[Unicode]

LOL Mobile ဂိမ်း “Wild Rift” ဟာ ကမ္ဘာ့ မိုဘိုင်းလ် Esports လောကအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်မလဲ

 

League of Legends ဟာ ကမ္ဘာ့ကစားသူအများဆုံး MOBA ဂိမ်းအဖြစ်ရပ်တည်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၉ အောက်တိုဘာလအတွင်းမှာ Riot Games ဟာ Leauge of Legends MOBA ရဲ့ မိုဘိုင်းဗားရှင်းဖြစ်တဲ့ League of Legends: Wild Rift ထွက်ရှိမှာဖြစ်ကြောင်း ကြေညာခဲ့ပြီး gamer အများရဲ့ စိတ်လှုပ်ရှားမှုကို မြင့်တက်စေခဲ့ပါတယ်။

Wild Rift ထွက်ရှိလာမယ့်အချိန်ကိုတော့ အတိအကျထုတ်ဖော်ပြောကြားထားခြင်း မရှိပဲ ၂၀၂၀ ခုနှစ်အတွင်း တစ်ချိန်ချိန် ထွက်ရှိမှာဖြစ်ကြောင်းသာ ပါဝင်ခဲ့လို့ ပရိသတ်အများ စောင့်မျှော်နေကြဆဲပါ။ PC ပေါ်က League of Legends ဟာ ဂိမ်းလောကအပေါ် သြဇာလွှမ်းမိုးလှတာမို့ ယင်းရဲ့ မိုဘိုင်းလ်ဗားရှင်း Wild Rift ဟာလည်း မိုဘိုင်းလ်ဂိမ်းလောကအပေါ် ကြီးမားတဲ့သက်ရောက်မှုများရှိလာနိုင်ကြောင်း အများက ထင်ကြေးပေးနေကြပါတယ်။

ဒီအယူအဆနဲ့ ပတ်သက်လို့ သဘောထားကွဲလွဲမှုများကတော့ ရှိပါတယ်။ အင်တာနက်ပေါ်မှာ တင်ထားတဲ့ နမူနာ gameplay ဗီဒီယိုများအရတော့ Wild Rift ဟာ မူရင်း League of Legends နဲ့ လွန်စွာဆင်တူပါတယ်။ ဒါကြောင့်လည်း မူရင်း PC ဂိမ်းကဲ့သို့ ကောင်းမွန်တဲ့ Esports ယှဉ်ပြိုင်မှုအရသာကို ပေးစွမ်းနိုင်သလို ဂိမ်းရဲ့ တည်ဆောက်အပိုင်းဟာလည်း PC Esports ဂိမ်းများကဲ့သို့ အဆင့်မြင့်မားမယ်လို့ ယူဆရပါတယ်။

Wild Rift ထွက်ပေါ်ပြီးနောက် အခြား မိုဘိုင်းလ် MOBA ဂိမ်းများရဲ့ကံကြမ္မာ တစ်မျိုးတစ်ဖုံပြောင်းလဲသွားမလား ဆိုတာဟာ လူအများ သိချင်နေကြတဲ့ မေးခွန်းတစ်ခုပါ။ Riot ရဲ့ Wild Rift ကို လူအများ ပြောင်းရွှေ့သွားကြပြီး အခြား မိုဘိုင်းလ် MOBA များကို ကစားသူလျော့နည်းသွားစေမလား ဒါမှမဟုတ် မိမိတို့ ကစားနေကျ ဂိမ်းများပေါ်မှာပဲ ဆက်လက်ရှိနေကြမလား ဆိုတဲ့ကိစ္စဟာ ၂၀၂၀ မိုဘိုင်းလ်ဂိမ်းလောကရဲ့ ကြီးမားတဲ့ ပဟေဠိတစ်ခုပဲ ဖြစ်ပါတယ်။

ဒီပဟေဠိရဲ့ အဖြေဟာ အရှေ့တောင်အာရှနိုင်ငံများနဲ့ အနောက်နိုင်ငံများအတွက် ၂ မျိုး ကွဲပြားနေနိုင်ပါတယ်။ လက်ရှိအချိန်မှာ ယင်းဒေသနှစ်ခုရဲ့ မိုဘိုင်းလ် MOBA ထွန်းကားမှုဟာ လွန်စွာကွာဟလျက်ရှိပါတယ်။ အရှေ့တောင်အာရှမှာ မိုဘိုင်းလ် MOBA ကစားသူများဟာ လက်ညှိုးထိုးမလွဲလောက်အောင် များပြားနေပြီဖြစ်ပေမယ့် အနောက်နိုင်ငံများမှာတော့ လွန်စွာရှားပါးနေပါသေးတယ်။

