မြန်မာငွေ သိန်း ၂ ထောင်ကျော်နဲ့ ရောင်းထွက်သွားခဲ့တဲ့ ကမ္ဘာ့ဈေးအကြီးဆုံး CS:GO သေနတ် Skin

 

VALVE ရဲ့ CS:GO ဂိမ်းမှာ ရှားပါး သေနတ် skin တစ်ခုကို ဒေါ်လာ ၁ သိန်းခွဲ (မြန်မာငွေ သိန်း ၂ ထောင်ကျော်) ပေးပြီး ဝယ်ယူသူတစ်ဦး မကြာသေးမီက ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီအကြောင်းကို ထုတ်ဖော် ပြောကြားခဲ့သူကတော့ “ROFL” လို့ အမည်ရတဲ့ နာမည်ကြီး CS:GO skin အရောင်းအဝယ် သမားတစ်ဦးဖြစ်ပြီး သူဟာ Titan | Katowice 2014 စတစ်ကာ ၄ ခု ပါဝင်တဲ့ StatTrak™ Case Hardened AK-47 (ST MW 661) သေနတ် skin ကို ယခုလို ရောင်းချနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

Titan | Katowice 2014 စတစ်ကာ ၄ ခု ပါဝင်တဲ့ StatTrak™ Case Hardened AK-47 (ST MW 661)

CS:GO ကို ပုံမှန်ကစားလေ့ရှိသူတစ်ဦးဆိုရင်တော့ ကြီးမားလှတဲ့ CS:GO skin ဈေးကွက်အတွင်းက ဒီအဖြစ်အပျက်ဟာ သိပ်မဆန်းကြယ်လှကြောင်း သတိထားမိမှာပါ။ CS:GO လောကမှာ ငွေကြေးအမြောက်အများ သုံးစွဲနိုင်တဲ့ ဂိမ်းဝါသနာရှင်များဟာ မိမိတို့ နှစ်သက်ရာ skin များကို ယခုလို လိုက်လံဝယ်ယူစုဆောင်းလေ့ရှိကြသလို skin ရောင်းဝယ်မှု အကြီးအကျယ်ပြုလုပ်သူတွေ များစွာပေါ်ပေါက်နေတာဟာလည်း နှစ်ကာလအတော်ကြာ​​မြင့်ခဲ့ပြီပဲ ဖြစ်ပါတယ်။

“ROFL” ရဲ့ အဆိုအရ ဒီ သေနတ် skin ရဲ့ မူလပိုင်ရှင်ဟာ သူ့ရဲ့ သူငယ်ချင်းတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူဟာ အခြား CS:GO ရှားပါး skin များဖြစ်ကြတဲ့

Factory New Dragon Lore – $8,250

Factory New Medusa – $3,000

Factory New Hot Rod + 4 iBP Holo – $30,000

Factory New Howl (ST) – $40,000

Complete Katowice 2014 Sticker Collection – Variable

စတာတွေကို ထပ်မံရောင်းချဦးမှာဖြစ်ကြောင်းလည်း တွစ်တာပေါ်မှာ ကြေညာထားပါတယ်။

ပြီးခဲ့တဲ့နှစ်လယ်ပိုင်းတုန်းကလည်း တရုတ် CS:GO skin စုဆောင်းသူတစ်ဦးဟာ iBUYPOWER Katowice 2014 စတစ်ကာ ၄ ခု ပါဝင်တဲ့ StatTrak™ M4A4 Howl သေနတ် skin တစ်ခုကို ဒေါ်လာ ၁ သိန်းကျော်နဲ့ စံချိန်တင် ဝယ်ယူသွားကြောင်း သတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒီအကြောင်းကို ဖော်ပြခဲ့သူကတော့ ohnePixel လို့ အမည်ရတဲ့ CS:GO skin ဈေးကွက်လေ့လာသုံးသပ်သူတစ်ဦးဖြစ်ပြီး နောက်ပိုင်းမှာတော့ ဝယ်ယူသူဟာ ယင်း skin ကို ဒေါ်လာ ၁ သိန်း ၃ သောင်းနဲ့ ပြန်လည်ရောင်းချဖို့ စီစဉ်ခဲ့​သေးတယ်လို့လည်း ဆိုပါတယ်။

iBUYPOWER Katowice 2014 စတစ်ကာ ၄ ခု ပါဝင်တဲ့ StatTrak™ M4A4 Howl

ဒါကြောင့် လက်ရှိမှာတော့ ဒေါ်လာ ၁ သိန်းခွဲနဲ့ ရောင်းချနိုင်ခဲ့တဲ့ ယခု CS:GO သေနတ် skin ကိုပဲ စျေးအကြီးဆုံးအဖြစ် အများက သတ်မှတ်ထားကြပါတယ်။ ဂိမ်းလောကအတွင်းက ထူးခြားတဲ့ CS:GO skin ရောင်းဝယ်မှုတစ်ခုကို ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။
source: afkgaming