[Zawgyi]

တစ္ကမၻာလုံးမွာ လစဥ္ကစားသူ အမ်ားဆုံးဂိမ္းျဖစ္လာတဲ့ Roblox

 

Roblox ဟာ Minecraft နဲ႔ Fortnite တို႔လို လူၾကိဳက္မ်ား ေခတ္စားတဲ့ဂိမ္းမ်ားကို ေက်ာ္တက္ျပီး လက္ရွိမွာ ကစားသူအမ်ားဆုံးရရွိထားေၾကာင္း ထုတ္ေဖာ္ျပသလိုက္တယ္။ လစဥ္ ကစားသမားေပါင္း သန္း ၁၀၀ ေက်ာ္ဟာ Roblox ကို ကစားေနၾကတယ္လို႔ ထုတ္ျပန္လိုက္တာမုိ႔ ၉၁ သန္းေက်ာ္ ရရွိထားတဲ့ Minecraft နဲ႔ သန္း ၈၀ ခန္႔ ရွိေၾကာင္း ထုတ္ျပန္ထားတဲ့ Fortnite တို႔ကို ေက်ာ္လြန္ခဲ့တာပါ။

ဒါေပမယ့္ ဒီကိန္းဂဏန္းမ်ားဟာ ဂိမ္းထုတ္လုပ္သူ ကုမၸဏီမ်ားက ကိုယ္တိုင္ေၾကညာၾကတာ ျဖစ္လို႔ တကယ္တမ္းတိတိက်က် သိဖုိ႔ေတာ့ ခက္ေၾကာင္း ဂိမ္းကစားသူအမ်ားက ထင္ေၾကးေပးေနၾကပါတယ္။ Google seach data မ်ားအရ နဲ႕ အခ်ိဳ႕ေလ့လာသုံးသပ္သူေတြကေတာ့ Roblox ဟာ လက္ရွိမွာ ထိပ္ဆုံးဂိမ္းျဖစ္ေနတာ မွန္ကန္ေၾကာင္း ေျပာဆိုၾကျပန္ပါတယ္။ စုစုေပါင္းကစားသူ ဘယ္ေလာက္ရွိတယ္ဆိုတာကိုေတာ့ ေၾကညာျခင္း မရွိပါဘူး။

Roblox ဆိုတာကေတာ့ MMO ဂိမ္း အမ်ိဳးအစားတစ္ခုျဖစ္ျပီး game creation system platform တစ္ခုလည္း ျဖစ္ပါတယ္။ ဂိမ္းထဲမွာ ကစားသူမ်ားဟာ ကိုယ္ပိုင္ mini-game မ်ား ျပဳလုပ္ႏိုင္သလို အျခားသူမ်ား ျပဳလုပ္ထားတဲ့ ဂိမ္းမ်ားကိုလည္း ဝင္ေရာက္ေဆာ့ကစားႏိုင္ပါတယ္။ Mini-game ေပါင္း သန္း ၅၀ ေက်ာ္ခန္႔ ရွိေနသလို Roblox ေပၚက ဂိမ္းမ်ားဟာ အမ်ိဳးအစားလည္း စုံလင္လွပါတယ္။ Roblox ကို Windows နဲ႕ macOS တို့မွာသာမက iOS နဲ႕ Android တို့မွာပါ ကစားႏိုင္ပါတယ္။

 

၂၀၀၅ ခုႏွစ္ေလာက္ထဲက စတင္ထြက္ရွိခဲ့တဲ့ Roblox ဟာ ျပိဳင္ဘက္ျဖစ္လာသူ Minecraft ထက္ ေလးႏွစ္ခန္႔ ေစာပါတယ္။ ထြက္ရွိတာၾကာျပီ ျဖစ္ေပမယ့္ သိပ္မၾကာေသးခင္ႏွစ္မ်ားမွာမွ တစ္ဖန္လူၾကိဳက္မ်ား ေခတ္စားလာခဲ့ပါတယ္။ Youtube မွာ Roblox channel မ်ားဟာ follower အေျမာက္အျမားရရွိထားၾကျပီး နာမည္ၾကီးအဆိုေတာ္ Kanye West နဲ႔ Lil Pump တို႔ရဲ႕ သီခ်င္းဗီဒီယိုတစ္ခုမွာလည္း Roblox ဇာတ္ေကာင္ပုံစံသရုပ္ေဆာင္သူမ်ား ပါဝင္ခဲ့ပါတယ္။