ထင်ရှားတဲ့ ဥပမာတစ်ခုကတော့ အရှေ့တောင်အာရှမှာ လွန်စွာအောင်မြင်လှတဲ့ Arena of Valor (AoV) ဟာ အနောက်နိုင်ငံများမှာ ထင်သလောက် အောင်မြင်မှု မရခဲ့တာပါ။ Tencent ဟာ မြောက်အမေရိကနဲ့ ဥရောပမှာရှိတဲ့ AoV marketing အသင်းများကို ဖျက်သိမ်းပြီး အနောက်နိုင်ငံများနဲ့ ပတ်သက်တဲ့ မိုဘိုင်းလ် Esports လောကကို လျစ်လျူရှုခဲ့ရကြောင်း ၂၀၁၉ မေလမှာ Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အရှေ့တောင်အာရှမှာ အောင်မြင်တဲ့ မိုဘိုင်းလ် MOBA များဟာ မိုဘိုင်းလ် Esports ကစားသမားနည်းပါးတဲ့ အနောက်နိုင်ငံများကို နယ်ချဲ့ဖို့ ကိစ္စကိုတော့ လက်လျှော့ထားခဲ့ရပါတယ်။ ဒါကြောင့်လည်း မိုဘိုင်းလ် Esports ထွန်းကားမှုနည်းပါးပြီး League of Legends ကစားသမားများပြားတဲ့ အနောက်နိုင်ငံများမှာ Wild Rift ဟာ အလွယ်တကူနေရာယူသွားနိုင်ပါတယ်။

Wild Rift ရဲ့ လူကြိုက်များမှုဟာ အရှေ့တောင်အာရှမှာတော့ အနောက်နိုင်ငံများနဲ့ယှဉ်ရင် ကွဲပြားမှုရှိနိုင်ပါတယ်။ လက်ရှိအချိန် အရှေ့တောင်အာရှမှာ AoV နဲ့ Mobile Legends: Bang Bang (MLBB) တို့က အခိုင်အမာနေရာယူထားကြတာပါ။ အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံများအတွင်း MLBB ရဲ့ ခေတ်စားမှုဟာ အရှိန်အဟုန်နဲ့ တိုးပွားလျက်ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်က ပြုလုပ်ခဲ့တဲ့ Mobile Legends (M1) World Championship 2019 မှာ အများဆုံးကြည့်ရှုသူအရေအတွက် ၆၄၈,၀၀၀ အထိ ရှိခဲ့ပြီး ပျှမ်းမျှကြည့်ရှုသူအရေအတွက် ၁၆၂,၀၅၀ အထိ ရှိခဲ့ပါတယ်။ ယင်းတို့ထဲမှာ အင်ဒိုနီးရှားမှ ကြည့်ရှုမှုများဟာ အများဆုံးဖြစ်ပြီး အရေအတွက် ၄၆၇,၀၀၀ အထိ ရှိခဲ့ပါတယ်။

ကျင်းပပြီးစီးခဲ့တဲ့ Arena of Valor International Championship 2019 မှာလည်း အများဆုံးကြည့်ရှုသူအရေအတွက် ၅၄၁,၂၂၉ အထိ ရရှိခဲ့ပါတယ်။ ဆုကြေးငွေစုစုပေါင်း ဒေါ်လာငါးသိန်းကျော် ချီးမြှင့်ခဲ့တဲ့ ယင်းပွဲကို ဝင်ရောက်ကြည့်ရှုသူအများစုဟာ ဗီယက်နမ်နိုင်ငံသားများ ဖြစ်နေခဲ့ကြပါတယ်။

ယင်းဂိမ်း ၂ ခုတို့ရဲ့ ကုမ္ပဏီများဟာလည်း ဆိုရှယ်မီဒီယာပေါင်းစုံပေါ်မှာ ကစားသူများကို အလေးထားကြောင်း ပြသခြင်း၊ ဂိမ်းကစားသူအသိုင်းအဝိုင်းရဲ့ ပြောစကားများ တုံ့ပြန်မှုများနဲ့ လိုက်လျောညီထွေဖြစ်အောင် ကျင့်သုံးပေးခြင်း စ တာတွေကို အားသွန်ခွန်စိုက်ပြုလုပ်လျက် ရှိပါတယ်။ ဒီလို ကြည့်ရှုသူများပြားပြီး အမာခံပရိသတ်များပြားလှတဲ့ဂိမ်းများကနေ ကစားသူအများအပြား Wild Rift ပေါ်ကို ပြောင်းရွှေ့သွားဖို့ကိစ္စဟာ ထင်ထားတာထက် ခက်ခဲနိုင်ပါတယ်။

