Gaming Noodle

Team Secret, Vici Gaming နဲ့ Navi အသင်းတို့အတွက် အသက်ရှုချောင်စေတဲ့ LCQ ရဲ့ Group A

Team Secret, Vici Gaming နဲ့ Navi အသင်းတို့အတွက် အသက်ရှုချောင်စေတဲ့ LCQ ရဲ့ Group A   မနှစ်က TI10 မှာ တော်တော်လေး လက်စွမ်းပြခဲ့ကြတဲ့ Team Secret (Top 3), Virtus.pro (Top 6), Vici Gaming (Top 6), T1 (Top 8 ) စတဲ့ အသင်းကြီးတွေအနေနဲ့ ယခု Last chance Qualifier ပွဲစဥ်တွေမှာ ဆုံတွေ့ကြရတာဟာ နှမြောဖို့တော့ ကောင်းပါတယ်။ ဒါပေမဲ့ Last Chance ပွဲစဥ်တွေ​မှာတင် TI11 ဟာ တော်တော်လေး အကြိတ်အနယ်ရှိမှာဖြစ်လို့ ကြည့်ရတဲ့ပရိသတ်တွေအတွက်တော့ စိတ်ကျေနပ်မှုရစေမှာပါ။ Last Chance …

Team Secret, Vici Gaming နဲ့ Navi အသင်းတို့အတွက် အသက်ရှုချောင်စေတဲ့ LCQ ရဲ့ Group A Read More »

TI11 ပြိုင်ပွဲဝင် OG အသင်းမှာ နည်းပြအဖြစ် Ceb ပါဝင်သွားမည်

“TI11 ပြိုင်ပွဲဝင် OG အသင်းမှာ နည်းပြအဖြစ် Ceb ပါဝင်သွားမည်”   မကြာမီစတင်လာတော့မယ့် TI11 ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ OG အသင်းဟာ TI ၂ နှစ်ဆက်ချန်ပီယံအသင်းသားဟောင်းကြီး Sébastien “Ceb” Debs ကို နည်းပြတစ်ဦးအဖြစ် ထည့်သွင်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာလာခဲ့ပါတယ်။ OG အသင်းဟာ ဒီအကြောင်းကို “who let THIS GUY in here” လို့ ခေါင်းစဉ်တပ်ထားတဲ့ ဓာတ်ပုံတစ်ပုံနဲ့အတူ ဆိုရှယ်မီဒီယာပေါ်မှာ ထုတ်ဖော်ပြသလာခဲ့တာဖြစ်ပြီး ယင်းဓာတ်ပုံဟာ မလေးရှား bootcamp မှာ စခန်းသွင်းလေ့ကျင့်နေကြတဲ့ OG ကစားသမားများနဲ့ Ceb တို့ အတူတကွစကားပြောနေပုံကို ရိုက်ကူးထားခဲ့တာလည်းဖြစ်ပါတယ်။ ဒီဓာတ်ပုံထွက်ပေါ်လာပြီး အချိန်အနည်းငယ်အကြာမှာပဲ OG အသင်းဟာ …

TI11 ပြိုင်ပွဲဝင် OG အသင်းမှာ နည်းပြအဖြစ် Ceb ပါဝင်သွားမည် Read More »

TI10 True Sight အပေါ် Team Spirit အသင်းသားတို့ရဲ့ အမြင်များ

“TI10 True Sight အပေါ် Team Spirit အသင်းသားတို့ရဲ့ အမြင်များ”   ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာ Valve ဟာ ၂၀၂၁ ခုနှစ်အတွင်းကျင်းပပြီးစီးခဲ့တဲ့ TI10 အတွက် True Sight documentary ကို နှစ်စဉ်ထုတ်လွှင့်ပေးနေကျအတိုင်း ထုတ်လွှင့်ဖြန့်ချိလာခဲ့ပါတယ်။ ဒီ True Sight မှာ TI10 ဂရင်းဖိုင်နယ်အတွင်း Team Spirit နဲ့ PSG.LGD အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစား​ကြတဲ့ ပွဲစဉ်များရဲ့ နောက်ကွယ်က အကြောင်းအရာများ ပါဝင်လာခဲ့ပြီး ထုံးစံအတိုင်း Dota 2 ပရိသတ်များရဲ့ နှစ်ခြိုက်စွာအားပေးခြင်းကိုလည်း ခံခဲ့ရပါတယ်။ TI10 ကို အနိုင်ရရှိခဲ့ကြတဲ့ Team Spirit အသင်းသားများဟာလည်း ယင်းတို့ကိုယ်တိုင်ပါဝင်တဲ့ ဒီ True Sight ဗီဒီယိုကို …

