[Unicode]
DrDisrespect Twitch ကနေ ဘာကြောင့် ရာသက်ပန် ban ခံလိုက်ရတာလဲ?
DrDisrespect ဆိုတာ Twitch ရဲ့ နာမည်အကျော်ကြားဆုံး Streamer တွေထဲက တစ်ယောက်ဖြစ်ပြီး Follower 4 သန်းကျော်ရှိနေသူတစ်ယောက်ပါ။ Twitch ပေါ်မှာပဲ exclusively stream ဖို့ ယခုနှစ် မတ်လ ကမှ နှစ်ရှည်စာချုပ် ချုပ်ဆိုထားသူ တစ်ယောက်ပါ။
ဒါပေမယ့် ဇွန်လ (၂၆) ရက်နေ့မှာ DrDisrespect ကို Twitch ကနေ Ban လိုက်တယ်လို့ report တွေ တက်လာခဲ့ပေမယ့် အခုအချိန်ထိ Twitch ကနေ တရားဝင်ကြေညာချက် မထုတ်ပြန်သေးပါဘူး။ သတင်းထောက်အချို့ရဲ့ စုံစမ်းမေးမြန်းချက်မှာတော့ Twitch ဟာ သူတို့ရဲ့ “Community Guideline” သို့မဟုတ် “Terms of Service” တွေကို ဖောက်ဖျက်လို့ Ban တယ်လို့သာ အကြမ်းဖျင်းအားဖြင့် ဖြေရှင်းထားပါတယ်။
DrDisrespect ကိုယ်တိုင်ကလည်း မနေ့က သူ့ရဲ့ Twitter အကောင့်မှာ တင်ခဲ့တဲ့ Tweet အရ DrDisrespect ကိုယ်တိုင်လည်း သူဘာကြောင့် Ban ခံရတယ်ဆိုတာ သေချာမသိခဲ့ဘူးလို့ ရေးသားထားပြီး သူ့ကို Support လုပ်ခဲ့သူအားလုံးကို ကျေးဇူးတင်ကြောင်း ရေးသားထားပါတယ်။
DrDisrespect Twitch ကနေ ရာသက်ပန် ban ခံလိုက်ရတာ ၃ ရက် ရှိသွားပေမယ့် အခုထိ သေချာတဲ့ official statement ထွက်မလာသေးပါဘူး။ ကျွန်တော်လည်း စိတ်ဝင်စားတာနဲ့ ဘာကြောင့် Ban ခံ ထိ သွားရတာလဲ ဆိုတကို သူ့ရဲ့ နောက်ဆုံး Livestream လုပ်သွားတဲ့ မှတ်တမ်း video ကိုကြည့်ပြီး Theory တွေ ရှာဖတ်ကြည့်ဖြစ်တယ်။ စိတ်ဝင်စားဖို့ အကောင်းဆုံး theory တွေကို အောက်မှာ အစဉ်လိုက်ဖော်ပြထားပါတယ်။
Theory 1
DOC က ရာဇဝတ်မှု တစ်ခုကို ကျူးလွန်ထားတာမို့လို့ သူ့ Livestream လွှင့်နေတဲ့အချိန်မှာ ရဲတွေ ရောက်လာပြီး အဖမ်းခံရတယ်။
အဲ့ဒါကြောင့် ၅ မိနစ်လောက် ခွင့်တောင်းပြီး သူ့ရဲ့ Stream ကို ဆက်သွားတယ်။ ရဲတွေက ဘေးနားမှာစောင့်နေတယ်။ Live ပိတ်ခါနီးမှာ “Lets go. Wrap this up” ဆိုတဲ့ အသံကို ကြားရတဲ့အတွက် လို့ ထင်ကြေးပေးကြတယ်။ ဖြေနိုင်ချေနည်းတဲ့ Theory ပါ။ ရဲက လာဖမ်းတဲ့အချိန်မှာ ၅ မိနစ်လောက် သဘောကောင်းကောင်းနဲ့ စောင့်ပေးဖို့ မဖြစ်နိုင်သလို Lets go wrap this up ဆိုတဲ့ audio ကလည်း DOC ဖွင့်ကြည့်နေတဲ့ Roblox hide and seek youtube video မှာ ပါတဲ့ အသံဖြစ်နေလို့ပါ။ နောက်ပြီး ရဲတွေသာ အဲ့လိုလာဖမ်းရင် နာရီပိုင်းအတွင်း အင်တာနက်မှာ ဟိုးလေးတကျော်ကျော် ဖြစ်နေလောက်ပြီ။
Theory 2
David Icke အကြောင်းကို Livestream မှာ ထုတ်ပြောလို့ Ban ခံရတာ။
ဒီဟာလည်း ဖြစ်နိုင်ချေနည်းပါတယ်။ DOC က သူ့ဖုန်းထဲ ဝင်လာတဲ့ message ကို ဖွင့်ကြည့်ပြီး အရင်ဆုံး Shock ရသွားပါတယ်။ အဲ့ဒီ့နောက်ပိုင်းမှ David Icke အကြောင်းကို Live stream မှာ ပြောတာပါ။
David Icke
