleton လေးများဟာ Wraithfire Blast သုံးခံထားရတဲ့ enemy ကို ခုတ်ရင် movement speed ရော attack speed ပါ အပိုဆောင်းရရှိတော့မှာဖြစ်သလို Wraithfire Blast ရဲ့ projectile ကလည်း သိသိသာသာ ပိုမိုမြန်ဆန်လာပါတယ်။ Dragon Knight ရဲ့ Elder Dragon Form ကို ဘယ် level မှာဖြစ်စေ ၁၀၅ စက္ကန့် cooldown သာရှိတော့အောင် လျော့ချပေးလိုက်တာကြောင့် Dragon Knight ကစားသူတွေ ပေါများလာနိုင်ပါတယ်။

Grimstroke ဟာ ယခုဆိုရင် Dark Portrait ကို spell immune enemy ပေါ် သုံးလို့ရသွားပြီဖြစ်ပြီး Ink Swell က ရမယ့် movement speed နဲ့ talent အတွင်းက Soul Bind ရဲ့ spell damage လည်း အ​တော်လေး ပိုများလာပါတယ်။ အခြား intel ဟီးရိုးတစ်ကောင်ဖြစ်တဲ့ Queen of Pain ကို Aghanim’s Scepter နဲ့ Shadow Strike သုံးရင် ground target လုပ်လို့ရအောင် ပြင်ပေးထားပြီး ထိမယ့်နေရာပိုကျယ်အောင်လုပ်ပေးထားသလို Sonic Wave ရဲ့ cooldown ကိုလည်း မြန်ပေးထားပါတယ်။

Treant Protector ကို Leech Seed ရဲ့ damage, heal, cast point နဲ့ cast range တွေ buff ပေးထားပြီး Overgrowth ရဲ့ damage ကိုလည်း တင်ပေးထားပါတယ်။ Bounty Hunter ဟာ Shadow Walk နဲ့ ခုတ်ရင် level အလိုက် enemy ကို attack speed လျော့တော့မှာဖြစ်လို့ carry တွေကို နှောင့်ယှက်နိုင်လာမှာပါ။ Arcana ထွက်တော့မယ့် Razor ကို Aghanim’s Shard ဝယ်ရင်ရရှိမယ့် Storm Surge damage တိုးပေးထားသလို level 10 talent ရဲ့ agility ကိုလည်း မြှင့်ပေးထားပါတယ်။

ခြုံငုံသုံးသပ်ရမယ်ဆိုရင် အနည်းငယ်တိမ်မြှပ်နေတဲ့ Chaos Knight, Troll Warlord, Phantom Assassin, Windranger, Death Prophet, Kunkka, Legion Commander စတဲ့ core အဖြစ်ကစားလေ့ရှိတဲ့ ဟီးရိုးတွေနဲ့ Earth Spirit, Keeper of the Light, Lion, Shadow Shaman, Warlock, Nature’s Prophet, Rubick စတဲ့ support အဖြစ်ကစားလေ့ရှိတဲ့ ဟီးရိုးတွေကို buff ပြီး TI11 အလွန် meta ပြောင်းလာအောင် ရည်ရွယ်ထားတာကို တွေ့ရမှာပါ။

ကိုင်သူများနေဆဲဖြစ်တဲ့ Monkey King နဲ့ Mars ကို buff ပေးထားခြင်းကလည်း ထူးခြားပါတယ်။ လူမုန်းများတဲ့ Techies ရဲ့ Sticky Bomb cast point ကို လျော့ချပေးထားသလို Templar Assassin ရဲ့ Psionic Trap full charge ဖြစ်ချိန်ကို မြန်ပေးထားတာကြောင့် ဂိမ်းအတွင်း trap ခေတ်စားလာအောင် လုပ်ချင်နေတာလည်းဖြစ်နိုင်ပါတယ်။ ဒီ patch ဟာ လက်ရှိ meta အပေါ် သက်ရောက်မှုတွေရှိမှာဖြစ်သလို အနာဂတ်မှာ ထွက်ရှိလာဦးမယ့် 7.33 patch အတွက် အစပျိုးခြင်းများလည်း ပါဝင်နေမှာကတော့ မလွဲမသွေပဲဖြစ်ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
ref: dota 2 fandom, esports.gg
By ComBo.HWY