[Unicode]
XNINE Myanmar Dota2 Online Championships Grand Finals သုံးသပ်ချက်
မနေ့ကမှ ပြီးသွားတဲ့ XNINE Myanmar Dota 2 အွန်လိုင်းချန်ပီယံရှစ် ပြိုင်ပွဲမှာတော့ လိုကယ်မှာ ဆယ်စုနှစ် တစ်ခုကျော် ပြိုင်ပွဲကြီးတိုင်းကို ဗိုလ်စွဲနေတဲ့ Team Veteran ရဲ့ လူစာရင်းအသစ်ဟာ Yangon Galacticos ကို ပထမဆုံး အကြိမ် ဖိုင်နယ်မှာ အရေးနိမ့်ခဲ့ပြီး မြန်မာနိုင်ငံအတွက် ချန်ပီယံ အသစ် တစ်ယောက် ပေါ်ထွက်လာစေခဲ့ပါတယ်။ ဒီပွဲအပေါ်ကို Dota 2 Caster/ Panelist/ Coach တစ်ဦးဖြစ်တဲ့ ကိုခန့် (Hypnos) ရဲ့ သုံးသပ်ချက်ကို Gaming Noodle မှ ဖော်ပြပေးလိုက်ပါတယ်။
Photo : X Nine TV
Game 1 က စလို့ Game 4 ပွဲစဥ်အားလုံးကို သေချာခြုံငုံပြီး ကြည့်ရင် ပွဲတွေကထင်သလောက် စိတ်လှုပ်ရှားမှုမပေးဘဲ ပျင်းစရာကောင်းတယ်ပဲ မြင်မိပါတယ်။ YG ဟာ Upper Bracket မှာ Veteran နဲ့ဆော့ခဲ့ပြီး ရှုံးတုန်းက YG နဲ့ လားလားမှ မသက်ဆိုင်တော့ဘဲ ဒီ best of five series ကိုသေချာ ပြင်ဆင်ချဥ်းကပ်လာခဲ့ပြီး တစ်ဖက်မှာတော့ ဒီနေ့ X.Veteran ရဲ့ draft တွေဟာ အနည်းငယ် မေးခွန်းထုတ်စရာလေးတွေ ရှိနေပါတယ်။
ဂိမ်း 4 ပွဲလုံးမှာ အငြင်းပွားဖွယ်မရှိ အကောင်းဆုံး player ဟာ Young PH ဖြစ်ပြီး နောက်တစ်ယောက်ကတော့ Skill Lay ပါ။
X.Veteran ရဲ့ အဓိက Player Maker တစ်ဦးဖြစ်တဲ့ ShowTi ဟာ သူဆော့နေကြ အလှုပ်အရွနဲ့ အသင်းကို ကူပေးလေ့ရှိတဲ့ heroes တွေ ban list ထဲ တစ်ချို့ရောက်နေပြီး ရှိတဲ့တစ်ချို့ကလည်း Kenji အမြင်မှာတော့ synergy အရ မကောင်းလောက်တဲ့ အတွက် မထုတ်ခဲ့၊ မသုံးခဲ့တာကြောင့် မြင်နေကျ ဆော့နေကြ မဟုတ်တဲ့ heroes တွေနဲ့ ShowTi ကိုမြင်ခဲ့ရပြီး အသင်းနဲ့ လမိုင်းသိပ်မကပ်ခဲ့ပဲ X.Veteran ရဲ့ timing တွေ tempo တွေမှာ တော်တော်လည်းထိခိုက်ခဲ့တာကို မြင်တွေ့ရမှာပါ။
နောက်ထပ် ထူးခြားချက်အနေနဲ့ကတော့ ပွဲ 4 ပွဲလုံးမှာ X.Veteran ဟာ အမြဲ Dire, First pick ဖြစ်နေတာပါ။ ကျွန်တော် ထင်တာ မမှားရင် coin toss ဟာ ပွဲတိုင်း X.Veteran ပဲနိုင်ပြီး X.Veteran ဟာ first pick ကို အမြဲအရယူနေတာဖြစ်ဖို့ များပါတယ်။ နောက်ဖြစ်နိုင်ခြေက YG ever coin toss win ပြီး Radiant ယူခြင်းပါပဲ (ပထမတစ်ခုပဲ ပိုဖြစ်နိုင်)။
Game 1
Photo : X Nine TV
