[Unicode]

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ Dota 2 Caster များ

 

Dota 2 အသိုင်းအဝိုင်းအတွင်းမှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံခဲ့ရတယ်လို့ ပြောကြားခဲ့တဲ့ အမျိုးသမီးများ မကြာသေးမီက ထွက်ပေါ်လာခဲ့ပါတယ်။ စွပ်စွဲပြောကြားခဲ့သူများကတော့ Stream Coach ရဲ့ founder နဲ့ Twitch streamer တစ်ဦးဖြစ်သူ Ashnichrist နဲ့ မိုဘိုင်းလ်ဂိမ်းအကြောင်းအရာများကိုရေးသားသူ @cofactorstrudel တို့ အမျိုးသမီးနှစ်ဦးဖြစ်ကြပြီး အစွပ်စွဲခံခဲ့ရတဲ့ Dota 2 caster များကတော့ Andrew “Zyori” Campbell နဲ့ Grant “GranDGranT” Harris တို့ဖြစ်ကြပါတယ်။

“Zyori အပေါ် Ashnichrist ရဲ့ စွပ်စွဲချက်”

Ashnichrist ရဲ့ အဆိုအရတော့ Zyori ဟာ သူမ ကို Summit 2 ပြိုင်ပွဲအပြီး ပါတီပွဲမှာ နှောင့်ယှက်မှုများ စတင်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ သူမရဲ့ ပြောကြားချက်များထဲမှာတော့ ပါတီပွဲအပြီးမှာ သူမနဲ့ Zyori တို့ဟာ အရက်မူးနေတဲ့အတွက် အိပ်ရာတစ်ခုတည်းပေါ်မှာ အိပ်ခဲ့ကြပေမယ့် တခြားဘာမှမဖြစ်ခဲ့ကြကြောင်း၊ ဒါပေမယ့် Zyori ကတော့ သူတို့ နှစ်ယောက် တစ်ခုခုဖြစ်ခဲ့တယ်လို့ အသိုင်းအဝိုင်းအတွင်းကလူများကို လိမ်ညာကြွားဝါလိုကြောင်း ခွင့်တောင်းခဲ့ကြောင်း၊ သူမကလည်း လက်ခံခဲ့မိကြောင်း ပါဝင်ပါတယ်။

Famous Dota2 Caster “Zyori”

Zyori ကတော့ Summit 2 အပြီး ပါတီမှာ Ashnichrist ဟာ သူ့ကို စိတ်ဝင်စားနေတယ်လို့ ထင်မှတ်ခဲ့မိကြောင်း၊ အိပ်ရာပေါ်မှာ အတူအိပ်ခဲ့ပေမယ့် ဘာမှမဖြစ်ခဲ့တာလည်း အမှန်တကယ်ပင်ဖြစ်ကြောင်း၊ Ashnichrist နဲ့ တစ်ခုခုဖြစ်ခဲ့တယ်လို့ သူ့အခန်းဖော်ကို လိမ်ညာကြွားဝါမယ်လို့သာ ပြောခဲ့မိပြီး အသိုင်းအဝိုင်းတစ်ခုလုံးကို လိမ်ညာမယ်လို့ မပြောမိခဲ့ကြောင်း အစရှိသဖြင့် ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

ဒါ့အပြင် Ashnichrist က Zyori ဟာ သူမကို BTS house မှာ ပြုလုပ်ခဲ့တဲ့ ခရစ်စမတ်ပွဲဆီ လာရောက်ဖို့ ဖိတ်ကြားခဲ့ကြောင်း၊ သူမအနေနဲ့ ပထမရက်ဆုံးရက်မှာတည်းက အမျိုးသမီးဓမ္မတာလာနေခဲ့ပေမယ့် Zyori ကတော့ လိင်ကိစ္စပြုလုပ်ဖို့ တစ်ပတ်လုံး ဖိအားပေးနေခဲ့ကြောင်း စသဖြင့်လည်း စွပ်စွဲပြောကြားခဲ့ပါတယ်။

