Carnival Cup မှာ Army Geniuses ကို မထင်မှတ်ပဲ အရေးနိမ့်ခဲ့တဲ့ Yangon Galaticos Dota2

 

နိုင်ပွဲတွေတောက်လျှောက်ရနေတဲ့ YG အသင်းအနေနဲ့ Moon Studio Carnival Cup ရဲ့ ဒုတိယပွဲစဉ် မှာတော့ Army Geniuses နဲ့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ Army Geniuses (AG) အသင်းက အင်ဒိုနီးရှားအခြေစိုက် အသင်းတစ်သင်း ဖြစ်ပါတယ်။ Direct Invite အသင်းတစ်သင်း ဖြစ်တာနဲ့အညီ သူတို့ရဲ့ ကစားပုံတွေကလည်း ပြောစရာမလိုအောင် ကောင်းမွန်ခဲ့ပါတယ်။

AG အသင်းအနေနဲ့ Neon Esports ကို 2-0 နဲ့ ရှုံးနိမ့်ခဲ့ပြီး Motivate.Trust ကို 2-1 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိထားပါတယ်။ ဒီနေ့မှာတော့ YG အသင်းနဲ့ AG တို့ဟာ နိုင်ပွဲရရှိဖို့ အစွမ်းကုန် ကြိုးစားဆော့ကစားခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။

Photo from YG Facebook

Game 1 Draft အနေနဲ့တော့ AG အသင်းဟာ first ban slot မှာ Lun po5 ဆော့နေကြ heroes တွေလည်းဖြစ်၊ သူတို့အသင်း ဆော့ချင်တဲ့ phoenix ရဲ့ counter လည်းဖြစ်တဲ့ Snapfire, Lina တို့ကို ban ခဲ့ပါတယ်။ YG အသင်း အနေနဲ့တော့ Viper နဲ့ Timbersaw တို့ကို ban ခဲ့ပါတယ်။ YG အသင်းဟာ Skill Lay ရဲ့ Earth Spirit ကို first pick မှာတင် ထုတ်ပေးခဲ့ပါတယ်။ နှစ်သင်းလုံးဟာ အိမ်စာတွေ လုပ်ခဲ့တယ်လို့ပဲ ပြောရမှာပါ။ Signature heroes တော်တော်များများကို ban ခဲ့တာကို တွေ့ရပါတယ်။

AG အသင်းဟာ third pick မှာ tiny ကို ထုတ်ခဲ့တာပါ။ Tiny လို hero ဟာ burst damage လည်း ထွက်သလို role အနေနဲ့ ပြောင်းလဲနိုင်တာမို့လို့ တစ်ဖက်အသင်းရဲ့ draft ကိုလည်း အာရုံနောက်စေပါတယ်။ tiny pick ကပဲ YG အသင်းရဲ့ ကျန်နေတဲ့ ban slots တွေမှာ mid heroes တွေပဲ ဖြစ်ခဲ့ပါတယ်။ AG အသင်းဟာ tiny ကို mid အနေနဲ့ ယူခဲ့ပြီး Last pick မှာတော့ undying ကို ရွေးချယ်ခဲ့ပါတယ်။

YG အသင်းက Earth Spirit, Oracle, Bloodseeker, Terrorblade, Queen of Pain တို့ကို pick ခဲ့ပြီး AG အသင်းက phoenix, Sven, tiny, Beastmaster, undying စတဲ့ strength 5 ကောင် တို့နဲ့ ပွဲကို စတင်ခဲ့ပါတယ်။ ပွဲစစချင်း carry တွေဟာ free farm ရနေခဲ့ပြီး အပြိုင်အဆိုင်တွေ farm နေခဲ့တာပါ။ Sven ရဲ့ farming boost ဖြစ်တဲ့ ancient camps တွေကို AG အသင်းဟာ မိနစ်တိုင်းလိုလို stacks တွေ လုပ်နေခဲ့ပါတယ်။

