[Unicode]
FaZe Clan မှာ ရင်းနှီမြုပ်နှံခဲ့တဲ့ Beats နားကြပ် တွဲဖက်တည်ထောင်သူ Jimmy Iovine
မကြာသေးမီကမှ ပြုလုပ်ခဲ့တဲ့ FaZe Clan ရဲ့ funding round မှာ ဦးဆောင်သွားခဲ့တာကတော့ လုပ်ငန်းရှင်သူဌေးကြီးတစ်ဦးဖြစ်တဲ့ Jimmy Iovine ပါ။ နာမည်ကျော် Beats နားကြပ်များကို ထုတ်လုပ်တဲ့ Beats Electronic ကို Dr. Dre နဲ့အတူ တွဲဖက်တည်ထောင်သူအဖြစ် Jimmy Iovine ဟာ နာမည်ကျော်လှပါတယ်။ ရင်းနှီးမြှုပ်နှံမှုမှာတော့ သူဟာ သားဖြစ်သူ Jamie Iovine နဲ့ အတူတကွ ထူထောင်ထားတဲ့ NTWRK အမှတ်တံဆိပ်နဲ့အတူ ဦးဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

NTWRK ဆိုတာကတော့ sneaker ဖိနပ်များ၊ ဖက်ရှင်အဝတ်အစားများ စတာတွေကို အချိန်နဲ့ အလှည့်ကျရောင်းချပေးနေတဲ့ အွန်လိုင်းရှော့ပင်းပလက်ဖောင်းတစ်ခုပါ။ နာမည်ကျော် အဆိုတော်တစ်ဦးဖြစ်တဲ့ Billie Eilish၊ အမေရိကန်ဘတ်စကတ်ဘောကစားသမား LeBron James စသူတို့နဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ဖက်ရှင်ပစ္စည်းများကို အရေအတွက်အကန့်အသတ်နဲ့ NTWRK ပေါ်မှာ သီးသန့်ရောင်းချပေးခဲ့ဖူးပါတယ်။
ဒါကြောင့် ယခုရင်းနှီးမြှုပ်နှံမှုအပြီးမှာလည်း NTWRK ဟာ FaZe Clan ရဲ့ နာမည်ကို အသုံးပြုပြီး ဖက်ရှင်ပစ္စည်းများ ထုတ်လုပ်လာဦးမယ်လို့ ယူဆရပါတယ်။ Funding round အတွင်းမှာ Jimmy Iovine ရင်းနှီးမြှုပ်နှံခဲ့တဲ့ပမာဏကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါဘူး။ ဇန်နဝါရီလတုန်းကလည်း FaZe Clan ဟာ ငွေကြေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Canaccord Genuity နဲ့ ပူးပေါင်းမှုပြုလုပ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံချေးငွေ ဒေါ်လာ ၂၂.၇ သန်း ရရှိခဲ့ဖူးပါတယ်။

ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ Jimmy Iovine က “ကျွန်တော်တို့ဟာ ဆန်းသစ်တဲ့ ဖျော်ဖြေရေးအမျိုးအစားသစ်တစ်ခုကို ပြုလုပ်ဖို့ ကြိုးပမ်းနေကြတာပါ။ FaZe Clan ဟာ လူအများကို ဂိမ်းလောကနဲ့ ကောင်းစွာထိတွေ့နိုင်အောင် ဆက်သွယ်ပေးနိုင်တဲ့အရာတစ်ခုဖြစ်ပြီး သူတို့ဟာ ကျွန်တော့်ကို ၁၉၉၀ ခုနှစ်အကျော်မှာ ခေတ်စားခဲ့တဲ့ ဟစ်ဟော့ပ်အကြောင်း ပြန်လည်သတိရလာစေပါတယ်။ FaZe Clan နဲ့ NTWRK တို့ရဲ့ ပူးပေါင်းမှုဟာ အလွန်ကို အင်အားကောင်းတဲ့အရာတစ်ခုဖြစ်လာမှာပါ” အစရှိသဖြင့် ပြောသွားခဲ့ပါတယ်။
FaZe Clan ရဲ့ ဥက္ကဌဖြစ်သူ Greg Selkoe ကလည်း “NTWRK ဟာ ကျွန်တော်တို့ FaZe Clan ရဲ့ အမှတ်တံဆိပ်ကို ပိုမိုကျော်ကြားလာအောင်နဲ့ ကမ္ဘာတစ်ဝှမ်းမှာ ပိုမိုခေတ်စားလာအောင် ပြုလုပ်ပေးနိုင်မှာဖြစ်ကြောင်း ယုံကြည်ပါတယ်။ ဒီပူးပေါင်းမှုကနေ ဖျော်ဖြေရေးနဲ့ လူငယ်များရဲ့အသိုင်းအဝိုင်းကို ကောင်းကျိုးသက်ရောက်စေမယ့်အရာများ ပြုလုပ်လာနိုင်မှာမို့ စိတ်လှုပ်ရှားနေမိပါတယ်” အစရှိသဖြင့် ပြောသွားခဲ့ပါတယ်။