Ashnichrist

Zyori ကတော့ Ashnichrist ကို BTS house က ခရစ်စမတ်ပွဲကို ဖိတ်ကြားခဲ့တာ မှန်ကန်ကြောင်း၊ သူမ အမျိုးသမီးဓမ္မတာလာနေတယ်လို့ ပြောခဲ့တာကိုလည်းမှတ်မိကြောင်း၊ ဒါကြောင့် အတူတူချိန်းတွေ့နေကြပေမယ့် ဘာမှမလုပ်ခဲ့ကြကြောင်း၊ ဒါ့အပြင် Ashnichrist အမျိုးသမီးဓမ္မတာလာနေတဲ့ကိစ္စဟာ သူ့အတွက် ပြဿနာမရှိဘူးလို့ ပြောခဲ့ဖူးကြောင်း အစရှိသဖြင့် ဖြေရှင်းခဲ့ပါတယ်။

Zyori ရဲ့ ပြောကြားချက်များအတွင်းမှာ “Ashnichrist ရဲ့ Twittlonger ထဲက အမျိုးသမီးဓမ္မတာကိစ္စကို ကျွန်တော်ရှင်းပြပါရစေ။ အဲဒါဟာ ကျွန်တော့်အတွက် ပြဿနာမရှိဘူးလို့ ပြောခဲ့တယ်ဆိုတာ Ashnichrist အနေနဲ့ လိင်ကိစ္စပြုလုပ်ဖို့ ကျွန်တော်ဖိအားပေးမှာ မဟုတ်ကြောင်းကိုသာ ဆိုလိုပါတယ်” လို့ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ယင်းအတောအတွင်း အတူအိပ်ခဲ့တဲ့ကိစ္စဟာလည်း နှစ်ဦးသဘောတူပြုလုပ်ခဲ့ခြင်းသာဖြစ်တယ်လို့ ယခုအချိန်ထိ ယုံကြည်နေကြောင်းကိုလည်း Zyori က ပြောသွားခဲ့ပါတယ်။

ဒါတင်မကသေးပဲ Ashnichrist ထပ်မံပြောခဲ့တဲ့အကြောင်းအရာတစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ Zyori ဟာ သူမကို သွေးများစွန်းထင်းနေတဲ့အိပ်ရာခင်းတစ်ခုရဲ့ဓာတ်ပုံကို ပို့ခဲ့တဲ့အကြောင်းပါ။ သူမသာ ဘာမှဖွင့်မပြောခဲ့ရင် Zyori ဟာ ယင်းဓာတ်ပုံကို တစ်စုံတစ်ခုပြုလုပ်ဖို့ အသုံးပြုလာနိုင်တယ်လို့လည်း Ashnichrist က ပြောခဲ့ပါတယ်။

Zyori ကတော့ ယင်းဓာတ်ပုံကိုပို့ခဲ့မိတာ သူမှတ်မိပေမယ့် အကြောင်းအရင်းကို မမှတ်မိတော့ကြောင်း၊ ဒါ့အပြင် သူဟာ ယင်းဓာတ်ပုံကို အပျော်သဘောသာ ပို့ခဲ့တာဖြစ်ပြီး အခြားမည်သို့သော ကိစ္စမှာမှ ပြန်လည်အသုံးပြုဖို့ မရည်ရွယ်ထားကြောင်း ရှင်းပြခဲ့ပါတယ်။

Ashnichrist ရဲ့ Twitlonger ပို့စ်အတွင်းမှာ “ပြန်စဉ်းစားကြည့်ရင် ဒါတွေကို ကျွန်မ ကြိုသိနေခဲ့သင့်တယ်။ ဒီလိုတွေဖြစ်လာနိုင်တယ်ဆိုတာကို ကြိုသိနေခဲ့သင့်တယ်။ ဒီလိုတွေဖြစ်လာဖို့ ကျွန်မ လုံးဝနှစ်သက်မှာ မဟုတ်ဘူးဆိုတာကိုလည်း ကြိုသိနေခဲ့သင့်တယ်။ အလိုမတူတဲ့ လိင်ကိစ္စဖြစ်သွားနိုင်တယ်ဆိုတာကို ကြိုသိနေခဲ့သင့်တယ်” စ သဖြင့် ခံစားချက် ပြင်းထန်တဲ့ စာကြောင်းများလည်း ပါဝင်ခဲ့ပါတယ်။

သူမ အနေနဲ့ Zyori ဆီက ဘာမှ မကြားလိုကြောင်းကိုလည်း ပြောခဲ့ပါတယ်။ သူမ ဟာ Esports အသိုင်းအဝိုင်းအတွင်းမှာ အခြားသူများရဲ့ နှောင့်ယှက်မှုများကိုလည်း ခံခဲ့ရသေးပေမယ့် လက်ရှိအလုပ်နဲ့သက်ဆိုင်နေတဲ့သူများဖြစ်နေပြီး အလုပ်အပေါ် ထိခိုက်မှုများဖြစ်လာမှာစိုးတဲ့အတွက် ထုတ်မပြောတော့ဘူးလို့လည်း ပြောခဲ့ပါသေးတယ်။

