Carnival Cup မှာ Galaxy Racer ကို အရေးနိမ့်ခဲ့ရတဲ့ Yangon Galaticos Dota2

 

December 9 ရက်နေ့မှာတော့ ယခုကျင်းပနေဆဲ Moon studio ရဲ့ Carnival cup ပွဲစဉ်တစ်ခု အဖြစ် မြန်မာအခြေစိုက် YG အသင်းနဲ့ မလေးရှား အခြေစိုက် Galaxy Racer (GXR) အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ အရှေ့ပွဲစဉ်တွေအနေနဲ့ ကတော့ YG က Neon, MG.Trust နဲ့ Cignal တို့ကို အနိုင်ကစားထားပြီး Army Geniuses ကိုတော့ ရှုံးထားခဲ့ပါတယ်။ GXR ကတော့ Cignal ကိုနိုင်ပြီး neon နဲ့ MG.Trust တို့ကို ရှုံးထားခဲ့ပါတယ်။

Game 1 မှာတော့ YG ဘက်က carry အနေနဲ့ Life stealer ကို ယူထားပြီး GXR ဘက်က Riki ကို ယူထားခဲ့ပါတယ်။ Mid မှာလဲ AlaCrity ရဲ့ Leshrac နဲ့ haw” ရဲ့ void spirit က အပြိုင်ဖြစ်နေခဲ့ပြီး ဘယ်သူ့ ဘယ်သူမှ မသာခဲ့ပါဘူး။ ဒါပေမယ့် zaw rain ရဲ့ offlane pugna က riki ကို ကောင်းကောင်း ထိန်းနိုင်ခဲ့ပါတယ်။ skill lay ရဲ့ Tiny နဲ့ ပေါင်းပြီး undying ကို kill တွေလည်း ခဏခဏ ရနေခဲ့ပါတယ်။ kyxY’ ရဲ့ Mars ကတော့ life stealer ကို ထင်သလောက် မထိန်းနိုင်ခဲ့တာကိုတွေ့ရပါတယ်။

kyxY’ ရဲ့ Mars က အစပိုင်းမှာ Shadow demon နဲ့ ပေါင်းပြီး harass လုပ်ထားနိုင်ခဲ့ပေမယ့်၊ shadow demon နဲ့ undying ပေါင်းပြီး mid ကို အရမ်းကူပေးတာကြောင့် side lane တွေ ထင်သလောက် မအောင်မြင်ခဲ့ပါဘူး။ YG ဘက်ကလည်း mid မှာ aggressive မကစားဘဲ haw ကို counter ပြန်ကြည့်ပေးတဲ့ သဘောမျိုးပဲ ကစားပေးခဲ့ပါတယ်။

Lifestealer က အချိန်တန်လို့ ancient creep တွေ စားနိုင်တဲ့ အချိန်မှာ Riki ဟာ ancient စားလို့ကောင်းတဲ့ hero တစ်ကောင် မဟုတ်တဲ့အတွက် net worth က ကွာလာပါတယ်။ ဒါ့အပြင် Lifestealer ကလည်း rage က bkb free တစ်ကွက် ရထားသလို ဖြစ်တဲ့အတွက် battle တွေမှာ survive လုပ်နိုင်ခဲ့ပါတယ်။ GXR ဘက်က Leshrac ကိုအားကိုးပြီး diabolic နဲ့ tower တွေကို စောစောရယူဖို့ကြိုးစားခဲ့ပေမယ့် YG ဘက်က snapfire, tiny, နဲ့ pugna တို့က creep တွေကို nuke ပြီး ရှင်းထုတ်နေတဲ့ အတွက် ထင်သလောက် မအောင်မြင်ခဲ့ပါဘူး။ Mid tower ကို Riki မပါဘဲ အတင်းတက်ချိုးဖို့ ကြိုးစားရာမှာလဲ fail သွားခဲ့ပါတယ်။

