[Zawgyi]

ကမာၻ႕ MMR Rank အျမင့္ဆုံး ဓါတ္ေလွကား

 

“The world’s highest MMR elevator” လို့အမည္ေပးထားတဲ့ နာမည္ေက်ာ္ ဓာတ္ပုံေလးကေတာ့ TI6 ျပိဳင္ပြဲမ်ား ယွဥ္ျပိုင္ေနစဥ္အခ်ိန္အတြင္းမွာ Team Secret ရဲ႕ facebook စာမ်က္ႏွာက တင္ခဲ့တာပါ။ ထိုစဥ္က ဒိတ္ဒိတ္ၾကဲမ်ားျဖစ္ခဲ့တဲ့ TI6 ဝင္ခြင့္ရ ကစားသမားမ်ား elevator တစ္ခုထဲမွာ စုျပံဳလိုက္ပါလာပုံကို ရုိက္ကူးထားတာပဲ ျဖစ္ပါတယ္။

ဓာတ္ပုံထဲမွာ ပါဝင္သူမ်ားကေတာ့ (ဝဲမွ ယာ) iceiceice, SumaiL, QO, ppd, Dendi, Kuroky, N0tail, Puppey, Era, Arteezy, Fear, Synderen နဲ႕ Loda တို့ပဲ ျဖစ္ပါတယ္။

ပုံထဲမွာ ျမင္ရတဲ့ ကစားသမားမ်ားအားလုံးကို တစ္စုတစ္စည္းထဲ ျပန္လည္ျမင္ေတြ႕ရဖုိ့ မလြယ္ေတာ့သလုိ TI6 တုန္းက အေျခအေနမ်ားနဲ႕ လက္ရွိ TI9 ရဲ႕ အေျခအေနမ်ားကလည္း ကြဲျပားျခားနားသြားခဲ့ပါျပီ။ ထိုစဥ္က အလြန္ေအာင္ျမင္ခဲ့ေပမယ့္ ယခုအခ်ိန္မွာ ျငိမ္သက္ေနသူမ်ား ရွိသလို ပိုျပီး ထြန္းေတာက္လာသူမ်ားလည္း ရွိပါတယ္။

 

“iceiceice”

Iceiceice ကေတာ့ TI6 ကို old chicken, eLeVeN, LaNm, Fenir တို႔နဲ႔ အတူ EHOME အသင္းကေန ဝင္ေရာက္ယွဥ္ျပိဳင္ခဲ့ပါတယ္။ နာမည္ၾကီးကစားသမားတစ္ဦးျဖစ္ေပမယ့္ TI ကံဆိုးရွာတဲ့ iceiceice ဟာ TI6 မွာလည္း ၅ နဲ႔ ၆ ပူးတြဲေနရာပဲ ရရွိခဲ့သလို TI ခ်န္ပီယံအျဖစ္ဗိုလ္စြဲျခင္းလည္း မရွိဖူးေသးပါဘူး။

ယခုလက္ရွိမွာေတာ့ Fnatic အသင္းထဲမွာ ရွိေနျပီး TI9 ကို ဝင္ေရာက္ယွဥ္ျပိဳင္မွာပါ။ ကမၻာ့ပထမဆုံး 10k mmr ရရွိခဲ့သူ Abed နဲ႔ အတူ DJ, DuBu, Jabz တို႔နဲ႔ ဝင္ေရာက္ယွဥ္ျပိဳင္မယ့္ iceiceice ပါဝင္တဲ့ ျပိဳင္ပြဲမ်ားကို ေစာင့္ၾကည့္ႏိုင္ဦးမွာပါ။

 

“SumaiL”

SumaiL ဟာ ပထမဆုံး EG ကစားသမား ဘဝစတင္ခ်ိန္ TI5 မွာပဲ ခ်န္ပီယံျဖစ္ခဲ့ျပီး TI6 ကို Evil Geniuses အသင္းကေနပဲ ျပန္လည္ဝင္ေရာက္ကစားခဲ့ပါတယ္။ TI5 ခ်န္ပီယံေဟာင္း roster ျဖစ္တဲ့ Fear, UniVeRsE, zai နဲ႔ ppd တို႔ဟာ SumaiL နဲ႔ အတူ TI6 မွာ ကစားခဲ့ျပီး တတိယေနရာကို ရရွိခဲ့ပါတယ္။

Evil Geniuses အသင္းထဲမွာ လက္ရွိအခ်ိန္ထိ TI5 ခ်န္ပီယံေဟာင္းအသင္းသားအျဖစ္ SumaiL တစ္ေယာက္သာ က်န္ေနခဲ့ပါတယ္။ SumaiL တစ္ေယာက္ Arteezy, Cr1t-, Fly နဲ႔ TI3 ခ်န္ပီယံေဟာင္း S4 တို႔နဲ႔အတူ TI9 ကို ဝင္ေရာက္ယွဥ္ျပိဳင္ဦးမွာျဖစ္ျပီး အစဥ္အလာေကာင္းလာခဲ့တဲ့ Evil Geniuses ဟာ SumaiL ရဲ႕ စြမ္းေဆာင္မႈေတြ အမ်ားၾကီး ပါဝင္ပါတယ္။

 

“QO”

