[Unicode]
ကြည့်ရှုသူပရိသတ်များကိုပါ ဆုကြေးငွေချီးမြှင့်မယ့် Dota 2 ပြိုင်ပွဲ BLAST Bounty Hunt
နာမည်ကျော် CS: GO ပြိုင်ပွဲကြီးများဖြစ်ကြတဲ့ BLAST Pro Series နဲ့ BLAST Premier တို့ကို ကြီးမှူးကျင်းပနေခဲ့တဲ့ RFRSH Entertainment ဟာ ယခုအချိန်မှာတော့ Dota 2 ဘက်ကို ခြေဦးလှည့်လာခဲ့ပါပြီ။ BLAST Bounty Hunt လို့ အမည်ပေးထားပြီး ဆုကြေးငွေစုစုပေါင်း ဒေါ်လာ ၁၄၅,၀၀၀ ချီးမြှင့်မယ့် ယင်းပြိုင်ပွဲကို ဇွန်လ ၉ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
BLAST Bounty Hunt မှာ ပါဝင်လာမှာဖြစ်ကြောင်း ကြေညာထားတဲ့ အသင်း ၆ သင်းကတော့ OG, Team Secret, Team Nigma, Ninjas in Pyjamas, Alliance နဲ့ Team Liquid တို့ပါ။ ပြိုင်ပွဲဝင်အသင်းများဟာ ပွဲစဉ်များကို double-elimination bracket ပုံစံနဲ့ BO3 ကစားကြရမှာဖြစ်ပြီး ဂရင်းဖိုင်နယ်ကိုတော့ BO5 ကစားကြရမှာဖြစ်ပါတယ်။
ယင်းပြိုင်ပွဲအတွင်းမှာ ထူးခြားတာကတော့ ဆုကြေးငွေ ချီးမြှင့်မယ့်စနစ်ပါ။ ပြိုင်ပွဲဝင်အသင်းများဟာ အုပ်စုပွဲစဉ်များအပြီးမှာထဲက သတ်မှတ်ထားတဲ့ ဆုကြေးငွေပမာဏတစ်ခုကို စတင်ရရှိကြမှာဖြစ်ပြီး ပွဲစဉ်များကို ယှဉ်ပြိုင်ရင်း မိမိတို့အသင်းအတွက် ဆုကြေးငွေပမာဏ များသထက်များလာအောင် ကြိုးပမ်းကြရမှာပါ။ ဒါကြောင့်လည်း ဒီပြိုင်ပွဲကို Bounty Hunt လို့ အမည်ပေးထားရခြင်းပဲ ဖြစ်ပါတယ်။
ပြိုင်ပွဲရဲ့အုပ်စုပွဲစဉ်များအပြီး အဆင့် ၁ နဲ့ ၂ ရရှိတဲ့အသင်းများဟာ ဒေါ်လာ ၂၀,၀၀၀ စီ စတင်ရရှိကြမှာဖြစ်ပြီး အဆင့် ၃ ကနေ ၆ အထိ ရရှိတဲ့အသင်းများကတော့ ဒေါ်လာ ၁၅,၀၀၀ စီ စတင်ရရှိကြမှာပါ။ ယင်းနောက်မှာတော့ အသင်းများဟာ ပွဲများများအနိုင်ရရှိအောင် ကြိုးပမ်း ကစားကြရမှာ ဖြစ်ပြီး တစ်ပွဲနိုင်ရင် ရပြီးသားဆုကြေးငွေရဲ့ ၄၀ ရာခိုင်နှုန်းစီ တိုးပြီး ရရှိသွားကြမှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ပြိုင်ပွဲကြည့်ရှုသူပရိသတ်များဟာ မိမိတို့နှစ်သက်တဲ့အသင်းကို အပိုဆောင်းဆုကြေးငွေ ချီးမြှင့်ပေးဖို့ အတွက် vote ပြုလုပ်နိုင်ကြဦးမှာပါ။ Vote ပေးသူများထဲကနေ ပရိသတ်တစ်ယောက်ကို ရွေးချယ်ပြီး သူ့ရဲ့ nickname ကို အပိုဆောင်းဆုကြေးငွေရဲ့နာမည်အတွင်းမှာ ရေးထိုးပေးမယ်လို့လည်း ကြေညာထားပါတယ်။
