[Zawgyi]

ကမာၻ႕အႀကီးဆုံး Fighting ဂိမ္းၿပိဳင္ပြဲ EVO 2019

 

August လထဲမွာ Gamer ေတြေတာ္ေတာ္မ်ားမ်ားအတြက္ ရင္ခုန္စရာေတြနဲ႔ ျပည့္နွက္ေနပါတယ္။ အမ်ားေစာင့္ေနၾကတဲ့ Dota 2 The International 9 မလာခင္မွာပဲ စစခ်င္း August 2 ရက္ေန႔မွာ အၾကီးဆံုး Global Fighting Game Tournament ျဖစ္တဲ့ EVO 2019 ဆိုျပီး လာပါေတာ့မယ္။

သူ႔ထူးျခားခ်က္က Qualifier ဘာညာ ဘာမွမရွိပါဘူး။ Event ေရာက္မွ ဆက္တိုက္ လူေတြအမ်ားၾကီး ေဆာ့ၾကျပိဳင္ၾကတာပါ။ ရက္အတိအက်ကေတာ့ ခုလာမယ့္ ေသာၾကာမနက္ကေန တနဂၤေႏြေန႔ ညေနထိျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံ လာ့စ္ေဗးဂစ္ၿမိ္ဳ႕ရွိ မႏၲေလးေဘးဟိုတယ္မွာ က်င္းပမွာ ျဖစ္ပါတယ္။

EVO ရဲ့ Prize Pool ကေတာ ့လာအားေပးမယ့္လူ အေရအတြက္ရယ္ ကစားမယ့္ Entrance အေရအတြက္နဲ႔ တစ္ဂိမ္းခ်င္းစီက Developer Company ေတြအျပင္ Sponsor ေတြဆီက ရသမ်ွ အကုန္ေပါင္းေပးတာမို႔ ထုတ္မျပေသးပါဘူး။

1. Super Smash Brothers Ultimate

ခုေနာက္ဆံုးထြက္ထားတဲ့ Nintendo ရဲ႕အၾကမ္းဆံုး Fighting Game Series ျဖစ္ပါတယ္။ Kirby, Mario, Zelda, Link, အစရွိသျဖင့္ Nintendo ရဲ႕ နာမည္ၾကီးဇာတ္ေကာင္ေတြအျပင္ Capcom က Megaman, Persona 5 က Joker, Dragon Quest ရဲ႕ Hero အစရွိတဲ့ ဧည့္သည္ ဇာတ္ေကာင္ေတြလဲ ပါပါတယ္။

Gameplay အေနနဲ႔ကေတာ့ တျခား Fighters ေတြလို ခလုတ္ရွုပ္တာေတြမပါတာမုိ႔ ခုထိ gamer ေတြၾကားထဲ Smash bros ကို fighting game လို႔ေခၚသင့္မေခၚသင့္ ခ်ေနၾကတုန္းျဖစ္ပါတယ္။ Party Game ကေန အေျခခံျပီးျဖစ္လာတာမို႔ 1v1v1v1 ေလးေယာက္ free for all ကို ဦးစားေပးထားတာေၾကာင့္ ကိုယ္တိုက္ခိုက္မယ့္ map က ေတာ္ေတာ္ကိုက်ယ္ပါတယ္။ လက္နက္ေတြလဲ ျပြတ္ေနေအာင္ခ်ေပးထားေပမယ့္ တကယ့္ tournament မွာေတာ့အဲဒါေတြအျပင္ တခ်ိဳ႕map ေတြကိုပါ ban ထားရပါတယ္။

ေျပာေနစရာကိုမလိုပါဘူး Nintendo ရဲ႕ Best Selling game မို႔ေဆာ့သင့္တဲ့အထဲကိုပါပါတယ္။ ခက္တာက Nintendo ဆိုတဲ့အတိုင္း သူ႕ console ေတြကလြဲျပီး ဘယ္မွာမွထြက္မွာမဟုတ္ပါဘူးခင္ဗ်ာ။

 

2. Street Fighters V

Street Fighters ကေတာ့ EVO ျပိဳင္ပြဲတိုင္းရဲ႕စံလိုျဖစ္ျပီး လူတိုင္းသိတဲ့ဂိမ္းမို႔ ေထြေထြထူးထူး ေျပာစရာရွိမယ္ မထင္ပါဘူး။

Gameplay အရကေတာ့ Anime Fighters ေတြနဲ႔ယွဥ္ရင္ ပိုေနွးျပီး 3D fighter ေတြထက္ေတာ့ ပိုျမန္ပါတယ္။ Fighting Game ေတြ အကုန္လံုးရဲ႕ Basic လို႔ေျပာလို႔ရပါတယ္။

SFV ကထြက္တာၾကာျပီ ျဖစ္တာေရာ Sunday Finals မွာပါတာေရာေျကာင့္ ပြဲအျပီးမွာ SF 6 ဆိုျပီး Announce လုပ္လာနိုင္ပါတယ္။ တေလာက ေျပာထားတာကေတာ့ SF6 အတြက္ အစီအစဥ္မရွိေသးဘူးလို႕လဲေျပာထားပါတယ္။ ေသခ်ာတာကေတာ့ ဘယ္ခ်ိန္ထေဆာ့ေဆာ့ ေကာင္းတဲ့ဂိမ္းထဲပါတာပါပဲ။ ေစာင့္ျကည့္လိုက္တာအေကာင္းဆံုးပါ။

 

3. Tekken 7

Tekken 7 ဟာလဲ Street Fighters လိုပဲ Fighting Game ေတြရဲ႕အေျခခံအက်ဆံုး စံေတြထဲပါပါတယ္။ 3D fighters ေတြကိုတစ္ေခတ္ဆန္းတီထြင္ခဲ့တဲ့ဂိမ္းဆိုလဲမမွားပါဘူး။

Gameplay အရကေတာ့ တိုက္ခိုက္ရာမွာ SF လို 2D fighter ေတြက တိက်တဲ့ ေလးေထာင့္ကြက္ hitbox hurtbox ေတြအသံုးျပဳျပီး Tekken ကေတာ့သူ႔ရဲ႕ 3d model ေတြနဲ႔ထိမထိကို တြက္ခ်က္ပါတယ္။ ျပီးရင္ neutral, high (overhead), low အျပင္ character ရဲ႕ဘယ္ညာကိုပါေရွာင္လို႔ရျပီးအဲအတြက္ပါ hit detect ျဖစ္ပါတယ္။

ပံုမွန္အားျဖင့္ေတာ့ Tekken လို 3D fighter ေတြကအေနွးဆံုး fighting game ထဲမွာပါပါတယ္။ တကယ္ online play မွာေတာ့အဲေလာက္မဆိုးပါဘူး။ ျပိဳင္ပြဲမွာၾကေတာ့ pro ေတြက အမွားမခံခ်င္ေတာ့neutral play ကိုအရမ္းဦးစားေပးျပီး Footsies မွာပဲ ထိလိုက္ျပန္ဆုတ္လိုက္ လုပ္ေနၾကတာအျမဲမဟုတ္ေပမယ့္ မ်ားပါတယ္။