အရင်ဆုံး pick ban တွေက စပြောရရင် စလယ်ဆုံး objectives အပါ draft မျိုးကို kenji ဆီက အမြဲမြင်ရပြီး သူ့ရဲ့ draft တွေဟာ ပုံမှန်အားဖြင့် တော်တော်လေးကောင်းလွန်းပါတယ်။ တစ်ဖက် 4 ကောင် pick ပြီးသွားချိန်ထိ X.Veteran pick power ဟာ YG နဲ့မတိမ်းမယိမ်းပါပဲ (YG ဟာ last pick ရထားတာပါ)။
ဒါပေမယ့် Treant, Rubick, Faceless Void, Phoenix အပြီးမှာ လိုနေတာက Damage dealer or pusher mid မျိုးပါ။ Ember Spirit ဟာ ကောင်းမွန်တဲ့ pick ဖြစ်ပေမယ့် ban list ထဲ မရောက်နေတဲ့ Death Prophet, Queen of Pain, Puck စတဲ့ heroes တွေက ပိုပြီး သင့်တော်မယ်လို့ထင်မိပါတယ်။ ပွဲကြည့်နေရင်း တွေးမိတာက အဲ့သုံးကောင်ထဲက တစ်ကောင်ပဲ လာမယ် ထင်ခဲ့မိပြီး DP pick ဟာ အရွေးသင့်ဆုံးနဲ့ အဆိုပါပွဲနဲ့ အလိုက်ဖက်ဆုံး၊ ပွဲထိန်း objectives ယူဖို့ အကောင်းဆုံးပါ။
X.Veteran ဟာ Ember Spirit ကို ရွေးချယ်ခဲ့ပြီး Ember Spirit pick အပြီးမှာတော့ YG ဟာ last pick အားသာချက်ကို အကောင်းဆုံး အသုံးချမှုနဲ့အတူ Magnus ကို pick ခဲ့ပြီး lane သုံးခုလုံးကို ဖိအားကင်းကင်းနဲ့ ဆော့ကစားခဲ့ပါတယ်။ ဖိအား ကင်းလား မကင်းလား ကတော့ 6 min 30 sec မှာ heroes kill YG 1 : 0 Veteran မှာကို network က 3k ပြတ်နေခဲ့ပါတယ်။
အပေါ်လမ်းမှာ Pugna နဲ့ ထိန်းနေရတဲ့ Void ဟာလည်း တော်တော်လေး မစားသာဘဲ 5 မိနစ် Siege Creep ရဲ့ အားသာချက်နဲ့ အတူ Pugna ဟာ 6 မိနစ် အရောက်မှာ tower ကို pressure စပေးပါတယ်။ အဲ့အချိန်မှာ ShowTi (Phoenix) ဟာ ShowTi အဆန်ဆုံး Movement ကို လုပ်ခဲ့ပြီး Top Dire T1 Tower ကို TP ကျပြီး Pugna ကို သတ်ကာ lane ကို cover ပြန်ပေးခဲ့တာပါပဲ။
ဒါပဲလားဆိုတော့ မဟုတ်သေးပါဘူး။ Respawn ဖြစ်ကာ TP ထပ်ကျလာတဲ့ Pugna ကိုချက်ချင်း lane ပေါ်ပြန်တက် creeps စားချိန်ထပ်သတ်တာပါ (ကောင်းသလိုလိုနဲ့ မကောင်းတဲ့ moveပါ)။ နောက်ဆက်တွဲ မကောင်းတဲ့ အကျိုးဆက်ကတော့ dire offlane tower ပေးလိုက်ရတာပါ။ အလားတူ dire Mid tower ကလည်း ကျိုးလုနီးပါး ဖြစ်နေခဲ့ပါတယ်။
Ember ကလည်း lane မသာချိန်မှာ အသင်းအတွက်လည်း မယ်မယ်ရရ လုပ်ပေးစရာမရှိသလို သူကိုယ်တိုင်တောင် အချိန်ပြန်ယူနေရပါပြီ။ IO pick ရယ် Skill Lay save တွေရယ်ကိုတော့ ထည့်မပြောလိုတော့ပါဘူး။