Zyori ကတော့ livestream တစ်ခုအတွင်းမှာ သူ့အနေနဲ့ ဒီအခြေအနေဆိုက်ရောက်လာအောင် တမင်အသုံးပြုခံလိုက်ရသလို ခံစားရကြောင်း၊ Ashnichrist မှာ ဒီလို ခံစားချက်တွေရှိနေတယ်ဆိုတာကို သူလုံးဝ မသိခဲ့ကြောင်း၊ သူမအနေနဲ့ ဒီအကြောင်းတွေကို တစ်ခါမှ ဆက်သွယ်ပြီး မပြောခဲ့ဖူးလို့ သူ့အနေနဲ့ တောင်းပန်ခွင့်လည်း မရခဲ့ကြောင်း၊ ၅ နှစ်ကြာပြီးမှ ဗုံးခွဲသလိုလုပ်လိုက်တဲ့ ဒီအပြုအမူဟာ တမင်ဖန်တီးထားတဲ့အစီအစဉ်တစ်ခုလိုဖြစ်နေကြောင်း စသဖြင့် ပြောသွားခဲ့ပါတယ်။

“GranDGranT အပေါ် @cofactorstrudel ရဲ့ စွပ်စွဲချက်”

Famous Dota2 Caster “GranDGrant”

Dota 2 caster တစ်ဦးဖြစ်သူ GranDGrant ကို စွပ်စွဲခဲ့တဲ့ @cofactorstrudel ကတော့ သူမကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်တဲ့ကိစ္စဟာ TI7 အပြီး ပါတီပွဲမှာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ @cofactorstrudel ရဲ့ အဆိုအရတော့ ယင်းပါတီပွဲအတွင်းမှာ အရက်အလွန်မူးနေတဲ့ Dota 2 caster တစ်ယောက်ဟာ သူမရဲ့လက်ကို တင်းတင်းကြပ်ကြပ် ဆွဲကိုင်ထားခဲ့ပြီး အတင်းအားသုံးရုန်းကန်ပြီး ဖယ်ထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာတော့ သူမကို ဒီလို ပြုလုပ်ခဲ့သူဟာ Grant Harris ခေါ် GranDGranT ဖြစ်တဲ့ Dota 2 caster ဖြစ်ကြောင်း တွစ်တာပေါ်မှာ ထုတ်ဖော်ရေးသားခဲ့ပါတယ်။ ဒါကြောင့် ဒီကိစ္စအတွက် GranDGranT ဟာ သူမကို လူသိရှင်ကြားတောင်းပန်မှုတစ်ခုပြန်လည်ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် GranDGranT အတွက် ကံဆိုးမှုဟာ ဒီလောက်နဲ့အဆုံးမသတ်သွားခဲ့ပါဘူး။ Dota 2 နည်းပြနဲ့ analyst တစ်ဦး Scantzor ကလည်း GranDGranT ဟာ ဒီလိုအပြုအမူများကို ပြုလုပ်နေခဲ့တာကြာပြီဖြစ်ကြောင်း၊ အမျိုးသမီး Dota 2 caster တစ်ဦးဖြစ်တဲ့

LlamaDownUnder

ကို GranDGranT က နှောင့်ယှက်ခဲ့တဲ့ကိစ္စဟာ အလွန်ဆိုးရွားခဲ့ကြောင်း တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။ ဒါ့အပြင် Evil Geniuses ကလည်း GranDGranT ကို အသင်းဝင် streamer အဖြစ်ကနေ ထုတ်ပယ်ကြောင်း ကြေညာလိုက်ပါတယ်။

ဒီကိစ္စများအပြီးမှာတော့ GranDGranT ဟာ သူ့အနေနဲ့ Esports နဲ့ Dota 2 လောက ကနေ အပြီးအပိုင်မဟုတ်ရင်တောင် အချိန်ကြာမြင့်စွာ အနားယူတော့မှာဖြစ်ကြောင်း ကြေညာလိုက်ပါတော့တယ်။ သူရဲ့ တွစ်တာပို့စ်များအတွင်းမှာတော့ Dota လောကသားများအားလုံးကို တောင်းပန်ကြောင်း၊ သူအတိတ်မှာ ပြုလုပ်ခဲ့တဲ့ကိစ္စများဟာ ဆိုးရွားကြောင်း၊ ပြီးခဲ့တဲ့နှစ်များအတွင်းမှာ သူ့အနေနဲ့ လူအများကို ပိုမိုနားလည်ဖို့ ကြိုးပမ်းခဲ့ပြီး လူအများကလည်း သူ့ကိုနားလည်လာအောင် ကြိုးပမ်းနေခဲ့ကြောင်း၊

