Carnival Cup မှာ ရှုံးပွဲမရှိသေးတဲ့ Neon Esports ကို အနိုင်ယူလိုက်တဲ့ Yangon Galacticos Dota2

 

ဒီနေ့ကျင်းပတဲ့ Moon Studio Carnival Cup မှာတော့ YG အသင်းဟာ Neon Esports အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ Neon Esports ဟာ ဒီပြိုင်ပွဲမစမီ လူစားရင်း အချို့ပြောင်းလဲခဲ့ပေမယ့် နှစ်ပွဲကစား နှစ်ပွဲနိုင်ရလဒ်နဲ့ အုပ်စုအဆင့်တစ်နေရာမှာ ဦးဆောင်နေပါတယ်။ Neon Esports ဟာ Philippine အခြေစိုက် အသင်းတစ်သင်းဖြစ်တာနဲ့အညီ SEA tier 1 အသင်းတွေကိုပါ အကြိတ်အနယ်ယှဉ်ပြိုင်နိုင်တဲ့ အသင်းကောင်းတစ်သင်းပါ။ YG အသင်းအနေနဲ့တော့ Neon Esports နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။

Game 1 မှာ Neon Esports ဟာ YG အသင်း pick rate များတဲ့ heros တွေလို့ပြောလို့ရတဲ့ Earth Spirits နဲ့ Pugna တို့ကို respect ban အနေနဲ့ စတင်ခဲ့ပါတယ်။ YG အသင်းကတော့ Viper, Magnus ကို ban ခဲ့ပါတယ်။ Neon Esport ဟာ Bloodseeker, Crystal Maiden, Grimstoke, Ember Spirit, Phantom Assassin တို့ကို ထုတ်ခဲ့ပါတယ်။ Magic အတွက် လုံလောက်တဲ့ ပမာဏ ရှိသလို၊ Physical damage output မှာလည်း PA တစ်ယောက်လုံးပါတဲ့ စိုးရိမ်စရာမရှိခဲ့ပါဘူး။

Laning Phase မှာလည်း အတော် အဆင်ပြေနိုင်တဲ့ heros တွေကို ဦးစားပေး ရွေးချယ်ခဲ့တာတွေ့ရပါတယ်။ YG အသင်းအနေနဲ့တော့ Sven, IO, Leshrac, Clockwerk, Axe တို့နဲ့ ပွဲကို စတင်ခဲ့ပါတယ်။ Axe last pick ဟာ Neon ရဲ့ PA အတွက် counter pick လည်းဖြစ်သလို PA Laning မှာလည်း အဆင်ပြေလို့ ရွေးချယ်ခဲ့ပါတယ်။ ပွဲစချိန် 2 မိနစ်လောက်မှာပဲ PA ဟာ Lun ရဲ့ Clockwerk ကို first blood ယူနိုင်ခဲ့ပါတယ်။

Bloodseeker, CM အတွဲကလည်း Sven, IO အတွဲကို pressure ပေးထားနိုင်ခဲ့ပြီး ၄ မိနစ်အရောက်မှာပဲ Sven ကို hero kill ထပ်ရရှိခဲ့ပါတယ်။ PA ကိုလည်း ထင်သလောက် pressure မပေးနိုင်ခဲ့ပါဘူး။ Side Lanes တွေ အဖိခံခဲ့ရတဲ့ YG အနေနဲ့တော့ Mid မှာ force to war လာလုပ်တဲ့ Neon ရဲ့ Magic 4 ယောက်အတွဲကို ပြန်ခုခံပေမယ့်လည်း အကျအရှုံးတွေများနေခဲ့ပါတယ်။ PA ဟာ ၁၂ မိနစ်အကျော်လေးမှာပဲ Battle Fury ကို ရရှိခဲ့ပါတယ်။ PA အတွက်တော့ farm လိုက်၊ teamfights တွေလိုက်ချပေးလိုက်နဲ့ အဆင်ပြေခဲ့ပေမယ့် hero power မပြည့်သေးတဲ့ Sven ကတော့ IO နဲ့အတူ farming boost နေခဲ့ပါတယ်။