“Roblox စတင္စဥ္က ကစားသမားအေယာက္ ၁၀၀ ေလာက္သာ ရွိခဲ့ျပီး အခ်င္းခ်င္း ေလးစားမႈမ်ား၊ ရိုင္းပင္းကူညီမႈမ်ားနဲ႔ အတူ ဂိမ္းဟာ အဘက္ဘက္က ပိုမို ဖြံ႕ျဖိဳးလာခဲ့တယ္” လုိ႔ Roblox ရဲ႕ တာဝန္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။ ကစားသမားအမ်ားစုဟာ အေပါင္းအသင္းမ်ားနဲ႔ ကစားၾကျပီး ကစားသူမ်ားရဲ႕ ၄၀ ရာခိုင္ႏႈန္းဟာ အမ်ိဳးသမီးမ်ားျဖစ္ၾကတယ္လို႔လည္း အခ်က္အလက္မ်ားနဲ႔ ေျပာဆိုခဲ့ပါေသးတယ္။

ေနာက္ပိုင္းမွာေတာ့ battle royale ဂိမ္းမ်ားနဲ႔ Minecraft လုိ ဂိမ္းမ်ားမွာ ကစားသူ ပိုမိုမ်ားျပားလာကာ ေက်ာ္တက္သြားဖြယ္ရွိႏိုင္ပါတယ္။ ဒါေပမယ့္ အျခားေသာဂိမ္းမ်ားက ထူးထူးျခားျခား ထုတ္ျပန္ေၾကညာမႈမ်ား မျပဳလုပ္ေသးခင္အထိ Roblox ဟာ ထိပ္ဆုံးမွာ ရပ္တည္ေနမွာပဲ ျဖစ္ပါေတာ့တယ္။ Game ေပါင္းစုံတုိ႔ရဲ႕အေၾကာင္းအရာမ်ားနဲ႕ Esport သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။


[Unicode]

တစ်ကမ္ဘာလုံးမှာ လစဉ်ကစားသူ အများဆုံးဂိမ်းဖြစ်လာတဲ့ Roblox

 

Roblox ဟာ Minecraft နဲ့ Fortnite တို့လို လူကြိုက်များ ခေတ်စားတဲ့ဂိမ်းများကို ကျော်တက်ပြီး လက်ရှိမှာ ကစားသူအများဆုံးရရှိထားကြောင်း ထုတ်ဖော်ပြသလိုက်တယ်။ လစဉ် ကစားသမားပေါင်း သန်း ၁၀၀ ကျော်ဟာ Roblox ကို ကစားနေကြတယ်လို့ ထုတ်ပြန်လိုက်တာမို့ ၉၁ သန်းကျော် ရရှိထားတဲ့ Minecraft နဲ့ သန်း ၈၀ ခန့် ရှိကြောင်း ထုတ်ပြန်ထားတဲ့ Fortnite တို့ကို ကျော်လွန်ခဲ့တာပါ။

ဒါပေမယ့် ဒီကိန်းဂဏန်းများဟာ ဂိမ်းထုတ်လုပ်သူ ကုမ္ပဏီများက ကိုယ်တိုင်ကြေညာကြတာ ဖြစ်လို့ တကယ်တမ်းတိတိကျကျ သိဖို့တော့ ခက်ကြောင်း ဂိမ်းကစားသူအများက ထင်ကြေးပေးနေကြပါတယ်။ Google seach data များအရ နဲ့ အချို့လေ့လာသုံးသပ်သူတွေကတော့ Roblox ဟာ လက်ရှိမှာ ထိပ်ဆုံးဂိမ်းဖြစ်နေတာ မှန်ကန်ကြောင်း ပြောဆိုကြပြန်ပါတယ်။ စုစုပေါင်းကစားသူ ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ ကြေညာခြင်း မရှိပါဘူး။