QO ရဲ႕ TI6 ျပိဳင္ပြဲဝင္ MVP Phoenix အသင္းဟာ iceiceice ရဲ႕ EHOME အသင္းလုိပဲ ၅ နဲ႔ ၆ ပူးတြဲေနရာမွာ ရပ္တည္ခဲ့ပါတယ္။ TI6 ရဲ႕ MVP Phoenix မွာ QO အျပင္ MP, Forev, Febby နဲ႔ DuBu တို႔ပါဝင္ခဲ့ပါတယ္။ QO ဟာလည္း TI ခ်န္ပီယံမျဖစ္ဖူးေသးသူတစ္ေယာက္ပါ။

QO အားေပ်ာ့ေနခဲ့တာကေတာ့ TI6 အျပီးထဲက ယေန႔ထိတိုင္ပါပဲ။ Team Oracle ဆိုတဲ့အသင္းငယ္ေလးထဲကေန ယခု TI9 ဝင္ခြင့္အတြက္ open qualifier ကို ဝင္ေရာက္ယွဥ္ျပိဳင္ခဲ့ေပမယ့္ မေအာင္ျမင္ခဲ့လို႔ QO ကို ယခု TI9 မွာ ေတြ႔ရဖုိ႔ မရွိပါဘူး။

 

“ppd”

TI5 ခ်န္ပီယံေဟာင္း ppd ဟာ Evil Geniuses အသင္းေခါင္းေဆာင္ေနရာကေနပဲ TI6 ကို ျပန္လည္ဝင္ေရာက္ယွဥ္ျပိဳင္ခဲ့ရာ တတိယေနရာ ရရွိခဲ့ပါတယ္။ ထိုစဥ္က Fear, UniVeRsE, zai, SumaiL တို႔နဲ႔ အတူဝင္ေရာက္ကစားခဲ့ေပမယ့္ ယခုအခ်ိန္မွာေတာ့ Evil Geniuses အသင္းသား မဟုတ္ေတာ့ပါဘူး။

Ppd ရဲ႕ လက္ရွိအသင္းကေတာ့ TI9 ဝင္ခြင့္ရ Ninjas in Pyjamas ပါ။ ppd ဦးေဆာင္တဲ့ ယခုအသင္းသစ္မွာ Ace, Fata, 33 နဲ႔ Saksa တို႔ ပါဝင္ပါတယ္။ Ninjas in Pyjamas ဟာ TI9 မတိုင္မီ season မွာ minor ပြဲမ်ား အႏိုင္ရရွိထားပါတယ္။

 

“Dendi”

TI1 ခ်န္ပီယံေဟာင္းျဖစ္သူ Dendi ဟာ TI6 ကို ဝင္ေရာက္ခ်ိန္မွာလဲ Na’Vi အသင္းမွာပဲ ရွိေနခဲ့ပါတယ္။ ထိုစဥ္က Dendi နဲ႔ အတူဝင္ေရာက္ယွဥ္ျပိဳင္ခဲ့သူမ်ားကေတာ့ Artstyle, SoNNeikO, GeneRaL နဲ႔ DityaRa တုိ႔ပါ။ ထိုအခ်ိန္က Na’Vi အသင္းဟာ အက်ဘက္ကို ေရာက္ေနျပီျဖစ္ျပီး ေအာက္ဆုံး ေလးေနရာမွာပဲ ရပ္တည္ႏိုင္ခဲ့ပါတယ္။

လက္ရွိမွာ Dendi ဟာ The Pango အသင္းသားျဖစ္ျပီး TI9 ကို ဝင္ေရာက္ခြင့္ရဖုိ့ open qualifier ကေန ယွဥ္ျပိဳင္ခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ TI9 မွာ ရုရွား Dota 2 broadcast မွာေတာ့ analyst တစ္ဦးအေနနဲ႔ ပါဝင္ဦးမွာပါ။ Na’Vi အသင္းမွာ ႏွစ္ေပါင္းမ်ားစြာရွိေနခဲ့တဲ့ Dendi ဟာ မၾကာေသးမီကပဲ Na’Vi အသင္းကေနလည္း တရားဝင္ႏႈတ္ထြက္ထားပါတယ္။

 

“Kuroky”

Team Liquid အသင္းေခါင္းေဆာင္အေနနဲ႔ ပထမဆုံး စတင္ယွဥ္ျပိဳင္ခဲ့တဲ့ TI6 မွာေတာ့ Kuroky တစ္ေယာက္ ကံမေကာင္းခဲ့ပါဘူး။ Miracle- မပါဝင္ေသးတဲ့ roster ျဖစ္တဲ့ MATUMBAMAN, Fata, MinD_ContRoL နဲ႔ JerAx တို႔ကို ဦးေဆာင္ျပီး ၇ နဲ႔ ၈ ပူးတြဲေနရာကိုပဲ ရရွိခဲ့ပါတယ္။ Na’Vi အသင္းသားေဟာင္း Kuroky ဟာ TI3 မွာေတာ့ ဒုတိယ ရရွိဖူးပါတယ္။

ေနာက္ပို္င္းမွာ TI7 ခ်န္ပီယံျဖစ္လာခဲ့တဲ့ TI all-timer ၾကီး Kuroky ဟာ ခ်န္ပီယံေဟာင္း Team Liquid အသင္းသားမ်ားကို ထပ္မံဦးေဆာင္ျပီး ယခု TI9 ကို ဝင္ေရာက္မွာပါ။ ယခု Team Liquid မွာ Miracle-, w33, MinD_ContRoL နဲ႔ GH တို႔ ပါဝင္ျပီး TI7 ခ်န္ပီယံေဟာင္း မဟုတ္တာဆိုလို႔ w33 တစ္ေယာက္သာ ရွိပါတယ္။