Late game မှာတော့ YG ဘက်က riki အတွက် force staff လေးချောင်းအထိ ဆက်ခဲ့ပါတယ်။ နောက်ပြီး haw” ရဲ့ void spirit ထဲကို ဖိုးထောင်ဝင်ပြီး Infest bomb ဖောက်ပြီး mkb assault cuirass basher နဲ့ ခုတ်တာ damage တော်တော် ထွက်ပြီး leshrac ကို ၃-၄ ချက်ပဲ ခုတ်ရပါတယ်။ Mars ulti ကလဲ void spirit နဲ့ life steal ကို ကောင်းကောင်း control မလုပ်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ပဲ pugna ရဲ့ nuke တွေ life steal ရဲ့ rage တွေနဲ့ high ground ကောင်းကောင်း siege လုပ်ပြီး Game 1 ကိုတော့ YG က အပိုင်သိမ်းသွား နိုင်ခဲ့ပါတယ်။

Game 2 မှာတော့ Mars ကို YG ဘက်က ပြန်ယူထားခဲ့ပြီး GXR ဘက်ကို undying ရော phoenix ရော ပေးလိုက်ပါတယ်။ Carry ၂ ယောက်မှာ GXR ဘက်က Sven နဲ့ YG ဘက်က AM ယူထားခဲ့ပါတယ်။ Mid မှာတော့ haw” ကို void spirit ပြန်ပေးခဲ့ပြီး GXR ဘက်က တော့ AlaCrity Ember ယူထားခဲ့ပါတယ်။ AM ကိုထိန်းဖို့တော့ GXR ဘက်က Legion commander ပြန်ယူထားခဲ့ပါတယ်။ Support တွေ အနေနဲ့က တော့ YG ဘက်က Snapfire နဲ့ lina ယူထားခဲ့ပါတယ်။

Early game မှာတော့ Legion phoenix အတွဲက ဖိုးထောင် ရဲ့ AM ကို သေချာထိန်းထားနိုင်ခဲ့ပြီး တာထွက်မလှခဲ့ပါဘူး။ Sven ကလဲ Mars နဲ့ lina နဲ့ ထိန်းရတဲ့ အတွက် မသာယာခဲ့ပါဘူး။ အောက်လမ်းမှာ Undying က ခဏခဏ သေခဲ့ပြီး YG ဘက်က အပေါ်လမ်းမှာ Lun က အရမ်းမသေခဲ့ပါဘူး။ haw” အနေနဲ့ ကတော့ ရန်သူဘက်က camp stack တွေ လုစားပြီး ကောင်းကောင်း space ပေးနိုင်ခဲ့ပါတယ်။ AlaCrity ရဲ့ ember ကိုလဲ သတ်ထားနိုင်ပါတယ်။

ဒါပေမယ့် great cleave + God strength ပါနေတဲ့ Sven အတွက် ၁၀ မိနစ်ဝန်းကျင်မှာ ကတည်းက ancient creep တွေကို စားနိုင်ခဲ့ပြီးတော့ ၁၀ မိနစ်အကျော်မှာ ၂ ခါသေထားတဲ့ AM ကတော့ Fury ထွက်တာ နောက်ကျခဲ့ပြီး 16 မိနစ်လောက်မှ ancient farm နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ carry ၂ ယောက်မှာ networth ကတော်တော်လေး ပြတ်လာပါတယ်။ Sven ရဲ့ power spike ဖြစ်တဲ့ MoM + echo sabre ရတဲ့ အချိန်မှာ GXR ဘက်က ၅ ယောက်ပေါင်းပြီး Tombstone + super nova တွေနဲ့ objective တွေကိုတစ်ခုပြီးတစ်ခု ယူလာပါတယ်။ နောက်ပိုင်းမှာ AM အနေနဲ့ fury နဲ့ farm ပြီး အမှီပြန်လိုက်လာနိုင်ပေမယ့် 5 v 4 တွေ battle ဆိုင်ထားရပြီး ရှုံးထားလို့ ကျန်တဲ့ teammate တွေက networth ပြတ်ကျန်ခဲ့ပါတယ်။