14 မိနစ်မှာ Lane ကို ထွက်စားတဲ့ FV ကိုသတ်အပြီး Dire offlane T2 Tower ကို ရလိုက်တာဟာ YG ရဲ့အကောင်းဆုံး timing နဲ့ play ဖြစ်ပါတယ်။ မိနစ် 20 လောက်ထိ အမှားအယွင်းနည်းနည်းနဲ့ အသေသပ်ဆုံးဆော့ခဲ့တဲ့ YG ဟာ မိနစ် 20 စွန်းစွန်း Top Dire T2 Tower နားက battle မှာတော့ အကုန်တလွဲကြီးပါပဲ။
ဘယ်လိုပဲလွဲလွဲ battle တစ်ခုအပြီး cooldown ပြန်စောင့်ရတဲ့အနေအထားတွေမှာ Veteran ဟာ ဘာမှလုပ်လို့ မရအောင်ကို Map မှာ move မရတာပါ။ ဥပမာ – Chronosphere နဲ့ God’s Strength ကွာခြားချက် (160 vs 110) ဟာ အတော်သိသာပြီး Empower buff နဲ့ io ဟာလည်း FV မရတဲ့ တစ်ဖက် draft ရဲ့ အကောင်းဆုံး pick တွေပါပဲ။
ဒီပွဲ Young PH ရဲ့ undead ဟာ Skill Lay ဆီက မြစ်ဖျားခံပါတယ်။ ShowTi ရဲ့ Phoenix ကို ဘယ်လိုမှ ခံစားလို့ မရဘဲ Kalay99 ကတော့ သူဟာ Magnus လား Rubick လား မကွဲပြားလောက်အောင်ကို RP ရခဲ့ပါတယ် (အလှပဆုံးလည်း ပြန်သုံးပြခဲ့ပါတယ် နိုင်သွားရင်တသသ ကျန်ရစ်နေစေမဲ့ RP မျိုးတွေပါ)။
Ember mid လှုပ်မရတာဟာ အဆိုးဆုံးဟာကွက်ဖြစ်ခဲ့ပြီး Mice ကတော့ ၀တ်ကျေတန်းကျေလောက်ပါပဲ။ Roshan 2nd time မှာလည်း Rubick က roshan ဆီက ရတာမှန်သမျှ အကုန် မ, သွားပေမဲ့ Veteran တို့ line up က Battle ကို အပြတ်ဖြတ်နိုင်ဖို့ ဘယ်လိုမှ Damage မလောက်ပါဘူး။
YG ဘက်ကလည်း တစ်ချက်တစ်ချက် အမှားလေးတွေနဲ့ အကုန်နီးပါးသေ (PH ကလွဲ) လည်း Spells တွေ on cd ဖြစ်နေတာ Objectives မယ်မယ်ရရ ဆက်လုပ်လို့ မရတာတွေက တော်တော်လေးထိုးနှက်ပါတယ်။ Young PH ရဲ့ aiming target တွေကတော့ ageis ကို right click ထောက်ကောက်ဖို့ မေ့လောက်အောင်ထိ မှန်ကန်လွန်းနေခဲ့ပါတယ်။
Lun ရဲ့ Shackleshot တွေကလည်းတော်တော်အသုံး၀င်ခဲ့ပါတယ်။ YG ရဲ့ အဖြည့် သုံးကောင် အထောင်နှစ်ကောင် draft ကတော့ အရမ်းကြီး သေသပ်ကောင်းမွန်လှတဲ့ battle play တွေမမြင်ရပေမယ့် Map control တော့ သေသပ်နေပြီး Objectives မယ်မယ်ရရမလုပ်နိုင်ဘဲ လမ်းသုံးခုလည်း အစတည်းက မသာခဲ့တဲ့ X.Veteran ကို 39 မိနစ်အရောက်မှာပဲ အနိုင်ယူသွားခဲ့ပါတယ်။
Game 2
Photo : X Nine TV
Kenji ဟာ IO ကိုနောင်ကြဥ်သွားခဲ့ပြီး ထိပ်ဆုံးကနေ Ban ပစ်လိုက်ပြီး first pick မှာ Tiny ကိုအရယူခဲ့ပါတယ်။ Rubick ကို YG က pick အပြီးမှာတော့ ပြီးခဲ့တဲ့ပွဲမှာ ကျွန်တော် X.Veteran အတွက် အထုတ်စေချင်ဆုံး hero ကို ရဲရဲတင်းတင်းနဲ့ ဒုတိယ pick မှာထုတ်လာခဲ့ပါတော့တယ် Death Prophet ပါ။