ဒါပေမယ့် ဒီကြိုးပမ်းချက်ဟာ အတိတ်က ကိစ္စများကိုတော့ ပြောင်းလဲနိုင်ခြင်းမရှိတော့ကြောင်း၊ လူတစ်ယောက်နဲ့တစ်ယောက် အပြစ်တင်နေမှုများလည်း မရှိကြစေလိုတော့ကြောင်း၊ ဒီကိစ္စများကို ပြုလုပ်ခဲ့တာဟာ သူကိုယ်တိုင်ပဲဖြစ်လို့ အားလုံးကို စိတ်ရင်းနဲ့တောင်းပန်ကြောင်း၊

သူ့အနေနဲ့ Dota နဲ့ Esports လောကကနေ အပြီးအပိုင်မဟုတ်ရင်တောင် အချိန်အကြာကြီးအနားယူတော့မှာဖြစ်ကြောင်း၊ ဒီလိုအနားယူမှုကို မပြုလုပ်ချင်ခဲ့ပေမယ့် အခုတော့ အနားယူပြီဖြစ်ကြောင်း၊ သူ့ကြောင့် လုံခြုံစိတ်ချရမှု မရှိကြောင်း ခံစားနေရသူများရှိရင်လည်း စိတ်အေးကြစေလိုကြောင်း၊ လာမယ့်နှစ်များအတွင်းမှာ Dota ဟာ ကောင်းမွန်တဲ့ Esport တစ်ခုအဖြစ် ပိုမိုထွန်းတောက်လာဖို့ မျှော်လင့်မိကြောင်း၊

ပြီးခဲ့တဲ့ ၁၆ နှစ်တာ ကာလပတ်လုံး Dota ဟာ သူ့အတွက် ဘဝတစ်ခုလုံးဖြစ်ခဲ့ကြောင်း၊ Dota ကို ဒီထက်မက ဆက်လက်တိုးတက်နေစေလိုကြောင်း၊ သူ့ကို Dota က ချစ်ခဲ့သလို ပရိသတ်များအားလုံးကို ချစ်နေစေဖို့ မျှော်လင့်မိကြောင်း အစရှိသဖြင့် ရေးသားခဲ့ပါတယ်။ လိင်မှုကိစ္စများဟာ ရှုပ်ထွေးမှုများဖြစ်လာနိုင်တဲ့အတွက် ကြုံတွေ့ရနိုင်တဲ့အခြေအနေမျိုးမှာ မည်သူမဆို သတိကြီးစွာထားသင့်ကြောင်း ဒီအဖြစ်အပျက်လေးများက သင်ခန်းစာပေးလျက်ရှိပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: afkgaming, vpesports


[ZawGyi]

လိင္ပိုင္းဆိုင္ရာ ေႏွာင့္ယွက္တယ္လို႔ စြပ္စြဲခံခဲ့ရတဲ့ Dota 2 Caster မ်ား

 

Dota 2 အသိုင္းအဝိုင္းအတြင္းမွာ လိင္ပိုင္းဆိုင္ရာ ေႏွာင့္ယွက္ခံခဲ့ရတယ္လို႔ ေျပာၾကားခဲ့တဲ့ အမ်ိဳးသမီးမ်ား မၾကာေသးမီက ထြက္ေပၚလာခဲ့ပါတယ္။ စြပ္စြဲေျပာၾကားခဲ့သူမ်ားကေတာ့ Stream Coach ရဲ႕ founder နဲ႔ Twitch streamer တစ္ဦးျဖစ္သူ Ashnichrist နဲ႔ မိုဘိုင္းလ္ဂိမ္းအေၾကာင္းအရာမ်ားကိုေရးသားသူ @cofactorstrudel တို႔ အမ်ိဳးသမီးႏွစ္ဦးျဖစ္ၾကၿပီး အစြပ္စြဲခံခဲ့ရတဲ့ Dota 2 caster မ်ားကေတာ့ Andrew “Zyori” Campbell နဲ႔ Grant “GranDGranT” Harris တို႔ျဖစ္ၾကပါတယ္။

