2021 DPC Open Qualifier အောင်ပြီး နောက်တစ်ဆင့် တက်ရောက်သွားခဲ့တဲ့ X.Veteran

 

2021 ရဲ့ နှစ်စမှာပဲ Valve က ကြေညာလိုက်တဲ့ Dota Pro Circuit (DPC) 2021 ရဲ့ ပုံစံတွေဟာ Dota2 လောကမှာတော့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းခဲ့ပါတယ်။ (DPC အကြောင်း အသေးစိတ်သိချင်ရင်တော့ Gaming Noodle Facebook Page မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ)

​DPC SEA Open Qualifier 1 မှာတော့ မြန်မာအသင်းတွေထဲက X.Veteran, YG, No Grim တို့ယှဉ်ပြိုင်ခဲ့ကြပေမယ့် ရလဒ်တွေက ဆိုးရွားခဲ့ပါတယ်။ Qualifier 2 မှာတော့ မြန်မာအသင်း တော်တော်များများဟာ Round of 16 အထိတက်ခဲ့ပြီး YG အသင်းဟာလည်း Quarter Final ထိ တက်ရောက်နိုင်ခဲ့ပါတယ်။ X.Veteran အသင်းကတော့ Semi-final မှာ draingang ဆိုတဲ့ အသင်းကိုပါ အနိုင်ရရှိခဲ့ပြီး Qualifier 2 မှာ တက်မယ့် နှစ်သင်းထဲ ပါဝင်သွားခဲ့ပါတယ်။

 

Qualifier ပွဲစဉ်တွေဟာ Bo1 ဖြစ်တာနဲ့အညီ တစ်ဖက်အသင်းရဲ့ draft ပိုင်းတွေကလည်း ခန့်မှန်းရတာ အတော်လေးခက်ပါတယ်။ လုံး၀ကို အမှားခံလို့မရတဲ့ ပွဲစဉ်တွေလို့လည်း ဆိုနိုင်ပါတယ်။ Out of Draft လုပ်နိုင်တဲ့ အသင်းတွေဟာ ဂိမ်းကို ပိုပြီး လွယ်ကူစွာ ပိုဆော့နိုင်ပြီး အနိုင်ယူနိုင်တာတွေကိုလည်း တွေ့ခဲ့ရပါတယ်။

X.Verteran နဲ့ draingang ရဲ့ ပွဲသုံးသပ်ချက်လေးကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

X.Veteran အသင်းကတော့ Keeper of the Light, Brewmaster, Night Stalker, Phantom Lancer, Queen of Pain တို့ကိုရွေးချယ်ခဲ့ပြီး draingang ကတော့ Dark Willow, Juggernaut, Nyx Assassin, Batrider, Timbersaw တို့ကို ရွေးချယ်ခဲ့ပါတယ်။

draingang အသင်းရဲ့ last pick ဖြစ်တဲ့ Timbersaw ဟာ X.Veteran အတွက်တော့ Laning မှာ အတော်လေး အာရုံနောက်စေမယ့် pick up တစ်ခုလို့ပဲ ဆိုရမှာပါ။ Jugg ကို အထောင်ပုံစံ trilane ဆော့စေပြီး Timber ကလည်း ကောင်းမွန်တဲ့ lane တစ်ခု ရရှိစေမယ့်ပုံစံ မျိုးနဲ့ draingang အသင်းဟာ ပွဲထွက်လာခဲ့ပါတယ်။ Veteran ရဲ့ Brewmaster ဟာ po5 ဖြစ်နေသလို PL အတွက်လည်း Laning မှာ တော်တော်လေး ခက်စေမယ့် pick up တစ်ခုပါ။

၄ မိနစ်ကျော်မှာပဲ X.Veteran အသင်းရဲ့ Keeper ဟာ အပေါ်လမ်းမှာ သေခဲ့သလို၊ အောက်လမ်းက solo ဖြစ်နေတဲ့ PL က လည်း Timbersaw ရဲ့ pure magic spells တွေနဲ့ သေခဲ့ရပါတယ်။ ဒီလို သေသွားတာဟာ X.Veteran အသင်းအတွက် အဖြေတစ်ခု ဖြစ်သွားခဲ့ပါတယ်။ Wraith Band နှစ်ခုရယ်၊ Glove of haste ရရှိနေပြီးသားဖြစ်တဲ့ PL ဟာ jungle မှာ farm နေခဲ့ပြီး Kalay99 ရဲ့ Keeper ကတော့ lvl 3 နဲ့တင်ပဲ အောက်လမ်းက tower ကို illuminate နှစ်ဆင့်နဲ့ပဲ အောင်မြင်စွာ ကာခဲ့နိုင်ပါတယ်။