YG က Sven နဲ့အရမ်းလုပ်နိုင်နေတဲ့အတွက် sven ပဲ ထပ်ယူပြီး ထုံးစံအတိုင်း ShowTi ရဲ့ Heroes တွေကို ban list တင်ပါတယ်။ X.Veteran က Snapfire, Faceless Void အပြီးမှာ Legion Commander ကို ရွေးပါတယ်။ DP ဟာလည်း mid choice ဆိုတာ အစတည်းက အရမ်းပေါ်လွင်ပါတယ်။
Last pick အားသာချက်ကို YG ဟာ အမြဲအသုံးချခဲ့ပါတယ်။ All in one solution အနေနဲ့တကယ်ကိုကောင်းတဲ့ Pugna ကို ထပ်ထုတ်ပါတယ်။ ဒီပွဲကတော့ ZawRain Offlane အတွက် မဟုတ်ဘဲ Haw အတွက် Mid ပါ။
ထုံးစံအတိုင်း Last pick အပြီး draft မှာ pick power က YG ကပဲ ထပ်သာပြန်ပါတယ်။ ShowTi က သူ့အကောင်မဟုတ်ပြန်ပေမယ့် Game tempo play မှာ Insane ရဲ့ DP က ယုံလို့ရသလို အသုံးလည်း၀င်ပါတယ်။ ပွဲကတော့ lane သုံးခုလုံး တိတ်ဆိတ်ငြိမ်သက်စွာနဲ့ ကိုယ့်အလုပ်ကိုယ်လုပ်နေကြပြီး 5 မိနစ် စွန်းစွန်းလောက်ထိ first blood တောင်မမြင်ခဲ့ရပါဘူး။ လမ်းသုံးခုလုံးက သူမသာ ကိုယ်မသာပါပဲ။
5:30 min မှာ DP ရဲ့ tower teleport နဲ့အတူ Ultimate သုံးကာ Sven ကို tower dive ပြီး first blood ယူခဲ့ပါတယ်။ အရမ်း အ၀င်လွန်ပြီး Pugna, Phoenix တို့ရဲ့ backup နဲ့အတူ ပြန်သေလိုက်ရချိန်မှာ first time Exorcism က no objective ဆိုတာကတော့ တော်တော်နစ်နာပါတယ် (မတန်တဲ့ trade တစ်ခုပါပဲ)။ အဲဒီနောက်မှာ ပွဲက ပုံမှန်လေးပဲ ရွေ့နေတာ 15min လောက်ထိပါပဲ။
14:48 min မှာ တစ်စုံတစ်ယောက်က ပိုက်ဆံ 2402 နဲ့ Quick Buy ထဲကို gambling အဆန်ဆုံးနဲ့ အရူးမိုက်ဆုံး item တစ်ကွက်ထောက်လိုက်ပါတယ်။ ထောက်လိုက်သူဟာ Mice ဖြစ်ပြီး Hero က Faceless Void , item က Battle Fury ပါ။ သူ့အသင်းဟာ DPS ပြသနာရှိလာတော့မယ့် အချိန်အပိုင်းအခြားကို ရောက်လာပြီး 2 x Wraith Band + Mask of Madness + Power Treads နဲ့ပါ။
Battle Fury နောက်သုံးလေးမိနစ်မှာပြီးရင်တောင် DPS ပြသနာထပ်ရှိမယ် ထပ်သွားရဦးမဲ့ itemကလည်း BKB ဆိုတော့ Chrono ထဲတောင် အဆင်ပြေပါ့မလားပေါ့။ Battle Fury အပြီး Battle တွေ အခြေအနေမကောင်းရင် BKB ကို မရရတဲ့ နေရာက ရှာရမယ် BKB ပြီးရင်လည်း DPS ကစိုးရိမ်ရသေးဆိုတော့ … ဒါပေမယ့် တစ်ဖက်က ကြည့်ရင်တော့ Snapfire ulti နဲ့ combo တွဲလို့ အဆင်ပြေနေသေးတဲ့အနေထားမှာ သူfarm ကိုယ်farm မှာ Great Cleave နဲ့ Sven ကိုကြာရင် ပိုပြတ်သွားနိုင်တာက ရှိသေးတော့ Battle Fury ပေါ့။