 

“N0tail”

N0tail နဲ႔ သူ႔ရဲ႕အသင္း OG ဟာ TI6 မွာတုန္းက ေနရာေကာင္းရဖုိ႔ ရုန္းကန္ေနရဆဲျဖစ္ပါတယ္။ Miracle-, MoonMeander, Cr1t- နဲ႔ Fly တို႔ ပါဝင္ခဲ့တဲ့ ထိုစဥ္က OG ဟာ TI6 ရဲ႕ ၉ ကေန ၁၂ ပူးတြဲ ေလးေနရာ ကိုပဲ ရခဲ့တာပါ။ OG ရဲ႕ အသင္းေခါင္းေဆာင္အေနနဲ႔ ပထမဆုံးယွဥ္ျပိဳင္ခဲ့တဲ့ TI6 ကေန ယခုအခ်ိန္ထိ N0tail တစ္ေယာက္ အသင္းမေျပာင္းပဲ ကစားလာခဲ့ပါတယ္။

TI9 ကို ဝင္ေရာက္မယ့္ OG ကေတာ့ N0tail ရဲ႕ ဦးေဆာင္မႈနဲ႕ TI8 ခ်န္ပီယံေဟာင္းအသင္းျဖစ္သြားခဲ့ပါျပီ။ လက္ရွိ TI9 အတြက္ roster ဟာ TI8 roster အတိုင္းပဲျဖစ္ျပီး Ana, Topson, Ceb, JerAx တို့ဟာ N0tail နဲ႕ အတူ မႏွစ္က ရခဲ့တဲ့ champion title ကို ကာကြယ္ကစားၾကမွာပါ။

 

“Puppey”

TI1 ခ်န္ပီယံေဟာင္း Puppey အတြက္ TI6 ကေတာ့ Team Secret ကို ထူေထာင္ျပီးေနာက္ ဒုတိယအၾကိမ္ေျမာက္ ဝင္ေရာက္ယွဥ္ျပိဳင္ခဲ့တဲ့ TI ပါ။ TI all-timer တစ္ေယာက္ျဖစ္သူ Puppey ရဲ႕ Team Secret ဟာ ၁၆ သင္းရဲ႕ ေအာက္ဆုံး ေလးသင္း အျဖစ္နဲ႔ပဲ TI6 က ထြက္ခြာသြားခဲ့ရပါတယ္။ ထိုစဥ္က Team Secret မွာ Puppey အျပင္ Arteezy, EternalEnvy, BuLba နဲ႔ pieliedie တို႔ ပါဝင္ပါတယ္။

Team Secret ကို ဆက္တိုက္ဦးေဆာင္လာတဲ့ Puppey ရဲ႕ လက္ရွိအသင္းသားမ်ားကေတာ့ Nisha, MidOne, zai နဲ႔ YapzOr တို႔ပါ။ Season တစ္ခုလုံး ျပိဳင္ပြဲေတြ အမ်ားၾကီးသိမ္းၾကံဳးႏိုင္ထားလုိ႔ Team Secret ဟာ DPC point ထိပ္ဆုံးနဲ႔ TI9 ဝင္ေရာက္ခြင့္ရခဲ့ပါတယ္။ Na’Vi အသင္းမွာ Puppey ကစားခဲ့စဥ္က TI grand final မ်ားကို စုစုေပါင္း ၃ ၾကိမ္ဆက္တိုက္ တက္ေရာက္ထားေပမယ့္ Team Secret အေနနဲ႔ေတာ့ ျပီးခဲ့တဲ့ TI8 အထိ grand final မတက္ေရာက္ႏိုင္ေသးပါဘူး။

 

“Era”

က်န္တဲ့ကစားသမားမ်ားနဲ႔ ယွဥ္ရင္ အနည္းငယ္လူသိနည္းတဲ့ Era ဟာ TI6 ရဲ႕ ေအာက္ဆုံး ေလးေနရာထိေတာ့ ေရာက္ရွိဖူးပါတယ္။ TI6 မွာ qojqva, YapzOr, KheZu နဲ႔ syndereN တို႔ ပါဝင္တဲ့ Escape Gaming ကေန ဝင္ေရာက္ ကစားခဲ့တာပါ။

TI6 ျပီးတည္းက ေနာက္ထပ္ TI ပြဲစဥ္မ်ားကို ထပ္မံ တက္ေရာက္ႏိုင္ျခင္း မရွိေသးပါဘူး။ The Final Tribe ဆိုတဲ့ အသင္းကေန TI9 Europe qualifier ကို ဝင္ေရာက္ကစားခဲ့ေပမယ့္ Chaos Esports အသင္းကို သုံးပြဲျပတ္ ရႈံးနိမ့္လို႔႔ TI9 ဝင္ခြင့္ကိုလည္း ဆုံးရႈံးသြားခဲ့ပါတယ္။

 

“Arteezy”

Team Secret အသင္းသားျဖစ္ေနခဲ့တဲ့ Arteezy အတြက္ TI6 မွာ ရရွိခဲ့တဲ့ ေအာက္ဆုံးေလးေနရာ ကေတာ့ စိတ္ေက်နပ္ေလာက္စရာ မရွိပါဘူး။ Evil Geniuses နဲ႔ Team Secret ႏွစ္သင္းကို အလွည့္က်ေျပာင္းေနခဲ့တဲ့ Arteezy ဟာ TI6 အျပီးမွာေတာ့ Team Secret ကေန လုံးဝထြက္ခြာျပီး Evil Geniuses မွာ ကစားေနခဲ့တာ ယေန႔အခ်ိန္ထိ ျဖစ္ပါတယ္။