Wild Rift ကြောင့် မိုဘိုင်းလ် Esports လောကထဲကို အခြေချ တိုးဝင်လာမယ့် အရှေ့တောင်အာရှကစားသမားသစ်များနဲ့ အခြားဂိမ်းများကို အပျော်တမ်းသာ ကစားနေကြပြီး အလွယ်တကူပြောင်းရွှေ့မယ့်သူများကတော့ ရှိနိုင်ပါတယ်။ ခြုံငုံပြောရရင် Wild Rift ကြောင့် အခြား မိုဘိုင်းလ် MOBA ကစားသူများ တစ်ဟုန်ထိုး လျော့နည်းသွားဖို့ကတော့ အလားအလာ နည်းပါးပါတယ်။

မည်သို့ပင်ဖြစ်စေ မိုဘိုင်းလ်ဂိမ်းလောကဟာ ပြိုင်ဆိုင်မှုပြင်းထန်လှတာမို့ Wild Rift ရဲ့ ထွက်ရှိမှုဟာ စိတ်ဝင်စားစရာကောင်းမှာဖြစ်သလို Wild Rift ကြောင့် ကမ္ဘာ့မိုဘိုင်းလ် Esports လောကဟာလည်း ထွန်းကားသည်ထက် ထွန်းကားလာဦးလာဦးမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။

source: dotesports


[ZawGyi]

LOL Mobile ဂိမ္း “Wild Rift” ဟာ ကမာၻ႔ မိုဘိုင္းလ္ Esports ေလာကအေပၚ ဘယ္လို သက္ေရာက္မႈေတြ ရွိလာႏိုင္မလဲ

 

League of Legends ဟာ ကမၻာ့ကစားသူအမ်ားဆုံး MOBA ဂိမ္းအျဖစ္ရပ္တည္ေနခဲ့တာ ႏွစ္ေပါင္းမ်ားစြာ ၾကာခဲ့ပါျပီ။ ျပီးခဲ့တဲ့ ၂၀၁၉ ေအာက္တိုဘာလအတြင္းမွာ Riot Games ဟာ Leauge of Legends MOBA ရဲ႕ မိုဘိုင္းဗားရွင္းျဖစ္တဲ့ League of Legends: Wild Rift ထြက္ရွိမွာျဖစ္ေၾကာင္း ေၾကညာခဲ့ျပီး gamer အမ်ားရဲ႕ စိတ္လႈပ္ရွားမႈကို ျမင့္တက္ေစခဲ့ပါတယ္။

Wild Rift ထြက္ရွိလာမယ့္အခ်ိန္ကိုေတာ့ အတိအက်ထုတ္ေဖာ္ေျပာၾကားထားျခင္း မရွိပဲ ၂၀၂၀ ခုႏွစ္အတြင္း တစ္ခ်ိန္ခ်ိန္ ထြက္ရွိမွာျဖစ္ေၾကာင္းသာ ပါဝင္ခဲ့လို့ ပရိသတ္အမ်ား ေစာင့္ေမွ်ာ္ေနၾကဆဲပါ။ PC ေပၚက League of Legends ဟာ ဂိမ္းေလာကအေပၚ ၾသဇာလႊမ္းမိုးလွတာမို႔ ယင္းရဲ႕ မိုဘိုင္းလ္ဗားရွင္း Wild Rift ဟာလည္း မိုဘိုင္းလ္ဂိမ္းေလာကအေပၚ ၾကီးမားတဲ့သက္ေရာက္မႈမ်ားရွိလာႏိုင္ေၾကာင္း အမ်ားက ထင္ေၾကးေပးေနၾကပါတယ္။

ဒီအယူအဆနဲ႔ ပတ္သက္လို႔ သေဘာထားကြဲလြဲမႈမ်ားကေတာ့ ရွိပါတယ္။ အင္တာနက္ေပၚမွာ တင္ထားတဲ့ နမူနာ gameplay ဗီဒီယိုမ်ားအရေတာ့ Wild Rift ဟာ မူရင္း League of Legends နဲ႔ လြန္စြာဆင္တူပါတယ္။ ဒါေၾကာင့္လည္း မူရင္း PC ဂိမ္းကဲ့သုိ႔ ေကာင္းမြန္တဲ့ Esports ယွဥ္ျပိဳင္မႈအရသာကို ေပးစြမ္းႏိုင္သလို ဂိမ္းရဲ႕ တည္ေဆာက္အပိုင္းဟာလည္း PC Esports ဂိမ္းမ်ားကဲ့သုိ့ အဆင့္ျမင့္မားမယ္လို႔ ယူဆရပါတယ္။