Terrrorblade အနေနဲ့တော့ Sven ကို အမီလိုက် farm ဖို့ ကြိုးစားခဲ့ပါတယ်။ မိနစ် ၂၀ လောက်အထိ နှစ်သင်းလုံးရဲ့ net worth တွေဟာ Sven အနည်းငယ်သာနေတာကလွဲလို့ ကျန်တာတွေကတော့ မျှနေခဲ့ပါတယ်။

Tiny mid ဟာလည်း ထင်ထားတာထက်ပိုပြီး လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ပါတယ်။ Terrorblade ဟာ sven ထက် hero power ပြည့်ဖို့ နည်နည်းလိုတဲ့အချက်ကို အခွင့်ကောင်းယူပြီး Hero ပါဝါပြည့်တဲ့ Sven နဲ့ AG အသင်းဟာ team fights တွေ ဆက်တိုက် လုပ်ခဲ့ပါတယ်။

Terrorblade ကတော့ battle တွေ လိုက်ပေးပေမယ့် damage output နည်းသေးတာရယ်၊ tombstone တွေ supernova တွေ နှောက်နေတာတို့ကြောင့် အဆင်မပြေခဲ့ပါဘူး။ နောက်ဆုံးမှာတော့ AG အသင်းဟာ တစ်ယောက်ချင်းဆီကို pick up လုပ်နိုင်ခဲ့ပြီး Game 1 ကို အနိုင်ရရှိခဲ့ပါတယ်။

Game 2 မှာတော့ YG အသင်းဟာ Game 1 တုန်းက တော်တော်လေး လှုပ်ခဲ့တဲ့ Tiny, Phoenix တို့ကို first ban slot မှာတင် ban ခဲ့ပါတယ်။ AG အသင်းက Snapfire နဲ့ Young PH ရဲ့ Morph တို့ကို ban ခဲ့ပါတယ်။ YG ရဲ့ 4th pick မှာ pick ခဲ့တဲ့ Spectre ကိုလည်း AG က Viper pick နဲ့ပဲ ချက်ချင်း counter pick ခဲ့ပါတယ်။ YG အသင်းက last ban slot မှာ Void နဲ့ Sven ကို ban ခဲ့ပါတယ်။

AG အသင်းက last pick carry အနေနဲ့ PA ကို ထုတ်ခဲ့ပေမယ့်လည်း YG အသင်းကတော့ Viper နဲ့ mid မှာလည်း ထိန်းလို့ အဆင်ပြေ၊ teammate safe လည်း လုပ်လို့ရတဲ့ Haw ရဲ့ Pugna နဲ့ counter pick ခဲ့ပါတယ်။ YG အသင်းက clockwerk, slardar, rubick, spectre, pugna တို့ pick ခဲ့ပြီး AG အသင်းကတော့ Lina, Void spirit, Lich, Viper, PA တို့နဲ့ Game 2 ကို စတင်ခဲ့ပါတယ်။

Game 1 ကလို carry တွေဟာ အစပိုင်းမှာ free farm ရခဲ့တယ် ဆိုပေမယ့် Slardar ulti ရပြီးတဲ့ အချိန်မှာတော့ PA ကို ကောင်းကောင်း pressure ပေးနိုင်ခဲ့ပါတယ်။ Spectre ကတော့ ၈ မိနစ်မှာ blade mail ရခဲ့ပြီး lanes တွေပေါ်မှာပါ ရဲရဲဝံ့ဝံ့နဲ့ farm နိုင်ခဲ့ပါတယ်။ AG အသင်းအနေနဲ့တော့ PA ကို space ပေးရဖို့ တောက်လျှောက်တွေ လိုက်ချခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ spectre ကတော့ teamfight တွေလည်း ကူရင်း၊ hero kills တွေရတာနဲ့ ၁၉ မိနစ်မှာတင် radiance item ကို ထပ်ရရှိခဲ့ပါတယ်။ PA က 16 မိနစ်ကျော်မှာ battle fury ရခဲ့ပေမယ့်လည်း team က နိမ့်နေတော့ လာကူညီပေးခဲ့ပါတယ်။ hero kills တချို့ရခဲ့ပေမယ့် farming နည်းနည်း နောက်ကျခဲ့ပါတယ်။

