Sumail ရဲ့ Just Error ကို ကလဲ့စားချေပြီး အချိုမြိန်ဆုံးနိုင်ပွဲကို ရရှိခဲ့တဲ့ Yellow Submarine

 

Yellow Submarine အသင်း ဟာ ၂၀၁၅ မှာ စတင်ဖွဲ့စည်းခဲ့ပေမယ့် လူသိပ်မသိခဲ့ပါဘူး။ ၂၀၂၀ အောက်တိုဘာလမှာ ကျင်းပခဲ့တဲ့ ESL One Germany 2020 မှာ Open Qualifier ကနေ တက်လာခဲ့ပြီး အသင်းကြီးတွေကိုပါ ပြန်လည်ဆော့ကစားနိုင်တဲ့ အရည်အချင်းရှိလို့ အားလုံးကလည်း စောင့်ကြည့်နေကြတဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။

Epic League Division စမှာတော့ YES ဟာ Closed Qualifier ထိ တက်ခဲ့ပေမယ့်လည်း ရုတ်တရက်ပေါ်လာတဲ့ Just Error ဆိုတဲ့ အသင်းနဲ့ Best of 5 မှာ 3-1 ဆိုတဲ့ ရလဒ်နဲ့ ရှုံးခဲ့ပြီး Division 2 ကို ရောက်ရှိခဲ့ပါတယ်။ ကြိုတင်မကြေညာထားတဲ့ ပွဲစဉ်နဲ့၊ Tie-breaker တချို့ကြောင့် Epic League ဟာ ဝေဖန်မှုတွေ မြင့်တက်နေတာကိုလည်း တွေ့ရပါတယ်။

YES ဟာ Division 2 မှာ ၉ ပွဲကစားပြီး ၈ ပွဲနိုင် ၁ ပွဲရှုံးရလဒ်နဲ့ အဆင့်တစ်နေရာကနေ play in stage အဆင့်ကို တက်ရောက်ခဲ့ပါတယ်။ Play in Stage မှာတော့ တိုက်တိုက်ဆိုင်ဆိုင် Just Error အသင်းနဲ့ ပြန်လည် တွေ့ဆုံခဲ့ပါတယ်။ YES ရဲ့ Team Rosters ကတော့ Yatoro, mio လို့ လူသိများတဲ့ Torontotokyo, Collapse, so bad, Miposhka တို့ပဲ ဖြစ်ပါတယ်။ Yatoro ဟာ အသက် ၁၇ နှစ်သာ ရှိသေးပေမယ့် အရွယ်နဲ့ မလိုက်အောင် individual skill ဟာ ကောင်းမွန်လွန်းပါတယ်။

Game 1 – Just Error အသင်းဟာ Faceless Void, Ancient, Sand King, Abaddon, MK တို့လို လုံလောက်တဲ့ AOE, Stun, Healing, Debuff တွေနဲ့ ပွဲကို စတင်ခဲ့ပါတယ်။ YES ကတော့ IO, Sladar, Disruptor, Sven, Void Spirit တို့ကို ရွေးချယ်ခဲ့ပါတယ်။ YES ဟာ IO, Slardar, Disruptor တို့ကို tri သွားခဲ့ပြီး Ramzes666 ရဲ့ farming ကို နှောင့်ယှက်ခဲ့ပါတယ်။

Just Error အနေနဲ့လည်း Void, Sk, Ancient တို့နဲ့ tri လာခဲ့ပေမယ့် ထင်သလောက် အဆင်မပြေခဲ့ဘဲ YES အသင်းကို hero kills တွေ ပေးခဲ့ရပါတယ်။ YES ရဲ့ Teamwork ဟာ Just Error ထက် ပိုကောင်းတယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရခဲ့ပါဘူး။ Void Spirit level 6 ရတဲ့အချိန် Disruptor နဲ့ပူးပေါင်းပြီး mid မှာ MK ကို သတ်နိုင်ခဲ့ပါတယ်။ Portal နဲ့ ပြန်ဆင်းလာတဲ့ MK ကိုလည်း glimpse နဲ့ fountain ကို ပြန်ပို့ခဲ့ပါတယ်။ ဒါဟာ Void Spirit အတွက်တော့ တစ်ပွဲလုံး လှုပ်လှုပ်ရှားရှားဆော့နိုင်ဖို့ အခွင့်အရေးတစ်ခုပါပဲ။

Collapse ရဲ့ Slardar ကလည်း ပွဲမှာ တော်တော်လေး လှုပ်လှုပ်ရှားရှား ဆော့နိုင်ခဲ့ပါတယ်။ Void ရဲ့ Chrono တွေဟာ ကောင်းမွန်ခဲ့ပေမယ့်လည်း damage မလောက်တဲ့အတွက် အကျအရှုံးများခဲ့ပါတယ်။ Just Error အနေနဲ့ farming heroes နှစ်ကောင်နဲ့ အဆင်မပြေတော့ဘဲ YES ရဲ့ တစ်ဦးချင်း pick up လုပ်တာကို ခံခဲ့ရပါတယ်။ ၃၁ မိနစ်အရောက်မှာတော့ Just Error ဟာ GG ခေါ်ခဲ့ပြီး ပွဲကို အရှုံးပေးခဲ့ပါတယ်။

Game – 2 မှာ Just Error ဟာ Slardar ကို first pick လုယူခဲ့ပါတယ်။ YES ကလည်း IO ကိုပဲ ပြန် pick ခဲ့ပါတယ်။ Just Error အနေနဲ့ Slardar, Snapfire, Oracle, Morphling, Ember တို့ကို ထုတ်ခဲ့ပြီး YES ကတော့ IO, Enchantress, CK, Drow, Void Spirit တို့ကို ရွေး ချယ်ခဲ့ပါတယ်။ Just Error ဟာ bounty rune မထွက်ခင်မှာ Drow ကို သတ်နိုင်ခဲ့ပါတယ်။

မိနစ် ၂၀ ကျော်လောက်ထိ Just Error ဟာ YES အသင်းဘက်ကို pressure ပေးနေခဲ့ပြီး networth ကလည်း 9k ထိကို သာခဲ့ပါတယ်။ မိနစ် ၃၀ လောက်မှာ Just Error ရဲ့ team wipe ကျရှုံးမှုနဲ့အတူ YES ဟာ comeback နိုင်ခဲ့ပြီး နောက်ပိုင်း battle တော်တော်များများ အနိုင်ရရှိခဲ့ပါတယ်။ IO buff ပေးထားတဲ့ Drow ရဲ့ ပစ်ချက်တွေကို ခုခံနိုင်စွမ်းမရှိတော့ဘဲ ၃၄ မိနစ် အကျော်မှာ GG ခေါ်ခဲ့ပြီး Just Error ဟာ Epic League Division 1 ကပါ ထွက်ခွာခဲ့ရပါတယ်။

YES ဟာ Just Error အသင်းကို 2-0 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး Play off ရဲ့ lower bracket မှာ Team OG နဲ့ ကစားရမှာဖြစ်ပါတယ်။