တေလာကမွ Walking Dead ထဲကဇာတ္ေကာင္ Negan တို႔ DLC ေပးထားတာမို႔ အသစ္မလာနိုင္ေသးဘူးေျပာနိုင္ေပမယ့္ ေကာက္ခ်က္ခ်လို႔ေတာ့မရပါဘူး။ သတင္းအတိအက်ဘာမွမထြက္ထားတာမို႔ Finals day မွာ Tekken 8 ဆိုျပီးခ်ျပလိုက္ရင္ ဝယ္မိပါက နွေျမာစရာျဖစ္နိုင္ပါတယ္။

ဒီေကာင္လဲေစာင့္ၾကည့္တာအေကာင္းဆံုးပါ။ 3D fighter ကိုမွၾကိဳက္တယ္ဆိုရင္ေတာ့ Tekken ကအေျခခံအက်ဆံုးျဖစ္ပါတယ္။ ထူးျခားခ်က္အေနနဲ႔ Final Fantasy XV ထဲက Noctis နဲ႔ Walking Dead ထဲက Negan တို႔ပါဝင္ပါတယ္။

 

4. Samurai Shodown

ခုမွစထြက္တဲ့ဂိမ္းျဖစ္ပါတယ္။ PC မွာေတာင္မလာေသးပါဘူး။ EVO ျပိဳင္ပြဲနဲ႔မွ ကပ္ရက္ထြက္တာမို႔ ေလ့က်င့္ဖို႔အခ်ိန္ဆိုတာမရွိသေလာက္ပါပဲ။ အဲဒါနဲ႔ပဲ ေယဘုယ်အေနနဲ႔ ဘယ္သူမဆို pro ဆိုရင္ေတာင္ မတရားၾကမ္းေနတယ္လို႔ေျပာလို႔မရတဲ့အေျခအေနနဲ႔ ဂိမ္းျဖစ္ပါတယ္။

Gameplay အေနနဲ႔ကေတာ့ Samurai Shodown ဆိုတဲ့အတိုင္း Samurai ဂိမ္းတစ္ဂိမ္းရဲ႕feel အျပည့္ရပါတယ္။ သူ႔ရဲ႕အနွစ္သာရက ဆာမူရိုင္းဂိမ္းျဖစ္တာနဲ႔အညီ တစ္ဖက္လူရဲ႕အမွားနဲ႔ ကိုယ့္ရဲ႕ တုံ႔ျပန္မွုအေပၚမွာ မတရားမူတည္ပါတယ္။ Combo ဆိုတာ မရွိသေလာက္ပါပဲ။ Whiff တာေတြလဲ အမ်ားျကီးရွိပါတယ္။ ရန္သူ Whiff တာေပၚမွာ အခြင့္ေကာင္းယူနိုင္ရင္ယူနိုင္သေလာက္ တစ္ခ်က္တစ္ခ်က္ကို နစ္ေနေအာင္ထိပါတယ္။ ကံမေကာင္းရင္ ေနရာယူတာမေသသပ္ရင္ hp 70% ေလာက္ရွိေနေတာင္ တန္းေသသြားနိုင္ပါတယ္။ ရန္သူ႕ဓါးကိုလုျပီးလႊတ္ပစ္တာမ်ိဳးက အစပါပါတယ္။

Combo ေတြအလြတ္က်က္စရာမလိုပဲ အရမ္းရင္ခုန္ရတဲ့ Fighting Game ကစားခ်င္တဲ့လူေတြ အတြက္ေတာ့ အရမ္းေကာင္းပါတယ္။ အသစ္လဲျဖစ္တာမို႔ ဘယ္သူမွတစ္ေယာက္နဲ႔တစ္ေယာက္ မကြာပါဘူး။ စေဆာ့လို႔ အေကာင္းဆံုး fighting game ထဲမွာထိပ္ဆံုးက recommend ေပးပါတယ္။ ဆိုးတာကေတာ့ PC မွာမထြက္ေသးပါဘူး။ ျပီးေတာ့ ခုမွျပန္ reboot တာမို႔ အရင္ Samurai Shodown မျမင္မၾကားဖူးတဲ့လူေတြအတြက္ character ေတြက နည္းနည္းစိမ္းေနနိုင္ပါတယ္။

 

5. Mortal Kombat 11

Mortal Kombat နဲ႔ သူ႕ရဲ႕ fatality ေတြကေတာ့ လူတိုင္းနဲ႔စိမ္းေနမွာမဟုတ္မွန္းေသခ်ာပါတယ္။ ဒီေကာင္လဲအသစ္ထြက္ထားတာ လပိုင္းပဲရွိပါေသးတယ္။ Steam မွာေစ်းခ်ေနတယ္ဆိုျပီး MKX ကိုသြားမဝယ္မိပါေစနဲ႔။ Fighting Game ေတာ္ေတာ္မ်ားမ်ားကအသစ္ထြက္ျပီးရင္ အေဟာင္းမွာ လူနည္းသြားပါတယ္။ အဲဒါမို႔လဲ တစ္ဂိမ္းနဲ႕တစ္ဂိမ္း နွစ္ေတာ္ေတာ္ၾကာျပီးမွ အသစ္ထြက္ၾကတာ ျဖစ္ပါတယ္။

Gameplay အေနနဲ႔ကေတာ့ Street Fighters နဲ႔ေတာ္ေတာ္တူပါတယ္။ ပိုသြက္ပါတယ္။ Combo ေတြလဲပိုမ်ားပါတယ္။ ကြာသြားတာကေတာ့ Execution ပိုင္းမွာပါ။ ပံုမွန္ဆို 2d fighters ေတြအတြက္ block ကာတဲ့ခလုတ္ကေနာက္ဆုတ္လိုက္ရင္ရပါတယ္။ MK ကအဲဒါေတြအတြက္ Tekken လုိမ်ိဳး ခလုတ္သက္သက္ပါပါတယ္။ Hitbox ေတြအစား 3D model ကိုပဲအသံုးျပဳပါတယ္။ နည္းနည္းေတာ့ ကသိကေအာက္ျဖစ္ေပမယ့္ ရန္သူကို Fatality ေက်ြးျပီး ေလတိုက္ရတာ အရမ္းဖီးရွိပါတယ္။ EVO မွာကေတာ့ အဲဒါေတြ ေတြ႔ရမွာမဟုတ္ပါဘူး။ Pro ေတြက ရွံဳးျပီဆို တန္းထြက္ၾကပါတယ္။

အသစ္ထြက္ထားတဲ့ဂိမ္းမို႔ သိပ္ေထြေထြထူးထူးေျပာစရာမလိုပါဘူး။ ေဆာ့ခ်င္တယ္ဆို တန္းသာ ဝယ္ေဆာ့လိုက္ပါ။ မေကာင္းတဲ့ဘက္ကေျပာရမယ္ဆိုရင္ေတာ့ Gameplay ပိုင္းက အေပၚကေျပာခဲ့တဲ့ အခ်က္ေတြကလြဲျပီး က်န္တာ Street Fighters နဲ႔သိပ္မကြာပါဘူး။ Lore ေတြ Story mode ေတြမွာ MK ကိုပိုၾကိဳက္တယ္ဆိုရင္ေတာ့ အသစ္ခ်က္ခ်ြတ္ဂိမ္းမို႔ ပူစရာမရွိပါဘူး ကိုင္လိုက္ပါ။

