YG နဲ့ X.Veteran တို့ရဲ့ Closed Qualifier ဒုတိယနေ့ အခြေအနေများ

 

YG 0 – 2 Assault

DPC SEA Qualifier Group Stage Day-2 မှာတော့ YG အသင်းဟာ Assault ဆိုတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ Assault ဆိုတဲ့ အသင်းမှာပါတဲ့ JoHnNy ဟာ SEA က အသင်းတော်တော်များများ အပြင်၊ တရုတ်က အသင်းတွေမှာပါ ဝင်ရောက်ကစားဖူးတဲ့ မလေး player တစ်ယောက်ဖြစ်ပြီး တလောကလည်း YG ကို Qualifier တစ်ခုမှာ အနိုင်ယူခဲ့ဖူးပါသေးတယ်။

YG အသင်းကတော့ Day-1 မှာ အကောင်းဆုံး performances တွေ ပြခဲ့ပေမယ့်လည်း Day-2 ပွဲဦးထွက်မှာ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ အမှားတွေ ပြုလုပ်ခဲ့ပြီး ၂-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

Game 1 မှာ YG အသင်းအနေနဲ့ Laning တွေ အဆင်ပြေခဲ့ပေမယ့် mid game မှာတော့ Assault အသင်းရဲ့ Lycan, TA တို့ရဲ့ အစောပိုင်းဖိအားပေးတာကို ခံခဲ့ရပါတယ်။ Teamfights တွေမှာလည်း 4 vs 5 တွေနဲ့ ဆိုင်ခဲ့ရတာမို့လို့ အတော်လေး နိမ့်ခဲ့ပါတယ်။ Young PH ရဲ့ Morphling teamfight ပါလာချိန်မှာတော့ damage မလုံလောက်တော့ဘဲ Game 1 ကို အရှုံးပေးခဲ့ရပါတယ်။

Game 2 မှာတော့ YG အသင်းဟာ တစ်ပွဲလုံးနီးပါး Assault အသင်းကို ဖိအားပေးဆော့နိုင်ခဲ့ပေမယ့်လည်း Highground pushing အမှားတချို့တွေ၊ Assault အသင်းရဲ့ Magnus RP 2 men, 3 men တွေနဲ့ ပြန်နိမ့်ခဲ့ပြီး Game 2 ပါ ထပ်မံ အရှုံးပေးလိုက်ရပါတယ်။

X.Veteran 1 – 1 Cignal Ultra

X.Veteran အသင်းဟာ Cignal Ultra အသင်းနဲ့ ယှဉ်ပြိုင်ဆော့ကစားခဲ့ပါတယ်။ Cignal အသင်းဟာ Abat ကလွဲရင် ကျန်တဲ့ လေးယောက်ဟာ ၂၀၁၉ ကတည်း အတူတကွဆော့လာခဲ့တဲ့ teammates တွေပဲဖြစ်ပါတယ်။

Alchemist ရွေးချယ်လိုက်တဲ့ Cignal အသင်းအနေနဲ့ ဘာဖိအားပေးခံခြင်းမှမရှိဘဲ အစောပိုင်းမိနစ်တွေမှာ stacks တွေစားပြီး အဆင်ပြေနေခဲ့ပြီး ၁၀ မိနစ်မှာပဲ Alchemist ဟာ battle fury ကို ရရှိခဲ့ပါတယ်။ ၁၃ မိနစ်မှာ Heaven’s Halberd, ၁၇ မိနစ်မှာ Assault Cuirass (AC) ရသွားတဲ့အချိန်မှာတော့ Alchemist ကို သတ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း damage မလုံလောက်တဲ့ ပြဿနာတွေကြောင့် X.Veteran အနေနဲ့ battle တွေမှာ အကျအရှုံးများပြီး ပွဲဟာ တဖြည်းဖြည်းပိုခက်လာခဲ့ပါတယ်။ 26 မိနစ်မှာပဲ X.Veteran အသင်းဟာ GG ခေါ်ခဲ့ပြီး Game 1 ကို အရှုံးပေးခဲ့ရပါတယ်။