ပြိုင်ပွဲအတွင်း ရှုံးပွဲမရှိ အနိုင်ရရှိတဲ့အသင်းဟာ ၅၁,၁၂၀ ဒေါ်လာအထိ ရရှိနိုင်မှာဖြစ်ပြီး ဒေါ်လာ ၄၅,၀၀၀ အထိ ဆွတ်ခူးနိုင်မယ့် အပိုဆောင်းဆုကြေးငွေပါ ပါဝင်မယ်ဆိုရင်တော့ စုစုပေါင်း ဒေါ်လာ ၉၆,၀၀၀ အထိ ရရှိသွားနိုင်ပါတယ်။ ဆုကြေးငွေချီးမြှင့်ခြင်းနဲ့ ပတ်သက်တဲ့အသေးစိတ်အချက်အလက်များကို ပြိုင်ပွဲမတိုင်မီ ထပ်မံကြေညာပေးသွားမယ်လို့လည်း ဆိုပါတယ်။
ပြိုင်ပွဲရဲ့ဆုကြေးငွေများထဲက ဒေါ်လာ ၅,၀၀၀ ကိုတော့ အနိုင်ရရှိတဲ့အသင်းများကို မှန်ကန်စွာခန့်မှန်နိုင်တဲ့ ပရိသတ်များကို ချီးမြှင့်ပေးသွားမယ်လို့ ဆိုပါတယ်။ ယခုလို ထူးခြားတဲ့ ဆုကြေးငွေ ချီးမြှင့်မယ့်စနစ်များဟာ ပရိသတ်များကို ပြိုင်ပွဲနဲ့ နီးကပ်နေအောင် ပြုလုပ်ပေးနိုင်မှာဖြစ်သလို ပြိုင်ပွဲအတွင်း အသင်းများရဲ့ ယှဉ်ပြိုင်မှု ကိုလည်း ပိုမိုပြင်းထန်စေမှာဖြစ်ကြောင်း ပွဲစီစဉ်သူများက ကြေညာထားပါတယ်။
Thanks for the warm welcome, here's what we have planned for you:
6 of the best @DOTA2 teams in Europe
$150,000 prize pool
40% of the bounty is in play at all times
$5k goes to fan predictions, this is where you get to play…Read more: https://t.co/OB9kn8LkqO#BLASTDota pic.twitter.com/em2xcfxvQY
— BLASTDota (@BLASTDota) May 4, 2020
BLAST Bounty Hunt ပြိုင်ပွဲကို BLAST ရဲ့ Dota 2 ချန်နယ်သစ်များဖြစ်ကြတဲ့ Twitch.tv/BLASTDota နဲ့ YouTube.com/BLASTDota တို့ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ကြောင်းနဲ့ ယခု ဆုကြေးငွေ ချီးမြှင့်မယ့်စနစ်ဟာ Esports လောကအတွင်းမှာ မည်သူမှ အသုံးမပြုဖူးသေးတဲ့ စနစ်သစ် ဖြစ်ကြောင်း တို့ကိုလည်း ပွဲစီစဉ်သူများက ကြေညာထားခဲ့ပါသေးတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: blastpremier, vpesports