 

6. Under Night In-Birth (Exe:Late[st]) / (UNIST)

သင္မေဆာ့ဖူးတဲ့အေကာင္းဆံုး Fighting Game ဆိုျပီး နာမည္ၾကီးေနတဲ့ နွစ္ေပါက္ေနတဲ့ဂိမ္းပါ။ နွစ္အဆက္ဆက္ပါလာတဲ့ Smash Bros Melee, The King of Fighters အစရွိသျဖင့္ကို ေက်ာ္တက္လာတဲ့ဂိမ္းမို႔ အထူးသျဖင့္ melee fan ေတြကမေက်နပ္ၾကပါဘူး။

Gameplay အရကေတာ့ စာေရးသူရဲ႕အျကိုက္ဆံုး Fighting Game လို႔ေျပာလို႔ရပါတယ္။ Character ေတြထဲ တစ္ေကာင္နဲ႔တစ္ေကာင္ ကစားပံုလံုးဝမတူပါဘူး။ တစ္ေကာင္ခ်င္းစီမွာ unique ျဖစ္တဲ့ ability ေတြပါပါတယ္။ Combo ေကာ Neutral ေကာနွစ္ခုလံုးအေရးၾကီးပါတယ္။

Anime Fighters ထဲမွာအခက္ဆံုးနဲ႔ Guilty Gears ျပီးရင္တစ္ခုတည္းေသာ 1vs1 fighting game ျဖစ္ပါတယ္။ Combo မရသူေတြအတြက္ auto combo စနစ္လဲပါတာမို႔ အရမ္းေသသပ္ပါတယ္။

တေလာက Under Night In-Birth (Exe:Late[clr]) ဆိုျပီး version အသစ္ထြက္မယ္လို႔ leak ထြက္ထားတာမို႔မွန္းလို႔မရပါဘူး။ Story mode ကလဲေတာ္ေတာ္ေကာင္းပါတယ္။ ဂိမ္းမေဆာ့ခ်င္လဲ Visual Novel mode ပါပါတယ္။ EVO မွာဒီနွစ္မွ စပါတာျဖစ္ျပီး Entrance 1100 ေက်ာ္တာမို႔ Community ပိုင္းကေတာ့ေျပာစရာမရွိပါဘူး။

 

7. DragonBall FighterZ

EVO 2018 မွာ entrance ေရာ viewer ေရာ စံခ်ိန္တင္ခဲ့တဲ့ဂိမ္းက တစ္နွစ္ထဲနဲ႔အဆင့္ ၇ ထိ ဆင္းသြားတာ ေတာ္ေတာ္ၾကည့္ရဆိုးပါတယ္။ ျပသနာကေတာ့ ဒီနွစ္ထဲမွာ Jump Force ဂိမ္းအသစ္ထြက္မွာမို႔ စိတ္ဝင္စားမွုတက္ေအာင္ DBFZ ျပိဳင္ပြဲအကုန္လံုးကို ရုတ္သိမ္းလိုက္ျပီဆိုတဲ့ သတင္းကေန စသြားတာပါ။

အဲမွာအကုန္ ဝရုန္းသုန္းကားျဖစ္ျပီး Pro ေတြကလဲ ဂိမ္းေတြေျပာင္း မေက်နပ္တဲ့လူေတြကလဲ reddit မွာထိုင္ဆဲၾကပါတယ္။ ပထမဆံုး ဂိမ္းကိုျဖန္႔တဲ့ Bandai Namco ကို လူေတြအုပ္လိုက္ၾကီးသ ြားဆဲပါတယ္။ ဟိုကသူတို႔နဲ႔မဆိုင္ပါဘူးျငင္းေတာ့ Dragon Ball ip ကိုပိုင္တဲ့ Shonen Jump ေတြေကာ Shueisha ေတြေကာ mangaka အဆံုးအထိ ျပသနာအၾကီးၾကီး တက္သြားပါတယ္။ ေနာက္ဆံုးအသစ္ထြက္ Jump Force game က ထင္သေလာက္ မျဖစ္သြားတဲ့အျပင္ နာမည္ပါပ်က္သြားေတာ့ ျပန္အေလ်ွာ့ေပးလုိက္ရေပမယ့္ အေျခအေနကခုလိုျဖစ္သြားပါတယ္။

Gameplay ပိုင္းကေတာ့ DragonBall ဆိုတဲ့အတိုင္းလံုးဝ DragonBall feeling အျပည့္ရပါတယ္။ 3v3 Tag game ျဖစ္တာမို႔ အသင္းတည္ေဆာက္တတ္ဖို႔လဲလိုပါတယ္။ ကစားပံုကေတာ့ Neutral ကိုဦးစားေပးျပီး ခံစစ္ထက္ တိုက္စစ္ကပိုအေရးၾကီးပါတယ္။ အေျခအေနမေပးရင္ ကိုယ့္ဘက္က အမွားမ်ားရင္ ခ်က္ခ်င္း ၃ ေကာင္မွာ တစ္ေကာင္တန္းေသသြားနိုင္ပါတယ္။ Auto Combo ပါတာမို႔ casual ေတြအတြက္လဲ အဆင္ေျပပါတယ္။ ပြဲေတြက မျမန္ေပမယ့္ အရမ္းျပင္းထန္ပါတယ္။ တကယ့္ DragonBall ရုပ္ရွင္ျကည့္ေနရသလိုပါပဲ။ အဲဒါမို႔လဲ မနွစ္ကစံခ်ိန္ခ်ိဳးခဲ့တာမဆန္းပါဘူး။ စာေရးသူရဲ႕ ကိုယ္ပိုင္အျမင္ကိုေျပာရရင္ေတာ့ Character Roster မွာ Goku ေတြမ်ားေနတာပဲေျပာစရာရွိပါတယ္ lol

ဒီေကာင္ကေတာ့ တစ္နွစ္သက္တမ္းရွိျပီးဆက္တုိက္ support ေနဦးမွာဆိုေတာ့ ခုခ်ိန္ဝယ္ေဆာ့ရင္ ေတာ္ေတာ္ကို ေကာင္းတဲ့အခ်ိန္ျဖစ္ပါတယ္။ DragonBall FighterZ 2 ဆိုျပီးလဲ မလာနိုင္ပါဘူး။ လံုးဝ ဝုန္းဒိုင္းၾကဲခ်ေနရတာလဲၾကိဳက္ စနစ္လဲက်တဲ့ Fighting Game ေဆာ့ခ်င္ရင္ေတာ့ DBFZ သာစေဆာ့လိုက္ပါ။

 