ပွဲလေးက မျောနေရင်း 18:16 မှာ FV က Battle Fury အရ၊ DP ultimate နဲ့အတူ YG Radiant T2 tower ကို အရချိုးပြီး ဆိုင်တဲ့ battle မှာတော့ YG တွေ ယုန်တောင်ပြေး ခွေးမြောက်လိုက် ဖြစ်နေပြီး Battle နှစ်ခြမ်းကွဲတဲ့ ရလဒ်က Rubick ကလွဲ အကုန်သေပြီး battle fury နဲ့ void ကတော့ gambling အောင်မြင်ခဲ့တယ် ပြောရပါမယ်။
ဒါပေမဲ့ ဒါပေမဲ့ … … ထပ်ပြီးတော့ FV တည်လိုက်တဲ့ BKB နဲ့အတူ တစ်ပါတည်းထည့်ထားတဲ့ quick buy ကတော့ သိပ်အသုံးတည့်မယ်မထင်တဲ့ Aghanim’s Scepter ပါ။ အဲ့ quick buy ထဲ ထည့်ထားတဲ့ items တွေ အကုန်ပြီးသွားလည်း ထင်သလောက် damage ထွက်မှာ မဟုတ်သလို လိုအပ်နေသေးတဲ့ attack speed အတွက် အဖြေရှာစရာ item တစ်ကွက်က လိုပါသေးတယ်။
Punga ရဲ့ W (Decrepify) နဲ့ နောက်ပိုင်း FV အတွက် မဖြစ်မနေထည့်လာကြမယ့် တစ်ဖက်အသင်းက Aeon Disk တွေ အတွက်လည်း Nullifier မဖြစ်မနေ လိုလာပါလိမ့်ဦးမယ်။ Mice ရဲ့ itemization ဟာ အသင်းအတွက်ရော သူကိုယ်တိုင် အတွက်ရော အဆင်ပြေမနေခဲ့ပါဘူး။ ပွဲပြီးတဲ့ထိ 6 ကွက် အစဥ်လိုက်အရ Power Treads, Battle Fury, Black King Bar, Aghanim’s Scepter, Satanic, Butterfly မှာ Damage 310 , Attack Speed 360 (0.47s) ပါ။
ကျန်တာတွေတော့ အများကြီးထည့်မပြောလိုတော့ပါဘူး။ Skill Lay ဟာ Skill Lay အပီသဆုံးပွဲ ဖြစ်ခဲ့ပါတယ်။ X.Veteran ဟာ ပွဲကို လုံလောက်တဲ့ဦးဆောင်မှုနဲ့ မောင်းနှင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းနဲ့ towers ယူတဲ့ အပိုင်းတွေမှာ decision အားနည်းတာ communication တွေလွတ်နေတာတွေ အတိုင်းသားတွေ့ရပါတယ်။
ဒီပွဲမှာ YG အကြောင်း ပြောတာထက်စာရင် Skill Lay တအားကောင်းခဲ့ပါတယ် ဆိုတာထက်ကို X.Veteran တော်တော်လေး မှားခဲ့တယ်လို့ ဆိုရမှာပါ။ Mice ရဲ့ itemization ကတော့ ကျွန်တော် ထိပ်ဆုံးကနေ ထည့်ပြောချင်တဲ့ အပိုင်းမှာ ပါပါတယ်။ အထက်မှာပြောခဲ့တဲ့အတိုင်း Pick power အသာနဲ့ YG က နောက်ဆုံးတော့ 47min 27sec မှာ throne ပဲ တည်ချိုးရင်း Game 2 ကိုနိုင်သွားပြန်ပါတယ်။