မိနစ်၂၀ မှာ snapfire ကို aegis ကိုင်ထားတဲ့ sven က tier 2 tower အထိ လိုက်လုပ်တာကို YG ဘက်က disable ကောင်းကောင်းပေးပြီး ၂ ခါပြန်သတ်နိုင်ခဲ့လို့ 4 v 5 battle ဆက်ဆိုင်ခဲ့ပေမယ့် GXR ဘက်ကပဲ battle နိုင်သွားခဲ့ပါတယ်။ AlaCrity အနေနဲ့လည်း sven အတွက် ပိုကောင်းစေမယ့် Desolator ပါသွားလိုက်တာ က battle မှာ physical Damage တော်တော်ကို ထွက်နေခဲ့ပါတယ်။ GXR အနေနဲ့ကတော့ game 2 မှာ Hero pick တော်တော်သာခဲ့တယ်လို့ပြောလို့ရပါတယ်။ AM counter ဖြစ်တဲ့ legion commander ကိုရထားတဲ့ အပြင် tomb stone + super nova အတွဲကလည်း battle မှာ တော်တော်ကို ချိုးရခက်ပါတယ်။ ဒါ့အပြင် Sven နဲ့ Ember က လဲ physical အဓိက build လိုက်တဲ့ အတွက် YG အနေနဲ့ AM တစ်ကောင်တည်းနဲ့ ဘယ်လိုမှယှဉ်မခုတ်နိုင်တော့ဘဲ Game 2 ကိုတော့ အရှုံးပေးခဲ့ရပါတယ်။

Game 3 မှာတော့ skill lay ရဲ့ signature ဖြစ်တဲ့ earth spirit ရခဲ့ပေမယ့် GXR ဘက်က Blood seeker ကို ချက်ချင်း counter ပြန် pick ခဲ့ပါတယ်။ GXR ဘက်က Viper ကို ban ထားခဲ့ပေမယ့် YG ဘက်က spectre ကို မ ban ဘဲ လွှတ်ပေးလိုက်တာ နဲ့ GXR က ချက်ချင်းဆိုသလို pick သွားပါတယ်။ YG ဘက်က spectre နဲ့ ယှဉ်ချဖို့ TB pick ခဲ့ပေမယ့် GXR ဘက်က last pick ကို morphling ထုတ်ခဲ့တာကြောင့် battle မှာ 2 v 1 သဘောမျိုးဖြစ်သွားခဲ့ပါတယ်။

haw” ကတော့ ember နဲ့ mid မှာ morphling နဲ့ ထိန်းခဲ့ပါတယ်။ အပေါ်လမ်းမှာ seeker rubick အတွဲက TB ကို ကောင်းကောင်း ထိန်းနိုင်ခဲ့သလို Undying ကလည်း spectre ကို space ကောင်းကောင်း ရှာပေးနိုင်ခဲ့ပါတယ်။ Mid မှာတော့ သရေပဲ ဆိုပေမယ့် morphling က အချိန်ကြာလာတာနဲ့ အမျှ Ember ကို outfarm နိုင်လာပါတယ်။

mid game လောက်မှာ YG ဘက်က kill တွေ ရနေခဲ့တယ် ဆိုပေမယ့်အရေးမပါတဲ့ Rubick နဲ့ undying တွေသာ ဖြစ်နေခဲ့ပြီး GXR Spectre ကို triangle ကို ကောင်းကောင်း ပေး farm ထားခဲ့ပါတယ်။ Bloodseeker က လဲ TB ကို lane မှာ အနိုင်ယူပြီး item တွေ ထွက်လာပါတယ်။ TB အနေနဲ့ lane မသာခဲ့ပေမယ့် သေသေချာချာ ပြန် farm နိုင်ခဲ့ပြီး networth ကို ဦးဆောင်နိုင်ခဲ့ပေမယ့် GXT ဘက်က morphling နဲ့ spectre နှစ်ယောက် farm နေခဲ့တာ ကြောင့် နောက်ပိုင်း battle ဆိုင်တဲ့ အခါမှာ TB က ယှဉ်ပြီး မပစ်နိုင်ခဲ့ပါဘူး။

မိနစ်၂၀လောက်မှာ YG ဘက်က Metamorphosis တွေ ပါပေးပြီး Roshan ယူဖို့ ကြိုးစားတဲ့ အချိန်မှာ GXR ဘက်က လာဆိုင်တဲ့ battle မှာ TB အပါအဝင် 4 men down အပြင် earth spirit နဲ့ grimstroke ပါ die back ဖြစ်ပြီး battle ရှုံးသွားပါတယ်။ အဲဒီ့နောက်ပိုင်းမှာ YG အနေနဲ့ kill တွေရခဲ့ပေးမယ့် အရေးမပါတဲ့ pos4-5 တွေပဲဖြစ်နေခဲ့ပါတယ်။