Game 2 မှာတော့ X.Veteran အနေနဲ့ Terrorblade လို hard carry ကို ပြန်ရွေးချယ်ခဲ့ပြီး ပွဲကို အကောင်းဆုံး ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။ teamfight တွေမှာတော့ TB ရဲ့ metamorphosis form နဲ့ ပစ်ချက်တွေအောက်မှာပဲ Cignal အသင်း အကျအရှုံးများခဲ့ပါတယ်။ Roshan ယူပြီးတော့ highground pushing မှာတင်ပဲ X.Veteran အသင်းဟာ battle အနိုင်ရရှိခဲ့ပြီး ၂၉ မိနစ်မှာတင်ပဲ အနိုင်ရရှိခဲ့ပါတယ်။

X.Veteran 1 – 1 Lilgun

Game 1 – 2nd pick မှာတင်မှာပဲ Lilgun ဟာ Broodmother ကို confidence pick အနေနဲ့ အသုံးပြုခဲ့ပြီး ပွဲမှာလည်း impacts အများကြီး ရှိခဲ့ပါတယ်။ early ပိုင်းတွေမှာ Brood တစ်ကောင်ပဲ Lilgun အတွက် မျှော်လင့်ချက်ဖြစ်နေပေမယ့် X.Veteran အသင်းရဲ့ cores တွေဖြစ်တဲ့ Ursa, Void Spirit, Pangolier သုံးကောင်လုံးဟာ အဆင်ပြေခဲ့ပါတယ်။

Brood aegis ရတဲ့ အချိန်ကစပြီး X.Veteran အသင်းအနေနဲ့ Lilgun ရဲ့ pressure ပေးခြင်းတွေကို ခံခဲ့ရပြီး battle တွေမှာလည်း အကျအရှုံးများခဲ့ပါတယ်။ နောက်ပိုင်း battle တွေမှာလည်း Brood ကိုသတ်ဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘဲ ပွဲဟာ တဖြည်းဖြည်းခက်လာခဲ့ပြီး X.Veteran အသင်းအနေနဲ့ မိနစ်၄၀မှာတော့ Game 1 ကို အရှုံးပေးခဲ့ရပါတယ်။

Game 2 မှာတော့ X.Veteran အသင်းက Lycan, Broodmother တို့ကို Ban ခဲ့ပြီး PL, Storm Spirit, Mars, Phoenix, Lina တို့လို heros တွေနဲ့ပဲ စတင်ခဲ့ပါတယ်။ Mice ရဲ့ PL laning ဟာ အတော်လေး အဆင်ပြေခဲ့ပါတယ်။ မိနစ် ၂၀ လောက်ကနေစပြီး X.Veteran အသင်းအနေနဲ့ Lilgun ကို အသာစီးရခဲ့ပါတယ်။ အမှားအနည်းဆုံးဖြစ်အောင်ဆော့ပြီး PL ရဲ့ လိုအပ်တဲ့ items တွေကို စောင့်ပြီးမှ high ground pushing ကို စတင်ခဲ့ပါတယ်။

Lilgun ရဲ့ lane split တွေကိုလည်း Stormspirit ဟာ solo pick up လုပ်နိုင်ခဲ့ပါတယ်။ ၄၃ မိနစ်မှာတော့ Lilgun အနေနဲ့ GG ခေါ်ခဲ့ပြီး Game 2 ကို အရှုံးပေးခဲ့ပါတယ်။ PL ရဲ့ networth ဟာ ၄ မိနစ်ကနေ ပွဲပြီးတဲ့အထိ ထိပ်ဆုံးမှာပဲ ရောက်ရှိနေခဲ့ပါတယ်။

YG 2 – 0 AG

Game 1 မှာ YG အနေနဲ့ Terrorblade, Batrider, NightStalker, Earth Shaker, Undying တို့ကို ရွေးချယ်ခဲ့ပါတယ်။ YG အသင်းအနေနဲ့ ရှေ့ကရှုံးခဲ့တဲ့အမှားတွေကို အကောင်းဆုံးပြန်လည် ပြင်ဆင်နိုင်ခဲ့ပါတယ်။ Terrorblade farm နေတဲ့အချိန်မှာ YG အသင်းဟာ space တွေကို လုံလုံလောက်လောက်ပေးနိုင်ခဲ့ပါတယ်။ ​Tb ဟာ ၁၄ မိနစ်မှာပဲ manta style ကို ရရှိခဲ့ပါတယ်။

