XctN ကိုရှုံးပြီး Carnival Cup အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတဲ့ YG Dota2

 

YG အသင်းဟာ Moon Studio Carnival Cup မှာ MG.Trust, Neon တို့ကို အနိုင်ရရှိခဲ့ပြီး အတော်လေး နာမည်ရနေတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။ ယနေ့ ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ YG အသင်းဟာ Yowe ပါဝင်တဲ့ Execration အသင်းကို 2-1 ဆိုတဲ့ ရလဒ်နဲ့အရှုံးပေးခဲ့ရပြီး Moon Studio Carnival Cup ကနေ ထွက်ခွာသွားရပြီပဲ ဖြစ်ပါတယ်။

ပွဲစဉ်အားလုံး ယှဉ်ပြိုင်မှုမပြီးသေးပေမယ့် ပွဲကျန်ရှိတဲ့ Galaxy Racer နဲ့ Execration တို့ဟာ TIE Breaker Rule ပထမအဆင့် အရ 2-0 ရလဒ် ၂ ပွဲစီတူညီနေတာကို တွေ့ရမှာပါ။ ဒါပေမယ့် အချင်ချင်းတွေဆုံတဲ့ ရလဒ်တွေမှာ YG က XctN ကိုရော GXR ကိုပါ ရှုံးနိမ့်ထားတာမလို့ အုပ်စုကနေ ထွက်ခွာရတာပဲ ဖြစ်ပါတယ်။

Game 1 – Execration အသင်းဟာ Earth Spirit, Faceless Void တို့ကို ban ခဲ့ပြီး Sven, Omniknight, Slardar, IO, Queen Of Pain တို့ကို ရွေးချယ်ခဲ့ပါတယ်။ YG အသင်းအနေနဲ့တော့ Magnus, Rubick, Phoenix, Mars, Terrorblade တို့ကို ရွေးချယ်ခဲ့ပါတယ်။ Execration ဟာ ban slot ၇ ခုမှာ ၆ ခုတိတိ carry တွေချည်း ban ခဲ့တာကိုလည်း တွေ့ရပါတယ်။

ပွဲစချိန် ၁ မိနစ်ကျော်မှာပဲ Excration က phoenix ကို frist blood ရရှိခဲ့ပေမယ့်လည်း Haw” ရဲ့ Magnus က mid မှာ QOP ကို ပြန်သတ်နိုင်ခဲ့ပါတယ်။ early ပိုင်း ၁၀ မိနစ်လောက်မှာ​တော့ နှစ်သင်းလုံးဟာ အပြိုင်အဆိုင်တွေချနေခဲ့ပြီး ပွဲဟာလည်း သိပ်မကွာခဲ့ပါဘူး။ Sven နဲ့ TB ကတော့ လုံလောက်တဲ့ farming space တွေကို ရရှိခဲ့ပါတယ်။

၁၀ မိနစ်မှာ Dagger ရရှိခဲ့တဲ့ Slardar ဟာ YG အသင်းဘက်ကို pressure တွေပေးနေခဲ့ပြီး Execration ဟာ ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။ မိနစ် ၂၀ အချိန်မှာလည်း အောက်လမ်း battle တစ်ခုမှာ TB ကလွဲရင် ကျန်တဲ့ ၄ ယောက်က သေခဲ့ပေမယ့် Execration ဘက်က QOP တစ်ကောင်ပဲ သေခဲ့ပါတယ်။

Team networth ကလည်း 6k အထိ သာခဲ့ပြီး YG အသင်းအပေါ် အတော်လေး ဖိဆော့နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ TB ရဲ့ farming ကတော့ Sven နဲ့ ယှဉ်နိုင်နေတုန်းပါ။ ဒါဟာ YG အသင်းအတွက်တော့ comeback ဖို့အတွက် အခွင့်ကောင်း တွေပါပဲ။

၂၆ မိနစ်မှာတော့ Young PH ကို ရဖို့ ကြိုးစားနေရင်းနဲ့ Haw” ရဲ့ Magnus ဟာ dagger cd ဖြစ်နေပေမယ့်လည်း skewer + RP 4 men အထိ သုံးနိုင်ခဲ့ပြီး Sven, Slardar, IO, Omiknight တို့ကိုပါ ရရှိခဲ့ပါတယ်။

