[Unicode]

Dota2 လောကမှာ TI မနိုင်ဖူးရင်တော့ မင်းဟာ အရှုံးသမား တစ်ယောက်ပဲ – Ceb

 

ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းက True Sight ဗီဒီယိုမထွက်ရှိခင်မှာ OG ရဲ့ အရေးပါတဲ့ Dota 2 ကစားသမားတစ်ဦးဖြစ်ခဲ့သူ Ceb ဟာ အသင်းရဲ့ ကစားသမားအဖြစ်ကနေ အနားယူကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အသင်းရဲ့ နောက်ကွယ်မှာ ဆက်ရှိနေပြီး အသင်းအတွက် အထောက်အကူဖြစ်အောင် ဆက်လက်ကြိုးပမ်းသွားဦးမှာ ဖြစ်ကြောင်းကိုလည်း ပြောခဲ့ပါတယ်။

မကြာသေးမီကတော့ Ceb ကို Esports Observer က တွေ့ဆုံပြီး မေးခွန်းများ မေးမြန်းခဲ့ပါတယ်။ Ceb က အသင်းသားသစ်များ ဖြည့်ထည့်ထားတဲ့ OG အသင်းအကြောင်း ပတ်သက်လို့ “OG ဟာ အပြင်းအထန်ယှဉ်ပြိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဒီနှစ်တွေမှာ ဟိုးအရင်အချိန်တွေတုန်းကထက် အောင်မြင်မှုတွေ အများကြီး ပိုဆွတ်ခူးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အသင်းအတွက် ထိရောက်တဲ့နည်းစနစ်တွေကိုလည်း ဖန်တီးနိုင်ခဲ့တယ်။

“ဒီနည်းစနစ်တွေဟာ မည်သို့သော ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့အသင်းအတွက်မဆို အလုပ်ဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ဒီနည်းစနစ်များရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ပြီး အောင်မြင်မှုရအောင် အကောင်အထည်ဖော်သက်သေပြခဲ့ပြီးဖြစ်လို့ပါ” အစ ရှိသဖြင့် ဖြေကြားခဲ့ပါတယ်။

ကစားသမားများ ပူးတွဲပိုင်ဆိုင်တဲ့ OG အသင်းဟာ ပြီးခဲ့တဲ့နှစ်များအတွင်းမှာ Dota 2 ဂိမ်းတစ်ခုကိုပဲ အားစိုက်ယှဉ်ပြိုင်ပြီး ကမ္ဘာ့ဝင်ငွေအကောင်းဆုံး Esports အသင်းများစာရင်းမှာ ပါဝင်လာနိုင်ခဲ့ခြင်းဟာလည်း ထူးခြားပါတယ်။ OG အနေနဲ့ အင်အားကြီး Esports အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ဖို့ကိစ္စဟာ Ceb သာ မရှိခဲ့ရင် ဖြစ်နိုင်မှာမဟုတ်ကြောင်းကိုလည်း ပရိသတ်များက လက်ခံထားကြပါတယ်။

မူလက အသင်းရဲ့နည်းပြအနေနဲ့ပဲ ရှိနေခဲ့တဲ့ Ceb ဟာ The International 2018 (TI8) မတိုင်မီ လပိုင်းအလိုမှာ အသင်းအတွက်လိုအပ်နေတဲ့ ကစားသမားနေရာကို ဝင်ရောက်ခဲ့ရပါတယ်။ ယင်းနောက်ပိုင်းမှာတော့ OG အသင်းဟာ မယုံနိုင်လောက်အောင် လေ့ကျင့်ချိန်နည်းနည်းနဲ့ TI8 ကို အနိုင်ရရှိခဲ့သလို TI9 မှာလည်း ဆက်လက်အနိုင်ရပြီး ၂ နှစ်ဆက်ချန်ပီယံများအဖြစ် အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။ ပြိုင်ပွဲများကနေ Ceb တစ်ဦးတည်းရရှိခဲ့တဲ့ ဆုကြေးငွေစုစုပေါင်းဟာ ကန်ဒေါ်လာ ၅.၄ သန်းကျော် ရှိမယ်လို့ အများက ခန့်မှန်းကြပါတယ်။