၂၈ မိနစ်မှာ YG က ဒီအတိုင်း ဆက်ပြီး ယှဉ် farm ရင် late game မသာနိုင်ဘူး ဆိုတာသိလို့ TB ကို satanic skadi တို့နဲ့ high ground တက်ဖို့ ကြိုးစားခဲ့ပေမယ့် GXR ဘက်က ကောင်းကောင်း def ပြီး TB ကို သတ်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ YG ဘက်ကလည်း TB farm ပြီး networth မှာ ဦးဆောင်နိုင်ခဲ့တယ် ဆိုပေမယ့် battle မှာ Spectre + morphling ကို ဘယ်လိုမှ ယှဉ်မပစ်နိုင်တော့ပါဘူး။ ဒီလိုနဲ့ ပဲ GXR ဘက်က ၃၄ မိနစ်မှာmorphling aegis spectre cheese နဲ့ အတူ အပေါ်လမ်းကို HG တက်လာတာကို YG အနေနဲ့ Buyback တွေပါပေးပြီးကာရင်းနဲ့ပဲ နောက်ဆုံးဘယ်လိုမှ မကာနိုင်တော့ဘဲ mega တစ်လမ်း ပေးလိုက်ရပါတယ်။

Lun အနေနဲ့ grimstroke aghanim သွားပြီး enemy ဘက်က တစ်ကောင်ကိုပွားပြီး TB ကို ကူဖို့ ကြိုးစားခဲ့ပေမယ့် GXR ဘက်က aegis refresher shard cheese တွေနဲ့အတူ အတင်း မ dive ဘဲ spell တွေတောင်းပြီး ဆိုင်သွားတဲ့ အတွက် BKB Meta မရှိတော့တဲ့ TB အနေနဲ့ ဘယ်လိုမှ တောင့်မခံနိုင်တော့ဘဲ Game 3 ကို အရှုံးပေးခဲ့ရပါတယ်။ ဒီပွဲမှာ GXR အနေနဲ့ hero Pick တာ တော်တော်လေးကောင်းခဲ့တာ ကိုတွေ့ရပြီး ဖိုးထောင်ကို အထောင်ထားပြီး ကစားတတ်တဲ့ YG ရဲ့ အထာကို သိလာကြပြီး counter pick သွားခဲ့လို့ game 2 နဲ့ 3 မှာ အနိုင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

YG အနေနဲ့တော့ ဒီနေ့ပွဲ ရှုံးသွားတဲ့ အတွက် ၅ ပွဲကစား ၃ ပွဲနိုင် ၂ ပွဲရှုံးဆိုတဲ့ ရလာဒ်နဲ့ MG.Trust နဲ့ Neon တို့ရဲ့အောက် တတိယ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ GXR ကတော့ ၄ ပွဲကစား ၂ ပွဲနိုင် ၂ ပွဲရှုံးထားပြီး အဆင့်ငါး နေရာမှာ ရပ်တည်နေပါတယ်။ YG အနေနဲ့ တော့ Upper bracket ကို တက်ချင်တယ်ဆိုရင် နောက်လာမယ့် ဖိလစ်ပိုင် အခြေစိုက် XctN နဲ့ ပွဲကို အနိုင်ကစားရတော့မှာ ဖြစ်ပါတယ်။ ဒါတောင်မှ အောက်က army geniuses တို့ GXR တို့ကသာ နောက်ပွဲတွေမှာ အနိုင်ကစားနိုင်ခဲ့ရင် ထိပ်တိုက်တွေ့ဆုံမှုအရ lower bracket ကို ဆင်းပေးရနိုင်ပါတယ်။ ဒါပေမယ့် GXR နဲ့ AG နဲ့ကစားဖို့ ရှိနေသေးတာကြောင့် တစ်သင်းကတော့ ရှုံးဦးမှာ ဖြစ်တဲ့အတွက် XctN ကိုသာ အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် တော့ upper bracket ရောက်ဖို့ အခြေအနေကောင်းသွားမှာပါ။

#iNtAnGibL3