“Zyori အေပၚ Ashnichrist ရဲ႕ စြပ္စြဲခ်က္”

Ashnichrist ရဲ႕ အဆိုအရေတာ့ Zyori ဟာ သူမ ကို Summit 2 ၿပိဳင္ပြဲအၿပီး ပါတီပြဲမွာ ေႏွာင့္ယွက္မႈမ်ား စတင္ျပဳလုပ္ခဲ့တယ္လို႔ ဆိုပါတယ္။ သူမရဲ႕ ေျပာၾကားခ်က္မ်ားထဲမွာေတာ့ ပါတီပြဲအၿပီးမွာ သူမနဲ႔ Zyori တို႔ဟာ အရက္မူးေနတဲ့အတြက္ အိပ္ရာတစ္ခုတည္းေပၚမွာ အိပ္ခဲ့ၾကေပမယ့္ တျခားဘာမွမျဖစ္ခဲ့ၾကေၾကာင္း၊ ဒါေပမယ့္ Zyori ကေတာ့ သူတို႔ ႏွစ္ေယာက္ တစ္ခုခုျဖစ္ခဲ့တယ္လို႔ အသိုင္းအဝိုင္းအတြင္းကလူမ်ားကို လိမ္ညာႂကြားဝါလိုေၾကာင္း ခြင့္ေတာင္းခဲ့ေၾကာင္း၊ သူမကလည္း လက္ခံခဲ့မိေၾကာင္း ပါဝင္ပါတယ္။

Famous Dota2 Caster “Zyori”

Zyori ကေတာ့ Summit 2 အၿပီး ပါတီမွာ Ashnichrist ဟာ သူ႔ကို စိတ္ဝင္စားေနတယ္လို႔ ထင္မွတ္ခဲ့မိေၾကာင္း၊ အိပ္ရာေပၚမွာ အတူအိပ္ခဲ့ေပမယ့္ ဘာမွမျဖစ္ခဲ့တာလည္း အမွန္တကယ္ပင္ျဖစ္ေၾကာင္း၊ Ashnichrist နဲ႔ တစ္ခုခုျဖစ္ခဲ့တယ္လို႔ သူ႔အခန္းေဖာ္ကို လိမ္ညာႂကြားဝါမယ္လို႔သာ ေျပာခဲ့မိၿပီး အသိုင္းအဝိုင္းတစ္ခုလုံးကို လိမ္ညာမယ္လို႔ မေျပာမိခဲ့ေၾကာင္း အစရွိသျဖင့္ ျပန္လည္ေျဖရွင္းခဲ့ပါတယ္။

ဒါ့အျပင္ Ashnichrist က Zyori ဟာ သူမကို BTS house မွာ ျပဳလုပ္ခဲ့တဲ့ ခရစ္စမတ္ပြဲဆီ လာေရာက္ဖို႔ ဖိတ္ၾကားခဲ့ေၾကာင္း၊ သူမအေနနဲ႔ ပထမရက္ဆုံးရက္မွာတည္းက အမ်ိဳးသမီးဓမၼတာလာေနခဲ့ေပမယ့္ Zyori ကေတာ့ လိင္ကိစၥျပဳလုပ္ဖို႔ တစ္ပတ္လုံး ဖိအားေပးေနခဲ့ေၾကာင္း စသျဖင့္လည္း စြပ္စြဲေျပာၾကားခဲ့ပါတယ္။

Ashnichrist

Zyori ကေတာ့ Ashnichrist ကို BTS house က ခရစ္စမတ္ပြဲကို ဖိတ္ၾကားခဲ့တာ မွန္ကန္ေၾကာင္း၊ သူမ အမ်ိဳးသမီးဓမၼတာလာေနတယ္လို႔ ေျပာခဲ့တာကိုလည္းမွတ္မိေၾကာင္း၊ ဒါေၾကာင့္ အတူတူခ်ိန္းေတြ႕ေနၾကေပမယ့္ ဘာမွမလုပ္ခဲ့ၾကေၾကာင္း၊ ဒါ့အျပင္ Ashnichrist အမ်ိဳးသမီးဓမၼတာလာေနတဲ့ကိစၥဟာ သူ႔အတြက္ ျပႆနာမရွိဘူးလို႔ ေျပာခဲ့ဖူးေၾကာင္း အစရွိသျဖင့္ ေျဖရွင္းခဲ့ပါတယ္။