YG အသင်းကတော့ ရရှိလာတဲ့အခွင့်အရေးကို ကောင်းကောင်းအသုံးချပြီး ဂိမ်းကို ပြန်လည် ဦးဆောင်နိုင်ခဲ့ပါတယ်။ နောက်ပိုင်း Terrorblade ကို သတ်ဖို့ ထပ်ကြိုးစားခဲ့ပေမယ့် ဘယ်လိုမှ အဆင်မပြေတော့ဘဲ Excreation အနေနဲ့ Game 1 ကို အရှုံးပေးခဲ့ရပါတယ်။ Haw” ရဲ့ RP တွေဟာ game 1 နိုင်ဖို့ လုံလောက်တဲ့ အကြောင်းပြချက်တွေ ဖြစ်ခဲ့ပါတယ်။

Game 2 – Execration ဟာ Lina, Slardar, Omniknight, Ember Spirit, Alchemist တို့ကို ရွေးချယ်ခဲ့ပြီး YG အသင်းအနေနဲ့ Undying, Void Spirit, Enigma, Legion Commander, Phantom Assassin တို့ကို ရွေးချယ်ခဲ့ပါတယ်။ Earth Spirit ဟာလည်း game 2 မှာ ဘမ်းခံရပါသေးတယ်။

Game 2 မှာ YG အသင်းအနေနဲ့ Laning Stage တွေအဆင်ပြေခဲ့ပြီး Skill Lay ရဲ့ Enigma ဟာလည်း jungle မှာ အေးဆေး farm နိုင်ခဲ့ပါတယ်။ Execration အသင်းကတော့ Alchemist အတွက်ပဲ stacks တွေလုပ်ပေး space တွေ ပေးနေခဲ့ပါတယ်။ Execration အသင်းဟာ bounty runes တိုင်းကို guard လုပ်နိုင်ခဲ့ပြီး အနည်းဆုံး ၃ ခုထိ ရရှိခဲ့ပါတယ်။ Alchemist အနေနဲ့ lane မှာ အဆင်မပြေခဲ့ပေမယ့်လည်း mid နဲ့ jungle မှာ farm နေခဲ့ပြီး Ember ကတော့ Alche အတွက် လုံလောက်တဲ့ Space တွေကို ရှာပေးနိုင်ခဲ့ပါတယ်။ Alche ရဲ့ battle fury ဟာ ၁၀ မိနစ်မှာတင် ရရှိခဲ့ပြီး တောက်လျှောက်ကို farm နိုင်ခဲ့ပါတယ်။

YG အသင်း အနေနဲ့ Alche ကို နှောင့်ယှက်ဖို့ ကြိုးစားခဲ့ပေမယ့် Excreation ရဲ့ backup တွေကြောင့် မအောင်မြင်ခဲ့ပါဘူး။ 12 မိနစ်မှာတော့ YG အသင်းဟာ Enigma dagger blackhole နဲ့အတူ Alche ကို ရခဲ့ပေမယ့် Enigma နဲ့ Undying တော့ ပြန်သေခဲ့ပါတယ်။

Young PH ရဲ့ PA ဟာ ၁၃ မိနစ်မှာ battle fury ရရှိခဲ့ပေမယ့် battle တွေဟာ သူ farming နေရာမှာပဲ ဖြစ်နေတော့ ကူဖို့ ကြိုးစားရင်းနဲ့ သေခဲ့ရပါတယ်။ Alche ကတော့ PA ကို out farmed လုပ်နိုင်ခဲ့ပြီး team networth တွေဟာလည်း ပိုကွာလာခဲ့ပါတယ်။ roshan ယူပြီး မိနစ် ၃၀ မှာတော့ Execration ဟာ highground pushing လုပ်နိုင်ခဲ့ပြီး Game 2 ကိုပါ အနိုင်ရရှိခဲ့ပါတယ်။ Yowe ရဲ့ Alchemist GPM ဟာ 1054 အထိ ဖြစ်ခဲ့ပါတယ်။