8. Soul Calibur 6

Soul Calibur ကေတာ့အရွင္းဆံုးေျပာရရင္ Tekken ကေကာင္ေတြကို ဓါးေတြတုတ္ေတြ တပ္ေပးထားတာပါ။ Character တိုင္းလိုလို လက္နက္ပါပါတယ္။ Soul Calibur ရဲ႕အဓိကအနွစ္သာရက Character Creation ပါ။ အရမ္းနက္နဲျပီး Pepsi Man ကအစ Batman အဆံုး Tom and Jerry အထိ လုပ္လို႔ရပါတယ္။ Online play ကေတာ့ အဲဒါနဲ႔တင္ အရမ္းေပ်ာ္ဖို႔ေကာင္းပါတယ္။

Gameplay ကေတာ့ခုနကေျပာသလိုပဲ Tekken ကို ဓါးတပ္ေပးထားတာပါ။ ပိုျပီးသြက္ပါတယ္။ စာေရးသူအေနနဲ႔ကေတာ့ Tekken နဲ႔ SC6 ဆိုရင္ SC6 ပဲေရြးမွာပါ။ World Building ပိုင္းကလဲ Fantasy ပိုင္းကိုသြားတာမို႔ Dark Souls တို႔ဘာတို႔အျပင္ RPG game fan ေတြအေနနဲ႔ပိုျကိုက္ျကပါလိမ့္မယ္။ ထူးျခားတာတစ္ခုကေတာ့ ဟိုးအရင္ Virtua Fighters လိုမ်ိဳး Ring Out စနစ္ပါပါတယ္။ ကြင္းျပင္ထြက္ or ေခ်ာက္ထဲက်ရင္ရွံဳးပါတယ္။ အဲတစ္ခုနဲ႔တင္ထင္ထားတာထက္ပိုခက္သြားပါတယ္ lol

ဒီေကာင္လဲ အသစ္ျဖစ္တာမို႔ ဝယ္ေဆာ့မယ္ဆို Future Proof ျဖစ္ပါတယ္။ Online မွာ သင့္ Character က Kamen Rider လိုလုပ္ထားရင္ ငွက္ေပ်ာသီးခိုင္နဲ႔ရိုက္တဲ့ Donkey Kong နဲ႔လဲ ခ်ရနိုင္ပါတယ္။ ထူးျခားတာကေတာ့ The Witcher ထဲက Geralt of Rivia နဲ႔ Nier: Automata ဂိမ္းထဲက 2B ပါပါတယ္။ ေနာက္လဲထပ္လာဦးမယ္ေျပာပါတယ္။

 

9. Blazblue Cross Tag Battle (BBTAG)

EVO2019 ရဲ႕ game list ထဲမွာ ျပိဳင္ပြဲဝင္ အနည္းဆံုးဆိုေပမယ့္ ေခတ္အဆက္ဆက္ ေနာက္ဆံုးရတဲ့ game ေတြထဲမွာ ျပိဳင္ပြဲဝင္အမ်ားဆံုး ဂိမ္းအျဖစ္စံခ်ိန္တင္ထားတဲ့ ဂိ္မ္းျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီနွစ္ EVO ကလူအရမ္းစိတ္ဝင္စားမွုမ်ားေနတဲ့ EVO လို႔ေျပာရတာျဖစ္ပါတယ္။

BBTAG ရဲ႕ျပသနာက Skill Ceiling အရလူတစ္ေယာက္နဲ႔တစ္ေယာက္ရဲ႕လက္ရည္က အရမ္း ကြာနိုင္ပါတယ္။ Arcsystemworks ရဲ႕ Blazblue IP ထဲမွာ autocombo ပထမဆံုးစပါတဲ့ဂိမ္း မဟုတ္ေပမယ့္ autocombo ကို ခလုတ္တိုင္းမွာထည့္ေပးထားတဲ့ ပထမဆံုးဂိမ္းျဖစ္ပါတယ္။ ေကာင္းက်ိဴးအေနနဲ႔က casual သမားေတြလဲ စိတ္ေက်နပ္ေအာင္ေဆာ့နိုင္သြားပါတယ္။ ဒါေပမယ့္ combo wombo ေတြကိုတိက်ေအာင္သံုးနိုင္ အသစ္ဖန္တီးနိုင္တဲ့လူေတြနဲ႔ယွဥ္ရင္ လက္အရမ္းကြာသြားပါတယ္။

Gameplay အေနနဲ႔က BBTAG ဆိုတဲ့အတိုင္းသူ႔ရဲ႕အနွစ္သာရက Tag battle ကိုယ့္ character ရဲ႕ partner နဲ႔တြဲျပီး အေျခအေနေပါင္းစံုကို ဖန္တီးနိုင္စြမ္းေပၚမွာ မူတည္ပါတယ္။ သူ႔ရဲ႕ထူးျခားခ်က္ ေရွ႕က Marvel Vs Capcom လို Tag fighting game ေတြနဲ႔မတူတာကေတာ့ screen တစ္ခုထဲမွာ character ေလးေကာင္တစ္ျပိဳင္တည္းခ်ေနလို႔ရပါတယ္။ Easy to Learn, Hard to Master ဆိုတဲ့ဂိမ္းလို႔ ေျပာလို႔ရပါတယ္။

Hardcore သမားေတြၾကားထဲ casual ေတြလဲရွိေနတာမို႔ ျပိဳင္ပြဲဝင္ျပီဆို တကယ္မဝင္နိုင္တဲ့လူေတြ ပိုမ်ားေနပါတယ္။ ဒါေပမယ့္ viewership မ်ားတာေၾကာင့္ EVO2019 ရဲ႕ Sunday Finals ဂိမ္းေတြထဲမွာေနရာရထားပါတယ္။ Crossover Game ျဖစ္ျပီး Blazblue, Persona4, Under Night in-Birth (Unist), Arcana Hearts နဲ႔ RWBY fan ေတြဆိုရင္ အရမ္းႀကိဳက္ၾကမွာ ေသခ်ာပါတယ္။ Unist လူသိပိုမ်ားျပီး EVO list ထဲတန္းဝင္လာတာ BBTAG ကိုထိပ္ဆံုးကေက်းဇူးတင္ရမွာပါ။

ျပီးရင္ သက္တမ္း ၁ နွစ္ဝန္းက်င္သာရွိေသးျပီး ေနာက္ ၂ နွစ္ ၃ နွစ္ေလာက္ထိ support ေပးျပီး ေနာက္ထပ္ join မယ့္ series update ေတြရွိေနမယ့္ဂိမ္းမို႔ anime fighters ေတြၾကိဳက္ရင္ ခုခ်ိန္ခုန္ဝင္လို႔ အေကာင္းဆံုးဂိမ္းထဲမွာပါပါတယ္။

 

EVO2019 ရဲ႕ Finals ေတြေဆာ့မယ့္ရက္အတိအက်ေတြကေတာ့ Friday မွာ Soul Calibur 6 ကိုအျပီးေဆာ့မွာျဖစ္ျပီး Saturday မွာ UNIST>> DragonBall FighterZ>> Samurai Shodown>> Mortal Kombat 11 တို႔ကိုအျပီးသတ္မွာျဖစ္ပါတယ္။

