[Unicode]

Team Secret ကနေ MidOne ထွက်ခွာရတဲ့ အကြောင်းအရင်းကို ပြောပြခဲ့တဲ့ Zai

 

နာမည်ကျော် Dota 2 ကစားသမား Zai ဟာ လက်ရှိအချိန်မှာ Team Secret ရဲ့ အသင်းသားတစ်ဦးဖြစ်သလို ခေတ်အဆက်ဆက်က လူသိများလာခဲ့တဲ့ offlaner တစ်ဦးလည်း ဖြစ်ပါတယ်။ ရုရှားမီဒီယာကုမ္ပဏီ Maincast က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတော့ Zai ဟာ Team Secret အသင်းသားဟောင်းဖြစ်သူ MidOne ရဲ့ အသင်းက ထွက်ခွာသွားရခြင်း အကြောင်းအရင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Zai ပြောသွားခဲ့တဲ့ အကြောင်းအရင်းများထဲမှာတော့ “MidOne ဟာ အရမ်း အနားယူလွန်းပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်လောက်အတွင်းမှာ ခွင့်ဆက်တိုက်ယူပြီး ခရီးတွေချည်း ထွက်နေခဲ့တယ်။ ဥရောပ qualifiers ပွဲ ဝင်ကစားဖို့ ကျွန်တော်တို့ တစ်သင်းလုံး စခန်းသွင်းလေ့ကျင့်နေချိန်တွေနဲ့ ပြိုင်ပွဲရှိချိန်တွေလိုမျိုး အရေးကြီးအချိန်တွေမှာ သူကတော့ ခရီးလွန်နေတာပဲ များပါတယ်။

“မလေးရှားကို ခဏ ပြန်သွားတယ်၊ ပြီးတော့ ပြန်လာတယ်၊ တစ်ကြိမ်အနားယူရင်လည်း အချိန်အကြာကြီး ယူချင်တယ်။ ခဏ ခဏ ဖြစ်နေတော့ ကျွန်တော်တို့လည်း အခက်တွေ့လာပါတယ်။ ဒါကြောင့် သူ့ကို နှုတ်ထွက်ခွင့်ပြုလိုက်ပြီး Matu (MATUMBAMAN) နဲ့ပဲ ရှေ့ဆက်လိုက်ကြတာပါ” အစ ရှိသဖြင့် ပါဝင်ခဲ့ပါတယ်။

ယခင်ကတော့ Team Secret ကနေ MidOne ထွက်ခွာသွားရခြင်းအကြောင်းအရင်းဟာ စွမ်းဆောင်ချက်နည်းပါးလာလို့ဖြစ်ကြောင်း ယူဆခဲ့ကြသလို အခြားအသင်းဖော်များနဲ့ ကတောက်ကဆဖြစ်လို့ ထွက်ခွာသွားတာဖြစ်ကြောင်း ယူဆခဲ့ကြသူများလည်း ရှိပါတယ်။ ယခုအချိန်မှာတော့ Zai က ထုတ်ဖော်ပြောကြားခဲ့တဲ့အတွက် အကြောင်းအရင်းမှန်ကို ပရိသတ်များ သိရှိခဲ့ကြရပါတယ်။

TI ၂ နှစ်ဆက်အနိုင်ရရှိထားတဲ့ OG အသင်းကို MidOne ခေတ္တပြောင်းရွှေ့ဦးမှာဖြစ်ကြောင်း ကောလဟလများကလည်း ထွက်ပေါ်ခဲ့ဖူးပါသေးတယ်။ မည်သည့်အသင်းကို MidOne ရောက်ရှိသည်ဖြစ်စေ ခရီးသွားအနားယူ ဆက်တိုက်မလုပ်ပဲ အားကြိုးမာန်တက် ကစားလာနိုင်စေဖို့အတွက် သူ့ရဲ့ ပရိသတ်များက မျှော်လင့်လျက်ရှိပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

source: afkgaming


[Zawgyi]

Team Secret ကေန MidOne ထြက္ခြာရတဲ့ အေၾကာင္းအရင္းကို ေျပာျပခဲ့တဲ့ Zai

 