Night Time ဖြစ်တဲ့အချိန်မှာ NS ကလည်း အဆင်ပြေခဲ့သလို Kenji ရဲ့ jungle နှောင့်ယှက်ခြင်းနဲ့ mid ganking တွေဟာလည်း အောင်မြင်ခဲ့ပါတယ်။ Mid မှာတော့ QOP နဲ့ Batrider မှာလည်း QOP ဟာ အတော်လေး သာခဲ့ပါတယ်။ Laning အသာ last pick ဖြစ်တဲ့ Timbersaw ကလည်း အောက်လမ်းမှာ တာဝါရဖို့ အဆင်မပြေတာကြောင့်ရယ်၊ mid မှာ battle တွေဖြစ်တာကြောင့်ရယ်နဲ့ mid ကို tp နဲ့ ကူခဲ့ပြီး အဆင်မပြေ​ ဖြစ်ခဲ့ရပါတယ်။

၁၀ မိနစ်လောက်မှာတင်ပဲ X.Veteran အသင်းဟာ team networth 3k အသာနဲ့ ပွဲကို ဦးဆောင်ထားနိုင် ခဲ့ပါတယ်။ တစ်ဖက်အသင်းရဲ့ jungle တွေမှာပဲ X.Veteran အသင်းရဲ့ လေးယောက်လုံးဟာ ဆော့ကစားနေခဲ့ပြီး Mice ရဲ့ PL ဟာလည်း free farm ရနေခဲ့ပါတယ်။ Battle Fury ထည့်ထားတဲ့ Juggernaut အတွက်တော့ လွတ်တဲ့နေရာတွေမှာ farm နေခဲ့ပေမယ့်လည်း သူ့ရဲ့အသင်းက Team fight တွေမှာ အကျအရှုံးများနေခဲ့ပါတယ်။

 

draingang အသင်းဟာ Diffusal, Manta Style ရရှိနေတဲ့ PL ကို Lesso, Omnislash နဲ့သတ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း damage မလုံလောက်ခဲ့ဘဲ Jugg, Batrider, Nyx တို့ပါ ပြန်သေခဲ့ရပါတယ်။ X.Veteran အနေနဲ့ သာနေတဲ့ အခွင့်အရေးတွေကို အပြည့်အ၀ရယူနိုင်ခဲ့ကာ Highground pushing စလုပ်တဲ့ battle မှာပဲ အနိုင်ရရှိခဲ့ပြီး ၂၇ မိနစ်မှာပဲ draingang အသင်းဟာ GG ခေါ်ပြီး အရှုံးပေးခဲ့ရပါတယ်။

Kalay99 ရဲ့ Keeper ဟာ mid player တစ်ယောက်ရဲ့ networth နီးပါးကို ရရှိခဲ့ပါတယ်။ Networth များခြင်းအပြင် သူ့ဆီက Will-O-Wisp တွေ၊ Scythe of Vyse တွေဟာ ပွဲအတွက် အတော်လေး useful ဖြစ်ခဲ့တာလည်း တွေ့ရပါတယ်။ အသင်းတစ်သင်းရဲ့ Strategy (Hero Skills, Items builds, Lane Pairing and positions, Team Strategies) ဟာ တော်တော်လေး အရေးပါတယ်ဆိုတာကို Kenji ရဲ့ ဦးဆောင်မှုတွေနဲ့အတူ တွေ့မြင်ခဲ့ရပါတယ်။

 

X.Verteran အနေနဲ့ ထိုက်တန်တဲ့အောင်မြင်မှုတစ်ခုကို Qualifier 2 မှာပဲ ရရှိခဲ့ပါတယ်။ Qualifier 3 နဲ့ 4 တွေမှာရော မြန်မာအသင်းတွေထဲက ဘယ်အသင်းတွေ တက်ရောက်သွားမလဲဆိုတာ စောင့်ကြည့်အားပေးကြပါဦးလို့ . . .

 

#palatar