က်န္တာကေတာ့ Sunday Final ပါ။ ဂိမ္းအသစ္ Announcement ေတြလဲလုပ္တတ္တာမို႔ အရမ္းအေရးၾကီးတဲ့ေန႔ပါ။ Sunday Finals ကိုၾကည့္ခ်င္ရင္ သက္သက္လက္မွတ္ဝယ္ရပါေသးတယ္။ Sunday Finals အတြက္ ဂိမ္းေတြကေတာ့ BBTAG>> Street Fighters V>> Tekken 7 နဲ႔ေနာက္ဆံုးအပိတ္ကေတာ့ Super Smash Bros Ultimate နဲ႔အဆံုးသတ္မွာျဖစ္ပါတယ္။

ထူးျခားခ်က္အေနနဲ႔ကေတာ့ EVO အတြင္းမွာ ပါဝင္တဲ့ဂိမ္းအကုန္လံုးကို Steam မွာအခ်ိန္ပိုင္း အလကားေပးေဆာ့ထားတတ္လို႔ စမ္းျကည့္လို႔ရနိုင္ပါေၾကာင္း!

~Lan~


[Unicode]

ကမ္ဘာ့အကြီးဆုံး Fighting ဂိမ်းပြိုင်ပွဲ EVO 2019

 

August လထဲမှာ Gamer တွေတော်တော်များများအတွက် ရင်ခုန်စရာတွေနဲ့ ပြည့်နှက်နေပါတယ်။ အများစောင့်နေကြတဲ့ Dota 2 The International 9 မလာခင်မှာပဲ စစချင်း August 2 ရက်နေ့မှာ အကြီးဆုံး Global Fighting Game Tournament ဖြစ်တဲ့ EVO 2019 ဆိုပြီး လာပါတော့မယ်။

သူ့ထူးခြားချက်က Qualifier ဘာညာ ဘာမှမရှိပါဘူး။ Event ရောက်မှ ဆက်တိုက် လူတွေအများကြီး ဆော့ကြပြိုင်ကြတာပါ။ ရက်အတိအကျကတော့ ခုလာမယ့် သောကြာမနက်ကနေ တနင်္ဂနွေနေ့ ညနေထိဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ လာ့စ်ဗေးဂစ်မြို့ရှိ မန္တလေးဘေးဟိုတယ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

EVO ရဲ့ Prize Pool ကတော့လာအားပေးမယ့်လူ အရေအတွက်ရယ် ကစားမယ့် Entrance အရေအတွက်နဲ့ တစ်ဂိမ်းချင်းစီက Developer Company တွေအပြင် Sponsor တွေဆီက ရသမျှ အကုန်ပေါင်းပေးတာမို့ ထုတ်မပြသေးပါဘူး။

1. Super Smash Brothers Ultimate

ခုနောက်ဆုံးထွက်ထားတဲ့ Nintendo ရဲ့အကြမ်းဆုံး Fighting Game Series ဖြစ်ပါတယ်။ Kirby, Mario, Zelda, Link, အစရှိသဖြင့် Nintendo ရဲ့ နာမည်ကြီးဇာတ်ကောင်တွေအပြင် Capcom က Megaman, Persona 5 က Joker, Dragon Quest ရဲ့ Hero အစရှိတဲ့ ဧည့်သည် ဇာတ်ကောင်တွေလဲ ပါပါတယ်။

Gameplay အနေနဲ့ကတော့ တခြား Fighters တွေလို ခလုတ်ရှုပ်တာတွေမပါတာမို့ ခုထိ gamer တွေကြားထဲ Smash bros ကို fighting game လို့ခေါ်သင့်မခေါ်သင့် ချနေကြတုန်းဖြစ်ပါတယ်။ Party Game ကနေ အခြေခံပြီးဖြစ်လာတာမို့ 1v1v1v1 လေးယောက် free for all ကို ဦးစားပေးထားတာကြောင့် ကိုယ်တိုက်ခိုက်မယ့် map က တော်တော်ကိုကျယ်ပါတယ်။ လက်နက်တွေလဲ ပြွတ်နေအောင်ချပေးထားပေမယ့် တကယ့် tournament မှာတော့အဲဒါတွေအပြင် တချို့map တွေကိုပါ ban ထားရပါတယ်။

ပြောနေစရာကိုမလိုပါဘူး Nintendo ရဲ့ Best Selling game မို့ဆော့သင့်တဲ့အထဲကိုပါပါတယ်။ ခက်တာက Nintendo ဆိုတဲ့အတိုင်း သူ့ console တွေကလွဲပြီး ဘယ်မှာမှထွက်မှာမဟုတ်ပါဘူးခင်ဗျာ။

 

2. Street Fighters V

Street Fighters ကတော့ EVO ပြိုင်ပွဲတိုင်းရဲ့စံလိုဖြစ်ပြီး လူတိုင်းသိတဲ့ဂိမ်းမို့ ထွေထွေထူးထူး ပြောစရာရှိမယ် မထင်ပါဘူး။

Gameplay အရကတော့ Anime Fighters တွေနဲ့ယှဉ်ရင် ပိုနှေးပြီး 3D fighter တွေထက်တော့ ပိုမြန်ပါတယ်။ Fighting Game တွေ အကုန်လုံးရဲ့ Basic လို့ပြောလို့ရပါတယ်။

SFV ကထွက်တာကြာပြီ ဖြစ်တာရော Sunday Finals မှာပါတာရောကြောင့် ပွဲအပြီးမှာ SF 6 ဆိုပြီး Announce လုပ်လာနိုင်ပါတယ်။ တလောက ပြောထားတာကတော့ SF6 အတွက် အစီအစဉ်မရှိသေးဘူးလို့လဲပြောထားပါတယ်။ သေချာတာကတော့ ဘယ်ချိန်ထဆော့ဆော့ ကောင်းတဲ့ဂိမ်းထဲပါတာပါပဲ။ စောင့်ကြည့်လိုက်တာအကောင်းဆုံးပါ။

 

3. Tekken 7

Tekken 7 ဟာလဲ Street Fighters လိုပဲ Fighting Game တွေရဲ့အခြေခံအကျဆုံး စံတွေထဲပါပါတယ်။ 3D fighters တွေကိုတစ်ခေတ်ဆန်းတီထွင်ခဲ့တဲ့ဂိမ်းဆိုလဲမမှားပါဘူး။

Gameplay အရကတော့ တိုက်ခိုက်ရာမှာ SF လို 2D fighter တွေက တိကျတဲ့ လေးထောင့်ကွက် hitbox hurtbox တွေအသုံးပြုပြီး Tekken ကတော့သူ့ရဲ့ 3d model တွေနဲ့ထိမထိကို တွက်ချက်ပါတယ်။ ပြီးရင် neutral, high (overhead), low အပြင် character ရဲ့ဘယ်ညာကိုပါရှောင်လို့ရပြီးအဲအတွက်ပါ hit detect ဖြစ်ပါတယ်။