TI4 နဲ႔ ျပီးခဲ့တဲ့ TI8 တို႔မွာ Evil Geniuses အသင္းကေန ကစားခဲ့ျပီး ရရွိခဲ့တဲ့ တတိယေနရာမ်ားဟာ Arteezy အတြက္ TI မ်ားမွာ အျမင့္ဆုံးရခဲ့တဲ့ ေနရာမ်ားပဲ ျဖစ္ပါတယ္။ Arteezy တစ္ေယာက္ သူရဲ႕ TI ခ်န္ပီယံ မရႏိုင္ျဖစ္ေနတဲ့ က်ိန္စာကို ပယ္ဖ်က္ဖုိ႔ TI9 ကို ဝင္ေရာက္ယွဥ္ျပိဳင္ဦးမွာပါ။

 

“Fear”

TI5 ခ်န္ပီယံေဟာင္း carry ကစားသမား Fear ဟာ TI6 ရဲ႕ တတိယေနရာကိုလည္း SumaiL, ppd, UniVeRsE, zai တို႔နဲ႔အတူ Evil Geniuses မွာပဲ ရရွိခဲ့ပါတယ္။ အျခားကစားသမားမ်ားနဲ႔စာရင္ အသက္အရြယ္ၾကီးျပီျဖစ္တဲ့ Fear ဟာ ေနာက္ပိုင္းမွာ Evil Geniuses ရဲ႕ ကစားသမားေရာ နည္းျပအျဖစ္ပါ တစ္လွည့္စီ တာဝန္ယူခဲ့ပါတယ္။

ေနာက္ပိုင္းမွာ Evil Geniuses ကေန ထြက္ခြာခဲ့တဲ့ Fear ဟာ TI9 ဝင္ေရာက္ခြင့္ ရဖုိ့အတြက္ J.Storm အသင္းသားအေနနဲ႔ TI9 North America qualifier ကို ကစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ J.Storm အသင္းေဖာ္ေတြထဲမွာ Resolut1on, Nine, Moo နဲ႔ 1437 တို႔ ပါဝင္ပါတယ္။

 

“Synderen”

TI6 ဝင္ခြင့္ရခဲ့တဲ့ Synderen ဟာလည္း အျခားသူမ်ားထက္ လူသိနည္းတဲ့ ကစားသမားပါ။ TI6 ရဲ႕ Escape Gaming မွာ Era ရဲ႕ အသင္းေဖာ္ျဖစ္ခဲ့ျပီး qojqva, YapzOr, KheZu တို႔နဲ႔အတူ ေအာက္ဆုံး ေလးေနရာရခ်ိန္မွာ ပါဝင္ခဲ့ပါတယ္။ Synderen ဟာ caster တစ္ေယာက္နဲ႔လည္း ပြဲမ်ားမွာ ပါဝင္ေလ့ရွိပါတယ္။

Synderen ရဲ႕ လက္ရွိ Anti-MagE- အသင္းကေတာ့ TI9 မွာ မပါဝင္ပါဘူး။ သူ႔ရဲ႕ အသင္းမွာ Na’Vi ကစားသမားေဟာင္း GeneRaL ပါဝင္ပါတယ္။ Qualifier ကို မေအာင္ျမင္လို့ TI9 ကို ကစားသမားအျဖစ္ မဝင္ေရာက္ရေပမယ့္ Synderen ကေတာ့ TI9 Dota 2 broadcast မွာ analyst ေနရာက ပါဝင္ဦးမွာပါ။

 

“Loda”

TI6 ကေတာ့ Loda ေနာက္ဆုံးကစားႏိုင္ခဲ့တဲ့ TI ပါ။ TI3 ခ်န္ပီယံေဟာင္း Loda ဟာ အႏိုင္ရခဲ့တဲ့ Alliance အသင္းကေနပဲ TI6 ကို ဝင္ေရာက္ကစားရာ ၉ ကေန ၁၂ ပူးတြဲ ေလးေနရာမွာပဲ ရပ္တည္ခဲ့ပါတယ္။ ထိုစဥ္က Alliance အသင္းမွာ TI3 ခ်န္ပီယံေဟာင္းကစားသမား အားလုံးရွိေနဆဲျဖစ္ျပီး S4, AdmiralBulldog, Akke နဲ႔ EGM တို႔ဟာ Loda နဲ႔ အတူ ကစားခဲ့ၾကပါတယ္။

ယခုအခ်ိန္မွာ ကစားသမားဘဝက အနားယူသြားခဲ့ျပီျဖစ္တဲ့ Loda ဟာ Alliance အသင္းရဲ႕ နည္းျပ နဲ႔ CEO တစ္ေယာက္ျဖစ္ေနပါျပီ။ Alliance အသင္းသားသစ္ miCKe, qojqva, Boxi, Taiga နဲ႔ iNSaNiA တို႔ကို TI9 ဝင္ခြင့္ရေအာင္ နည္းျပေပးႏိုင္ခဲ့တဲ့ Loda ဟာ အသင္းထဲမွာ ကိုယ္တိုင္ဝင္ေရာက္ကစားျခင္းေတာ့ မျပဳလုပ္ေတာ့ပါဘူး။

 