Sven IO တွေရဲ့ အားနည်းချက်က အတူ farm ရတဲ့အတွက် Carry ဟာ တစ်ဖက်အသင်းရဲ့ Carry ထက် lvl အနည်းငယ် နိမ့်နေတတ်ပါတယ်။ Game 1 မိနစ် ၂၀ လောက်မှာလည်း PA ဟာ lvl 18 ဖြစ်ခဲ့ပြီး Sven ကတော့ lvl 12 သာ ရှိခဲ့ပါတယ်။ Neon Esports ဟာ Sven ကို farming အချိန်မပေးတဲ့ဘဲ Roshan ယူပြီး team fights တွေ တောက်လျှောက်လိုက်ချကာ Game 1 ကို အလွယ်တကူပဲ အနိုင်ရရှိခဲ့ပါတယ်။

Game 2 မှာလည်း Neon Esporst နဲ့ YG အသင်းဟာ first ban phase မှာ Game 1 က အတိုင်ပဲး ban ခဲ့ပါတယ်။ Neon Esports ဟာ Bloodseeker, Mars တို့ကို စတင် pick ခဲ့ပြီး YG အသင်းကတော့ Tiny, Snapfire ကို ရွေးချယ်ခဲ့ပါတယ်။ Tiny, Snapfire ဟာ အတော်လေး damage output ထွက်တဲ့ dual အတွဲပါ။ Neon Esports ဟာ Undying, Oracle တို့ကို pick ပြီး Healing တွေနဲ့ ပြန် counter ခဲ့ပါတယ်။
Last pick အနေနဲ့လည်း Juggernaut ကို ရွေးချယ်ခဲ့ပါတယ်။

YG အသင်းကတော့ Ember, Keeper အတွဲကို ထုတ်ခဲ့ပြီး Last pick မှာ Young PH ရဲ့ Spec ကို ယုံယုံကြည်ကြည်နဲ့ ပေးခဲ့ပါတယ်။ ပွဲစစချင်း အောက်လမ်းရဲ့ bounty နားမှာ Juggernaut ဟာ First Blood ရရှိခဲ့ပြီး Skill lay ရဲ့ Tiny ဟာလည်း Undying ကို ပြန်သတ်နိုင်ခဲ့ပါတယ်။ Yopaj ရဲ့ Mars က Mid မှာ Ember ကို အနည်းငယ် pressure ပေးနိုင်ခဲ့ပါတယ်။ Bot lane မှာလည်း Tiny, Snapfire အတွဲဟာ အလုပ်ဖြစ်ခဲ့ပြီး Jugg နဲ့ Undy တို့ကို ထပ်သတ်နိုင်ခဲ့ပါတယ်။

Young Ph ရဲ့ Spec ကလည်း top lane မှာ မသာပေမယ့်လည်း မသေအောင်နေပြီး ကောင်းကောင်းမွန်မွန် farm နိုင်ခဲ့ပါတယ်။ Game 2 မှာတော့ နှစ်သင်းလုံးဟာ အပြိုင်အဆိုင်ချခဲ့ပြီး ၁၀ မိနစ်လောက်ထိ 9-7 ဆိုတဲ့ရလဒ်နဲ့ networth ဟာ မပြတ်ခဲ့ပါဘူး။ Carry နှစ်ယောက်လုံးကတော့ လုံလောက်တဲ့ farming space တွေ ရရှိခဲ့ပါတယ်။ ၁၅ မိနစ်လောက်မှာတော့ Tiny dagger Timing နဲ့အတူ YG အသင်းဟာ Neon Esports ကို teamfights တွေမှာ အနိုင်ရရှိခဲ့ပါတယ်။ Healing အတွက် လုံလောက်ခဲ့ပေမယ့်လည်း Tiny Snapfire အတွဲဟာ Neon Esports အတွက်တော့ အိပ်မက်ဆိုးတစ်ခုပါပဲ။