FaZe Clan ဟာ နာမည်ကျော် Esports အဖွဲ့အစည်းကြီးတစ်ခုပီပီ ပူးပေါင်းမှုများကိုလည်း မကြာခဏပြုလုပ်လေ့ရှိပါတယ်။ Esports ရဲ့ အဆက်မပြတ်ခေတ်စားလာမှုကြောင့် နယ်ပယ်ပေါင်းစုံက လုပ်ငန်းရှင်ကြီးများဟာ ဂိမ်းလောကအတွင်း ဝင်ရောက်ဖို့ ကြိုးပမ်းနေတာကို အနာဂတ်မှာလည်း ဆက်လက်မြင်တွေ့ကြရဦးမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: esportsinsider
[ZawGyi]
FaZe Clan မွာ ရင္းႏွီျမဳပ္ႏွံခဲ့တဲ့ Beats နားၾကပ္ တြဲဖက္တည္ေထာင္သူ Jimmy Iovine
မၾကာေသးမီကမွ ျပဳလုပ္ခဲ့တဲ့ FaZe Clan ရဲ႕ funding round မွာ ဦးေဆာင္သြားခဲ့တာကေတာ့ လုပ္ငန္းရွင္သူေဌးႀကီးတစ္ဦးျဖစ္တဲ့ Jimmy Iovine ပါ။ နာမည္ေက်ာ္ Beats နားၾကပ္မ်ားကို ထုတ္လုပ္တဲ့ Beats Electronic ကို Dr. Dre နဲ႔အတူ တြဲဖက္တည္ေထာင္သူအျဖစ္ Jimmy Iovine ဟာ နာမည္ေက်ာ္လွပါတယ္။ ရင္းႏွီးျမႇဳပ္ႏွံမႈမွာေတာ့ သူဟာ သားျဖစ္သူ Jamie Iovine နဲ႔ အတူတကြ ထူေထာင္ထားတဲ့ NTWRK အမွတ္တံဆိပ္နဲ႔အတူ ဦးေဆာင္ခဲ့တာလည္း ျဖစ္ပါတယ္။

NTWRK ဆိုတာကေတာ့ sneaker ဖိနပ္မ်ား၊ ဖက္ရွင္အဝတ္အစားမ်ား စတာေတြကို အခ်ိန္နဲ႔ အလွည့္က်ေရာင္းခ်ေပးေနတဲ့ အြန္လိုင္းေရွာ့ပင္းပလက္ေဖာင္းတစ္ခုပါ။ နာမည္ေက်ာ္ အဆိုေတာ္တစ္ဦးျဖစ္တဲ့ Billie Eilish၊ အေမရိကန္ဘတ္စကတ္ေဘာကစားသမား LeBron James စသူတို႔နဲ႔ ပူးေပါင္းထုတ္လုပ္ထားတဲ့ ဖက္ရွင္ပစၥည္းမ်ားကို အေရအတြက္အကန္႔အသတ္နဲ႔ NTWRK ေပၚမွာ သီးသန္႔ေရာင္းခ်ေပးခဲ့ဖူးပါတယ္။
ဒါေၾကာင့္ ယခုရင္းႏွီးျမႇဳပ္ႏွံမႈအၿပီးမွာလည္း NTWRK ဟာ FaZe Clan ရဲ႕ နာမည္ကို အသုံးျပဳၿပီး ဖက္ရွင္ပစၥည္းမ်ား ထုတ္လုပ္လာဦးမယ္လို႔ ယူဆရပါတယ္။ Funding round အတြင္းမွာ Jimmy Iovine ရင္းႏွီးျမႇဳပ္ႏွံခဲ့တဲ့ပမာဏကိုေတာ့ ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္းမရွိပါဘူး။ ဇန္နဝါရီလတုန္းကလည္း FaZe Clan ဟာ ေငြေၾကးလုပ္ငန္းတစ္ခုျဖစ္တဲ့ Canaccord Genuity နဲ႔ ပူးေပါင္းမႈျပဳလုပ္ခဲ့ၿပီး ရင္းႏွီးျမႇဳပ္ႏွံေခ်းေငြ ေဒၚလာ ၂၂.၇ သန္း ရရွိခဲ့ဖူးပါတယ္။

ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ပတ္သက္လို႔ Jimmy Iovine က “ကြၽန္ေတာ္တို႔ဟာ ဆန္းသစ္တဲ့ ေဖ်ာ္ေျဖေရးအမ်ိဳးအစားသစ္တစ္ခုကို ျပဳလုပ္ဖို႔ ႀကိဳးပမ္းေနၾကတာပါ။ FaZe Clan ဟာ လူအမ်ားကို ဂိမ္းေလာကနဲ႔ ေကာင္းစြာထိေတြ႕ႏိုင္ေအာင္ ဆက္သြယ္ေပးႏိုင္တဲ့အရာတစ္ခုျဖစ္ၿပီး သူတို႔ဟာ ကြၽန္ေတာ့္ကို ၁၉၉၀ ခုႏွစ္အေက်ာ္မွာ ေခတ္စားခဲ့တဲ့ ဟစ္ေဟာ့ပ္အေၾကာင္း ျပန္လည္သတိရလာေစပါတယ္။ FaZe Clan နဲ႔ NTWRK တို႔ရဲ႕ ပူးေပါင္းမႈဟာ အလြန္ကို အင္အားေကာင္းတဲ့အရာတစ္ခုျဖစ္လာမွာပါ” အစရွိသျဖင့္ ေျပာသြားခဲ့ပါတယ္။
FaZe Clan ရဲ႕ ဥကၠဌျဖစ္သူ Greg Selkoe ကလည္း “NTWRK ဟာ ကြၽန္ေတာ္တို႔ FaZe Clan ရဲ႕ အမွတ္တံဆိပ္ကို ပိုမိုေက်ာ္ၾကားလာေအာင္နဲ႔ ကမာၻတစ္ဝွမ္းမွာ ပိုမိုေခတ္စားလာေအာင္ ျပဳလုပ္ေပးႏိုင္မွာျဖစ္ေၾကာင္း ယုံၾကည္ပါတယ္။ ဒီပူးေပါင္းမႈကေန ေဖ်ာ္ေျဖေရးနဲ႔ လူငယ္မ်ားရဲ႕အသိုင္းအဝိုင္းကို ေကာင္းက်ိဳးသက္ေရာက္ေစမယ့္အရာမ်ား ျပဳလုပ္လာႏိုင္မွာမို႔ စိတ္လႈပ္ရွားေနမိပါတယ္” အစရွိသျဖင့္ ေျပာသြားခဲ့ပါတယ္။

FaZe Clan ဟာ နာမည္ေက်ာ္ Esports အဖြဲ႕အစည္းႀကီးတစ္ခုပီပီ ပူးေပါင္းမႈမ်ားကိုလည္း မၾကာခဏျပဳလုပ္ေလ့ရွိပါတယ္။ Esports ရဲ႕ အဆက္မျပတ္ေခတ္စားလာမႈေၾကာင့္ နယ္ပယ္ေပါင္းစုံက လုပ္ငန္းရွင္ႀကီးမ်ားဟာ ဂိမ္းေလာကအတြင္း ဝင္ေရာက္ဖို႔ ႀကိဳးပမ္းေနတာကို အနာဂတ္မွာလည္း ဆက္လက္ျမင္ေတြ႕ၾကရဦးမွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။
source: esportsinsider