နာမည္ေက်ာ္ Dota 2 ကစားသမား Zai ဟာ လက္ရွိအခ်ိန္မွာ Team Secret ရဲ႕ အသင္းသားတစ္ဦးျဖစ္သလို ေခတ္အဆက္ဆက္က လူသိမ်ားလာခဲ့တဲ့ offlaner တစ္ဦးလည္း ျဖစ္ပါတယ္။ ရုရွားမီဒီယာကုမၸဏီ Maincast က ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာေတာ့ Zai ဟာ Team Secret အသင္းသားေဟာင္းျဖစ္သူ MidOne ရဲ႕ အသင္းက ထြက္ခြာသြားရျခင္း အေၾကာင္းအရင္းကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

Zai ေျပာသြားခဲ့တဲ့ အေၾကာင္းအရင္းမ်ားထဲမွာေတာ့ “MidOne ဟာ အရမ္း အနားယူလြန္းပါတယ္။ ျပီးခဲ့တဲ့ ၂ ႏွစ္ေလာက္အတြင္းမွာ ခြင့္ဆက္တိုက္ယူျပီး ခရီးေတြခ်ည္း ထြက္ေနခဲ့တယ္။ ဥေရာပ qualifiers ပြဲ ဝင္ကစားဖုိ႔ ကြ်န္ေတာ္တို႔ တစ္သင္းလုံး စခန္းသြင္းေလ့က်င့္ေနခ်ိန္ေတြနဲ႕ ျပိဳင္ပြဲရွိခ်ိန္ေတြလိုမ်ိဳး အေရးၾကီးအခ်ိန္ေတြမွာ သူကေတာ့ ခရီးလြန္ေနတာပဲ မ်ားပါတယ္။

“မေလးရွားကို ခဏ ျပန္သြားတယ္၊ ျပီးေတာ့ ျပန္လာတယ္၊ တစ္ၾကိမ္အနားယူရင္လည္း အခ်ိန္အၾကာၾကီး ယူခ်င္တယ္။ ခဏ ခဏ ျဖစ္ေနေတာ့ ကြ်န္ေတာ္တို႔လည္း အခက္ေတြ႕လာပါတယ္။ ဒါေၾကာင့္ သူ႔ကို ႏႈတ္ထြက္ခြင့္ျပဳလုိက္ျပီး Matu (MATUMBAMAN) နဲ႔ပဲ ေရွ႕ဆက္လိုက္ၾကတာပါ” အစ ရွိသျဖင့္ ပါဝင္ခဲ့ပါတယ္။

ယခင္ကေတာ့ Team Secret ကေန MidOne ထြက္ခြာသြားရျခင္းအေၾကာင္းအရင္းဟာ စြမ္းေဆာင္ခ်က္နည္းပါးလာလို႔ျဖစ္ေၾကာင္း ယူဆခဲ့ၾကသလို အျခားအသင္းေဖာ္မ်ားနဲ႔ ကေတာက္ကဆျဖစ္လို႔ ထြက္ခြာသြားတာျဖစ္ေၾကာင္း ယူဆခဲ့ၾကသူမ်ားလည္း ရွိပါတယ္။ ယခုအခ်ိန္မွာေတာ့ Zai က ထုတ္ေဖာ္ေျပာၾကားခဲ့တဲ့အတြက္ အေၾကာင္းအရင္းမွန္ကို ပရိသတ္မ်ား သိရွိခဲ့ၾကရပါတယ္။

TI ၂ ႏွစ္ဆက္အႏိုင္ရရွိထားတဲ့ OG အသင္းကို MidOne ေခတၱေျပာင္းေရႊ႕ဦးမွာျဖစ္ေၾကာင္း ေကာလဟလမ်ားကလည္း ထြက္ေပၚခဲ့ဖူးပါေသးတယ္။ မည္သည့္အသင္းကို MidOne ေရာက္ရွိသည္ျဖစ္ေစ ခရီးသြားအနားယူ ဆက္တိုက္မလုပ္ပဲ အားၾကိဳးမာန္တက္ ကစားလာႏိုင္ေစဖုိ႔အတြက္ သူ႔ရဲ႕ ပရိသတ္မ်ားက ေမွ်ာ္လင့္လ်က္ရွိပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

source: afkgaming