ဒီႏွစ္ TI9 ကို ဝင္ခြင့္ရသူျဖစ္ေစ မရသူျဖစ္ေစ၊ ႏွစ္ထပ္ကြမ္း ခ်န္ပီယံေပၚေပါက္လာသည္ ျဖစ္ေစ မေပၚေပါက္ေသးသည္ျဖစ္ေစ၊ TI မရေသးသူမ်ားလည္း ရသည္ျဖစ္ေစ မရေသးသည္ျဖစ္ေစ၊ Dota 2 ဝါသနာရွင္မ်ားဟာ တစ္ခ်ိန္က လ်ွမ္းလ်ွမ္းေတာက္္ခဲ့တဲ့ ကစားသမားမ်ားကို ဒီဓာတ္ပုံေလးလုိ အမွတ္တရမ်ိဳး ျမင္တိုင္း အျမဲ ေအာက္ေမ့သတိရေနၾကမွာပဲ ျဖစ္ပါတယ္။ TI9 ခ်န္ပီယံမ်ားဟာ ဘယ္သူေတြလဲဆိုတာ သိရဖုိ့ကလည္း အခ်ိန္အေတာ္နီးကပ္လာခဲ့ျပီပဲ ျဖစ္ပါေတာ့တယ္။

By Combo (Htet Wai Yan)


[Unicode]

ကမ္ဘာ့ MMR Rank အမြင့်ဆုံး ဓါတ်လှေကား

 

“The world’s highest MMR elevator” လို့အမည်ပေးထားတဲ့ နာမည်ကျော် ဓာတ်ပုံလေးကတော့ TI6 ပြိုင်ပွဲများ ယှဉ်ပြိုင်နေစဉ်အချိန်အတွင်းမှာ Team Secret ရဲ့ facebook စာမျက်နှာက တင်ခဲ့တာပါ။ ထိုစဉ်က ဒိတ်ဒိတ်ကြဲများဖြစ်ခဲ့တဲ့ TI6 ဝင်ခွင့်ရ ကစားသမားများ elevator တစ်ခုထဲမှာ စုပြုံလိုက်ပါလာပုံကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

ဓာတ်ပုံထဲမှာ ပါဝင်သူများကတော့ (ဝဲမှ ယာ) iceiceice, SumaiL, QO, ppd, Dendi, Kuroky, N0tail, Puppey, Era, Arteezy, Fear, Synderen နဲ့ Loda တို့ပဲ ဖြစ်ပါတယ်။

ပုံထဲမှာ မြင်ရတဲ့ ကစားသမားများအားလုံးကို တစ်စုတစ်စည်းထဲ ပြန်လည်မြင်တွေ့ရဖို့ မလွယ်တော့သလို TI6 တုန်းက အခြေအနေများနဲ့ လက်ရှိ TI9 ရဲ့ အခြေအနေများကလည်း ကွဲပြားခြားနားသွားခဲ့ပါပြီ။ ထိုစဉ်က အလွန်အောင်မြင်ခဲ့ပေမယ့် ယခုအချိန်မှာ ငြိမ်သက်နေသူများ ရှိသလို ပိုပြီး ထွန်းတောက်လာသူများလည်း ရှိပါတယ်။

 

“iceiceice”

Iceiceice ကတော့ TI6 ကို old chicken, eLeVeN, LaNm, Fenir တို့နဲ့ အတူ EHOME အသင်းကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ နာမည်ကြီးကစားသမားတစ်ဦးဖြစ်ပေမယ့် TI ကံဆိုးရှာတဲ့ iceiceice ဟာ TI6 မှာလည်း ၅ နဲ့ ၆ ပူးတွဲနေရာပဲ ရရှိခဲ့သလို TI ချန်ပီယံအဖြစ်ဗိုလ်စွဲခြင်းလည်း မရှိဖူးသေးပါဘူး။

ယခုလက်ရှိမှာတော့ Fnatic အသင်းထဲမှာ ရှိနေပြီး TI9 ကို ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ ကမ္ဘာ့ပထမဆုံး 10k mmr ရရှိခဲ့သူ Abed နဲ့ အတူ DJ, DuBu, Jabz တို့နဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် iceiceice ပါဝင်တဲ့ ပြိုင်ပွဲများကို စောင့်ကြည့်နိုင်ဦးမှာပါ။

 

“SumaiL”

SumaiL ဟာ ပထမဆုံး EG ကစားသမား ဘဝစတင်ချိန် TI5 မှာပဲ ချန်ပီယံဖြစ်ခဲ့ပြီး TI6 ကို Evil Geniuses အသင်းကနေပဲ ပြန်လည်ဝင်ရောက်ကစားခဲ့ပါတယ်။ TI5 ချန်ပီယံဟောင်း roster ဖြစ်တဲ့ Fear, UniVeRsE, zai နဲ့ ppd တို့ဟာ SumaiL နဲ့ အတူ TI6 မှာ ကစားခဲ့ပြီး တတိယနေရာကို ရရှိခဲ့ပါတယ်။

Evil Geniuses အသင်းထဲမှာ လက်ရှိအချိန်ထိ TI5 ချန်ပီယံဟောင်းအသင်းသားအဖြစ် SumaiL တစ်ယောက်သာ ကျန်နေခဲ့ပါတယ်။ SumaiL တစ်ယောက် Arteezy, Cr1t-, Fly နဲ့ TI3 ချန်ပီယံဟောင်း S4 တို့နဲ့အတူ TI9 ကို ဝင်ရောက်ယှဉ်ပြိုင်ဦးမှာဖြစ်ပြီး အစဉ်အလာကောင်းလာခဲ့တဲ့ Evil Geniuses ဟာ SumaiL ရဲ့ စွမ်းဆောင်မှုတွေ အများကြီး ပါဝင်ပါတယ်။

