ရုပ်သံစီးရီးအညွှန်း – Ragnarok (2020)
[Unicode] ဇန္နဝါရီလကုန်မှာ Netflix Original Series အသစ်တစ်ခုအဖြစ် ထွက်လာတဲ့ Ragnarok ကတော့ Norse Mythology ကို အခြေခံထားတဲ့ နော်ဝေရုပ်သံစီးရီးတစ်ခုပါ။ နော်ဝေဘာသာစကားပြောဖြစ်ပြီး ဇန္နဝါရီ ၃၁ ရက်နေ့မှာ Netflix ပေါ်သို့ စုစုပေါင်း Episode 6 ပိုင်းပါတဲ့ Season 1 တင်လာခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း ကလေးနှစ်ယောက်မိခင် Turid ဟာ သူ့ဇာတိမြေ Edda မြို့လေးကို အရွယ်ရောက်ခါစ သားနှစ်ယောက်နဲ့အတူ ပြန်လာခဲ့ပါတယ်။ ဒီထဲက အငယ်ဖြစ်သူ Magne ဟာ စာလုံးတွေကို သေချာမဖတ်နိုင်တဲ့ Dyslexia ရောဂါသည်ဖြစ်ပေမယ့် Edda မြေပေါ်ကို ပြန်ရောက်တာနဲ့ ထူးခြားတဲ့အဖြစ်အပျက်တွေ ဆက်တိုက်ဖြစ်ပျက်လာခဲ့ပါတယ်။ Edda မြို့လေးမှာ မြို့တော်ဝန်ထက်တောင် လွှမ်းမိုးမှုရှိနေသူတွေကတော့ Jutul …