ပုံမှန်အားဖြင့်တော့ Tekken လို 3D fighter တွေကအနှေးဆုံး fighting game ထဲမှာပါပါတယ်။ တကယ် online play မှာတော့အဲလောက်မဆိုးပါဘူး။ ပြိုင်ပွဲမှာကြတော့ pro တွေက အမှားမခံချင်တော့neutral play ကိုအရမ်းဦးစားပေးပြီး Footsies မှာပဲ ထိလိုက်ပြန်ဆုတ်လိုက် လုပ်နေကြတာအမြဲမဟုတ်ပေမယ့် များပါတယ်။

တလောကမှ Walking Dead ထဲကဇာတ်ကောင် Negan တို့ DLC ပေးထားတာမို့ အသစ်မလာနိုင်သေးဘူးပြောနိုင်ပေမယ့် ကောက်ချက်ချလို့တော့မရပါဘူး။ သတင်းအတိအကျဘာမှမထွက်ထားတာမို့ Finals day မှာ Tekken 8 ဆိုပြီးချပြလိုက်ရင် ဝယ်မိပါက နှမြောစရာဖြစ်နိုင်ပါတယ်။

ဒီကောင်လဲစောင့်ကြည့်တာအကောင်းဆုံးပါ။ 3D fighter ကိုမှကြိုက်တယ်ဆိုရင်တော့ Tekken ကအခြေခံအကျဆုံးဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ Final Fantasy XV ထဲက Noctis နဲ့ Walking Dead ထဲက Negan တို့ပါဝင်ပါတယ်။

 

4. Samurai Shodown

ခုမှစထွက်တဲ့ဂိမ်းဖြစ်ပါတယ်။ PC မှာတောင်မလာသေးပါဘူး။ EVO ပြိုင်ပွဲနဲ့မှ ကပ်ရက်ထွက်တာမို့ လေ့ကျင့်ဖို့အချိန်ဆိုတာမရှိသလောက်ပါပဲ။ အဲဒါနဲ့ပဲ ယေဘုယျအနေနဲ့ ဘယ်သူမဆို pro ဆိုရင်တောင် မတရားကြမ်းနေတယ်လို့ပြောလို့မရတဲ့အခြေအနေနဲ့ ဂိမ်းဖြစ်ပါတယ်။

Gameplay အနေနဲ့ကတော့ Samurai Shodown ဆိုတဲ့အတိုင်း Samurai ဂိမ်းတစ်ဂိမ်းရဲ့feel အပြည့်ရပါတယ်။ သူ့ရဲ့အနှစ်သာရက ဆာမူရိုင်းဂိမ်းဖြစ်တာနဲ့အညီ တစ်ဖက်လူရဲ့အမှားနဲ့ ကိုယ့်ရဲ့ တုံ့ပြန်မှုအပေါ်မှာ မတရားမူတည်ပါတယ်။ Combo ဆိုတာ မရှိသလောက်ပါပဲ။ Whiff တာတွေလဲ အများကြီးရှိပါတယ်။ ရန်သူ Whiff တာပေါ်မှာ အခွင့်ကောင်းယူနိုင်ရင်ယူနိုင်သလောက် တစ်ချက်တစ်ချက်ကို နစ်နေအောင်ထိပါတယ်။ ကံမကောင်းရင် နေရာယူတာမသေသပ်ရင် hp 70% လောက်ရှိနေတောင် တန်းသေသွားနိုင်ပါတယ်။ ရန်သူ့ဓါးကိုလုပြီးလွှတ်ပစ်တာမျိုးက အစပါပါတယ်။

Combo တွေအလွတ်ကျက်စရာမလိုပဲ အရမ်းရင်ခုန်ရတဲ့ Fighting Game ကစားချင်တဲ့လူတွေ အတွက်တော့ အရမ်းကောင်းပါတယ်။ အသစ်လဲဖြစ်တာမို့ ဘယ်သူမှတစ်ယောက်နဲ့တစ်ယောက် မကွာပါဘူး။ စဆော့လို့ အကောင်းဆုံး fighting game ထဲမှာထိပ်ဆုံးက recommend ပေးပါတယ်။ ဆိုးတာကတော့ PC မှာမထွက်သေးပါဘူး။ ပြီးတော့ ခုမှပြန် reboot တာမို့ အရင် Samurai Shodown မမြင်မကြားဖူးတဲ့လူတွေအတွက် character တွေက နည်းနည်းစိမ်းနေနိုင်ပါတယ်။

 

5. Mortal Kombat 11

Mortal Kombat နဲ့ သူ့ရဲ့ fatality တွေကတော့ လူတိုင်းနဲ့စိမ်းနေမှာမဟုတ်မှန်းသေချာပါတယ်။ ဒီကောင်လဲအသစ်ထွက်ထားတာ လပိုင်းပဲရှိပါသေးတယ်။ Steam မှာဈေးချနေတယ်ဆိုပြီး MKX ကိုသွားမဝယ်မိပါစေနဲ့။ Fighting Game တော်တော်များများကအသစ်ထွက်ပြီးရင် အဟောင်းမှာ လူနည်းသွားပါတယ်။ အဲဒါမို့လဲ တစ်ဂိမ်းနဲ့တစ်ဂိမ်း နှစ်တော်တော်ကြာပြီးမှ အသစ်ထွက်ကြတာ ဖြစ်ပါတယ်။

Gameplay အနေနဲ့ကတော့ Street Fighters နဲ့တော်တော်တူပါတယ်။ ပိုသွက်ပါတယ်။ Combo တွေလဲပိုများပါတယ်။ ကွာသွားတာကတော့ Execution ပိုင်းမှာပါ။ ပုံမှန်ဆို 2d fighters တွေအတွက် block ကာတဲ့ခလုတ်ကနောက်ဆုတ်လိုက်ရင်ရပါတယ်။ MK ကအဲဒါတွေအတွက် Tekken လိုမျိုး ခလုတ်သက်သက်ပါပါတယ်။ Hitbox တွေအစား 3D model ကိုပဲအသုံးပြုပါတယ်။ နည်းနည်းတော့ ကသိကအောက်ဖြစ်ပေမယ့် ရန်သူကို Fatality ကျွေးပြီး လေတိုက်ရတာ အရမ်းဖီးရှိပါတယ်။ EVO မှာကတော့ အဲဒါတွေ တွေ့ရမှာမဟုတ်ပါဘူး။ Pro တွေက ရှုံးပြီဆို တန်းထွက်ကြပါတယ်။

အသစ်ထွက်ထားတဲ့ဂိမ်းမို့ သိပ်ထွေထွေထူးထူးပြောစရာမလိုပါဘူး။ ဆော့ချင်တယ်ဆို တန်းသာ ဝယ်ဆော့လိုက်ပါ။ မကောင်းတဲ့ဘက်ကပြောရမယ်ဆိုရင်တော့ Gameplay ပိုင်းက အပေါ်ကပြောခဲ့တဲ့ အချက်တွေကလွဲပြီး ကျန်တာ Street Fighters နဲ့သိပ်မကွာပါဘူး။ Lore တွေ Story mode တွေမှာ MK ကိုပိုကြိုက်တယ်ဆိုရင်တော့ အသစ်ချက်ချွတ်ဂိမ်းမို့ ပူစရာမရှိပါဘူး ကိုင်လိုက်ပါ။