နှစ်သင်းလုံးက တောက်လျှောက်တွေချနေခဲ့ပြီး ပွဲရဲ့ tempo ဟာလည်း မြင့်လာခဲ့ပါတယ်။ နှစ်သင်းလုံး အကျအဆုံးတွေ များပေမယ့် carry တွေကတော့ မသေခဲ့ပါဘူး။ YG အသင်းက game 2 မှာ aggressive ပိုဆော့နိုင်ခဲ့ပါတယ်။ battle တိုင်းကလည်း တစ်ဖက်အသင်းရဲ့ jungle မှာပဲ ဖြစ်ခဲ့တာပါ။ Pugna pick တွေ အတွက်တော့ အဲ့ဒါက တန်ပါတယ်။ battle နိုင်တာနဲ့ tower ယူရတာ အရမ်းလွယ်ကူပါတယ်။ Game 2 မှာ YG အသင်းကပဲ teamwork ပိုကောင်းခဲ့ပြီး Game 2 ကို အကြိတ်အနယ်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ပါတယ်။

Young Ph ရဲ့ Spectre က player networth မှာ ၉ မိနစ်လောက်ကနေ ပွဲပြီးဆုံးချိန် ၄၄ မိနစ်အကျော်ထိ ထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့ပြီး 856 GPM အထိ ရရှိခဲ့ပါတယ်။ Total Hero kills ကလည်း ၉၁ ကောင်အထိ ရှိခဲ့လို့ Game2 ကတကယ့်ကို ပွဲကောင်းတစ်ပွဲပါပဲ။

Game 3 မှာတော့ နှစ်သင်းစလုံးဟာ နိုင်ချင်တဲ့စိတ်တွေ ပိုနေတယ်ဆိုတာ တွေ့ရပါတယ်။ Draft စစချင်းမှာပဲ AG ဟာ 1st pick မှာ Sven, Omiknight အတွဲကိုထုတ်ခဲ့ပါတယ်။ YG အနေနဲ့တော့ Phoenix (deny pick), Void combo ကို စတင်ထုတ်ခဲ့တာတွေ့ရပါတယ်။ Game 3 မှာ YG က wombo combo အတွဲတွေ ထုတ်ခဲ့ပေမယ့်လည်း AG အသင်းဟာ early pushing type ကို ရွေးချယ်ခဲ့တာတွေ့ရပါတယ်။

YG အသင်းအနေနဲ့တော့ Phoenix, Faceless Void, Mars, Invoker, Mirana တို့ကို ရွေးချယ်ခဲ့ပါတယ်။ space အနည်းငယ် ယူရတဲ့ heroes တွေဆိုပေမယ့် တကယ်ကို ကောင်းတဲ့ Wombo Combo အတွဲတွေပါပဲ။ Damage output လည်း များသလို burst damage တွေ stun တွေဟာလည်း အလုံအလောက်ပါပဲ။ ဒါကို ရိပ်မိတဲ့ AG အသင်းကတော့ draft တွေ ပြန်ချိန်းလိုက်ပြီး Sven, Omiknight, Leshrac, Underlord, TA တို့ကို ရွေးချယ် ခဲ့ပါတယ်။ sven ကိုလည်း farming အချိန်မပေးချင်တော့တာကြောင့် po5 အဖြစ်ထုတ်ပြီး leshrac ကို carry အဖြစ် ရွေးချယ်ခဲ့တာလည်း တွေ့ရပါတယ်။

