[Unicode]
အာရှရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ပြောတဲ့ အွန်လိုင်းဂိမ်းစျေးကွက်
Reliance အင်ဒက်စထရီလီမိတက်ရဲ့ ဥက္ကဌဖြစ်သူ Mukesh Ambani ဟာ အာရှဒေသရဲ့ ချမ်းသာကြွယ်ဝဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ မကြာသေးမီကတော့ Mukesh Ambani နဲ့ Microsoft ကော်ပိုရေးရှင်းရဲ့ ဥက္ကဌဖြစ်သူ Satya Nadella တို့ဟာ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ ကျင်းပခဲ့တဲ့ အနာဂတ်ဆိုင်ရာဆွေးနွေးပွဲတစ်ခုကို တက်ရောက်ခဲ့ကြပါတယ်။

Mukesh Ambani ရဲ့ အသားတင်ချမ်းသာကြွယ်ဝမှုကို ကန်ဒေါ်လာ ၆၀.၈ ဘီလီယံခန့်ရှိကြောင်း ခန့်မှန်းကြပါတယ်။ Mukesh Ambani နဲ့ Satya Nadella တို့ရဲ့ ပွဲအတွင်းဆွေးနွေးချက်များထဲမှာတော့ စီးပွားရေးကိစ္စရပ်များ၊ broadband မြန်နှုန်းအကြောင်းများ၊ ဒစ်ဂျစ်တယ် infrastructure ကဏ္ဍဆိုင်ရာများ၊ အိန္ဒိယနိုင်ငံရဲ့ ဂိမ်းလောကအကြောင်းများ စ တာတွေ ပါဝင်ခဲ့ပါတယ်။
ဂိမ်းအကြောင်းဆွေးနွေးခဲ့စဉ်မှာတော့ Mukesh Ambani က Gaming ဟာ အိန္ဒိယနိုင်ငံအတွင်းမှာ ကြီးမားတဲ့ စီးပွားရေးတစ်ခုဖြစ်လာနိုင်တဲ့ အလားအလာရှိကြောင်း ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ပြောကြားချက်အရတော့ အိန္ဒိယရဲ့ အနာဂတ်ဂိမ်းဈေးကွက်ဟာ လက်ရှိမှာ အင်အားကောင်းနေတဲ့ ရုပ်ရှင်၊ ဂီတနဲ့ ရုပ်မြင်သံကြားဈေးကွက် ၃ ခုပေါင်းထက်တောင် တန်ဖိုးပိုမြင့်လာနိုင်တယ်လို့ ဆိုပါတယ်။

အိန္ဒိယမှာ မြန်နှုန်းမြင့်အင်တာနက်လိုင်းများ ဈေးသက်သာလာမှုနဲ့အတူ PUBG, PUBG Mobile, CS: GO, FIFA 20, Dota 2, Tekken 7, Rainbow Six Siege စတဲ့ အွန်လိုင်းဗီဒီယိုဂိမ်းများဟာ နိုင်ငံအတွင်းမှာ အခိုင်အမာနေရာယူလာနိုင်ကြပါတယ်။ အထူးသဖြင့် အိန္ဒိယနိုင်ငံသားများရဲ့ PUBG Mobile နဲ့ Call of Duty: Mobile ဂိမ်းများအပေါ် စိတ်ဝင်စားမှုဟာ တစ်ဟုန်ထိုးမြင့်မားလာလျက်ရှိပါတယ်။

လက်ရှိအိန္ဒိယဂိမ်းလောကဟာ အမေရိကန်၊ ဥရောပ စတဲ့ Esports ထွန်းကားတဲ့ဒေသများနဲ့ နှိုင်းယှဉ်ရင်တော့ အများကြီးဖွံ့ဖြိုးတိုးတက်ဖို့ လိုပါသေးတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံကသာ ကြိုးပမ်းမယ်ဆိုရင် အိမ်နီးချင်းနိုင်ငံများရဲ့ ဂိမ်းလောကကိုတော့ အသာလေးကျော်တက်သွားနိုင်ကြောင်း Mukesh Ambani ရဲ့ ပြောကြားချက်က သက်သေပြလိုက်တာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။
source: talkesport
[ZawGyi]
အာရွရဲ႕ အခ်မ္းသာဆုံးပုဂၢိဳလ္ေျပာတဲ့ အြန္လိုင္းဂိမ္းေစ်းကြက္
Reliance အင္ဒက္စထရီလီမိတက္ရဲ႕ ဥကၠဌျဖစ္သူ Mukesh Ambani ဟာ အာရွေဒသရဲ႕ ခ်မ္းသာႂကြယ္ဝဆုံးပုဂၢိဳလ္အျဖစ္ သတ္မွတ္ခံထားရသူ ျဖစ္ပါတယ္။ မၾကာေသးမီကေတာ့ Mukesh Ambani နဲ႔ Microsoft ေကာ္ပိုေရးရွင္းရဲ႕ ဥကၠဌျဖစ္သူ Satya Nadella တို႔ဟာ အိႏၵိယႏိုင္ငံ မြန္ဘိုင္းၿမိဳ႕မွာ က်င္းပခဲ့တဲ့ အနာဂတ္ဆိုင္ရာေဆြးေႏြးပြဲတစ္ခုကို တက္ေရာက္ခဲ့ၾကပါတယ္။