 

6. Under Night In-Birth (Exe:Late[st]) / (UNIST)

သင်မဆော့ဖူးတဲ့အကောင်းဆုံး Fighting Game ဆိုပြီး နာမည်ကြီးနေတဲ့ နှစ်ပေါက်နေတဲ့ဂိမ်းပါ။ နှစ်အဆက်ဆက်ပါလာတဲ့ Smash Bros Melee, The King of Fighters အစရှိသဖြင့်ကို ကျော်တက်လာတဲ့ဂိမ်းမို့ အထူးသဖြင့် melee fan တွေကမကျေနပ်ကြပါဘူး။

Gameplay အရကတော့ စာရေးသူရဲ့အကြိုက်ဆုံး Fighting Game လို့ပြောလို့ရပါတယ်။ Character တွေထဲ တစ်ကောင်နဲ့တစ်ကောင် ကစားပုံလုံးဝမတူပါဘူး။ တစ်ကောင်ချင်းစီမှာ unique ဖြစ်တဲ့ ability တွေပါပါတယ်။ Combo ကော Neutral ကောနှစ်ခုလုံးအရေးကြီးပါတယ်။

Anime Fighters ထဲမှာအခက်ဆုံးနဲ့ Guilty Gears ပြီးရင်တစ်ခုတည်းသော 1vs1 fighting game ဖြစ်ပါတယ်။ Combo မရသူတွေအတွက် auto combo စနစ်လဲပါတာမို့ အရမ်းသေသပ်ပါတယ်။

တလောက Under Night In-Birth (Exe:Late[clr]) ဆိုပြီး version အသစ်ထွက်မယ်လို့ leak ထွက်ထားတာမို့မှန်းလို့မရပါဘူး။ Story mode ကလဲတော်တော်ကောင်းပါတယ်။ ဂိမ်းမဆော့ချင်လဲ Visual Novel mode ပါပါတယ်။ EVO မှာဒီနှစ်မှ စပါတာဖြစ်ပြီး Entrance 1100 ကျော်တာမို့ Community ပိုင်းကတော့ပြောစရာမရှိပါဘူး။

 

7. DragonBall FighterZ

EVO 2018 မှာ entrance ရော viewer ရော စံချိန်တင်ခဲ့တဲ့ဂိမ်းက တစ်နှစ်ထဲနဲ့အဆင့် ၇ ထိ ဆင်းသွားတာ တော်တော်ကြည့်ရဆိုးပါတယ်။ ပြသနာကတော့ ဒီနှစ်ထဲမှာ Jump Force ဂိမ်းအသစ်ထွက်မှာမို့ စိတ်ဝင်စားမှုတက်အောင် DBFZ ပြိုင်ပွဲအကုန်လုံးကို ရုတ်သိမ်းလိုက်ပြီဆိုတဲ့ သတင်းကနေ စသွားတာပါ။

အဲမှာအကုန် ဝရုန်းသုန်းကားဖြစ်ပြီး Pro တွေကလဲ ဂိမ်းတွေပြောင်း မကျေနပ်တဲ့လူတွေကလဲ reddit မှာထိုင်ဆဲကြပါတယ်။ ပထမဆုံး ဂိမ်းကိုဖြန့်တဲ့ Bandai Namco ကို လူတွေအုပ်လိုက်ကြီးသ ွားဆဲပါတယ်။ ဟိုကသူတို့နဲ့မဆိုင်ပါဘူးငြင်းတော့ Dragon Ball ip ကိုပိုင်တဲ့ Shonen Jump တွေကော Shueisha တွေကော mangaka အဆုံးအထိ ပြသနာအကြီးကြီး တက်သွားပါတယ်။ နောက်ဆုံးအသစ်ထွက် Jump Force game က ထင်သလောက် မဖြစ်သွားတဲ့အပြင် နာမည်ပါပျက်သွားတော့ ပြန်အလျှော့ပေးလိုက်ရပေမယ့် အခြေအနေကခုလိုဖြစ်သွားပါတယ်။

Gameplay ပိုင်းကတော့ DragonBall ဆိုတဲ့အတိုင်းလုံးဝ DragonBall feeling အပြည့်ရပါတယ်။ 3v3 Tag game ဖြစ်တာမို့ အသင်းတည်ဆောက်တတ်ဖို့လဲလိုပါတယ်။ ကစားပုံကတော့ Neutral ကိုဦးစားပေးပြီး ခံစစ်ထက် တိုက်စစ်ကပိုအရေးကြီးပါတယ်။ အခြေအနေမပေးရင် ကိုယ့်ဘက်က အမှားများရင် ချက်ချင်း ၃ ကောင်မှာ တစ်ကောင်တန်းသေသွားနိုင်ပါတယ်။ Auto Combo ပါတာမို့ casual တွေအတွက်လဲ အဆင်ပြေပါတယ်။ ပွဲတွေက မမြန်ပေမယ့် အရမ်းပြင်းထန်ပါတယ်။ တကယ့် DragonBall ရုပ်ရှင်ကြည့်နေရသလိုပါပဲ။ အဲဒါမို့လဲ မနှစ်ကစံချိန်ချိုးခဲ့တာမဆန်းပါဘူး။ စာရေးသူရဲ့ ကိုယ်ပိုင်အမြင်ကိုပြောရရင်တော့ Character Roster မှာ Goku တွေများနေတာပဲပြောစရာရှိပါတယ် lol

ဒီကောင်ကတော့ တစ်နှစ်သက်တမ်းရှိပြီးဆက်တိုက် support နေဦးမှာဆိုတော့ ခုချိန်ဝယ်ဆော့ရင် တော်တော်ကို ကောင်းတဲ့အချိန်ဖြစ်ပါတယ်။ DragonBall FighterZ 2 ဆိုပြီးလဲ မလာနိုင်ပါဘူး။ လုံးဝ ဝုန်းဒိုင်းကြဲချနေရတာလဲကြိုက် စနစ်လဲကျတဲ့ Fighting Game ဆော့ချင်ရင်တော့ DBFZ သာစဆော့လိုက်ပါ။

 

8. Soul Calibur 6

Soul Calibur ကတော့အရှင်းဆုံးပြောရရင် Tekken ကကောင်တွေကို ဓါးတွေတုတ်တွေ တပ်ပေးထားတာပါ။ Character တိုင်းလိုလို လက်နက်ပါပါတယ်။ Soul Calibur ရဲ့အဓိကအနှစ်သာရက Character Creation ပါ။ အရမ်းနက်နဲပြီး Pepsi Man ကအစ Batman အဆုံး Tom and Jerry အထိ လုပ်လို့ရပါတယ်။ Online play ကတော့ အဲဒါနဲ့တင် အရမ်းပျော်ဖို့ကောင်းပါတယ်။