TI10 True Sight အပေါ် Team Spirit အသင်းသားတို့ရဲ့ အမြင်များ Read More »

ပရိသတ်ဝေဖန်မှုမြင့်တက်ခဲ့ရတဲ့ Dota 2 ရဲ့ Gacha ဆန်ဆန် Talent Sticker ရောင်းချမှုစနစ်

“ပရိသတ်ဝေဖန်မှုမြင့်တက်ခဲ့ရတဲ့ Dota 2 ရဲ့ gacha ဆန်ဆန် talent sticker ရောင်းချမှုစနစ်”   ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက Valve ဟာ မကြာမီကျင်းပတော့မယ့် TI11 ပြိုင်ပွဲကြီးအတွက် broadcast talent များ စာရင်းကို ကြေညာသွားခဲ့ပါတယ်။ ဒီစာရင်းအတွင်းမှာ host, observer, analyst, commentator စတဲ့ တာဝန်များကိုယူကြမယ့် talent စုစုပေါင်း အယောက် ၁၅၀ ကျော် ပါဝင်လာခဲ့ပြီး ပြောဆိုကြမယ့် ဘာသာစကားများကတော့ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ စပိန်နဲ့ ပေါ်တူဂီ တို့ပဲ ဖြစ်ကြပါတယ်။ Talent စာရင်းနဲ့အတူ TI11 battle pass အတွင်း တစ်ပြိုင်တည်း ထွက်ပေါ်လာခဲ့တာကတော့ talent sticker များကို ရရှိနိုင်မယ့် …

ပရိသတ်ဝေဖန်မှုမြင့်တက်ခဲ့ရတဲ့ Dota 2 ရဲ့ Gacha ဆန်ဆန် Talent Sticker ရောင်းချမှုစနစ် Read More »

Miracle တစ်နှစ်နားပြီး Kuro နဲ့ SumaiL တို့ အသင်းထွက်မယ်ကြားထားတဲ့ Entity.Fishman

Miracle တစ်နှစ်နားပြီး Kuro နဲ့ SumaiL တို့ အသင်းထွက်မယ်ကြားထားတဲ့ Entity.Fishman   Russian Dota2 Podcast တစ်ခုမှာ Entity အသင်းမှ Fishman က Nigma Galaxy EU အသင်းနဲ့ပါတ်သက်ပြီး သူကြားထားတဲ့ သတင်းတစ်ခုကို Share သွားခဲ့ပါတယ်။ (Kuro, GH, Miracle, MC) တူတူကစားခဲ့တာ (၄) နှစ်လောက်ရှိသွားပြီဆိုတော့ သူတို့ဟာ စိတ်အားထက်သန်မှု ပျောက်ကွယ်နေပြီလို့ ထင်ပါတယ်။ Nigma Galaxy အသင်းဟာ အပြောင်းအလဲတစ်ခုခု ပြုလုပ်လိမ့်မယ်လို့ ငါသိနေပါတယ်။ အခုပြောမှာကတော့ ကောလာဟလတွေပါ။ Nigma ကစားသမားတွေဆီကနေ တိုက်ရိုက်သိရခဲ့တာမဟုတ်ပါဘူး။ တစ်ဆင့်စကား တစ်ဆင့်ကြားပြီး သိထားတာတွေ ဖြစ်ပါတယ်။ ငါကြားထားသလောက်ကတော့ Miracle က တစ်နှစ်နားမယ်လို့ …

Miracle တစ်နှစ်နားပြီး Kuro နဲ့ SumaiL တို့ အသင်းထွက်မယ်ကြားထားတဲ့ Entity.Fishman Read More »

မိန်းမမုန်းတီးရေးသမားတစ်ဦးနဲ့ ပတ်သက်မိတာကြောင့် ရာထူးကနေ အနားယူသွားခဲ့ရတဲ့ G2 Esports ရဲ့ CEO

