[Unicode]

“ကမ္ဘာ့ပထမဆုံး Gaming အိပ်ရာ ထွက်ပေါ်လာ”

 

ယနေ့ခေတ် ဂိမ်မာအတော်များများအတွက် ဂိမ်းနဲ့ပတ်သက်တဲ့ gaming ကုလားထိုင်၊ ဆိုဖာခုံနဲ့ desktop ခုံတွေဟာ အထူးအဆန်းတွေ မဟုတ်တော့ပါဘူး။ ယင်းအပိုပစ္စည်းများကို ဂိမ်းကစားရာမှာ သက်တောင့်သက်သာရှိစေဖို့၊ စွမ်းဆောင်ရည်မြင့်မားစေဖို့၊ အများအမြင်တင့်တယ်စေဖို့ စ တဲ့ရည်ရွယ်ချက်အမျိုးမျိုးနဲ့ အသုံးပြုကြပါတယ်။ ဒါပေမယ့် ဂျပန် gaming ပရိဘောဂကုမ္ပဏီတစ်ခုကတော့ အများနဲ့မတူ တစ်မူထူးခြားတဲ့ အပိုပစ္စည်းတစ်မျိုးကို ထုတ်လုပ်လိုက်ပါတယ်။

Bauhutte လို့ အမည်ရတဲ့ ယင်းကုမ္ပဏီက ထုတ်လုပ်လိုက်တာကတော့ gaming အိပ်ရာပါ။ ဘယ်ကုမ္ပဏီကမှ ဒီလိုပုံစံမျိုးထုတ်လုပ်ခဲ့ဖူးခြင်း မရှိလို့ Bauhutte ဟာ ကမ္ဘာ့ပထမဆုံး gaming အိပ်ရာကို ပြုလုပ်လိုက်တာဖြစ်တယ်လို့တောင် ဆိုနိုင်ပါတယ်။ Gaming အိပ်ရာဟာ gaming ဆိုဖာခုံများလိုပဲ အသုံးပြုသူဂိမ်မာများရဲ့ ကျောရိုး၊ ခါး၊ ဦးခေါင်း စ တာတွေကို ညောင်းညာမနေအောင် ကူညီပေးနိုင်မှာပါ။

Gaming အိပ်ရာမှာ ပါဝင်ပေါင်းစပ်ထားတဲ့ ပစ္စည်းများကတော့ ကုတင်နဲ့တွဲထားတဲ့ gaming desktop ခုံ၊ အနိမ့်အမြင့်ချိန်လို့ရတဲ့ gaming ခေါင်းအုံး၊ gaming စောင်၊ gaming ဆိုဖာ၊ နားကြပ်ထားဖို့ ချိတ်၊ စားပွဲရှည်၊ အချိုရည်နဲ့ စားစရာတင်ဖို့ စင် စတာတွေပဲဖြစ်ပါတယ်။ လိုအပ်တဲ့အရာများကို အဆင်သင့်ထားရှိပြီး ဂိမ်းကစားနေစဉ် အလွယ်တကူလှမ်းယူနိုင်အောင် ဖန်တီးပေးထားတာပါ။

ဂိမ်မာများဟာ မိမိတို့ကိုယ်တိုင် ဂိမ်းမကစားပဲအနားယူနေစဉ်အတွင်းမှာ အခြားသူများရဲ့ ဂိမ်း stream များကို ကြည့်ရှုလေ့ရှိကြပါတယ်။ ဒီလိုကြည့်ရှုချိန်မှာ သက်တောင့်သက်သာရှိပြီး အဆင်ပြေနေစေဖို့အတွက် tablet holder တစ်ခုကိုလည်း ခေါင်းရင်းဘက်မှာ ထည့်သွင်းပေးထားပါသေးတယ်။

Gaming အိပ်ရာရဲ့ တစ်ခုတည်းသော အားနည်းချက်ကတော့ တစ်ယောက်စာနေရာသာ ပါဝင်ခြင်းပဲ ဖြစ်ပါတယ်။ Bauhutte ကတော့ ယင်းတို့ထုတ်လုပ်လိုက်တဲ့ gaming အိပ်ရာကို ယန်းငွေ ၁၁၃,၂၅၀ (ကန်ဒေါ်လာ ၁,၀၅၀) နဲ့ ဝယ်ယူနိုင်နေပြီလို့ ကြေညာထားပါတယ်။

လက်ရှိအချိန်မှာတော့ ဂျပန်နိုင်ငံအတွင်းမှာသာ အဓိကရောင်းချနေတာဖြစ်ပြီး အခြားနိုင်ငံများအတွက်ပါ ဖြန့်ချိမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ကြရဦးမှာပါ။ Gaming အိပ်ရာဟာ အခြားသမားရိုးကျ gaming အပိုပစ္စည်းများထက် ထူးခြားနေတာမို့ ဗဟုသုတအဖြစ် ဖော်ပြလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: bauhutte.jp, tomshardware


[ZawGyi]

“ကမာၻ႔ပထမဆုံး Gaming အိပ္ရာ ထြက္ေပၚလာ”

 