TI ၂ နှစ်ဆက်ချန်ပီယံအသင်းသားလူစာရင်းမှာပါဝင်ခဲ့တဲ့ JerAx ဟာ ယခုအချိန်မှာ Dota 2 လောက က အနားယူခဲ့ပြီးဖြစ်သလို Ana ဟာလည်း ယခုနှစ်မှာ အသင်းသားအဖြစ်ပါဝင်ယှဉ်ပြိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် MidOne, SumaiL နဲ့ Saksa တို့လို အသင်းသားသစ်များ OG အသင်းထဲမှာ ထည့်သွင်းလိုက်ခြင်းအပေါ် Ceb က “ကျွန်တော်တို့ဟာ ရှေ့ကိုရောက်အောင်စွမ်းဆောင်ဖို့ ရင့်ကျက်မှုရှိတဲ့ ကစားသမားတွေကိုသာ ခေါ်ယူလိုခဲ့တာဖြစ်ပြီး ကိုယ့်ရဲ့လက်ရှိအခြေအနေအရ မဖြစ်နိုင်တဲ့အရာတစ်ခုကိုဖမ်းဆုပ်ဖို့ ကြိုးပမ်းနေသူများနဲ့ ပူးပေါင်းဖို့ကိုတော့ မလိုလားခဲ့ပါဘူး” လို့ ဖြေခဲ့ပါတယ်။

Dota 2 မှာ အခြား Esports ဂိမ်းများလို ဖရန်ချိုက်ပြိုင်ပွဲစနစ်များ မရှိပေမယ့် ကစားသမားများနဲ့ အသင်းများကို ပြိုင်ပွဲဆုကြေးငွေအများဆုံးချီးမြှင့်တဲ့ ဂိမ်းအဖြစ် စံချိန်တင်ထားဆဲပါ။ The International မှာ ဆုကြေးများပြားရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ နှစ်စဉ်နှစ်တိုင်းရောင်းချနေကျ Battle Pass က ရရှိတဲ့ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို ဆုကြေးအဖြစ် Valve က ပြန်လည်ချီးမြှင့်နေလို့ပဲ ဖြစ်ပါတယ်။

“Dota 2 လောကနဲ့ ပတ်သက်ပြီး ပြောလိုတာကတော့ TI ကို မနိုင်ဖူးသေးတဲ့ ကစားသမားတွေဟာ ကိုယ့်ကိုယ်ကို အရှုံးသမားတစ်ယောက်လို ခံစားကြရပါတယ်။ တော်တော်များများမှာ ဒီလိုခံစားချက်မျိုးရှိပါတယ်။ ဒါကြောင့် TI နိုင်သွားသူတွေကို Dota 2 အသိုင်းအဝိုင်းက လေးစားကြရုံသာမက TI နဲ့ ပတ်သက်တဲ့ အတွေးအခေါ်တွေဟာ လူအများအပေါ် စိတ်ဓာတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေ ရှိနေတာပါ” လို့ The International နဲ့ ပတ်သက်လို့ Ceb က ပြောခဲ့ပါတယ်။
Ceb ဖြေကြားသွားခဲ့တဲ့ အင်တာဗျူးအပြည့်အစုံကိုတော့ အောက်ပါ YouTube ဗီဒီယိုအတွင်းမှာ ကြည့်ရှုနိုင်ပါတယ်။

 

source: esportsobserver, afkgaming


[ZawGyi]

Dota2 ေလာကမွာ TI မႏိုင္ဖူးရင္ေတာ့ မင္းဟာ အရႈံးသမား တစ္ေယာက္ပဲ – Ceb

 

ၿပီးခဲ့တဲ့ဇန္နဝါရီလအတြင္းက True Sight ဗီဒီယိုမထြက္ရွိခင္မွာ OG ရဲ႕ အေရးပါတဲ့ Dota 2 ကစားသမားတစ္ဦးျဖစ္ခဲ့သူ Ceb ဟာ အသင္းရဲ႕ ကစားသမားအျဖစ္ကေန အနားယူေၾကာင္း ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္ အသင္းရဲ႕ ေနာက္ကြယ္မွာ ဆက္ရွိေနၿပီး အသင္းအတြက္ အေထာက္အကူျဖစ္ေအာင္ ဆက္လက္ႀကိဳးပမ္းသြားဦးမွာ ျဖစ္ေၾကာင္းကိုလည္း ေျပာခဲ့ပါတယ္။