Roblox ဆိုတာကတော့ MMO ဂိမ်း အမျိုးအစားတစ်ခုဖြစ်ပြီး game creation system platform တစ်ခုလည်း ဖြစ်ပါတယ်။ ဂိမ်းထဲမှာ ကစားသူများဟာ ကိုယ်ပိုင် mini-game များ ပြုလုပ်နိုင်သလို အခြားသူများ ပြုလုပ်ထားတဲ့ ဂိမ်းများကိုလည်း ဝင်ရောက်ဆော့ကစားနိုင်ပါတယ်။ Mini-game ပေါင်း သန်း ၅၀ ကျော်ခန့် ရှိနေသလို Roblox ပေါ်က ဂိမ်းများဟာ အမျိုးအစားလည်း စုံလင်လှပါတယ်။ Roblox ကို Windows နဲ့ macOS တို့မှာသာမက iOS နဲ့ Android တို့မှာပါ ကစားနိုင်ပါတယ်။

၂၀၀၅ ခုနှစ်လောက်ထဲက စတင်ထွက်ရှိခဲ့တဲ့ Roblox ဟာ ပြိုင်ဘက်ဖြစ်လာသူ Minecraft ထက် လေးနှစ်ခန့် စောပါတယ်။ ထွက်ရှိတာကြာပြီ ဖြစ်ပေမယ့် သိပ်မကြာသေးခင်နှစ်များမှာမှ တစ်ဖန်လူကြိုက်များ ခေတ်စားလာခဲ့ပါတယ်။ Youtube မှာ Roblox channel များဟာ follower အမြောက်အမြားရရှိထားကြပြီး နာမည်ကြီးအဆိုတော် Kanye West နဲ့ Lil Pump တို့ရဲ့ သီချင်းဗီဒီယိုတစ်ခုမှာလည်း Roblox ဇာတ်ကောင်ပုံစံသရုပ်ဆောင်သူများ ပါဝင်ခဲ့ပါတယ်။

“Roblox စတင်စဉ်က ကစားသမားအယောက် ၁၀၀ လောက်သာ ရှိခဲ့ပြီး အချင်းချင်း လေးစားမှုများ၊ ရိုင်းပင်းကူညီမှုများနဲ့ အတူ ဂိမ်းဟာ အဘက်ဘက်က ပိုမို ဖွံ့ဖြိုးလာခဲ့တယ်” လို့ Roblox ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ ကစားသမားအများစုဟာ အပေါင်းအသင်းများနဲ့ ကစားကြပြီး ကစားသူများရဲ့ ၄၀ ရာခိုင်နှုန်းဟာ အမျိုးသမီးများဖြစ်ကြတယ်လို့လည်း အချက်အလက်များနဲ့ ပြောဆိုခဲ့ပါသေးတယ်။

နောက်ပိုင်းမှာတော့ battle royale ဂိမ်းများနဲ့ Minecraft လို ဂိမ်းများမှာ ကစားသူ ပိုမိုများပြားလာကာ ကျော်တက်သွားဖွယ်ရှိနိုင်ပါတယ်။ ဒါပေမယ့် အခြားသောဂိမ်းများက ထူးထူးခြားခြား ထုတ်ပြန်ကြေညာမှုများ မပြုလုပ်သေးခင်အထိ Roblox ဟာ ထိပ်ဆုံးမှာ ရပ်တည်နေမှာပဲ ဖြစ်ပါတော့တယ်။ Game ပေါင်းစုံတို့ရဲ့အကြောင်းအရာများနဲ့ Esport သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။