Game 3
Photo : X Nine TV
Sven ကို Ban တာဟာ IO ကို ban တာထက် ပိုကောင်းတယ်ဆိုပြီး Draft ကိုတည်လိုက်တဲ့ပွဲပါ။ X.Veteran ရဲ့ Do or Die plan စတင်လာပြီး လွန်ခဲ့တဲ့ Tournaments များဆီက Mice ရဲ့ အကြမ်းဆုံးဖြစ်ခဲ့တဲ့ Riki နဲ့အတူ Riki + Grimstroke ကို ပြန်အသက်သွင်းလိုက်တာပါ။
နောက်ဆုံးတစ်ကောင်မှာ Windranger ကိုထုတ်ပြီး Tiny and Windranger ခွပြီး လိုသလို Mid ဆော့လို့ရအောင် တည်လိုက်တာပါ (Tiny mid ကတော့ Void Spirit မထွက်ခင်တည်းကကိုတန်နေပါပြီ)။ YG အတွက် last pick အားသာချက် အမြဲအရယူပေမယ့် နောက်ဆုံးသော Void spirit က ကောင်းတယ်လို့ ပြောရလောက်ထိ မကောင်းတော့ပါဘူး။ pick power overall အရ X.Veteran ကိုတောင် သဘောကျရမယ့်ပွဲပါ။
ဒီပွဲက Insane စစ်စစ်၊ ShowTi စစ်စစ်၊ Mice စစ်စစ်ကို ပြန်လည် ရှုစားရတဲ့ပွဲဖြစ်ပါတယ်။ အစောပိုင်းအချိန်တွေဟာ နှစ်ဖက်လုံးအတွက် သာသာယာယာလေးပဲဖြစ်နေပြီး laning phase အပြီးမှာ Mice ရဲ့ Riki ဟာ net worth ပထမနေရာကို အပိုင်စားထားပါတယ်။
15min လောက်အရောက်မှာတော့ suicide laner ဟာ pusher ဖြစ်နေတာရယ် Veno ဖြစ်နေတာရယ်ကြောင့် mid မှာ ကျောက်ချပြီး မြွေတိုင်ထောင်ကာ tower force ရုံပါပဲ။ YG က mid tower သာ ပေးလိုက်ရရင် Diffusal Riki နဲ့ Dagger Tiny တစ်လောကလုံးကို ပတ်ရိုက်နေမှာကို ပိုကြောက်လို့ tower ကိုရသလောက်ကာတာပါ။
ခက်တာက အရမ်း သေပွဲ၀င်လိုက်ရတဲ့ Tower defence ဖြစ်ပြီး Young PH က ဟုတ်မလိုလိုနဲ့ လာကာရင်း သေပေးလိုက်ရတာက တော်တော်နစ်နာပါတယ်။ ဆက်တိုက်ပဲ Young PH နောက်တစ်ကြိမ် radiant secret shop နားမှာ ထပ်သေပြီး Mid မှာထပ်ပြီး တဖုန်းဖုန်းသေပွဲ၀င်ရတည်းက ပွဲကမျှော်လင့်ချက်မဲ့ခဲ့တာပါ။ Riki Diffusal + Dagger Tiny စတဲ့ timing မှာ ဘယ်လောက်ထိ snow balling လုပ်လို့ရမလဲ ဆိုတာရယ် Veno နဲ့ objectives ဘယ်လိုအားကိုးယူရမယ်ဆိုတာရယ် သေချာဆော့ခဲ့တဲ့ပွဲဖြစ်ပါတယ်။
YG တွေ Mid ကို support ပဲ ပေးသေရင်း ရသလောက် ကာထားပြီး Young PH space ယူ၊ lane ပြန် split ရင် အဖြေတစ်မျိုးတော့ ပြောင်းနိုင်ပါတယ်။ (တစ်ချို့အရာတွေက ပြောရတာလွယ်ပေမဲ့ လုပ်ရတာ ခက်ပါတယ်၊ ကိုယ်ထင်သလိုလည်း ဖြစ်ချင်မှဖြစ်တာပါ။ Riki Diffusal + Dagger Tiny မှာ တဖုန်းဖုန်းလည်း သေနေနိုင်ပါတယ်။ Mid မကာလည်း)