မၾကာေသးမီကေတာ့ Ceb ကို Esports Observer က ေတြ႕ဆုံၿပီး ေမးခြန္းမ်ား ေမးျမန္းခဲ့ပါတယ္။ Ceb က အသင္းသားသစ္မ်ား ျဖည့္ထည့္ထားတဲ့ OG အသင္းအေၾကာင္း ပတ္သက္လို႔ “OG ဟာ အျပင္းအထန္ယွဥ္ၿပိဳင္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ဟာ ဒီႏွစ္ေတြမွာ ဟိုးအရင္အခ်ိန္ေတြတုန္းကထက္ ေအာင္ျမင္မႈေတြ အမ်ားႀကီး ပိုဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ဟာ အသင္းအတြက္ ထိေရာက္တဲ့နည္းစနစ္ေတြကိုလည္း ဖန္တီးႏိုင္ခဲ့တယ္။

“ဒီနည္းစနစ္ေတြဟာ မည္သို႔ေသာ ကစားသမားေတြနဲ႔ ဖြဲ႕စည္းထားတဲ့အသင္းအတြက္မဆို အလုပ္ျဖစ္လိမ့္မယ္လို႔ ကြၽန္ေတာ္တို႔ ယူဆပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ဟာ ဒီနည္းစနစ္မ်ားရဲ႕ တစ္စိတ္တစ္ပိုင္းအေနနဲ႔ ပါဝင္ၿပီး ေအာင္ျမင္မႈရေအာင္ အေကာင္အထည္ေဖာ္သက္ေသျပခဲ့ၿပီးျဖစ္လို႔ပါ” အစ ရွိသျဖင့္ ေျဖၾကားခဲ့ပါတယ္။

ကစားသမားမ်ား ပူးတြဲပိုင္ဆိုင္တဲ့ OG အသင္းဟာ ၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္းမွာ Dota 2 ဂိမ္းတစ္ခုကိုပဲ အားစိုက္ယွဥ္ၿပိဳင္ၿပီး ကမာၻ႔ဝင္ေငြအေကာင္းဆုံး Esports အသင္းမ်ားစာရင္းမွာ ပါဝင္လာႏိုင္ခဲ့ျခင္းဟာလည္း ထူးျခားပါတယ္။ OG အေနနဲ႔ အင္အားႀကီး Esports အဖြဲ႕အစည္းအျဖစ္ ရပ္တည္ႏိုင္ဖို႔ကိစၥဟာ Ceb သာ မရွိခဲ့ရင္ ျဖစ္ႏိုင္မွာမဟုတ္ေၾကာင္းကိုလည္း ပရိသတ္မ်ားက လက္ခံထားၾကပါတယ္။

မူလက အသင္းရဲ႕နည္းျပအေနနဲ႔ပဲ ရွိေနခဲ့တဲ့ Ceb ဟာ The International 2018 (TI8) မတိုင္မီ လပိုင္းအလိုမွာ အသင္းအတြက္လိုအပ္ေနတဲ့ ကစားသမားေနရာကို ဝင္ေရာက္ခဲ့ရပါတယ္။ ယင္းေနာက္ပိုင္းမွာေတာ့ OG အသင္းဟာ မယုံႏိုင္ေလာက္ေအာင္ ေလ့က်င့္ခ်ိန္နည္းနည္းနဲ႔ TI8 ကို အႏိုင္ရရွိခဲ့သလို TI9 မွာလည္း ဆက္လက္အႏိုင္ရၿပီး ၂ ႏွစ္ဆက္ခ်န္ပီယံမ်ားအျဖစ္ ေအာင္ပြဲခံႏိုင္ခဲ့ၾကပါတယ္။ ၿပိဳင္ပြဲမ်ားကေန Ceb တစ္ဦးတည္းရရွိခဲ့တဲ့ ဆုေၾကးေငြစုစုေပါင္းဟာ ကန္ေဒၚလာ ၅.၄ သန္းေက်ာ္ ရွိမယ္လို႔ အမ်ားက ခန႔္မွန္းၾကပါတယ္။

