JRPG Fan တွေ အကြိုက်တွေ့မယ့် Black Clover: Rise of the Wizard King မိုဘိုင်းဂိမ်း

 

Mobile game သတင်းတွေမပြတ်တန်း follow လုပ်တယ်ဆိုရင် တလောကကြေညာတဲ့ Black Clover mobile game အကြောင်းသိကြမှာပါ။ ခုတော့ beta version စထွက်လာပါပြီ။

သူတို့ရဲ့ trailer အရ fan တော်တော်များများက openworld game လို့ခန့်မှန်းထားကြပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ စစပြောချင်တာကတော့ open world လုံးဝမဟုတ်ပါဘူး။ Map အသေးလေးတွေ တစ်ခုနဲ့တစ်ခု အဆက်ဆက်ချိတ်ထားတာမျိုးဖြစ်ပါတယ်။ ပြီးတော့ Camera လုံးဝလှည့်မရပါဘူး။ Fixed angle view တွေချည့်ဖြစ်ပါတယ်။ ပြီးတော့ mission တစ်ခုနဲ့တစ်ခုကလဲ မြင်ဖူးနေကြ mmo game တွေလို auto mode နဲ့တစ်နေရာကနေတစ်နေရာသွားတာဖြစ်ပါတယ်။ Map ပေါ်မှာလုပ်လို့ရတာကလဲ သစ်သားပုံးတွေလိုက်ခွဲပြီး currency အနည်းငယ်ရတာလောက်ပဲရှိပါတယ်။ အဲတော့ trailer ကြည့်ပြီး black clover mobile အသစ်က open world ကြီးဟလို့ထင်ပြီး အများကြီးမျှော်လင့်ပြီး ဆော့ကြမယ်ဆိုရင်တော့ စိတ်ပျက်မိမှာအမှန်ပါပဲ။

Story Cutscene တွေကတော့စောက်ရမ်းမိုက်ပါတယ်။ ဒီဂိမ်းရဲ့အဓိကအားသာချက်လို့တော့ပြောလို့ရပါတယ်။ လုံးဝ 3d anime ကြည့်နေရသလိုပါပဲ။ နောက်ခံတေးဂီတ sound design ကလဲတော်တော်ကောင်းပါတယ်။ Cutscene မပါတဲ့စကားများကြတဲ့အခန်းတွေကတော့ visual novel ပုံစံနဲ့သွားပါတယ်။ စာမဖတ်ချင်လို့ skip လိုက်လဲ ဘာတွေဖြစ်သွားလဲဆိုပြီး အတိုချုံးပြန်ရှင်းပြတဲ့ box လေးပေါ်လာတာမို့ အဲဒါလေးတော့တော်တော်သဘောကျပါတယ်။

နောက်တစ်ခု Black Clover fan တိုင်းသိကြမှာက anime အစပိုင်းမှာ Asta ရဲ့အသံကြီးကတော်တော်ကိုဆိုးရွားတဲ့ထဲပါပါတယ်။ နောက်ကြမှသာနည်းနည်း နားထောင်ရအဆင်ပြေသွားကြတာပါ။ ခုအဲဒီအစပိုင်းအခန်းတွေမှာ voice acting တွေအသစ်ပြန်ထည့်ထားတာကြောင့် တော်တော်အဆင်ပြေပါတယ်။ Black Clover ကိုကြည့်ချင်ပေမယ့် ပထမတစ်ပိုင်းနှစ်ပိုင်းနဲ့တင် Asta အသံကိုမခံစားနိုင်ပဲ drop လိုက်တဲ့လူမျိုးတွေအတွက် ဇာတ်လမ်းသိချင်ဒီဂိမ်းက ကွက်တိပါပဲ။

Gameplay ကတော့ မြင်ဖူးနေကြ turn based jrpg system ပါပဲ။ Character တစ်ကောင်ချင်းစီမှာ ရိုးရိုးချတဲ့ basic atk ရယ်၊ ပုံမှန် skill တစ်ခုနဲ့ ultimate skill တစ်ခုစီပါပါတယ်။ ပြီးတော့ကိုယ့်အသင်းဖော်ပေါ်မူတည်ပြီးတော့ ပေါင်းပြီးချတဲ့ partner skill ဆိုပြီးတစ်ခုထပ်ပါပါတယ်။ Partner skill ကပုံမှန်ဆိုရင် character နှစ်ကောင် skill ပြိုင်တူသုံးတာမျိုးပဲဖြစ်ပေမယ့် ဇာတ်လမ်းထဲမှာအဓိကကျပြီးအချင်းချင်းရင်းနှီးတဲ့ character (ဥပမာ Asta နဲ့ Yuno) တွဲပေးထားခဲ့မယ်ဆို animation အသစ်နဲ့ unique skill ဖြစ်သွားပါတယ်။

Battle တွေကတော့ wave system နဲ့သွားပါတယ်။ ခက်တာက wave system လို့ပြောပေမယ့် wave 3 ခုဆို battle သုံးခုဆိုတာမျိုးနဲ့သိပ်မကွာပါဘူး။ ကိုယ့် character တွေရဲ့ hp နဲ့ skill point တွေကနောက် wave တစ်ခုကိုဆက်တိုက်သွားပေမယ့် buff တွေ debuff တွေကနောက်အထိမပါသွားပါဘူး။ အဲတော့အစကပြန်ချရတာနဲ့တူတူလိုပါပဲ။