Zyori ရဲ႕ ေျပာၾကားခ်က္မ်ားအတြင္းမွာ “Ashnichrist ရဲ႕ Twittlonger ထဲက အမ်ိဳးသမီးဓမၼတာကိစၥကို ကြၽန္ေတာ္ရွင္းျပပါရေစ။ အဲဒါဟာ ကြၽန္ေတာ့္အတြက္ ျပႆနာမရွိဘူးလို႔ ေျပာခဲ့တယ္ဆိုတာ Ashnichrist အေနနဲ႔ လိင္ကိစၥျပဳလုပ္ဖို႔ ကြၽန္ေတာ္ဖိအားေပးမွာ မဟုတ္ေၾကာင္းကိုသာ ဆိုလိုပါတယ္” လို႔ ပါဝင္ခဲ့ပါတယ္။ ဒါ့အျပင္ ယင္းအေတာအတြင္း အတူအိပ္ခဲ့တဲ့ကိစၥဟာလည္း ႏွစ္ဦးသေဘာတူျပဳလုပ္ခဲ့ျခင္းသာျဖစ္တယ္လို႔ ယခုအခ်ိန္ထိ ယုံၾကည္ေနေၾကာင္းကိုလည္း Zyori က ေျပာသြားခဲ့ပါတယ္။

ဒါတင္မကေသးပဲ Ashnichrist ထပ္မံေျပာခဲ့တဲ့အေၾကာင္းအရာတစ္ခုလည္း ရွိပါေသးတယ္။ အဲဒါကေတာ့ Zyori ဟာ သူမကို ေသြးမ်ားစြန္းထင္းေနတဲ့အိပ္ရာခင္းတစ္ခုရဲ႕ဓာတ္ပုံကို ပို႔ခဲ့တဲ့အေၾကာင္းပါ။ သူမသာ ဘာမွဖြင့္မေျပာခဲ့ရင္ Zyori ဟာ ယင္းဓာတ္ပုံကို တစ္စုံတစ္ခုျပဳလုပ္ဖို႔ အသုံးျပဳလာႏိုင္တယ္လို႔လည္း Ashnichrist က ေျပာခဲ့ပါတယ္။

Zyori ကေတာ့ ယင္းဓာတ္ပုံကိုပို႔ခဲ့မိတာ သူမွတ္မိေပမယ့္ အေၾကာင္းအရင္းကို မမွတ္မိေတာ့ေၾကာင္း၊ ဒါ့အျပင္ သူဟာ ယင္းဓာတ္ပုံကို အေပ်ာ္သေဘာသာ ပို႔ခဲ့တာျဖစ္ၿပီး အျခားမည္သို႔ေသာ ကိစၥမွာမွ ျပန္လည္အသုံးျပဳဖို႔ မရည္႐ြယ္ထားေၾကာင္း ရွင္းျပခဲ့ပါတယ္။

Ashnichrist ရဲ႕ Twitlonger ပို႔စ္အတြင္းမွာ “ျပန္စဥ္းစားၾကည့္ရင္ ဒါေတြကို ကြၽန္မ ႀကိဳသိေနခဲ့သင့္တယ္။ ဒီလိုေတြျဖစ္လာႏိုင္တယ္ဆိုတာကို ႀကိဳသိေနခဲ့သင့္တယ္။ ဒီလိုေတြျဖစ္လာဖို႔ ကြၽန္မ လုံးဝႏွစ္သက္မွာ မဟုတ္ဘူးဆိုတာကိုလည္း ႀကိဳသိေနခဲ့သင့္တယ္။ အလိုမတူတဲ့ လိင္ကိစၥျဖစ္သြားႏိုင္တယ္ဆိုတာကို ႀကိဳသိေနခဲ့သင့္တယ္” စ သျဖင့္ ခံစားခ်က္ ျပင္းထန္တဲ့ စာေၾကာင္းမ်ားလည္း ပါဝင္ခဲ့ပါတယ္။

သူမ အေနနဲ႔ Zyori ဆီက ဘာမွ မၾကားလိုေၾကာင္းကိုလည္း ေျပာခဲ့ပါတယ္။ သူမ ဟာ Esports အသိုင္းအဝိုင္းအတြင္းမွာ အျခားသူမ်ားရဲ႕ ေႏွာင့္ယွက္မႈမ်ားကိုလည္း ခံခဲ့ရေသးေပမယ့္ လက္ရွိအလုပ္နဲ႔သက္ဆိုင္ေနတဲ့သူမ်ားျဖစ္ေနၿပီး အလုပ္အေပၚ ထိခိုက္မႈမ်ားျဖစ္လာမွာစိုးတဲ့အတြက္ ထုတ္မေျပာေတာ့ဘူးလို႔လည္း ေျပာခဲ့ပါေသးတယ္။