Game 3 – YG အသင်းက Undying, Mars, Lina, Faceless Void, Invoker တို့ကို ရွေးချယ်ခဲ့ပြီး Execration ကတော့ Viper, Lifestealer, Phoenix, Pangolier, Puck တို့ကို ရွေးချယ်ခဲ့ပါတယ်။ YG အသင်းကတော့ AG နဲ့ Game 3 မှာ ရှုံးခဲ့တဲ့ Void, Invoker combo ကိုပဲ ပြန်လည်ရွေးချယ်ခဲ့ပါတယ်။

Execration ရဲ့ laning stage တွေဟာ တောင့်တင်းနေခဲ့ပြီး YG အသင်းအတွက်တော့ ပိုမို ခက်ခဲလာခဲ့ ပါတယ်။ Lifestealer ဟာလည်း ၇ မိနစ်မှာပဲ midas ရရှိခဲ့ပါတယ်။ Invoker, Void ဟာ midas build ရွေးချယ်ခဲ့တော့ YG အသင်းအတွက် battle တွေသာ နိမ့်နေခဲ့ပါတယ်။ Puck ဟာ farming space ယူနေတဲ့ cores တွေကို တော်တော်လေး အနှောင့်အယှက်ပေးနိုင်ခဲ့ပါတယ်။

၁၅ မိနစ်မှာပဲ Puck နဲ့ Pango တို့ပေါင်းပြီး lane split push နေတဲ့ Void ကို သတ်နိုင်ခဲ့ပါတယ်။ Team networth ဟာလည်း ၁၅ မိနစ်မှာတင် 7k လောက် ပြတ်နေခဲ့ပါတယ်။ Invoker ဟာ မိနစ် ၂၀မှာ aghanim Scepter ရရှိခဲ့ပါတယ်။ YG အသင်းအတွက်တော့ comeback ဖို့ အခွင့်အရေးတွေ ရှာခဲ့ပေမယ့်လည်း Roshan battle လာဆိုင်တဲ့ void ကို puck ဟာ dream coils, dagon တွေနဲ့ instant သတ်နိုင်ခဲ့ပြီး roshan ပါ ရရှိခဲ့ပါတယ်။

Aegis timing တွေနဲ့ Execration ဟာ လုံး၀အမှားမခံတော့ဘဲ maps တစ်ခုလုံးကိုယူပြီး YG အသင်းကို ဖိအားပေးနေခဲ့ပါတယ်။ YG အသင်းကလည်း smk နဲ့ Puck ကို Chrono, Cataclysm နဲ့ သတ်နိုင်ခဲ့ပေမယ့် Lifestealer ရဲ့ ခုတ်ချက်တွေနဲ့ Invoker, Undying, Lina တို့ကို ပြန်ပေးခဲ့ရပါတယ်။

Void ဟာ အောက်လမ်းကို tp ကိုထောက်ပြီး farm နေပေမယ့် Lifestealer နဲ့ pango တို့ကို outpost ကို tp တွေကျပြီး void ကို သတ်နိုင်ခဲ့ပါတယ်။ ၃၅ မိနစ် roshan ယူပြီး highground pushing မှာတော့ YG အသင်းအနေနဲ့ ဘယ်လိုမှ defend မလုပ်နိုင်ခဲ့ဘဲ Game 3 ကိုပါ အရှုံးပေးခဲ့ရပါတယ်။

YG အသင်းကတော့ ဒီပြိုင်ပွဲမှာ အကောင်းမွန်ဆုံး ကြိုးစားခဲ့ပေမယ့် စိတ်မကောင်းစွာဘဲ Carnival Cup Group Stage ကနေ ထွက်ခွာရပြီပဲ ဖြစ်ပါတယ်။ YG အနေနဲ့ နောက်လာမယ့် ပြိုင်ပွဲတွေမှာ အမှားတွေကို ပြင်ဆင်ပြီး အကောင်းဆုံးကစားပုံတွေနဲ့ ပြန်လာနိုင်မယ်လို့ ယုံကြည်ပါတယ်။