Laning Control နဲ့ အသာစီးယူပြီး early fast end ဖို့ကြိုးစားနေတဲ့ AG အသင်းဟာ early ပိုင်းမှာ TA အတွက် stacks တွေ လုပ်ပေးနေတာကို Skill lay ရဲ့ ward နဲ့ မြင်တွေ့ခဲ့ပါတယ်။ Laning တွေမှာ ထင်သလောက် မနိမ့်ခဲ့တဲ့ YG အသင်းဟာ ၈ မိနစ်လောက်မှာ Ancient Creeps (5 stacks) စားနေတဲ့ TA ကို ဝင်နှောက်ယှက်ရင်းနဲ့ အကျအဆုံးများခဲ့ပါတယ်။ networth အနေနဲ့ ကြည့်ရင် less than 1k ကနေ 2k လောက်ထိကို ကွာသွား ခဲ့ပါတယ်။ void ရဲ့ chrono၊ invoker ss တွေ ချပေမယ့်လည်း damage မလောက်ခဲ့ပါဘူး။ TA ကတော့ သေမသွားခဲ့ဘဲ stacks အကုန်လုံးနီးပါးပါ ရရှိခဲ့ပါတယ်။

Void ကတော့ အောက်လမ်းမှာ သေသွားခဲ့ပြီး Leshrac ကတော့ အပေါ်မှာပဲ afk farming လုပ်နေခဲ့ပါတယ်။ အဲဒီ battle နိုင်သွားတာနဲ့ AG အသင်းဟာ mid မှာ tower တွေ လာယူပြီး force to war တွေ စတင်ခဲ့ပါတယ်။ တစ်ယောက်ပြီး တစ်ယောက်လည်း pick up လုပ်နိုင်ခဲ့ပါတယ်။ chrono ပြည့်လို့ tp ဆင်းလာတဲ့ Young Ph ရဲ့ Void ပါ သေခဲ့ရပါတယ်။ Wombo Combo တွေရဲ့ အားနည်းချက်ဖြစ်တဲ့ items Timing နဲ့ level Timing ကို AG အသင်းအနေနဲ့ လုံး၀မပေးဘဲ Aggressive wards တွေနဲ့အတူ non-stop တွေ လိုက်ချနေခဲ့ပါတယ်။

၁၇ မိနစ်ဆိုတဲ့အချိန်မှာပဲ Roshan ယူခဲ့ပြီး ၁၉ မိနစ်လောက်မှာ high ground pushing စတင်ခဲ့ပါတယ်။ Leshrac နဲ့ sven အတွဲဟာလည်း YG ရဲ့ split pushing ကို တားနိုင်ခဲ့ပြီး hero kills တွေပါ ရခဲ့ပါတယ်။ Void အနေနဲ့ Chrono 4 men အုပ်နိုင်ခဲ့ပေမယ့် invoker ဟာ သေနေတဲ့အတွက်ကြောင့် damage မလောက်ခဲ့ပါဘူး။ Aegis ကိုင်ထားတဲ့ TA ရဲ့ Deso နဲ့ ချိုးတာတွေရယ်၊ Leshrac ရဲ့ Diabolic တွေဟာ Barracks ယူရတဲ့အချိန်မှာ မြန်ဆန်လွန်းပါတယ်။ Underlord ရဲ့ Rod Of Atos item ဟာ YG အသင်းအတွက်တော့ တော်တော်လေး အထိနာခဲ့ပါတယ်။ ၂၄ မိနစ် အရောက်မှာတော့ YG အသင်းက GG ခေါ်ခဲ့ပြီး AG အသင်းကတော့ Bo3 ပွဲစဉ်မှာ အနိုင်ရရှိခဲ့ပါတယ်။

 

YG အသင်းဟာ Moon Studio Carnival Cup မှာ နှစ်ပွဲကစားပြီး တစ်ပွဲနိုင် တစ်ပွဲရှုံး ရလဒ်နဲ့ အုပ်စုအဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။
#palatar