Mukesh Ambani ရဲ႕ အသားတင္ခ်မ္းသာႂကြယ္ဝမႈကို ကန္ေဒၚလာ ၆၀.၈ ဘီလီယံခန႔္ရွိေၾကာင္း ခန႔္မွန္းၾကပါတယ္။ Mukesh Ambani နဲ႔ Satya Nadella တို႔ရဲ႕ ပြဲအတြင္းေဆြးေႏြးခ်က္မ်ားထဲမွာေတာ့ စီးပြားေရးကိစၥရပ္မ်ား၊ broadband ျမန္ႏႈန္းအေၾကာင္းမ်ား၊ ဒစ္ဂ်စ္တယ္ infrastructure က႑ဆိုင္ရာမ်ား၊ အိႏၵိယႏိုင္ငံရဲ႕ ဂိမ္းေလာကအေၾကာင္းမ်ား စ တာေတြ ပါဝင္ခဲ့ပါတယ္။
ဂိမ္းအေၾကာင္းေဆြးေႏြးခဲ့စဥ္မွာေတာ့ Mukesh Ambani က Gaming ဟာ အိႏၵိယႏိုင္ငံအတြင္းမွာ ႀကီးမားတဲ့ စီးပြားေရးတစ္ခုျဖစ္လာႏိုင္တဲ့ အလားအလာရွိေၾကာင္း ေျပာၾကားခဲ့ပါတယ္။ သူ႔ရဲ႕ေျပာၾကားခ်က္အရေတာ့ အိႏၵိယရဲ႕ အနာဂတ္ဂိမ္းေဈးကြက္ဟာ လက္ရွိမွာ အင္အားေကာင္းေနတဲ့ ႐ုပ္ရွင္၊ ဂီတနဲ႔ ႐ုပ္ျမင္သံၾကားေဈးကြက္ ၃ ခုေပါင္းထက္ေတာင္ တန္ဖိုးပိုျမင့္လာႏိုင္တယ္လို႔ ဆိုပါတယ္။

အိႏၵိယမွာ ျမန္ႏႈန္းျမင့္အင္တာနက္လိုင္းမ်ား ေဈးသက္သာလာမႈနဲ႔အတူ PUBG, PUBG Mobile, CS: GO, FIFA 20, Dota 2, Tekken 7, Rainbow Six Siege စတဲ့ အြန္လိုင္းဗီဒီယိုဂိမ္းမ်ားဟာ ႏိုင္ငံအတြင္းမွာ အခိုင္အမာေနရာယူလာႏိုင္ၾကပါတယ္။ အထူးသျဖင့္ အိႏၵိယႏိုင္ငံသားမ်ားရဲ႕ PUBG Mobile နဲ႔ Call of Duty: Mobile ဂိမ္းမ်ားအေပၚ စိတ္ဝင္စားမႈဟာ တစ္ဟုန္ထိုးျမင့္မားလာလ်က္ရွိပါတယ္။

လက္ရွိအိႏၵိယဂိမ္းေလာကဟာ အေမရိကန္၊ ဥေရာပ စတဲ့ Esports ထြန္းကားတဲ့ေဒသမ်ားနဲ႔ ႏႈိင္းယွဥ္ရင္ေတာ့ အမ်ားႀကီးဖြံ႕ၿဖိဳးတိုးတက္ဖို႔ လိုပါေသးတယ္။ ဒါေပမယ့္ အိႏၵိယႏိုင္ငံကသာ ႀကိဳးပမ္းမယ္ဆိုရင္ အိမ္နီးခ်င္းႏိုင္ငံမ်ားရဲ႕ ဂိမ္းေလာကကိုေတာ့ အသာေလးေက်ာ္တက္သြားႏိုင္ေၾကာင္း Mukesh Ambani ရဲ႕ ေျပာၾကားခ်က္က သက္ေသျပလိုက္တာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။
source: talkesport