 

“QO”

QO ရဲ့ TI6 ပြိုင်ပွဲဝင် MVP Phoenix အသင်းဟာ iceiceice ရဲ့ EHOME အသင်းလိုပဲ ၅ နဲ့ ၆ ပူးတွဲနေရာမှာ ရပ်တည်ခဲ့ပါတယ်။ TI6 ရဲ့ MVP Phoenix မှာ QO အပြင် MP, Forev, Febby နဲ့ DuBu တို့ပါဝင်ခဲ့ပါတယ်။ QO ဟာလည်း TI ချန်ပီယံမဖြစ်ဖူးသေးသူတစ်ယောက်ပါ။

QO အားပျော့နေခဲ့တာကတော့ TI6 အပြီးထဲက ယနေ့ထိတိုင်ပါပဲ။ Team Oracle ဆိုတဲ့အသင်းငယ်လေးထဲကနေ ယခု TI9 ဝင်ခွင့်အတွက် open qualifier ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် မအောင်မြင်ခဲ့လို့ QO ကို ယခု TI9 မှာ တွေ့ရဖို့ မရှိပါဘူး။

 

“ppd”

TI5 ချန်ပီယံဟောင်း ppd ဟာ Evil Geniuses အသင်းခေါင်းဆောင်နေရာကနေပဲ TI6 ကို ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ တတိယနေရာ ရရှိခဲ့ပါတယ်။ ထိုစဉ်က Fear, UniVeRsE, zai, SumaiL တို့နဲ့ အတူဝင်ရောက်ကစားခဲ့ပေမယ့် ယခုအချိန်မှာတော့ Evil Geniuses အသင်းသား မဟုတ်တော့ပါဘူး။

Ppd ရဲ့ လက်ရှိအသင်းကတော့ TI9 ဝင်ခွင့်ရ Ninjas in Pyjamas ပါ။ ppd ဦးဆောင်တဲ့ ယခုအသင်းသစ်မှာ Ace, Fata, 33 နဲ့ Saksa တို့ ပါဝင်ပါတယ်။ Ninjas in Pyjamas ဟာ TI9 မတိုင်မီ season မှာ minor ပွဲများ အနိုင်ရရှိထားပါတယ်။

 

“Dendi”

TI1 ချန်ပီယံဟောင်းဖြစ်သူ Dendi ဟာ TI6 ကို ဝင်ရောက်ချိန်မှာလဲ Na’Vi အသင်းမှာပဲ ရှိနေခဲ့ပါတယ်။ ထိုစဉ်က Dendi နဲ့ အတူဝင်ရောက်ယှဉ်ပြိုင်ခဲ့သူများကတော့ Artstyle, SoNNeikO, GeneRaL နဲ့ DityaRa တို့ပါ။ ထိုအချိန်က Na’Vi အသင်းဟာ အကျဘက်ကို ရောက်နေပြီဖြစ်ပြီး အောက်ဆုံး လေးနေရာမှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။

လက်ရှိမှာ Dendi ဟာ The Pango အသင်းသားဖြစ်ပြီး TI9 ကို ဝင်ရောက်ခွင့်ရဖို့ open qualifier ကနေ ယှဉ်ပြိုင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ TI9 မှာ ရုရှား Dota 2 broadcast မှာတော့ analyst တစ်ဦးအနေနဲ့ ပါဝင်ဦးမှာပါ။ Na’Vi အသင်းမှာ နှစ်ပေါင်းများစွာရှိနေခဲ့တဲ့ Dendi ဟာ မကြာသေးမီကပဲ Na’Vi အသင်းကနေလည်း တရားဝင်နှုတ်ထွက်ထားပါတယ်။

 

“Kuroky”

Team Liquid အသင်းခေါင်းဆောင်အနေနဲ့ ပထမဆုံး စတင်ယှဉ်ပြိုင်ခဲ့တဲ့ TI6 မှာတော့ Kuroky တစ်ယောက် ကံမကောင်းခဲ့ပါဘူး။ Miracle- မပါဝင်သေးတဲ့ roster ဖြစ်တဲ့ MATUMBAMAN, Fata, MinD_ContRoL နဲ့ JerAx တို့ကို ဦးဆောင်ပြီး ၇ နဲ့ ၈ ပူးတွဲနေရာကိုပဲ ရရှိခဲ့ပါတယ်။ Na’Vi အသင်းသားဟောင်း Kuroky ဟာ TI3 မှာတော့ ဒုတိယ ရရှိဖူးပါတယ်။

နောက်ပိုင်းမှာ TI7 ချန်ပီယံဖြစ်လာခဲ့တဲ့ TI all-timer ကြီး Kuroky ဟာ ချန်ပီယံဟောင်း Team Liquid အသင်းသားများကို ထပ်မံဦးဆောင်ပြီး ယခု TI9 ကို ဝင်ရောက်မှာပါ။ ယခု Team Liquid မှာ Miracle-, w33, MinD_ContRoL နဲ့ GH တို့ ပါဝင်ပြီး TI7 ချန်ပီယံဟောင်း မဟုတ်တာဆိုလို့ w33 တစ်ယောက်သာ ရှိပါတယ်။

 

“N0tail”