ကျန်တဲ့ပွဲချိန်တွေက ပြောစရာတောင်မလိုတော့ပါဘူး YG တွေမှာ လုံလောက်တဲ့ space မရှိတော့ဘဲ ဘယ်သွားသွား နောက်ကျောမလုံတော့ပါဘူး။ X.Veteran တွေအတွက် အခက်အခဲလေးဆိုလို့ T3 tower ယူရ နည်းနည်းခက်နေတာလေးပဲ ရှိပြီး အရမ်းပြတ်တဲ့ items,net worth နဲ့အတူ Aegis ပါ ပါလာပြီး mega နှစ်လမ်းကို သေချာအေးဆေးယူလိုက်နိုင်တာပါ။
X.Veteran တွေအတွက် ဒီပွဲကတော့ တစ်သင်းလုံး မြန်ဆန်တိကျတဲ့ heroes killsတွေ battleတွေ objetives တွေနဲ့ အတူ သက်တောင့်သက်သာပဲ ဆော့သွားခဲ့ပါတယ်။ Mice ရဲ့ riki တစ်ကယ်ကို ကြမ်းခဲ့ပြီး ကျွန်တော့်အတွက်ကတော့ Young PH ကို သေချာ aiming လုပ်ကာ အမြဲ၀င်ရှင်းပြီး Damage ထုတ်နေတဲ့ insane ကိုတော့ ဒီပွဲအတွက်အကြိုက်ဆုံးပါပဲ။ YG ကတော့ နောက်ဆုံး Battle ချပြီး အကုန်သေအပြီးမှာတော့ 39 မိနစ် GG နဲ့ အရှုံးပေးလိုက်ပြီး Veteran ကတော့ Game 3 နဲ့အတူပြန်လာခဲ့ပါတယ်။
Game 4
Photo : X Nine TV
Ban phase ကတော့ ထုံးစံလေးအတိုင်း စလိုက်ပြီး ထပ်ပြီးတော့ပဲ Tiny first pick ပါ။ YG ကတော့ တစ်ခါသေဖူး ပျဥ်ဖိုးနားလည်ဆိုသလိုပဲ Veno ကိုအရပြန်ယူပြီး တစ်ဖက်ကထပ်ထွက်လာတဲ့ Phoenix pick အပြီးမှာတော့ Young PH ကို ဂျိုအချွန်ကြီးနှစ်ချောင်း ချက်ချင်းတပ်ပေးလိုက်ပါတယ် (Terrorbalde pick ပေးလိုက်တာပါ :3)။
YG Magnus pick အပြီးမှာ X.Veteran pickတဲ့ storm spirit pick ကလည်းတော်တော်ကောင်းပါတယ်။ YG QOP ဆက် pick အပြီးမှာ X.Veteran က SK ထွက်လာခဲ့ပါတယ်။ X.Veteran က နောက်ဆုံး hero Slark ယူအပြီး YG ဘာကောင်မှ last pick မယူရသေးတာတောင် pick power က carry မှာ ကွာနေတယ်၊ farming မှာလည်း YG က Magnus နဲ့ပါ။ နောက်ဆုံး last pick အားသာချက်ကို ဒီပွဲလည်း YG ထပ်သုံးပြီး Disruptor ပဲအပိုင်ယူပြီး Magnus ကို position 4 ဆော့စေခဲ့တာပါ။ 4 ပွဲလုံးရတဲ့ last pick ကို အကောင်းဆုံး အသုံးချသွားတဲ့ YG ပါ။
QOP VS Storm Spirit matches မှာ SS ဟာ မစားသာပါဘူး။ ပွဲက အစောပိုင်း သိပ်မသိသာပေမဲ့ 13min battle နိုင်အပြီးမှာတော့ YG တွေတစ်ပွဲလုံး map control သေချာလုပ်ပြီး အလှဆုံး combo လေးတွေ battle play တွေ ပြသွားခဲ့ပါတယ်။ ပိုဆိုးတာက ထို battle ပြီးနောက်ပိုင်းတည်းက X.Veteran တွေဟာ 4 ယောက်လောက် စုစု စုစုနဲ့ အမြဲပူးနေပြီး ဘာမှမယ်မယ်ရရမလုပ်နိုင်တော့ပါဘူး။
