Na’Vi မှာ အသင်းဖော်ဟောင်းဖြစ်ခဲ့သူ Dendi ကို ဝေဖန်လိုက်တဲ့ XBOCT

 

Na’Vi အသင်းဟာ Dota 2 လောကမှာ တစ်ခေတ်တစ်ခါက ပြိုင်စံရှားအသင်းကြီးတစ်သင်းအဖြစ် လွန်စွာထွန်းတောက်ခဲ့ဖူးပါတယ်။ Na’Vi အသင်း TI1 ကို အနိုင်ရရှိခဲ့စဉ်က mid lane ကစားသမားဟာ လက်ရှိ B8 အသင်းခေါင်းဆောင်ဖြစ်သူ Dendi ဖြစ်ပြီး carry ကစားသမားကတော့ XBOCT ပါ။ မကြာသေးမီက HellRaisers Dota 2 နဲ့ အင်တာဗျူးတစ်ခုအတွင်းမှာ XBOCT ဟာ အသင်းဖော်ဟောင်း ဖြစ်သူ Dendi အပေါ် ဝေဖန်မှုများကို ပြုလုပ်သွားခဲ့ပါတယ်။

XBOCT Interview with HellRaisers

XBOCT ပြောကြားချက်များထဲမှာတော့ Dendi ရဲ့ တစ်ချိန်က ဂုဏ်သိက္ခာမြင့်မားတဲ့ပုံရိပ်ဟာ ယခုအချိန်မှာ သူ့ရဲ့လုပ်ရပ်များကြောင့် မှေးမှိန်ပျောက်ကွယ်နေပြီဖြစ်ကြောင်း၊ Dendi ရဲ့ tier 2 အသင်းဖြစ်တဲ့ B8 အတွင်း ကစားသမားပေါင်း ၇၀၀ – ၈၀၀ နီးပါး ပြောင်းလဲခဲ့ပြီးလည်းဖြစ်ကြောင်း၊ ဒီအပြောင်းအလဲများဟာ အသင်းကို ပိုကောင်းမလာစေပဲ ပိုလို့သာ ဆိုးလာစေကြောင်း အစရှိသဖြင့် ပါဝင်ခဲ့ပါတယ်။

Current B8 Roster

XBOCT ရဲ့ အဆိုအရ Dendi ဟာ Na’Vi အသင်းအတွင်း အောင်မြင်နေခဲ့စဉ်ကတောင် mid lane ကစားသမားတစ်ဦးအနေနဲ့ ဘာလုပ်ရမယ်ဆိုတာ နားမလည်တဲ့ပြဿနာရှိနေခဲ့တယ်လို့ ဆိုပါတယ်။

ကစားသမားတစ်ဦးဟာ တစ်စုံတစ်ခုကို ပြုလုပ်လိုက်ရင် ဘာကြောင့်လုပ်တယ်ဆိုတာကို မိမိကိုယ်တိုင် နားလည်နေသင့်ကြောင်း

လက်ရှိဘာလုပ်နေတယ်ဆိုတာ သိနေရမှာဖြစ်သလို နောက်ထပ် မိနစ်အနည်းငယ်အတွင်း ဘာလုပ်မယ်ဆိုတာကိုလည်း တွေးနေသင့်ကြောင်း

ဒီအကြောင်းအရာ များဟာ ဂိမ်းတွင်းမှာဖြစ်ပေါ်နေတဲ့အချက်များအပေါ်မူတည်ပြီး ပြောင်းလဲနေတာဖြစ်ကြောင်း၊ မိမိရဲ့ ပြုမူဆောင်ရွက်ချက်များ နောက်ကျသွားရင် အသင်းအတွက် ထိခိုက်နစ်နာမှု များပြားလာမှာဖြစ်ကြောင်း

အရင်က ဂိမ်းကို အချိန်ဆွဲပြီး နောက်ပိုင်းမှာ အမှားလုပ်တဲ့ ပြိုင်ဘက် hero များကို လိုက်သတ်လို့ ရခဲ့ဖူးပေမယ့် ယခုအချိန်မှာတော့ ဒီလိုအမှားလုပ်တတ်တဲ့ကစားသမားတွေ နည်းပါးသွားပြီဖြစ်ကြောင်း

Dota 2 ကစားသမားများအနေနဲ့ အတွေ့အကြုံရင့်ကျက်ပြီး ပိုမိုကောင်းမွန်လာကြပြီဖြစ်လို့ ပြိုင်ပွဲဝင်အသင်းတစ်သင်းမှာ အတွေ့အကြုံမြင့်မားပြီး အခက်အခဲများကို ကောင်းစွာဖြေရှင်းနိုင်မယ့် ခေါင်းဆောင်တစ်ဦးရှိဖို့ လိုအပ်ကြောင်း

Dendi ဟာ ဘယ်တုန်းကမှ အောင်မြင်တဲ့ အသင်းခေါင်းဆောင်မဟုတ်ခဲ့တဲ့အတွက် သူ့ရဲ့အသင်းဟာ အောင်မြင်ဖို့ ခက်ခဲနေတာဖြစ်ကြောင်း အစရှိသဖြင့် XBOCT က ပြောသွားခဲ့ပါတယ်။

ex-Na’Vi Roster

Dendi အပေါ် XBOCT ရဲ့ ဝေဖန်မှုများဟာ ပြင်းထန်တယ်လို့ ဆိုနိုင်ပေမယ့် B8 အသင်းရဲ့ လက်ရှိ အနေအထား များအရ ဒီဝေဖန်မှုများဟာ မှန်ကန်လျက်ရှိပါတယ်။ မည်သို့ပင်ဖြစ်စေ ခေတ်ဟောင်း Dota 2 ပရိသတ်များအားလုံးကတော့ တစ်ချိန်က တောက်ပခဲ့တဲ့ Na’Vi.Dendi ရဲ့ ပုံရိပ်ကို ရာသက်ပန် မှတ်မိနေကြဦးမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။
source: afkgaming