နောက်တစ်ခုကတော့ free to play mobile game ထုံးစံအတိုင်း gacha system ဖြစ်ပါတယ်။ Standard banner ကိုတစ်ရက်တစ်ခေါက် free ပေးဆွဲပါတယ်။ ဒါကတော့ တချို့ဂိမ်းတွေလဲပေးပေမယ့် လုံးဝမပေးတဲ့ဟာမျိုးတွေထက်စာရင်တော့ ပိုကောင်းပါတယ်။ သူ့ gacha system က character တွေချည့်မဟုတ်ပါဘူး။ Skill page လို့ခေါ်တဲ့ အကောင်တိုင်းတပ်ပေးလို့ရတဲ့ equipment တွေနဲ့ရောထားတာပါ။ Skill page နဲ့ character နဲ့ကိုက်ညီမှုရှိရင်တော့ သူတို့ရဲ့ skill မှာ bonus တွေရပါတယ်။ Character ရဖို့က 60% ဖြစ်ပြီး Skill page ရဖို့က 40% ဖြစ်ပါတယ်။ SSR drop chance ကတော့ 1.6% နဲ့ 1.09% အသီးသီးဖြစ်ကြပါတယ်။ Pity system ပါပြီးတော့ pt 340 ဖြစ်ပါတယ်။ တစ်ခါဆွဲရင် +3 တိုးတာမို့ SSR သေချာပေါက်ရဖို့ စုစုပေါင်း ၁၁၄ ခါဆွဲရပါလိမ့်မယ်။

Pvp ပါပြီး skill page တွေက duplicate တွေနဲ့ lvl တင်လို့ရတာမို့ gacha ဂိမ်းထုံးစံအတိုင်း အနည်းနဲ့အများတော့ pay to win ဖြစ်တာပါပဲ။ အဲတော့ pvp ကိုအများကြီးမမျှော်လင့်ပါနဲ့။ နောက်တစ်ခုက debuff တွေကို chance တွေနဲ့ apply ဖြစ်တာမို့ မတရား whale ထားလဲကံမကောင်းရင် ကိုယ့်ထက်ဝိတဲ့ကောင်တွေကိုရှုံးသွားနိုင်ပါတယ် lol

နောက်ဆုံးပြောချင်တာကတော့ ဒီဂိမ်းက ပုံမှန် mobile gacha game တွေဆော့နေကြလူတွေအတွက်တော့ ပြသနာမရှိပေမယ့် black clover ကိုကြိုက်လို့ rpg game တစ်ခုအနေနဲ့ဆော့မယ်ဆိုပြသနာရှိနိုင်ပါတယ်။ Story mode ဆော့နေရင်း အခန်းတစ်ခန်းရောက်တဲ့အခါ enemy lvl တွေမတရားမြင့်ပြီး မနိုင်တော့တာမျိုးဖြစ်ပါလိမ့်မယ်။ အဲကြ gacha game တွေထုံးစံ lvl တင်ဖို့အခန်းသက်သက်မှာသွားချပြီးပြန်လာတဲ့အခါကြ ကိုယ့်အကောင်တွေကမတရားကြမ်းသွားတာမျိုးတွေဖြစ်သွားပါတယ်။ ပြီးတော့ gacha ဆိုတဲ့အတိုင်း ဇာတ်လမ်းထဲတောင်မမြင်ဖူးသေးတဲ့ character တွေကကိုယ့်အသင်းထဲဟိုးအစကတည်းကပါနေတာမျိုးတွေက ဂိမ်းအတွက် immersion ကိုတော်တော်ကျစေပါတယ်။

ဟိုးအပေါ်မှာပြောခဲ့သလိုပဲ ဒီဂိမ်းရဲ့ animation အပိုင်းက cutscene တွေမှာတင်ကောင်းတာမဟုတ်ပါဘူး။ Skill animation တွေအစ ကြိုကြား gacha ဆွဲရင်ပြတဲ့ဟာတွေအဆုံးထိကိုတော်တော်လှပါတယ်။ အဲတော့ quality ပိုင်းကတော့အပြစ်ပြောစရာမရှိသလောက်ပါပဲ။ ဒီလောက်သေချာလုပ်ထားတဲ့ဂိမ်းကို full game အပြည့်မထုတ်ပဲ ဒီလိုလုပ်ချလိုက်တာတော်တော်နှမြောဖို့ကောင်းတယ်လို့မြင်ပါတယ်။ Jrpg အစအဆုံးဆော့ရတာကြိုက်တဲ့ black clover fan တွေအတွက်တော့ အာမမခံပေမယ့် fan လဲဖြစ် gacha လဲကြိုက်တဲ့လူတွေအတွက်တော့ အခု Black Clover: Rise of the Wizard King ဂိမ်းကိုကြိုက်ကြမယ် ယူဆပါတယ်။

~Lan