 

TI ၂ ႏွစ္ဆက္ခ်န္ပီယံအသင္းသားလူစာရင္းမွာပါဝင္ခဲ့တဲ့ JerAx ဟာ ယခုအခ်ိန္မွာ Dota 2 ေလာက က အနားယူခဲ့ၿပီးျဖစ္သလို Ana ဟာလည္း ယခုႏွစ္မွာ အသင္းသားအျဖစ္ပါဝင္ယွဥ္ၿပိဳင္ျခင္း မရွိပါဘူး။ ဒါေၾကာင့္ MidOne, SumaiL နဲ႔ Saksa တို႔လို အသင္းသားသစ္မ်ား OG အသင္းထဲမွာ ထည့္သြင္းလိုက္ျခင္းအေပၚ Ceb က “ကြၽန္ေတာ္တို႔ဟာ ေရွ႕ကိုေရာက္ေအာင္စြမ္းေဆာင္ဖို႔ ရင့္က်က္မႈရွိတဲ့ ကစားသမားေတြကိုသာ ေခၚယူလိုခဲ့တာျဖစ္ၿပီး ကိုယ့္ရဲ႕လက္ရွိအေျခအေနအရ မျဖစ္ႏိုင္တဲ့အရာတစ္ခုကိုဖမ္းဆုပ္ဖို႔ ႀကိဳးပမ္းေနသူမ်ားနဲ႔ ပူးေပါင္းဖို႔ကိုေတာ့ မလိုလားခဲ့ပါဘူး” လို႔ ေျဖခဲ့ပါတယ္။

Dota 2 မွာ အျခား Esports ဂိမ္းမ်ားလို ဖရန္ခ်ိဳက္ၿပိဳင္ပြဲစနစ္မ်ား မရွိေပမယ့္ ကစားသမားမ်ားနဲ႔ အသင္းမ်ားကို ၿပိဳင္ပြဲဆုေၾကးေငြအမ်ားဆုံးခ်ီးျမႇင့္တဲ့ ဂိမ္းအျဖစ္ စံခ်ိန္တင္ထားဆဲပါ။ The International မွာ ဆုေၾကးမ်ားျပားရျခင္းရဲ႕ အဓိကအေၾကာင္းအရင္းကေတာ့ ႏွစ္စဥ္ႏွစ္တိုင္းေရာင္းခ်ေနက် Battle Pass က ရရွိတဲ့ဝင္ေငြရဲ႕ ၂၅ ရာခိုင္ႏႈန္းကို ဆုေၾကးအျဖစ္ Valve က ျပန္လည္ခ်ီးျမႇင့္ေနလို႔ပဲ ျဖစ္ပါတယ္။

“Dota 2 ေလာကနဲ႔ ပတ္သက္ၿပီး ေျပာလိုတာကေတာ့ TI ကို မႏိုင္ဖူးေသးတဲ့ ကစားသမားေတြဟာ ကိုယ့္ကိုယ္ကို အရႈံးသမားတစ္ေယာက္လို ခံစားၾကရပါတယ္။ ေတာ္ေတာ္မ်ားမ်ားမွာ ဒီလိုခံစားခ်က္မ်ိဳးရွိပါတယ္။ ဒါေၾကာင့္ TI ႏိုင္သြားသူေတြကို Dota 2 အသိုင္းအဝိုင္းက ေလးစားၾက႐ုံသာမက TI နဲ႔ ပတ္သက္တဲ့ အေတြးအေခၚေတြဟာ လူအမ်ားအေပၚ စိတ္ဓာတ္ပိုင္းဆိုင္ရာ သက္ေရာက္မႈေတြ ရွိေနတာပါ” လို႔ The International နဲ႔ ပတ္သက္လို႔ Ceb က ေျပာခဲ့ပါတယ္။
Ceb ေျဖၾကားသြားခဲ့တဲ့ အင္တာဗ်ဴးအျပည့္အစုံကိုေတာ့ ေအာက္ပါ YouTube ဗီဒီယိုအတြင္းမွာ ၾကည့္ရႈႏိုင္ပါတယ္။

 

source: esportsobserver, afkgaming