Free lane တစ်လမ်းဟာလည်း အချိန်တော်တော်များများ လွတ်နေပြီး အေးဆေးစားနေနိုင်ပေမယ့် ဘယ်သူမှ သွားမစားဘဲ YG လုပ်သမျှ နောက်ကိုပဲလိုက်ပြီး react တွေ ဆက်တိုက်လိုက်လုပ်ဖို့ပဲ ကြိုးစားနေတဲ့ movements တော်တော်များများပဲ တွေ့နေခဲ့ရတာ စိတ်ပျက်စရာပါ။
Skill Lay နဲ့ Young PH အကြောင်းတော့ ထည့်ကိုမပြောချင်တော့ပါဘူး။ မပြောမဖြစ်ပြောရမယ့် တစ်ယောက်ကတော့ ရှိနေပါသေးတယ်၊ Haw ပါ။ 100% ရေမရောတဲ့ Haw အစစ်ကို Game 4 မှာအားလုံးပဲရှုစားနိုင်ပါတယ်။ အကြောက်အလန့် ကင်းပြီး ဆုံးဖြတ်ချက် ပြတ်သားရဲတင်းတဲ့ ကစားဟန်တွေ အမှားမရှိသလောက်ဖြစ်တဲ့ အောင်မြင်တဲ့ movements တွေကို ရှုစားရပါလိမ့်မယ်။
YG ဟာ discipline အရှိဆုံးနဲ့ အသေသပ်ဆုံး ဆော့သွားပြီး နောက်ဆုံး Battle Wombo Combo နဲ့အတူ ပွဲကို အဆုံးသတ်ဖို့ထိ အဆင်သင့်ဖြစ်နေခဲ့တာကြောင့် X.Veteran တွေဟာ 30min မှာ GG ခေါ်လိုက်ပြီး YG ဟာ XMDOC ရဲ့ Champion ဖြစ်သွားခဲ့ပါတယ်။
မိမိအမြင်
Miceကို အခုထိ အားမရသေးပါဘူး။
Insane ကလည်း ပုံမှန်ထက်မပိုခဲ့ပါဘူး။
Kalay 99 ကတော့မဆိုးဘူးပြောရမှာပါ။
YG မှာတော့ Lun အတော်ကို ဆန်းသစ်စွာတွေးလာနိုင်၊ ဆော့လာနိုင်ပြီး အသင်းနဲ့လည်း အရမ်း အဆင်ပြေပါတယ်။
ZawRain ရဲ့ အယူအဆ မှန်လား၊ မှားလား တမင်ပဲ အရမ်းဖြည့်ပေးလွန်းနေတာလား ဆိုတာကတော့ နောက်လာမယ့် International Tournaments တွေဆော့တဲ့ results တွေ plays တွေ စောင့်ကြည့်ရမှာပါ။
Game 4 က Haw ဆိုရင်တော့ ဘယ်သူလာလာ မေးပါလိမ့်မယ်။
Photo : X Nine TV
ဒါကတော့ မနေ့က X.Veteran VS Yangon Galacticos ပွဲအပေါ် နှစ်သင်းလုံးနဲ့ နီးစပ်တဲ့ Dota 2 ကျွမ်းကျင်သူ တစ်ဦး ဖြစ်တဲ့ ကိုခန့် (Hypnos) ရဲ့ သုံးသပ်ချက်ပါ။ အခုလို Update သတင်းတွေနဲ့ Featured ဆောင်းပါးတွေ ဖတ်ရှုဖို့အတွက် Gaming Noodle ကို Follow လုပ်ထားပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
Khant Ko Pyae Thu (Hypnos)
[ZawGyi]
Photo : X Nine TV
Game 1
Photo : X Nine TV
Game 2
Photo : X Nine TV
Game 3
Photo : X Nine TV
Game 4
Photo : X Nine TV
မိမိအမြင်
Photo : X Nine TV