Wild Rift ထြက္ေပၚျပီးေနာက္ အျခား မိုဘိုင္းလ္ MOBA ဂိမ္းမ်ားရဲ႕ကံၾကမၼာ တစ္မ်ိဳးတစ္ဖုံေျပာင္းလဲသြားမလား ဆိုတာဟာ လူအမ်ား သိခ်င္ေနၾကတဲ့ ေမးခြန္းတစ္ခုပါ။ Riot ရဲ႕ Wild Rift ကို လူအမ်ား ေျပာင္းေရႊ႕သြားၾကျပီး အျခား မိုဘိုင္းလ္ MOBA မ်ားကို ကစားသူေလ်ာ့နည္းသြားေစမလား ဒါမွမဟုတ္ မိမိတို႔ ကစားေနက် ဂိမ္းမ်ားေပၚမွာပဲ ဆက္လက္ရွိေနၾကမလား ဆိုတဲ့ကိစၥဟာ ၂၀၂၀ မိုဘိုင္းလ္ဂိမ္းေလာကရဲ႕ ၾကီးမားတဲ့ ပေဟဠိတစ္ခုပဲ ျဖစ္ပါတယ္။

ဒီပေဟဠိရဲ႕ အေျဖဟာ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားနဲ႔ အေနာက္ႏိုင္ငံမ်ားအတြက္ ၂ မ်ိဳး ကြဲျပားေနႏိုင္ပါတယ္။ လက္ရွိအခ်ိန္မွာ ယင္းေဒသႏွစ္ခုရဲ႕ မိုဘိုင္းလ္ MOBA ထြန္းကားမႈဟာ လြန္စြာကြာဟလ်က္ရွိပါတယ္။ အေရွ႕ေတာင္အာရွမွာ မိုဘိုင္းလ္ MOBA ကစားသူမ်ားဟာ လက္ညိွဳးထိုးမလြဲေလာက္ေအာင္ မ်ားျပားေနျပီျဖစ္ေပမယ့္ အေနာက္ႏိုင္ငံမ်ားမွာေတာ့ လြန္စြာရွားပါးေနပါေသးတယ္။

ထင္ရွားတဲ့ ဥပမာတစ္ခုကေတာ့ အေရွ႕ေတာင္အာရွမွာ လြန္စြာေအာင္ျမင္လွတဲ့ Arena of Valor (AoV) ဟာ အေနာက္ႏိုင္ငံမ်ားမွာ ထင္သေလာက္ ေအာင္ျမင္မႈ မရခဲ့တာပါ။ Tencent ဟာ ေျမာက္အေမရိကနဲ႔ ဥေရာပမွာရွိတဲ့ AoV marketing အသင္းမ်ားကို ဖ်က္သိမ္းျပီး အေနာက္ႏိုင္ငံမ်ားနဲ႕ ပတ္သက္တဲ့ မိုဘိုင္းလ္ Esports ေလာကကို လ်စ္လ်ဴရႈခဲ့ရေၾကာင္း ၂၀၁၉ ေမလမွာ Reuters သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

အေရွ႕ေတာင္အာရွမွာ ေအာင္ျမင္တဲ့ မိုဘိုင္းလ္ MOBA မ်ားဟာ မိုဘိုင္းလ္ Esports ကစားသမားနည္းပါးတဲ့ အေနာက္ႏိုင္ငံမ်ားကို နယ္ခ်ဲ႕ဖို့ ကိစၥကိုေတာ့ လက္ေလွ်ာ့ထားခဲ့ရပါတယ္။ ဒါေၾကာင့္လည္း မိုဘိုင္းလ္ Esports ထြန္းကားမႈနည္းပါးျပီး League of Legends ကစားသမားမ်ားျပားတဲ့ အေနာက္ႏိုင္ငံမ်ားမွာ Wild Rift ဟာ အလြယ္တကူေနရာယူသြားႏိုင္ပါတယ္။

Wild Rift ရဲ႕ လူၾကိဳက္မ်ားမႈဟာ အေရွ႕ေတာင္အာရွမွာေတာ့ အေနာက္ႏိုင္ငံမ်ားနဲ႔ယွဥ္ရင္ ကြဲျပားမႈရွိႏိုင္ပါတယ္။ လက္ရွိအခ်ိန္ အေရွ႕ေတာင္အာရွမွာ AoV နဲ႔ Mobile Legends: Bang Bang (MLBB) တို႔က အခိုင္အမာေနရာယူထားၾကတာပါ။ အထူးသျဖင့္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအတြင္း MLBB ရဲ႕ ေခတ္စားမႈဟာ အရွိန္အဟုန္နဲ႔ တိုးပြားလ်က္ရွိပါတယ္။

