[Zawgyi]


 



 


 






[Unicode]

ကျင်းပပြီးစီးသွားတဲ့ YCN Premium Tournament Season (1)

Yangon CSGO Network – YCN ရဲ့ ပထမဆုံး Premium Tournament Season (1) ကိုတော့ မနေ့က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။

Impunity Esports အသင်းကတော့ ပွဲစဉ်တစ်လျှောက် ရှုံးပွဲလုံးဝမရှိပဲ ထိုက်ထိုက်တန်တန် အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။

YCN Premium Tournament Season-1 Final Standing

YCN ရဲ့ ပထမဆုံး Tier 2 Tournament ရဲ့ ချန်ပီယံ Blu Gaming ဟာ ပွဲတိုင်းကျော် Impunity Esports ကို အကောင်းဆုံး ဖိအားပေးနိုင်ခဲ့ပြီး Impunity တစ်သင်းထဲကိုသာ အရေးနိမ့်ခဲ့ရလို့ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ တတိယရသွား တဲ့ OGN Gaming ဟာ လည်း ပထမနဲ့ ဒုတိယ ရသွားတဲ့ Impunity နဲ့ Blu Gaming ကိုအရေးနိမ့်တာ ဖြစ်ပါတယ်။

Champion – Impunity Esports
First runner-up – Blu Gaming
Second Runner-up – OGN Gaming

ဆုကြေးအဖြစ်ကျတာ့ Impunity က ၃ သိန်း၊ Blu Gaming က ၂ သိန်းနဲ့ OGN Gaming က ၁ သိန်း ရရှိပိုင်ဆိုင်ခဲ့ကျပါတယ်။

နောက်လများမှာလည်း YCN ရဲ့ ပြိုင်ပွဲ အသစ်တွေ ထပ်ရှိဦးမှာမလို့ Yangon CSGO Network – YCN page ကို စောင့်ကြည့်ပေးကျပါ ခင်ဗျာ။