ယေန႔ေခတ္ ဂိမ္မာအေတာ္မ်ားမ်ားအတြက္ ဂိမ္းနဲ႔ပတ္သက္တဲ့ gaming ကုလားထိုင္၊ ဆိုဖာခုံနဲ႔ desktop ခုံေတြဟာ အထူးအဆန္းေတြ မဟုတ္ေတာ့ပါဘူး။ ယင္းအပိုပစၥည္းမ်ားကို ဂိမ္းကစားရာမွာ သက္ေတာင့္သက္သာရွိေစဖို႔၊ စြမ္းေဆာင္ရည္ျမင့္မားေစဖို႔၊ အမ်ားအျမင္တင့္တယ္ေစဖို႔ စ တဲ့ရည္႐ြယ္ခ်က္အမ်ိဳးမ်ိဳးနဲ႔ အသုံးျပဳၾကပါတယ္။ ဒါေပမယ့္ ဂ်ပန္ gaming ပရိေဘာဂကုမၸဏီတစ္ခုကေတာ့ အမ်ားနဲ႔မတူ တစ္မူထူးျခားတဲ့ အပိုပစၥည္းတစ္မ်ိဳးကို ထုတ္လုပ္လိုက္ပါတယ္။

Bauhutte လို႔ အမည္ရတဲ့ ယင္းကုမၸဏီက ထုတ္လုပ္လိုက္တာကေတာ့ gaming အိပ္ရာပါ။ ဘယ္ကုမၸဏီကမွ ဒီလိုပုံစံမ်ိဳးထုတ္လုပ္ခဲ့ဖူးျခင္း မရွိလို႔ Bauhutte ဟာ ကမာၻ႔ပထမဆုံး gaming အိပ္ရာကို ျပဳလုပ္လိုက္တာျဖစ္တယ္လို႔ေတာင္ ဆိုႏိုင္ပါတယ္။ Gaming အိပ္ရာဟာ gaming ဆိုဖာခုံမ်ားလိုပဲ အသုံးျပဳသူဂိမ္မာမ်ားရဲ႕ ေက်ာ႐ိုး၊ ခါး၊ ဦးေခါင္း စ တာေတြကို ေညာင္းညာမေနေအာင္ ကူညီေပးႏိုင္မွာပါ။

Gaming အိပ္ရာမွာ ပါဝင္ေပါင္းစပ္ထားတဲ့ ပစၥည္းမ်ားကေတာ့ ကုတင္နဲ႔တြဲထားတဲ့ gaming desktop ခုံ၊ အနိမ့္အျမင့္ခ်ိန္လို႔ရတဲ့ gaming ေခါင္းအုံး၊ gaming ေစာင္၊ gaming ဆိုဖာ၊ နားၾကပ္ထားဖို႔ ခ်ိတ္၊ စားပြဲရွည္၊ အခ်ိဳရည္နဲ႔ စားစရာတင္ဖို႔ စင္ စတာေတြပဲျဖစ္ပါတယ္။ လိုအပ္တဲ့အရာမ်ားကို အဆင္သင့္ထားရွိၿပီး ဂိမ္းကစားေနစဥ္ အလြယ္တကူလွမ္းယူႏိုင္ေအာင္ ဖန္တီးေပးထားတာပါ။

ဂိမ္မာမ်ားဟာ မိမိတို႔ကိုယ္တိုင္ ဂိမ္းမကစားပဲအနားယူေနစဥ္အတြင္းမွာ အျခားသူမ်ားရဲ႕ ဂိမ္း stream မ်ားကို ၾကည့္ရႈေလ့ရွိၾကပါတယ္။ ဒီလိုၾကည့္ရႈခ်ိန္မွာ သက္ေတာင့္သက္သာရွိၿပီး အဆင္ေျပေနေစဖို႔အတြက္ tablet holder တစ္ခုကိုလည္း ေခါင္းရင္းဘက္မွာ ထည့္သြင္းေပးထားပါေသးတယ္။

Gaming အိပ္ရာရဲ႕ တစ္ခုတည္းေသာ အားနည္းခ်က္ကေတာ့ တစ္ေယာက္စာေနရာသာ ပါဝင္ျခင္းပဲ ျဖစ္ပါတယ္။ Bauhutte ကေတာ့ ယင္းတို႔ထုတ္လုပ္လိုက္တဲ့ gaming အိပ္ရာကို ယန္းေငြ ၁၁၃,၂၅၀ (ကန္ေဒၚလာ ၁,၀၅၀) နဲ႔ ဝယ္ယူႏိုင္ေနၿပီလို႔ ေၾကညာထားပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ဂ်ပန္ႏိုင္ငံအတြင္းမွာသာ အဓိကေရာင္းခ်ေနတာျဖစ္ၿပီး အျခားႏိုင္ငံမ်ားအတြက္ပါ ျဖန႔္ခ်ိမလားဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ၾကရဦးမွာပါ။ Gaming အိပ္ရာဟာ အျခားသမား႐ိုးက် gaming အပိုပစၥည္းမ်ားထက္ ထူးျခားေနတာမို႔ ဗဟုသုတအျဖစ္ ေဖာ္ျပလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: bauhutte.jp, tomshardware