ျပီးခဲ့တဲ့ႏွစ္က ျပဳလုပ္ခဲ့တဲ့ Mobile Legends (M1) World Championship 2019 မွာ အမ်ားဆုံးၾကည့္ရႈသူအေရအတြက္ ၆၄၈,၀၀၀ အထိ ရွိခဲ့ျပီး ပွ်မ္းမွ်ၾကည့္ရႈသူအေရအတြက္ ၁၆၂,၀၅၀ အထိ ရွိခဲ့ပါတယ္။ ယင္းတို႔ထဲမွာ အင္ဒိုနီးရွားမွ ၾကည့္ရႈမႈမ်ားဟာ အမ်ားဆုံးျဖစ္ျပီး အေရအတြက္ ၄၆၇,၀၀၀ အထိ ရွိခဲ့ပါတယ္။

က်င္းပျပီးစီးခဲ့တဲ့ Arena of Valor International Championship 2019 မွာလည္း အမ်ားဆုံးၾကည့္ရႈသူအေရအတြက္ ၅၄၁,၂၂၉ အထိ ရရွိခဲ့ပါတယ္။ ဆုေၾကးေငြစုစုေပါင္း ေဒၚလာငါးသိန္းေက်ာ္ ခ်ီးျမွင့္ခဲ့တဲ့ ယင္းပြဲကို ဝင္ေရာက္ၾကည့္ရႈသူအမ်ားစုဟာ ဗီယက္နမ္ႏိုင္ငံသားမ်ား ျဖစ္ေနခဲ့ၾကပါတယ္။

ယင္းဂိမ္း ၂ ခုတို႔ရဲ႕ ကုမၸဏီမ်ားဟာလည္း ဆိုရွယ္မီဒီယာေပါင္းစုံေပၚမွာ ကစားသူမ်ားကို အေလးထားေၾကာင္း ျပသျခင္း၊ ဂိမ္းကစားသူအသိုင္းအဝုိင္းရဲ႕ ေျပာစကားမ်ား တံု႕ျပန္မႈမ်ားနဲ႔ လို္က္ေလ်ာညီေထြျဖစ္ေအာင္ က်င့္သုံးေပးျခင္း စ တာေတြကို အားသြန္ခြန္စိုက္ျပဳလုပ္လ်က္ ရွိပါတယ္။ ဒီလို ၾကည့္ရႈသူမ်ားျပားျပီး အမာခံပရိသတ္မ်ားျပားလွတဲ့ဂိမ္းမ်ားကေန ကစားသူအမ်ားအျပား Wild Rift ေပၚကို ေျပာင္းေရႊ႕သြားဖုိ႔ကိစၥဟာ ထင္ထားတာထက္ ခက္ခဲႏိုင္ပါတယ္။

Wild Rift ေၾကာင့္ မိုဘိုင္းလ္ Esports ေလာကထဲကို အေျခခ် တိုးဝင္လာမယ့္ အေရွ႕ေတာင္အာရွကစားသမားသစ္မ်ားနဲ႔ အျခားဂိမ္းမ်ားကို အေပ်ာ္တမ္းသာ ကစားေနၾကျပီး အလြယ္တကူေျပာင္းေရႊ႕မယ့္သူမ်ားကေတာ့ ရွိႏိုင္ပါတယ္။ ျခံဳငုံေျပာရရင္ Wild Rift ေၾကာင့္ အျခား မိုဘိုင္းလ္ MOBA ကစားသူမ်ား တစ္ဟုန္ထိုး ေလ်ာ့နည္းသြားဖုိ့ကေတာ့ အလားအလာ နည္းပါးပါတယ္။

မည္သုိ႔ပင္ျဖစ္ေစ မိုဘိုင္းလ္ဂိမ္းေလာကဟာ ျပိဳင္ဆိုင္မႈျပင္းထန္လွတာမို့ Wild Rift ရဲ႕ ထြက္ရွိမႈဟာ စိတ္ဝင္စားစရာေကာင္းမွာျဖစ္သလို Wild Rift ေၾကာင့္ ကမၻာ့မိုဘိုင္းလ္ Esports ေလာကဟာလည္း ထြန္းကားသည္ထက္ ထြန္းကားလာဦးလာဦးမွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။

source: dotesports