[ZawGyi]
ၾကည့္ရႈသူပရိသတ္မ်ားကိုပါ ဆုေၾကးေငြခ်ီးျမႇင့္မယ့္ Dota 2 ၿပိဳင္ပြဲ BLAST Bounty Hunt
နာမည္ေက်ာ္ CS: GO ၿပိဳင္ပြဲႀကီးမ်ားျဖစ္ၾကတဲ့ BLAST Pro Series နဲ႔ BLAST Premier တို႔ကို ႀကီးမႉးက်င္းပေနခဲ့တဲ့ RFRSH Entertainment ဟာ ယခုအခ်ိန္မွာေတာ့ Dota 2 ဘက္ကို ေျခဦးလွည့္လာခဲ့ပါၿပီ။ BLAST Bounty Hunt လို႔ အမည္ေပးထားၿပီး ဆုေၾကးေငြစုစုေပါင္း ေဒၚလာ ၁၄၅,၀၀၀ ခ်ီးျမႇင့္မယ့္ ယင္းၿပိဳင္ပြဲကို ဇြန္လ ၉ ရက္ေန႔ကေန ၁၃ ရက္ေန႔အထိ က်င္းပသြားမွာျဖစ္ပါတယ္။
BLAST Bounty Hunt မွာ ပါဝင္လာမွာျဖစ္ေၾကာင္း ေၾကညာထားတဲ့ အသင္း ၆ သင္းကေတာ့ OG, Team Secret, Team Nigma, Ninjas in Pyjamas, Alliance နဲ႔ Team Liquid တို႔ပါ။ ၿပိဳင္ပြဲဝင္အသင္းမ်ားဟာ ပြဲစဥ္မ်ားကို double-elimination bracket ပုံစံနဲ႔ BO3 ကစားၾကရမွာျဖစ္ၿပီး ဂရင္းဖိုင္နယ္ကိုေတာ့ BO5 ကစားၾကရမွာျဖစ္ပါတယ္။
ယင္းၿပိဳင္ပြဲအတြင္းမွာ ထူးျခားတာကေတာ့ ဆုေၾကးေငြ ခ်ီးျမႇင့္မယ့္စနစ္ပါ။ ၿပိဳင္ပြဲဝင္အသင္းမ်ားဟာ အုပ္စုပြဲစဥ္မ်ားအၿပီးမွာထဲက သတ္မွတ္ထားတဲ့ ဆုေၾကးေငြပမာဏတစ္ခုကို စတင္ရရွိၾကမွာျဖစ္ၿပီး ပြဲစဥ္မ်ားကို ယွဥ္ၿပိဳင္ရင္း မိမိတို႔အသင္းအတြက္ ဆုေၾကးေငြပမာဏ မ်ားသထက္မ်ားလာေအာင္ ႀကိဳးပမ္းၾကရမွာပါ။ ဒါေၾကာင့္လည္း ဒီၿပိဳင္ပြဲကို Bounty Hunt လို႔ အမည္ေပးထားရျခင္းပဲ ျဖစ္ပါတယ္။
ၿပိဳင္ပြဲရဲ႕အုပ္စုပြဲစဥ္မ်ားအၿပီး အဆင့္ ၁ နဲ႔ ၂ ရရွိတဲ့အသင္းမ်ားဟာ ေဒၚလာ ၂၀,၀၀၀ စီ စတင္ရရွိၾကမွာျဖစ္ၿပီး အဆင့္ ၃ ကေန ၆ အထိ ရရွိတဲ့အသင္းမ်ားကေတာ့ ေဒၚလာ ၁၅,၀၀၀ စီ စတင္ရရွိၾကမွာပါ။ ယင္းေနာက္မွာေတာ့ အသင္းမ်ားဟာ ပြဲမ်ားမ်ားအႏိုင္ရရွိေအာင္ ႀကိဳးပမ္း ကစားၾကရမွာ ျဖစ္ၿပီး တစ္ပြဲႏိုင္ရင္ ရၿပီးသားဆုေၾကးေငြရဲ႕ ၄၀ ရာခိုင္ႏႈန္းစီ တိုးၿပီး ရရွိသြားၾကမွာပဲ ျဖစ္ပါတယ္။