Gameplay ကတော့ခုနကပြောသလိုပဲ Tekken ကို ဓါးတပ်ပေးထားတာပါ။ ပိုပြီးသွက်ပါတယ်။ စာရေးသူအနေနဲ့ကတော့ Tekken နဲ့ SC6 ဆိုရင် SC6 ပဲရွေးမှာပါ။ World Building ပိုင်းကလဲ Fantasy ပိုင်းကိုသွားတာမို့ Dark Souls တို့ဘာတို့အပြင် RPG game fan တွေအနေနဲ့ပိုကြိုက်ကြပါလိမ့်မယ်။ ထူးခြားတာတစ်ခုကတော့ ဟိုးအရင် Virtua Fighters လိုမျိုး Ring Out စနစ်ပါပါတယ်။ ကွင်းပြင်ထွက် or ချောက်ထဲကျရင်ရှုံးပါတယ်။ အဲတစ်ခုနဲ့တင်ထင်ထားတာထက်ပိုခက်သွားပါတယ် lol

ဒီကောင်လဲ အသစ်ဖြစ်တာမို့ ဝယ်ဆော့မယ်ဆို Future Proof ဖြစ်ပါတယ်။ Online မှာ သင့် Character က Kamen Rider လိုလုပ်ထားရင် ငှက်ပျောသီးခိုင်နဲ့ရိုက်တဲ့ Donkey Kong နဲ့လဲ ချရနိုင်ပါတယ်။ ထူးခြားတာကတော့ The Witcher ထဲက Geralt of Rivia နဲ့ Nier: Automata ဂိမ်းထဲက 2B ပါပါတယ်။ နောက်လဲထပ်လာဦးမယ်ပြောပါတယ်။

 

9. Blazblue Cross Tag Battle (BBTAG)

EVO2019 ရဲ့ game list ထဲမှာ ပြိုင်ပွဲဝင် အနည်းဆုံးဆိုပေမယ့် ခေတ်အဆက်ဆက် နောက်ဆုံးရတဲ့ game တွေထဲမှာ ပြိုင်ပွဲဝင်အများဆုံး ဂိမ်းအဖြစ်စံချိန်တင်ထားတဲ့ ဂိမ်းဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ် EVO ကလူအရမ်းစိတ်ဝင်စားမှုများနေတဲ့ EVO လို့ပြောရတာဖြစ်ပါတယ်။

BBTAG ရဲ့ပြသနာက Skill Ceiling အရလူတစ်ယောက်နဲ့တစ်ယောက်ရဲ့လက်ရည်က အရမ်း ကွာနိုင်ပါတယ်။ Arcsystemworks ရဲ့ Blazblue IP ထဲမှာ autocombo ပထမဆုံးစပါတဲ့ဂိမ်း မဟုတ်ပေမယ့် autocombo ကို ခလုတ်တိုင်းမှာထည့်ပေးထားတဲ့ ပထမဆုံးဂိမ်းဖြစ်ပါတယ်။ ကောင်းကျိူးအနေနဲ့က casual သမားတွေလဲ စိတ်ကျေနပ်အောင်ဆော့နိုင်သွားပါတယ်။ ဒါပေမယ့် combo wombo တွေကိုတိကျအောင်သုံးနိုင် အသစ်ဖန်တီးနိုင်တဲ့လူတွေနဲ့ယှဉ်ရင် လက်အရမ်းကွာသွားပါတယ်။

Gameplay အနေနဲ့က BBTAG ဆိုတဲ့အတိုင်းသူ့ရဲ့အနှစ်သာရက Tag battle ကိုယ့် character ရဲ့ partner နဲ့တွဲပြီး အခြေအနေပေါင်းစုံကို ဖန်တီးနိုင်စွမ်းပေါ်မှာ မူတည်ပါတယ်။ သူ့ရဲ့ထူးခြားချက် ရှေ့က Marvel Vs Capcom လို Tag fighting game တွေနဲ့မတူတာကတော့ screen တစ်ခုထဲမှာ character လေးကောင်တစ်ပြိုင်တည်းချနေလို့ရပါတယ်။ Easy to Learn, Hard to Master ဆိုတဲ့ဂိမ်းလို့ ပြောလို့ရပါတယ်။

Hardcore သမားတွေကြားထဲ casual တွေလဲရှိနေတာမို့ ပြိုင်ပွဲဝင်ပြီဆို တကယ်မဝင်နိုင်တဲ့လူတွေ ပိုများနေပါတယ်။ ဒါပေမယ့် viewership များတာကြောင့် EVO2019 ရဲ့ Sunday Finals ဂိမ်းတွေထဲမှာနေရာရထားပါတယ်။ Crossover Game ဖြစ်ပြီး Blazblue, Persona4, Under Night in-Birth (Unist), Arcana Hearts နဲ့ RWBY fan တွေဆိုရင် အရမ်းကြိုက်ကြမှာ သေချာပါတယ်။ Unist လူသိပိုများပြီး EVO list ထဲတန်းဝင်လာတာ BBTAG ကိုထိပ်ဆုံးကကျေးဇူးတင်ရမှာပါ။

ပြီးရင် သက်တမ်း ၁ နှစ်ဝန်းကျင်သာရှိသေးပြီး နောက် ၂ နှစ် ၃ နှစ်လောက်ထိ support ပေးပြီး နောက်ထပ် join မယ့် series update တွေရှိနေမယ့်ဂိမ်းမို့ anime fighters တွေကြိုက်ရင် ခုချိန်ခုန်ဝင်လို့ အကောင်းဆုံးဂိမ်းထဲမှာပါပါတယ်။

 

EVO2019 ရဲ့ Finals တွေဆော့မယ့်ရက်အတိအကျတွေကတော့ Friday မှာ Soul Calibur 6 ကိုအပြီးဆော့မှာဖြစ်ပြီး Saturday မှာ UNIST>> DragonBall FighterZ>> Samurai Shodown>> Mortal Kombat 11 တို့ကိုအပြီးသတ်မှာဖြစ်ပါတယ်။

ကျန်တာကတော့ Sunday Final ပါ။ ဂိမ်းအသစ် Announcement တွေလဲလုပ်တတ်တာမို့ အရမ်းအရေးကြီးတဲ့နေ့ပါ။ Sunday Finals ကိုကြည့်ချင်ရင် သက်သက်လက်မှတ်ဝယ်ရပါသေးတယ်။ Sunday Finals အတွက် ဂိမ်းတွေကတော့ BBTAG>> Street Fighters V>> Tekken 7 နဲ့နောက်ဆုံးအပိတ်ကတော့ Super Smash Bros Ultimate နဲ့အဆုံးသတ်မှာဖြစ်ပါတယ်။

ထူးခြားချက်အနေနဲ့ကတော့ EVO အတွင်းမှာ ပါဝင်တဲ့ဂိမ်းအကုန်လုံးကို Steam မှာအချိန်ပိုင်း အလကားပေးဆော့ထားတတ်လို့ စမ်းကြည့်လို့ရနိုင်ပါကြောင်း!

~Lan~