N0tail နဲ့ သူ့ရဲ့အသင်း OG ဟာ TI6 မှာတုန်းက နေရာကောင်းရဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ Miracle-, MoonMeander, Cr1t- နဲ့ Fly တို့ ပါဝင်ခဲ့တဲ့ ထိုစဉ်က OG ဟာ TI6 ရဲ့ ၉ ကနေ ၁၂ ပူးတွဲ လေးနေရာ ကိုပဲ ရခဲ့တာပါ။ OG ရဲ့ အသင်းခေါင်းဆောင်အနေနဲ့ ပထမဆုံးယှဉ်ပြိုင်ခဲ့တဲ့ TI6 ကနေ ယခုအချိန်ထိ N0tail တစ်ယောက် အသင်းမပြောင်းပဲ ကစားလာခဲ့ပါတယ်။

TI9 ကို ဝင်ရောက်မယ့် OG ကတော့ N0tail ရဲ့ ဦးဆောင်မှုနဲ့ TI8 ချန်ပီယံဟောင်းအသင်းဖြစ်သွားခဲ့ပါပြီ။ လက်ရှိ TI9 အတွက် roster ဟာ TI8 roster အတိုင်းပဲဖြစ်ပြီး Ana, Topson, Ceb, JerAx တို့ဟာ N0tail နဲ့ အတူ မနှစ်က ရခဲ့တဲ့ champion title ကို ကာကွယ်ကစားကြမှာပါ။

 

“Puppey”

TI1 ချန်ပီယံဟောင်း Puppey အတွက် TI6 ကတော့ Team Secret ကို ထူထောင်ပြီးနောက် ဒုတိယအကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ TI ပါ။ TI all-timer တစ်ယောက်ဖြစ်သူ Puppey ရဲ့ Team Secret ဟာ ၁၆ သင်းရဲ့ အောက်ဆုံး လေးသင်း အဖြစ်နဲ့ပဲ TI6 က ထွက်ခွာသွားခဲ့ရပါတယ်။ ထိုစဉ်က Team Secret မှာ Puppey အပြင် Arteezy, EternalEnvy, BuLba နဲ့ pieliedie တို့ ပါဝင်ပါတယ်။

Team Secret ကို ဆက်တိုက်ဦးဆောင်လာတဲ့ Puppey ရဲ့ လက်ရှိအသင်းသားများကတော့ Nisha, MidOne, zai နဲ့ YapzOr တို့ပါ။ Season တစ်ခုလုံး ပြိုင်ပွဲတွေ အများကြီးသိမ်းကြုံးနိုင်ထားလို့ Team Secret ဟာ DPC point ထိပ်ဆုံးနဲ့ TI9 ဝင်ရောက်ခွင့်ရခဲ့ပါတယ်။ Na’Vi အသင်းမှာ Puppey ကစားခဲ့စဉ်က TI grand final များကို စုစုပေါင်း ၃ ကြိမ်ဆက်တိုက် တက်ရောက်ထားပေမယ့် Team Secret အနေနဲ့တော့ ပြီးခဲ့တဲ့ TI8 အထိ grand final မတက်ရောက်နိုင်သေးပါဘူး။

 

“Era”

ကျန်တဲ့ကစားသမားများနဲ့ ယှဉ်ရင် အနည်းငယ်လူသိနည်းတဲ့ Era ဟာ TI6 ရဲ့ အောက်ဆုံး လေးနေရာထိတော့ ရောက်ရှိဖူးပါတယ်။ TI6 မှာ qojqva, YapzOr, KheZu နဲ့ syndereN တို့ ပါဝင်တဲ့ Escape Gaming ကနေ ဝင်ရောက် ကစားခဲ့တာပါ။

TI6 ပြီးတည်းက နောက်ထပ် TI ပွဲစဉ်များကို ထပ်မံ တက်ရောက်နိုင်ခြင်း မရှိသေးပါဘူး။ The Final Tribe ဆိုတဲ့ အသင်းကနေ TI9 Europe qualifier ကို ဝင်ရောက်ကစားခဲ့ပေမယ့် Chaos Esports အသင်းကို သုံးပွဲပြတ် ရှုံးနိမ့်လို့ TI9 ဝင်ခွင့်ကိုလည်း ဆုံးရှုံးသွားခဲ့ပါတယ်။

 

“Arteezy”

Team Secret အသင်းသားဖြစ်နေခဲ့တဲ့ Arteezy အတွက် TI6 မှာ ရရှိခဲ့တဲ့ အောက်ဆုံးလေးနေရာ ကတော့ စိတ်ကျေနပ်လောက်စရာ မရှိပါဘူး။ Evil Geniuses နဲ့ Team Secret နှစ်သင်းကို အလှည့်ကျပြောင်းနေခဲ့တဲ့ Arteezy ဟာ TI6 အပြီးမှာတော့ Team Secret ကနေ လုံးဝထွက်ခွာပြီး Evil Geniuses မှာ ကစားနေခဲ့တာ ယနေ့အချိန်ထိ ဖြစ်ပါတယ်။

TI4 နဲ့ ပြီးခဲ့တဲ့ TI8 တို့မှာ Evil Geniuses အသင်းကနေ ကစားခဲ့ပြီး ရရှိခဲ့တဲ့ တတိယနေရာများဟာ Arteezy အတွက် TI များမှာ အမြင့်ဆုံးရခဲ့တဲ့ နေရာများပဲ ဖြစ်ပါတယ်။ Arteezy တစ်ယောက် သူရဲ့ TI ချန်ပီယံ မရနိုင်ဖြစ်နေတဲ့ ကျိန်စာကို ပယ်ဖျက်ဖို့ TI9 ကို ဝင်ရောက်ယှဉ်ပြိုင်ဦးမှာပါ။