နောက်ပိုင်း Tb ပါဝင်လာတဲ့ battle တွေမှာတော့ AG အသင်းဟာ ဘယ်လိုမှယှဉ်မချနိုင်တော့ဘဲ battle တိုင်းလိုလိုမှာ အကျအရှုံးများခဲ့ပါတယ်။ Echo Slam ရှိတယ်ဆိုတဲ့ အချက်နဲ့ပဲ AG အသင်းဘက် PL ဟာ battle တွေမှာ အနည်းငယ် ကြောက်ရွံ့နေခဲ့ပါတယ်။ ၄၃ မိနစ်မှာတော့ AG အသင်းအနေနဲ့ Game 1 ကို GG ခေါ်ပြီး YG အသင်းကို အရှုံးပေးခဲ့ပါတယ်။

Game 2 မှာတော့ နှစ်သင်းလုံးဟာ hard carry တွေဖြစ်တဲ့ Terrorblade, AM တို့လို carry တွေကို ထုတ်ခဲ့ပါတယ်။ Young PH ရဲ့ AM ဟာ Laning မှာ အဆင်မပြေခဲ့သလို AG အသင်းရဲ့ ganking တွေကိုလည်း ခံခဲ့ရပြီး battle fury timing မှာ အနည်းငယ် နောက်ကျခဲ့ပါတယ်။ Skill Lay ရဲ့ Earth Spirit ဟာ ၁၅ မိနစ်မှာပဲ Spirit Vessel ရရှိခဲ့ပြီး ကျန်တဲ့ teammate သုံးယောက်နဲ့အတူ ပွဲကို ထိန်းထားနိုင်ခဲ့ပါတယ်။

နောက်ပိုင်း AM timing မှာတော့ YG အသင်းဟာ AG ဘက်ကို အသာစီးရရှိခဲ့ပြီး ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။ BKB, Skadi ပါတဲ့ Terrorblade ကို spells sequence တွေစီပြီး instant kill တာတွေမှာလည်း အတော်လေး ကောင်းခဲ့ပါတယ်။ YG အသင်းဟာ ရရှိတဲ့ အခွင့်အရေးကို အပြည့်အ၀ ယူပြီး အမှားလုံး၀မလုပ်ဘဲ Game 2 ကိုပါ ထပ်မံအနိုင်ရရှိသွားခဲ့ပါတယ်။ Haw ရဲ့ Puck ဟာ 14/0/28 အထိ K/D/A ရရှိခဲ့ပါတယ်။

YG အသင်းဟာ Bo2 လေးပွဲကစားအပြီးမှာတော့ 5-3 ဆိုတဲ့ ရလဒ်ကို ရရှိပြီး Group B ရဲ့ အဆင့် (၂) နေရာကို ရောက်ရှိခဲ့ပါတယ်။ Qualified ဖြစ်ပြီး Lower Division ကို ရောက်ဖို့ သေချာသလောက် ရှိနေခဲ့ပါတယ်။ နောက်ဆုံးလက်ကျန်တစ်ပွဲကိုတော့ Omega Esports နဲ့ ယှဉ်ပြိုင်ကစားရမှာပဲဖြစ်ပါတယ်။

X.Veteran အသင်းကတော့ Bo2 လေးပွဲကစားပြီးမှာတော့ 3-5 ဆိုတဲ့ ရလဒ်ကို ရရှိပြီး Group A ရဲ့ အဆင့်(၅)နေရာကို ရောက်ရှိခဲ့ပါတယ်။ တတိယနေ့မှာတော့ နောက်ဆုံး လက်ကျန်တစ်ပွဲဖြစ်တဲ့ HOYO နဲ့ ကစားရမှာပဲဖြစ်ပါတယ်။ HOYO အသင်းရဲ့ လူစာရင်းတွေကတော့ Meracle, Fearless, Forev, Jhocam, Boombell တို့ပဲဖြစ်ပါတယ်။ X.Veteran အသင်းအနေနဲ့တော့ HOYO နဲ့ ပွဲစဉ်မှာ 2-0 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိဖို့ လိုအပ်နေပါတယ်။
#palatar