Keeper ရဲ့ will-o-wish တွေဟာ jugg မပါသေးတဲ့ battle တွေမှာ တော်တော်အလုပ်ဖြစ်ခဲ့ပါတယ်။ မိနစ် ၂၀ လောက်မှာ YG အသင်းဟာ 26-18 ဆိုတဲ့ ရလဒ်နဲ့ ဦးဆောင်နေပြီး team networth ဟာလည်း
6k လောက်ကွာနေခဲ့ပါတယ်။ 6k ဆိုတဲ့ပမာဏဟာ ဘာမှမဟုတ်ပေမယ့် Spec pick ထားတဲ့ အသင်းအတွက် ကတော့ advantages တွေ အများကြီးရရှိခဲ့ပါတယ်။ နှစ်သင်းလုံးဟာ non stop battle တွေ ချရင်း juggernaut ကပါ team fight တွေ လိုက် join ပြီး သေခဲ့ပါတယ်။

Battle fury ထည့်ထားတဲ့ carry တစ်ယောက်အတွက်တော့ မ farm ပဲ သေရတဲ့အချိန်တွေဟာ အရမ်းနှမြောဖို့ကောင်းခဲ့ပါတယ်။ Recovery လိုအပ်တဲ့ Neon Esports ဟာ smoke ganking တွေ ဆက်တိုက်လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ Spectre ရဲ့ Haunt ဟာ smoke gank တွေကို fail စေလောက်တဲ့အထိ right timing တွေဖြစ်ခဲ့ပြီး team fight တွေမှာပါ အဆင်ပြေခဲ့ပါတယ်။ Neon Esports အနေနဲ့ team fights တွေ ဆက်တိုက်လိုက်ချရင်း အကျအရှုံးများခဲ့ပြီး ၃၄ မိနစ်မှာတော့ GG ခေါ်ခဲ့ပြီး Game 2 ကို အရှုံးပေးခဲ့ပါတယ်။ Total Hero killls အနေနဲ့ 69 ကောင်အထိဖြစ်ခဲ့လို့ တကယ်ကို ကြည့်လို့ကောင်းတဲ့ ပွဲကောင်းတစ်ပွဲပါပဲ။

Game 3 ကို မပြောခင် YG အသင်းဟာ ပြီးခဲ့တဲ့ AG အသင်းနဲ့ Game 3 မှာ Leshrac carry နဲ့ early end ခံလိုက်ရတာ မှတ်မိကြမယ်ထင်ပါတယ်။ အရှုံးတွေထဲက သင်ခန်းစာယူနိုင်ခဲ့တဲ့ ပွဲတစ်ပွဲလို့လည်း ဆိုရမှာပါ။ YG အသင်းဟာ ပြီးသွားတဲ့ ပွဲရဲ့ replay တွေ ကြည့်ပြီး ပြန်သုံးသပ်တဲ့ အသင်းဆိုတာ ဒီအချိန်မှာ ထင်ထင်ရှားရှားတွေ့မြင်ခဲ့ပါတယ်။ AG အသင်းနဲ့တုန်းက အမှားတွေကိုလည်း ပြင်ဆင်နိုင်ခဲ့ပါတယ်။

Neon ဟာ Game 3 မှာ first pick အနေနဲ့ Tiny ကို လု pick ခဲ့ပါတယ်။ YG အသင်းကတော့ Undying, Mars တို့ကို ထုတ်ခဲ့ပါတယ်။ YG ရဲ့ Rubick, Spectre ထုတ်အပြီးမှာ Neon ဟာ Leshrac ကို ချက်ချင်း ဆိုသလို ထုတ်ခဲ့ပါတယ်။ Neon အနေနဲ့ Spectre ကို Game 2 ကလို free farm မပေးချင်တော့ပါဘူး။

