[Zawgyi]

အေဖ့ေဆးကုစားရိတ္အတြက္ တစ္ေန႔ ၁၀ နာရီေက်ာ္ Live လွြင့္ ဂိမ္းေဆာ့ျပခဲ့တဲ့ Streamer ကေလးငယ္


ကေနဒါႏိုင္ငံသား Streamer တစ္ဦးျဖစ္တဲ့ “zylTV” ဟာ အစာေဟာင္းအိမ္ ကင္ဆာ (Rectal Cancer) အဆင့္ေလး (အဆိုးရြားဆံုးအဆင့္) အထိျဖစ္ေနတဲ့ သူ႔အေဖရဲ႕ ကုသစားရိတ္ေတြအတြက္ Twitch မွာ Live Streaming ျပဳလုပ္ခဲ့ပါတယ္။
သူဟာ Twitch မွာ တစ္ေန႔ကို ဆယ္နာရီခန္႔ျဖင့္ ၅ ရက္တိတိ Fortnite ဂိမ္းကို live streaming ျပဳလုပ္ခဲ့ၿပီး ၾကည့္႐ွဳသူမ်ားထံမွ ေငြေၾကးအေထာက္အပံ့မ်ား ရယူခဲ့ပါတယ္။

zylTV Streaming from Twitch

zylTV ကေတာ့ သူ႔အေဖဟာ ၂၀၁၈ စက္တင္ဘာလ ကတည္းက အဆင့္ ၃ ကင္ဆာေဝဒနာကို ခံစားေနရၿပီး တျဖည္းျဖည္းနဲ႔ ပိုမိုျပန္႔ပြားလာကာ ကင္ဆာအဆင့္ ၄ အထိ ဆိုးရြားလာခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ သူ႔အေဖဟာ ယခုအခ်ိန္မွာ ဓာတ္ေရာင္ျခည္ကုသမႈ (Chemotherapy) ခံယူေနၿပီး ဆရာဝန္မ်ားက ဓာတ္ေရာင္ျခည္ကုသမႈ မခံယူလွ်င္ တစ္ႏွစ္အတြင္း ေသဆံုးႏိုင္ၿပီး ၃ ႏွစ္အထိ ကုသမႈခံယူပါက အသက္ရွင္ႏိုင္ေျခ ၂၀ ရာခိုင္ႏႈန္းရွိေၾကာင္း ေျပာဆိုထားပါတယ္။

အဲဒါေၾကာင့္ သူ႔ရဲ႕ Live Stream ကို တတ္ႏိုင္သေလာက္ ေငြေၾကးေထာက္ပံ့ဖို႔ တိုက္တြန္းထားၿပီး ေထာက္ပံ့ေငြအားလံုးဟာလည္း ေဆးကုသရာမွာ အသံုးျပဳမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ zylTV ရဲ႕ Live stream တစ္ခုထဲမွာေတာ့ သူ႔အေဖကိုယ္တိုင္ ရွင္းျပထားၿပီး အဆိုပါဗီဒီယိုကို ေအာက္ပါ link မွာ ၾကည့္႐ွဳႏိုင္ပါတယ္။

https://clips.twitch.tv/DiligentMildDragonGOWSkull

zylTV ရဲ႕ Stream ေတြအရ သူဟာ အသက္ ၁၀ ႏွစ္ဝန္းက်င္ခန္႔သာရွိေသးေသာ ကေလးငယ္ တစ္ဦးျဖစ္ၿပီး သူ႔အေဖရဲ႕အသက္ရွင္ႏိုင္ခြင့္ အနည္းငယ္အတြက္ သူတတ္စြမ္းသေလာက္ ႀကိဳးစားေငြရွာေပးေနေသာ အတုယူဖြယ္လူငယ္တစ္ဦးပဲ ျဖစ္ပါတယ္။

zylTV


zylTV ရဲ႕ stream ကို Complexity အသင္းရဲ႕ Fortnite Player MackWood ကျမင္ေတြ႕သြားခဲ့ၿပီး ၾကည့္႐ွဳသူတစ္ေယာက္မွ မရွိေသးေသာ္လည္း သူကိုယ္တိုင္ ၂၅ေဒၚလာ စတင္ေထာက္ပံ့ခဲ့ၿပီး သူ၏ Twitter မွလည္း zylTV Stream ကို ကူညီေထာက္ပံ့ရန္ တိုက္တြန္းခဲ့ပါတယ္။ MackWood ရဲ႕ ေၾကညာေပးမႈေၾကာင့္ မူလ သူေမွ်ာ္မွန္းထားတဲ့ ကေနဒါေဒၚလာ ၅,၀၀၀ ဆိုတဲ့ ေထာက္ပံေငြထက္ ေက်ာ္လြန္ၿပီး ေဒၚလာ ၁၃,၀၀၀ အထိ ရရွိခဲ့ပါတယ္။

Complexity’s MackWood Tweet

 

zylTV ကေတာ့ ေဒၚလာ ၅,၀၀၀ ကို သူ႔အေဖရဲ႕ ကုသစားရိတ္အတြက္ အသံုးျပဳမွာျဖစ္ၿပီး ေဒၚလာ ၃,၀၀၀ ကိုေတာ့ အေရးေပၚသံုးဖို႔ စုထားမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ က်န္ရွိတဲ့ ေငြမ်ားကိုေတာ့ သူရဲ႕ Live Stream တိုးတက္ဖို႔အတြက္ ရင္းႏွီးျမဳပ္ႏွံသြားမယ္လို႔ သိရွိရပါတယ္။