Zyori ကေတာ့ livestream တစ္ခုအတြင္းမွာ သူ႔အေနနဲ႔ ဒီအေျခအေနဆိုက္ေရာက္လာေအာင္ တမင္အသုံးျပဳခံလိုက္ရသလို ခံစားရေၾကာင္း၊ Ashnichrist မွာ ဒီလို ခံစားခ်က္ေတြရွိေနတယ္ဆိုတာကို သူလုံးဝ မသိခဲ့ေၾကာင္း၊ သူမအေနနဲ႔ ဒီအေၾကာင္းေတြကို တစ္ခါမွ ဆက္သြယ္ၿပီး မေျပာခဲ့ဖူးလို႔ သူ႔အေနနဲ႔ ေတာင္းပန္ခြင့္လည္း မရခဲ့ေၾကာင္း၊ ၅ ႏွစ္ၾကာၿပီးမွ ဗုံးခြဲသလိုလုပ္လိုက္တဲ့ ဒီအျပဳအမူဟာ တမင္ဖန္တီးထားတဲ့အစီအစဥ္တစ္ခုလိုျဖစ္ေနေၾကာင္း စသျဖင့္ ေျပာသြားခဲ့ပါတယ္။

“GranDGranT အေပၚ @cofactorstrudel ရဲ႕ စြပ္စြဲခ်က္”

Famous Dota2 Caster “GranDGrant”

Dota 2 caster တစ္ဦးျဖစ္သူ GranDGrant ကို စြပ္စြဲခဲ့တဲ့ @cofactorstrudel ကေတာ့ သူမကို လိင္ပိုင္းဆိုင္ရာေႏွာင့္ယွက္တဲ့ကိစၥဟာ TI7 အၿပီး ပါတီပြဲမွာ ျဖစ္ပြားခဲ့တယ္လို႔ ဆိုပါတယ္။ @cofactorstrudel ရဲ႕ အဆိုအရေတာ့ ယင္းပါတီပြဲအတြင္းမွာ အရက္အလြန္မူးေနတဲ့ Dota 2 caster တစ္ေယာက္ဟာ သူမရဲ႕လက္ကို တင္းတင္းၾကပ္ၾကပ္ ဆြဲကိုင္ထားခဲ့ၿပီး အတင္းအားသုံး႐ုန္းကန္ၿပီး ဖယ္ထုတ္ခဲ့ရတယ္လို႔ ဆိုပါတယ္။

ေနာက္ပိုင္းမွာေတာ့ သူမကို ဒီလို ျပဳလုပ္ခဲ့သူဟာ Grant Harris ေခၚ GranDGranT ျဖစ္တဲ့ Dota 2 caster ျဖစ္ေၾကာင္း တြစ္တာေပၚမွာ ထုတ္ေဖာ္ေရးသားခဲ့ပါတယ္။ ဒါေၾကာင့္ ဒီကိစၥအတြက္ GranDGranT ဟာ သူမကို လူသိရွင္ၾကားေတာင္းပန္မႈတစ္ခုျပန္လည္ျပဳလုပ္ခဲ့ပါတယ္။

LlamaDownUnder

ဒါေပမယ့္ GranDGranT အတြက္ ကံဆိုးမႈဟာ ဒီေလာက္နဲ႔အဆုံးမသတ္သြားခဲ့ပါဘူး။ Dota 2 နည္းျပနဲ႔ analyst တစ္ဦး Scantzor ကလည္း GranDGranT ဟာ ဒီလိုအျပဳအမူမ်ားကို ျပဳလုပ္ေနခဲ့တာၾကာၿပီျဖစ္ေၾကာင္း၊ အမ်ိဳးသမီး Dota 2 caster တစ္ဦးျဖစ္တဲ့ LlamaDownUnder ကို GranDGranT က ေႏွာင့္ယွက္ခဲ့တဲ့ကိစၥဟာ အလြန္ဆိုး႐ြားခဲ့ေၾကာင္း တြစ္တာေပၚမွာ ေရးသားခဲ့ပါတယ္။ ဒါ့အျပင္ Evil Geniuses ကလည္း GranDGranT ကို အသင္းဝင္ streamer အျဖစ္ကေန ထုတ္ပယ္ေၾကာင္း ေၾကညာလိုက္ပါတယ္။