ဒါ့အျပင္ ၿပိဳင္ပြဲၾကည့္ရႈသူပရိသတ္မ်ားဟာ မိမိတို႔ႏွစ္သက္တဲ့အသင္းကို အပိုေဆာင္းဆုေၾကးေငြ ခ်ီးျမႇင့္ေပးဖို႔ အတြက္ vote ျပဳလုပ္ႏိုင္ၾကဦးမွာပါ။ Vote ေပးသူမ်ားထဲကေန ပရိသတ္တစ္ေယာက္ကို ေ႐ြးခ်ယ္ၿပီး သူ႔ရဲ႕ nickname ကို အပိုေဆာင္းဆုေၾကးေငြရဲ႕နာမည္အတြင္းမွာ ေရးထိုးေပးမယ္လို႔လည္း ေၾကညာထားပါတယ္။
ၿပိဳင္ပြဲအတြင္း ရႈံးပြဲမရွိ အႏိုင္ရရွိတဲ့အသင္းဟာ ၅၁,၁၂၀ ေဒၚလာအထိ ရရွိႏိုင္မွာျဖစ္ၿပီး ေဒၚလာ ၄၅,၀၀၀ အထိ ဆြတ္ခူးႏိုင္မယ့္ အပိုေဆာင္းဆုေၾကးေငြပါ ပါဝင္မယ္ဆိုရင္ေတာ့ စုစုေပါင္း ေဒၚလာ ၉၆,၀၀၀ အထိ ရရွိသြားႏိုင္ပါတယ္။ ဆုေၾကးေငြခ်ီးျမႇင့္ျခင္းနဲ႔ ပတ္သက္တဲ့အေသးစိတ္အခ်က္အလက္မ်ားကို ၿပိဳင္ပြဲမတိုင္မီ ထပ္မံေၾကညာေပးသြားမယ္လို႔လည္း ဆိုပါတယ္။
ၿပိဳင္ပြဲရဲ႕ဆုေၾကးေငြမ်ားထဲက ေဒၚလာ ၅,၀၀၀ ကိုေတာ့ အႏိုင္ရရွိတဲ့အသင္းမ်ားကို မွန္ကန္စြာခန႔္မွန္ႏိုင္တဲ့ ပရိသတ္မ်ားကို ခ်ီးျမႇင့္ေပးသြားမယ္လို႔ ဆိုပါတယ္။ ယခုလို ထူးျခားတဲ့ ဆုေၾကးေငြ ခ်ီးျမႇင့္မယ့္စနစ္မ်ားဟာ ပရိသတ္မ်ားကို ၿပိဳင္ပြဲနဲ႔ နီးကပ္ေနေအာင္ ျပဳလုပ္ေပးႏိုင္မွာျဖစ္သလို ၿပိဳင္ပြဲအတြင္း အသင္းမ်ားရဲ႕ ယွဥ္ၿပိဳင္မႈ ကိုလည္း ပိုမိုျပင္းထန္ေစမွာျဖစ္ေၾကာင္း ပြဲစီစဥ္သူမ်ားက ေၾကညာထားပါတယ္။
Thanks for the warm welcome, here's what we have planned for you:
6 of the best @DOTA2 teams in Europe
$150,000 prize pool
40% of the bounty is in play at all times
$5k goes to fan predictions, this is where you get to play…Read more: https://t.co/OB9kn8LkqO#BLASTDota pic.twitter.com/em2xcfxvQY
— BLASTDota (@BLASTDota) May 4, 2020
BLAST Bounty Hunt ၿပိဳင္ပြဲကို BLAST ရဲ႕ Dota 2 ခ်န္နယ္သစ္မ်ားျဖစ္ၾကတဲ့ Twitch.tv/BLASTDota နဲ႔ YouTube.com/BLASTDota တို႔ကေန တိုက္႐ိုက္ထုတ္လႊင့္ျပသသြားမွာျဖစ္ေၾကာင္းနဲ႔ ယခု ဆုေၾကးေငြ ခ်ီးျမႇင့္မယ့္စနစ္ဟာ Esports ေလာကအတြင္းမွာ မည္သူမွ အသုံးမျပဳဖူးေသးတဲ့ စနစ္သစ္ ျဖစ္ေၾကာင္း တို႔ကိုလည္း ပြဲစီစဥ္သူမ်ားက ေၾကညာထားခဲ့ပါေသးတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။
source: blastpremier, vpesports