[Unicode]

အဖေ့ဆေးကုစားရိတ်အတွက် တစ်နေ့ ၁၀ နာရီကျော် Live လွှင့် ဂိမ်းဆော့ပြခဲ့တဲ့ Streamer ကလေးငယ်

 

ကနေဒါနိုင်ငံသား Streamer တစ်ဦးဖြစ်တဲ့ “zylTV” ဟာ အစာဟောင်းအိမ် ကင်ဆာ (Rectal Cancer) အဆင့်လေး (အဆိုးရွားဆုံးအဆင့်) အထိဖြစ်နေတဲ့ သူ့အဖေရဲ့ ကုသစားရိတ်တွေအတွက် Twitch မှာ Live Streaming ပြုလုပ်ခဲ့ပါတယ်။

သူဟာ Twitch မှာ တစ်နေ့ကို ဆယ်နာရီခန့်ဖြင့် ၅ ရက်တိတိ Fortnite ဂိမ်းကို live streaming ပြုလုပ်ခဲ့ပြီး ကြည့်ရှုသူများထံမှ ငွေကြေးအထောက်အပံ့များ ရယူခဲ့ပါတယ်။

zylTV Streaming from Twitch

zylTV ကတော့ သူ့အဖေဟာ ၂၀၁၈ စက်တင်ဘာလ ကတည်းက အဆင့် ၃ ကင်ဆာဝေဒနာကို ခံစားနေရပြီး တဖြည်းဖြည်းနဲ့ ပိုမိုပြန့်ပွားလာကာ ကင်ဆာအဆင့် ၄ အထိ ဆိုးရွားလာခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ သူ့အဖေဟာ ယခုအချိန်မှာ ဓာတ်ရောင်ခြည်ကုသမှု (Chemotherapy) ခံယူနေပြီး ဆရာဝန်များက ဓာတ်ရောင်ခြည်ကုသမှု မခံယူလျှင် တစ်နှစ်အတွင်း သေဆုံးနိုင်ပြီး ၃ နှစ်အထိ ကုသမှုခံယူပါက အသက်ရှင်နိုင်ခြေ ၂၀ ရာခိုင်နှုန်းရှိကြောင်း ပြောဆိုထားပါတယ်။

အဲဒါကြောင့် သူ့ရဲ့ Live Stream ကို တတ်နိုင်သလောက် ငွေကြေးထောက်ပံ့ဖို့ တိုက်တွန်းထားပြီး ထောက်ပံ့ငွေအားလုံးဟာလည်း ဆေးကုသရာမှာ အသုံးပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ zylTV ရဲ့ Live stream တစ်ခုထဲမှာတော့ သူ့အဖေကိုယ်တိုင် ရှင်းပြထားပြီး အဆိုပါဗီဒီယိုကို အောက်ပါ link မှာ ကြည့်ရှုနိုင်ပါတယ်။

https://clips.twitch.tv/DiligentMildDragonGOWSkull

zylTV ရဲ့ Stream တွေအရ သူဟာ အသက် ၁၀ နှစ်ဝန်းကျင်ခန့်သာရှိသေးသော ကလေးငယ် တစ်ဦးဖြစ်ပြီး သူ့အဖေရဲ့အသက်ရှင်နိုင်ခွင့် အနည်းငယ်အတွက် သူတတ်စွမ်းသလောက် ကြိုးစားငွေရှာပေးနေသော အတုယူဖွယ်လူငယ်တစ်ဦးပဲ ဖြစ်ပါတယ်။

zylTV

zylTV ရဲ့ stream ကို Complexity အသင်းရဲ့ Fortnite Player MackWood ကမြင်တွေ့သွားခဲ့ပြီး ကြည့်ရှုသူတစ်ယောက်မှ မရှိသေးသော်လည်း သူကိုယ်တိုင် ၂၅ဒေါ်လာ စတင်ထောက်ပံ့ခဲ့ပြီး သူ၏ Twitter မှလည်း zylTV Stream ကို ကူညီထောက်ပံ့ရန် တိုက်တွန်းခဲ့ပါတယ်။ MackWood ရဲ့ ကြေညာပေးမှုကြောင့် မူလ သူမျှော်မှန်းထားတဲ့ ကနေဒါဒေါ်လာ ၅,၀၀၀ ဆိုတဲ့ ထောက်ပံငွေထက် ကျော်လွန်ပြီး ဒေါ်လာ ၁၃,၀၀၀ အထိ ရရှိခဲ့ပါတယ်။

Complexity’s MackWood Tweet

zylTV ကတော့ ဒေါ်လာ ၅,၀၀၀ ကို သူ့အဖေရဲ့ ကုသစားရိတ်အတွက် အသုံးပြုမှာဖြစ်ပြီး ဒေါ်လာ ၃,၀၀၀ ကိုတော့ အရေးပေါ်သုံးဖို့ စုထားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ကျန်ရှိတဲ့ ငွေများကိုတော့ သူရဲ့ Live Stream တိုးတက်ဖို့အတွက် ရင်းနှီးမြုပ်နှံသွားမယ်လို့ သိရှိရပါတယ်။

 

Source : 9Gag

Photos : zylTV Twitch and Twitter