Tiny, Bloodseeker, Orge Magi, Leshrac, Snapfire တို့နဲ့ ပွဲကို စတင်ခဲ့သလို YG အသင်းအနေနဲ့လည်း Undying, Mars, Rubick, Spectre, Storm Spirit တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ Neon အသင်းဟာ low cooldown hero တွေနဲ့ Game 2 ကလို non-stop လိုက်ချချင်ခဲ့တာ တွေ့ရပါတယ်။ Game 3 မှာတော့ YG အသင်းရဲ့ Carry lane ဟာ အတော်လေးအဆင်ပြေခဲ့ပါတယ်။ Hero kills တွေလည်း ရခဲ့သလို Spectre အတွက် free farm လိုဖြစ်နေခဲ့တာပါ။

Haw Storm Spirit ကလည်း mid မှာ ၂ ခေါက်တိတိမှောက်ခဲ့ပေမယ့် Healing Regen တွေ ပြန်ဝယ်ဖြည့်နေရတဲ့ Tiny ဟာ networth အတော်လေး နိမ့်နေခဲ့ပါတယ်။ YG အသင်းဟာ အစပိုင်းမှာ hero kills တွေပေးခဲ့ရပေမယ့် YG ဘက်ကပဲ networth သာနေခဲ့ပါတယ်။ Lun ရဲ့ Undying spell learn တာကလည်း တော်တော်လေး ထူးခြားခဲ့ပါတယ်။ Level 5 မှာ Tombstone ကို သုံးဆင့်ထိ ယူထားတာတွေ့ရပါတယ်။
Neon အတွက်တော့ early ပိုင်း tombstone ချိုးတာနဲ့တင် အတော်လေး အဆင်မပြေဖြစ်ခဲ့ပါတယ်။ Yopaj ရဲ့ Tiny က ၁၃ မိနစ် Dagger Timing နဲ့ YG အသင်းက တစ်ယောက်ချင်းဆီကို pick up လုပ်နိုင်ခဲ့ပါတယ်။ တစ်မိနစ်ကို ၂ ကောင်နှုန်းနဲ့ သေလောက်တဲ့အထိ YG နဲ့ Neon အသင်းဟာ Team Fight တွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ ၂၅ မိနစ်မှာ hero kills ဟာ 24-24 အထိကို ညီမျှနေခဲ့ပါတယ်။

နောက်ပိုင်း battle တွေမှာ YG အသင်းဟာ Neon အသင်းကို battle တိုင်းလိုလို အနိုင်ရရှိခဲ့ပါတယ်။ ပွဲကြာလာတာနဲ့အမျှ Hard Carry လည်းဖြစ်၊ Late Game Carry လည်းဖြစ်တဲ့ Spectre ကို ဘယ်လိုမှ ယှဉ်မရတော့ဘဲ Neon အသင်းဟာ YG အသင်းကို ဒီ tournament ရဲ့ ပထမဆုံး ရှုံးပွဲအဖြစ် ပေးလိုက်ရပါတယ်။ Haw ရဲ့ Signature hero Strom Spirit ဟာ ဒီပွဲမှာ တော်တော်လေး လှုပ်ခဲ့ပါတယ်။ နောက်ပိုင်း battle တွေမှာ Neon အသင်းရဲ့ initiate တိုင်းကို juke နိုင်ခဲ့ပါတယ်။ YG အသင်းအနေနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီးထိုက်တန်တဲ့ နိုင်ပွဲတစ်ပွဲကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

YG အသင်းဟာ Moon Studio Carnival Cup မှာ ၃ ပွဲကစားပြီး ၂ ပွဲနိုင်၊ ၁ ပွဲရှုံးရလဒ် ရရှိခဲ့ပြီး AG အသင်းနဲ့အမှတ်တူ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။