ဒီကိစၥမ်ားအၿပီးမွာေတာ့ GranDGranT ဟာ သူ႔အေနနဲ႔ Esports နဲ႔ Dota 2 ေလာက ကေန အၿပီးအပိုင္မဟုတ္ရင္ေတာင္ အခ်ိန္ၾကာျမင့္စြာ အနားယူေတာ့မွာျဖစ္ေၾကာင္း ေၾကညာလိုက္ပါေတာ့တယ္။ သူရဲ႕ တြစ္တာပို႔စ္မ်ားအတြင္းမွာေတာ့ Dota ေလာကသားမ်ားအားလုံးကို ေတာင္းပန္ေၾကာင္း၊ သူအတိတ္မွာ ျပဳလုပ္ခဲ့တဲ့ကိစၥမ်ားဟာ ဆိုး႐ြားေၾကာင္း၊ ၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္းမွာ သူ႔အေနနဲ႔ လူအမ်ားကို ပိုမိုနားလည္ဖို႔ ႀကိဳးပမ္းခဲ့ၿပီး လူအမ်ားကလည္း သူ႔ကိုနားလည္လာေအာင္ ႀကိဳးပမ္းေနခဲ့ေၾကာင္း၊

ဒါေပမယ့္ ဒီႀကိဳးပမ္းခ်က္ဟာ အတိတ္က ကိစၥမ်ားကိုေတာ့ ေျပာင္းလဲႏိုင္ျခင္းမရွိေတာ့ေၾကာင္း၊ လူတစ္ေယာက္နဲ႔တစ္ေယာက္ အျပစ္တင္ေနမႈမ်ားလည္း မရွိၾကေစလိုေတာ့ေၾကာင္း၊ ဒီကိစၥမ်ားကို ျပဳလုပ္ခဲ့တာဟာ သူကိုယ္တိုင္ပဲျဖစ္လို႔ အားလုံးကို စိတ္ရင္းနဲ႔ေတာင္းပန္ေၾကာင္း၊

သူ႔အေနနဲ႔ Dota နဲ႔ Esports ေလာကကေန အၿပီးအပိုင္မဟုတ္ရင္ေတာင္ အခ်ိန္အၾကာႀကီးအနားယူေတာ့မွာျဖစ္ေၾကာင္း၊ ဒီလိုအနားယူမႈကို မျပဳလုပ္ခ်င္ခဲ့ေပမယ့္ အခုေတာ့ အနားယူၿပီျဖစ္ေၾကာင္း၊ သူ႔ေၾကာင့္ လုံၿခဳံစိတ္ခ်ရမႈ မရွိေၾကာင္း ခံစားေနရသူမ်ားရွိရင္လည္း စိတ္ေအးၾကေစလိုေၾကာင္း၊ လာမယ့္ႏွစ္မ်ားအတြင္းမွာ Dota ဟာ ေကာင္းမြန္တဲ့ Esport တစ္ခုအျဖစ္ ပိုမိုထြန္းေတာက္လာဖို႔ ေမွ်ာ္လင့္မိေၾကာင္း၊

ၿပီးခဲ့တဲ့ ၁၆ ႏွစ္တာ ကာလပတ္လုံး Dota ဟာ သူ႔အတြက္ ဘဝတစ္ခုလုံးျဖစ္ခဲ့ေၾကာင္း၊ Dota ကို ဒီထက္မက ဆက္လက္တိုးတက္ေနေစလိုေၾကာင္း၊ သူ႔ကို Dota က ခ်စ္ခဲ့သလို ပရိသတ္မ်ားအားလုံးကို ခ်စ္ေနေစဖို႔ ေမွ်ာ္လင့္မိေၾကာင္း အစရွိသျဖင့္ ေရးသားခဲ့ပါတယ္။ လိင္မႈကိစၥမ်ားဟာ ရႈပ္ေထြးမႈမ်ားျဖစ္လာႏိုင္တဲ့အတြက္ ႀကဳံေတြ႕ရႏိုင္တဲ့အေျခအေနမ်ိဳးမွာ မည္သူမဆို သတိႀကီးစြာထားသင့္ေၾကာင္း ဒီအျဖစ္အပ်က္ေလးမ်ားက သင္ခန္းစာေပးလ်က္ရွိပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: afkgaming, vpesports