“မိန်းမမုန်းတီးရေးသမားတစ်ဦးနဲ့ ပတ်သက်မိတာကြောင့် ရာထူးကနေ အနားယူသွားခဲ့ရတဲ့ G2 Esports ရဲ့ CEO”   G2 Esports ရဲ့ တည်ထောင်သူတစ်ဦးဖြစ်သလို CEO အဖြစ်လည်း တာဝန်ယူထားတဲ့ Carlos “ocelote” Rodriguez ဟာ မကြာသေးမီကတော့ အဖွဲ့အစည်းရဲ့ CEO ရာထူးကနေ အနားယူလိုက်ပြီဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။ G2 Esports ရဲ့ CEO အဖြစ် အဖွဲ့အစည်းစတင်တည်ထောင်တဲ့ ၂၀၁၅ ခုနှစ်တည်းက တာဝန်ယူလာခဲ့သူ Rodriguez ဟာ ယခုလအတွင်းမှာတော့ ပြဿနာအချို့ကို ရင်ဆိုင်ခဲ့ရပြီး ယခုလို အနားမယူခင် ရက်အနည်းငယ်အလိုတည်းက အဖွဲ့အစည်းရဲ့ဆုံးဖြတ်ချက်အရ ရာထူးကနေ ရက်သတ္တပတ် ၈ ပတ်ကြာ အနားပေးခြင်းကို ခံခဲ့ရတာလည်းဖြစ်ပါတယ်။ Rodriguez ရဲ့ ဒီအနားယူမှုဟာ ယခုလအတွင်း တွစ်တာပေါ်မှာ …

မိန်းမမုန်းတီးရေးသမားတစ်ဦးနဲ့ ပတ်သက်မိတာကြောင့် ရာထူးကနေ အနားယူသွားခဲ့ရတဲ့ G2 Esports ရဲ့ CEO Read More »

အချိန်၊ Yangon Galacticos Dota2 နှင့် သူ၏ပရိတ်သတ်များ (စာရေးသူ- ကိုခန့် Hypnos)

အချိန်၊ Yangon Galacticos Dota2 နှင့် သူ၏ပရိတ်သတ်များ (စာရေးသူ- ကိုခန့် Hypnos)   “Time and Tide wait for no man.”(အချိန်နှင့် ဒီရေသည်လူကိုမစောင့်) ဟု Geoffrey Chaucerက ဆိုခဲ့သည်။ ကမ္ဘာအရပ်ရပ်ကလူများလည်း ထိုဆိုရိုးစကားကိုသိရှိပြီးဖြစ်သည်။ အချိန်၊ အချိန်။ အချိန်သည်အရာရာအတွက်အရေးကြီးသည်။ အချိန်သည် ကျွန်ုပ်တိုအားမစောင့်ပါ။ မှန်ပါသည်။ သိုသော်လည်း အောင်မြင်မှုရယူဖိုရာ လူတွေအကြီးကျယ်ဆုံး ရင်းရသည့်အရာမှာလည်း အချိန်သာဖြစ်သည်ဟု မိမိမြင်ပါသည်။ Geoffrey Chaucerသည် အင်္ဂလိပ်စာပေ၊ကဗျာ၏ အကြီးတကာ့အကြီးကျယ်ဆုံးထဲကတစ်ယောက်ဖြစ်သည်။ သူ၏ဆိုရိုးလေးတွေထဲတွင် မိမိအကြိုက်ဆုံးက “Patience is a conquering virtue.”ဖြစ်သည်။ အရာရာကိုကျော်လွှားအောင်နိုင်ဖိုအတွက် လူတိုင်းအတွက်လိုအပ်သည့်အကျင့်ကောင်းလေးသည် စိတ်ရှည်သည်းခံမှုသာဖြစ်သည်။ ‌နောက်ထပ်ကြိုက်မိတာလေးက “Nothing Ventured, Nothing Gained.”ပါ။ …

အချိန်၊ Yangon Galacticos Dota2 နှင့် သူ၏ပရိတ်သတ်များ (စာရေးသူ- ကိုခန့် Hypnos) Read More »

ပုံစံသစ်နဲ့ ပြန်လည်ရောက်ရှိလာတဲ့ Codashop

Codashop မှ အသစ်မိတ်ဆက်လိုက်သည့် ပိုမိုကောင်းမွန်သောပုံစံအသစ်   Codashop ၏ အသစ်ပြောင်းလဲသွားသည့် ပုံစံအသစ်သည် ကုမ္ပဏီ၏ရည်မှန်းချက်ဖြစ်သည် မိုဘိုင်းဂိမ်းနှင့်အွန်လိုင်းဖျော်ဖြေရေးကို နောက်တစ်ဆင့်သို့ ပိုမိုတိုးတက်စေချင်သည့် ရည်မှန်းချက်ကို ထင်ဟပ်စေသည်။ စင်္ကာပူ၊ စက်တင်ဘာ ၉၊ ၂၀၂၁- ဒစ်ဂျစ်တယ်အကြောင်းအရာများနှင့် ဂိမ်းအတွင်း၀ယ်ယူမှုများအတွက် ထိပ်တန်းကုမ္ပဏီဖြစ်သည့် Codashopသည် သုံးစွဲသူများအား ၎င်းတို့၏ကစားဟန်ဖြင့် ပိုမို တီထွင်ဖန်တီးနိုင်စေခြင်းဖြင့် ဂိမ်းကစားခြင်းကို နောက်တစ်ဆင့်တက်စေလိုသည့် ၎င်း၏ ရည်မှန်းချက်ကို ထင်ဟပ်နေသော ရဲရင့်သည့်အသွင်သစ်ကို မိတ်ဆက်ခဲ့သည်။ Codashop သည် အသုံးပြုသူများအား ၎င်းတို့ အနှစ်သက်ဆုံးဂိမ်းများ၏ ဂိမ်းတွင်းပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ ချက်ချင်း စိတ်ကြိုက်ဝယ်ယူနိုင်အောင် လုပ်ပေးထားသည်။ Codashop သည် သုံးစွဲသူများ ကြိုက်နှစ်သက်သည့် ဂိမ်းများနှင့်အခြားအွန်လိုင်းဝန်ဆောင်မှုများမှ အကြံဥာဏ်ကိုရယူပြီး Codashop သို့ လာရောက်စျေးဝယ်ခြင်းကို ဖျော်ဖြေရေးအတွက်သာမက စျေးဝယ်ယူမှုအတွေ့အကြုံအတွက်ပါ …

