Carnival Cup အဖွင့်ပွဲစဉ်မှာ Motivade.Trust ကိုအနိုင်ခဲ့တဲ့ Yangon Galaticos

 

ဒီနေ့ ကစားခဲ့တဲ့ Moon studio မှ ကျင်းပတဲ့ Carnival cup မှာ YG အသင်းရဲ့ အဖွင့်ပွဲစဉ်အနေနဲ့ ထိုင်းနိုင်ငံ အခြေစိုက် Motivate.Trust Gaming အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့ပါတယ်။

ဒီ tournament ဟာ ဒီဇင်ဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၁၄ ရက်နေ့အထိ ယှဉ်ပြိုင်ကစားမှာ ဖြစ်ကာ china region နဲ့ SEA region ဆိုပြီး ၇ သင်းစီ အုပ်စု ၂ အုပ်စု ခွဲပြီး ကစားမှာ ဖြစ်ပါတယ်။ နှစ်ဖက် အုပ်စုတွေက ပထမ နဲ့ ဒုတိယ ရရှိတဲ့ ၂ သင်းစီက upper bracket ကစားရမှာ ဖြစ်ပြီး၊ တတိယ နဲ့ စတုတ္ထ၂ သင်းစီက lower bracket ကစားရမှာဖြစ်ပါတယ်။ Grand final က best of 5 ဖြစ်ပြီး ကျန်ပွဲတွေကတော့ best of 3 ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။။

Photo Credit: YG Facebook

YG အသင်း ဟာ လတ်တလောက မှ X.Veteran အသင်းနဲ့ qualifier ယှဉ်ပြိုင်ကစားထားရာမှာ ၃-၀ ဆိုတဲ့ ရလာဒ်နဲ့ အနိုင်ရရှိပြီး လက်ရည်စစ်ပွဲ အောင်လာတာပါ။ အခုလက်ရှိမှာ စုဖွဲ့မှုအားကောင်းနေပြီး team work လည်း မိနေတဲ့ အသင်းတစ်သင်းပါ။

MG.Trust ကတော့ လက်စွမ်းပြလာချိန်မှာမှ အသင်းရဲ့ အားထားရတဲ့ Carry ကစားသမား JackKy နဲ့ Offlaner – Masaros တို့ကို လက်လွှတ်လိုက်ရပြီး SEA region top 1 player ဖြစ်တဲ့ 23savage နဲ့ JackKy ရဲ့ အသင်းဖော်ဟောင်း Nevermine တို့က Standin အနေနဲ့ ဝင်ဆော့ပေးသွားခဲ့ပါတယ်။

Game 1 မှာတော့ YG ဘက်က AM pos 1 ထုတ်ပြီးမှ M.T ဘက်က mid last pick အနေနဲ့ Kunkka ကိုထုတ်ပြီး AM ကို counter ဖို့ကြိုးစားခဲ့ပေမယ့် Mid ကနေ pressure လိုက်ပေးရမယ့် Kunkka ကိုယ်တိုင်က အသေများနေခဲ့ပြီး AM lane မှာလဲ Lina underlord အတွဲက AM ကိုမထိန်းနိုင်ဘဲ Lina ခဏခဏ သေပြီး AM early တည်းက သာယာသွားတာ မို့ Spectre အနေနဲ့ အပြိုင် မ farm နိုင်တော့ပါဘူး။ နောက်တစ်ခုက Earth spirit pos 4 ဖြစ်တဲ့ skill lay ရဲ့ ganking တွေ က တော်တော် လေးကို တိကျသေသပ်လှပါတယ်။ Late game မှာလည်း YG ဘက်က 5v5 ချရင် မသာတာကို သိတဲ့ အတွက် ၁ ကောင်ချင်းစီ pick off လုပ်ပြီး ဆိုင်သွားတာကို လည်း တွေ့ရပါတယ်။

Game 2 မှာတော့ M.T ဘက်က game 1 မှာ performance ထွက်ခဲ့တဲ့ ES ကို မဘန်းခဲ့ပြန်ပါဘူး။ ဒါပေမယ့် ဖိုးထောင် Morphling ကို ထိန်းဖို့ 23 savage ကို offlane ကို Tri လွှတ်ခဲ့ပါတယ်။ အစပိုင်း Young.PH မသာယာခဲ့ပေမယ့် ကျန်တဲ့ ၂ လမ်းက သာသာယာယာ နဲ့ နိုင်ခဲ့ပါတယ်။ Midမှာ လဲ skill layက ကောင်းကောင်း ကူပေးနိုင်တာ ကိုတွေ့ရပါတယ်။ ဒီလိုနဲ့ Mid game လောက်အရောက်မှာ ဖိုးထောင် space ပြန်ရပြီး သေချာပြန်Farm ပြီးတော့ mid laner ဖြစ်တဲ့ Haw storm spirit နဲ့ အတူ Drow ကိုJump ပြီး carry နိုင်ခဲ့ပါတယ်။ ၂ ပွဲလုံးမှာ Performance တော်တော် ထွက်ခဲ့တာကတော့ pos 4 skill lay ရဲ့ Earth spirit ပဲဖြစ်ပါတယ်။ နောက်ပွဲတွေမှာ respect ban တောင်ခံရနိုင်ပါတယ်။

YG အသင်းအနေနဲ့ Direct invite လဲရထား ရေပန်းလည်း စားနေတဲ့ Motivate.Trust Gaming အသင်းကို အနိုင်ယူလိုက်တာဟာ မြန်မာ Dota 2 ကမ္ဘာကိုထိုးဖောက်ဖို့ လမ်းစပဲလားဆိုတာကိုတော့ နောက်ပွဲစဉ်တွေမှာ ဆက်လက် ကြည့်ရှုရမှာ ဖြစ်ပါတယ်ခင်ဗျာ။
[email protected]
2.12.2020