 

“Fear”

TI5 ချန်ပီယံဟောင်း carry ကစားသမား Fear ဟာ TI6 ရဲ့ တတိယနေရာကိုလည်း SumaiL, ppd, UniVeRsE, zai တို့နဲ့အတူ Evil Geniuses မှာပဲ ရရှိခဲ့ပါတယ်။ အခြားကစားသမားများနဲ့စာရင် အသက်အရွယ်ကြီးပြီဖြစ်တဲ့ Fear ဟာ နောက်ပိုင်းမှာ Evil Geniuses ရဲ့ ကစားသမားရော နည်းပြအဖြစ်ပါ တစ်လှည့်စီ တာဝန်ယူခဲ့ပါတယ်။

နောက်ပိုင်းမှာ Evil Geniuses ကနေ ထွက်ခွာခဲ့တဲ့ Fear ဟာ TI9 ဝင်ရောက်ခွင့် ရဖို့အတွက် J.Storm အသင်းသားအနေနဲ့ TI9 North America qualifier ကို ကစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ J.Storm အသင်းဖော်တွေထဲမှာ Resolut1on, Nine, Moo နဲ့ 1437 တို့ ပါဝင်ပါတယ်။

 

“Synderen”

TI6 ဝင်ခွင့်ရခဲ့တဲ့ Synderen ဟာလည်း အခြားသူများထက် လူသိနည်းတဲ့ ကစားသမားပါ။ TI6 ရဲ့ Escape Gaming မှာ Era ရဲ့ အသင်းဖော်ဖြစ်ခဲ့ပြီး qojqva, YapzOr, KheZu တို့နဲ့အတူ အောက်ဆုံး လေးနေရာရချိန်မှာ ပါဝင်ခဲ့ပါတယ်။ Synderen ဟာ caster တစ်ယောက်နဲ့လည်း ပွဲများမှာ ပါဝင်လေ့ရှိပါတယ်။

Synderen ရဲ့ လက်ရှိ Anti-MagE- အသင်းကတော့ TI9 မှာ မပါဝင်ပါဘူး။ သူ့ရဲ့ အသင်းမှာ Na’Vi ကစားသမားဟောင်း GeneRaL ပါဝင်ပါတယ်။ Qualifier ကို မအောင်မြင်လို့ TI9 ကို ကစားသမားအဖြစ် မဝင်ရောက်ရပေမယ့် Synderen ကတော့ TI9 Dota 2 broadcast မှာ analyst နေရာက ပါဝင်ဦးမှာပါ။

 

“Loda”

TI6 ကတော့ Loda နောက်ဆုံးကစားနိုင်ခဲ့တဲ့ TI ပါ။ TI3 ချန်ပီယံဟောင်း Loda ဟာ အနိုင်ရခဲ့တဲ့ Alliance အသင်းကနေပဲ TI6 ကို ဝင်ရောက်ကစားရာ ၉ ကနေ ၁၂ ပူးတွဲ လေးနေရာမှာပဲ ရပ်တည်ခဲ့ပါတယ်။ ထိုစဉ်က Alliance အသင်းမှာ TI3 ချန်ပီယံဟောင်းကစားသမား အားလုံးရှိနေဆဲဖြစ်ပြီး S4, AdmiralBulldog, Akke နဲ့ EGM တို့ဟာ Loda နဲ့ အတူ ကစားခဲ့ကြပါတယ်။

ယခုအချိန်မှာ ကစားသမားဘဝက အနားယူသွားခဲ့ပြီဖြစ်တဲ့ Loda ဟာ Alliance အသင်းရဲ့ နည်းပြ နဲ့ CEO တစ်ယောက်ဖြစ်နေပါပြီ။ Alliance အသင်းသားသစ် miCKe, qojqva, Boxi, Taiga နဲ့ iNSaNiA တို့ကို TI9 ဝင်ခွင့်ရအောင် နည်းပြပေးနိုင်ခဲ့တဲ့ Loda ဟာ အသင်းထဲမှာ ကိုယ်တိုင်ဝင်ရောက်ကစားခြင်းတော့ မပြုလုပ်တော့ပါဘူး။

 

ဒီနှစ် TI9 ကို ဝင်ခွင့်ရသူဖြစ်စေ မရသူဖြစ်စေ၊ နှစ်ထပ်ကွမ်း ချန်ပီယံပေါ်ပေါက်လာသည် ဖြစ်စေ မပေါ်ပေါက်သေးသည်ဖြစ်စေ၊ TI မရသေးသူများလည်း ရသည်ဖြစ်စေ မရသေးသည်ဖြစ်စေ၊ Dota 2 ဝါသနာရှင်များဟာ တစ်ချိန်က လျှမ်းလျှမ်းတောက်ခဲ့တဲ့ ကစားသမားများကို ဒီဓာတ်ပုံလေးလို အမှတ်တရမျိုး မြင်တိုင်း အမြဲ အောက်မေ့သတိရနေကြမှာပဲ ဖြစ်ပါတယ်။ TI9 ချန်ပီယံများဟာ ဘယ်သူတွေလဲဆိုတာ သိရဖို့ကလည်း အချိန်အတော်နီးကပ်လာခဲ့ပြီပဲ ဖြစ်ပါတော့တယ်။

By Combo (Htet Wai Yan)