ပုံစံသစ်နဲ့ ပြန်လည်ရောက်ရှိလာတဲ့ Codashop Read More »

မကြာခင် ထွက်ရှိလာမယ့် Pokemon Unite MOBA ဂိမ်းမှာ ဘယ် Pokemon တွေ ပါဝင်မှာလဲ

မကြာခင် ထွက်ရှိလာမယ့် Pokemon Unite MOBA ဂိမ်းမှာ ဘယ် Pokemon တွေ ပါဝင်မှာလဲ   Pokémon Unite ဆိုတာကတော့ TiMi Studios နဲ့ The Pokemon Company တို့ ပူးပေါင်းပြုလုပ်လျက်ရှိတဲ့ ယခု ဇူလိုင်လအတွင်း ထွက်ပေါ်လာတော့မယ့် ကမ္ဘာ့ပထမဆုံး Pokemon MOBA ဂိမ်းပါ။ ဂိမ်းတစ်ပွဲလျှင် အသင်း ၂ သင်းစီ ပါဝင်ပြီး တစ်သင်းကို ကစားသူ ၅ ယောက်စီ ယှဥ်ပြိုင်နိုင်မယ့် Pokemon Unite ရဲ့ ကစားပုံဟာ League of Legends နဲ့ ဆင်တူတယ်လို့ ဆိုနိုင်သလို ဒီဂိမ်းအတွင်း Pokemon generation ၈ ခုလုံး ထည့်သွင်းထားတာကိုလည်း …

မကြာခင် ထွက်ရှိလာမယ့် Pokemon Unite MOBA ဂိမ်းမှာ ဘယ် Pokemon တွေ ပါဝင်မှာလဲ Read More »

Dota2 လောကရဲ့ အမျိုသမီး Panelist အသစ်စက်စက် “Ephey” အကြောင်း တစ်စေ့တစ်စောင်း

Dota2 လောကရဲ့ အမျိုသမီး Panelist အသစ်စက်စက် “Ephey” အကြောင်း တစ်စေ့တစ်စောင်း   ယခုလ အစောပိုင်းအတွင်း စတင်ကျင်းပခဲ့တဲ့ WePlay AniMajor ဟာ Dota 2 အသင်းများအတွက် TI10 ပြိုင်ပွဲကြီးဆီ တိုက်ရိုက်ဝင်ရောက်ခွင့်ရရှိနိုင်မယ့် နောက်ဆုံးအခွင့်အရေးပါ။ ဒါကြောင့် ပွဲစဥ်များအတွင်း ကစားသမားများဟာ အကြိတ်အနယ်ကြိုးပမ်းယှဥ်ပြိုင်နေခဲ့ကြသလို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဒီပြိုင်ပွဲရဲ့ ပုံရိပ်ကို ဂျပန် anime အငွေ့အသက်များနဲ့ ထူးခြားစွာ ဖန်တီးထားတာကိုလည်း ပရိသတ်များ သတိထားမိကြမှာပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ anime အသွင်အ​ပြင် panel များအတွင်း လိုက်ဖက်ညီစွာ ပါဝင်လာသူကတော့ ချောမောလှပတဲ့ အမျိုးသမီး panelist အသစ်တစ်ဦးဖြစ်သူ Mira “Ephey” Riad ပါ။ Ephey ကို panelist …

Dota2 လောကရဲ့ အမျိုသမီး Panelist အသစ်စက်စက် “Ephey” အကြောင်း တစ်စေ့တစ်စောင်း Read More »