David Icke ဆိုတာက Conspiracy Theorist တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ Conspiracy theory တွေကို 1990 အစောပိုင်းလောက်ကတည်းက ကမ္ဘာနဲ့ချီပြီး စာအုပ်တွေ ရေးသားဖြန့်ချီ ခဲ့ပြီး အများစုက အစိုးရတွေရဲ့ အလိမ်အညာတွေအကြောင်းကို မီးမှောင်းထိုးပြလို့ အစိုးရတွေကိုယ်တိုင်က မကြိုက်တဲ့သူတစ်ယောက်လို့ အကြမ်းဖျဉ်းသိရပါတယ်။ လောလောလက်လက် Covid-19 နဲ့ပတ်သတ်ပြီး Theory တစ်ခု ထုတ်တာကြောင့် သူ့ရဲ့ Youtube Channel ကို Youtube ကိုယ်တိုင်က delete လုပ်ပစ်တဲ့အထိကို အရာရောက်တဲ့သူ တစ်ယောက်ပါ။
Theory 3
Donation Link ထဲမှာပါတဲ့ သက်သေက အရမ်းပြည့်စုံပြီး မကြာခင် ဖမ်းခံထိတော့မှာ သိသွားလို့။
လူတစ်ယောက်က သူ့ကို Link တစ်ခုနဲ့အတူ Donate လုပ်တယ်။ DOC က အဲ့ Link ကို ဝင်ကြည့်ပြီး ခဏငြိမ်သက်သွားတယ်။ ပြီးတော့ “That’s not even me” ဆိုပြီး ပြောတယ်။ အဲ့ဒီ့ပုံက ဘာလဲ?။
လက်တလော hit ဖြစ်နေတဲ့ Esport နယ်ပယ်က sexual harassment တွေအကြောင်း ကြားမိမှာပါ။ နောက်ကြောင်းပြန်လှန်ပြီး လူတစ်ယောက်ရဲ့ career ပျက်စီးသွားအောင် ဒုက္ခပေးနိုင်တဲ့ case တွေပါ။ (example : Tobiwan) ပုံထဲမှာ DOC ဟာ အတိတ်က Sexual Harassment တစ်ခုမှာ ပတ်ဝင်ပတ်သက်ခဲ့ဖူးတဲ့ လက်ပူးလက်ကြပ်နဲ့တကွ ပါလာတဲ့အတွက် “That’s not even me” ဆိုပြီး ကာကွယ်ပြောဆိုတယ်။ သိပ်မကြာခင် သူ့ဆီဝင်လာတဲ့ ဖုန်း message မှာ Twitch ကနေ မင်းကို ban လိုက်ပြီ။ ဆိုပြီး noti ဝင်လာတာဖြစ်တဲ့အတွက် ဒီ case ကနေ ပြေးမလွတ်တော့မှန်း သိသွားတယ်။ သွယ်ဝိုက်ပြီး တုန့်ပြန်တဲ့အနေနဲ့ Roblox ရဲ့ Hide and Seek Extreme ဆိုတဲ့ video ကို ဖွင့်ပြပြီး လှလှပပ အဆုံးသတ်လိုက်တယ်။
Theory 4
Twitch နဲ့ ချူပ်ဆိုထားတဲ့ agreement ကို ဆိုးဆိုးရွားရွားချိူးဖောက်ခဲ့လို့
Shroud နဲ့ Ninja တို့ Mixer ကို ပြောင်းပြောင်းသွားချင်းတုန်းက DOC တို့ Summit1G တို့လို Top Streamer တွေကို Twitch က စာချူပ်ချူပ်ပြီး Exclusive Streaming လုပ်ဖို့ ထိန်းသိမ်းခဲ့ရတဲ့ သတင်း ဖတ်ဖူးလိုက်ပါတယ်။
Dr.Disrespect with Shroud and Ninja
အခု Mixer shutdown လုပ်လိုက်ရပြီး မကြာခင်မှာ ဒီသတင်းထွက်လာတာက စဉ်းစားစရာပါ။ DOC က Shroud Ninja တို့နဲ့ပေါင်းပြီး ကိုယ်ပိုင် Streaming Platform တစ်ခု တည်ထောင်ဖို့ဆိုတာလည်း ဖြစ်နိုင်ချေတော်တော် ရှိတဲ့ ကိစ္စပါ။ သူတို့လို Millionaire တွေက တခြားလူဆီမှာ အလုပ်မလုပ်တော့ဘဲ ကိုယ်ပိုင်စီးပွားရေး အျကိူးတူ ပူးပေါင်းမယ်ဆိုတာ တကယ်လုပ်သင့်တဲ့ စီးပွားရေးပါ။ အဲ့ဒီ့အချက်အလက်က ကြီးကြီးမားမား လက်ပူးလက်ကြပ်မိသွားပြီး Twitch နဲ့ ချူပ်ထားတဲ့ စာချူပ်မှာ တရားစွဲခံထိလောက်တဲ့အထိ Shock ရှိတဲ့ ကိစ္စဖြစ်နိုင်ပါတယ်။ Twitch က DOC ရဲ့ အပြုအမူက လုံးဝ ခွင့်လွှတ်စရာ မရှိတဲ့အတွက် Permanent Ban တဲ့အပြင် သူ့ Channel ကို Subscribe လုပ်ထားတဲ့သူတွေကို Refund ပြန်ပေးတဲ့အထိကို ဇယားအပြတ်ရှင်းနေတာပါ။
ကျွန်တော့် အကြိုက်ဆုံး Theory လည်းဖြစ်ပါတယ်။ Shroud Ninja တို့နဲ့ မပူးပေါင်းရင်တောင် DOC က တစ်ယောက်တည်း လုပ်ဖို့ Company တစ်ခုနဲ့ ချိတ်ဆက်ဖူးတယ်ဆိုတဲ့ သတင်းကလည်း အရင်ကတည်းက ထွက်ဖူးထားပါသေးတယ်။ အဲ့ဒါကြောင့် သူဟာ Donation Link ကနေ လက်ပူးလက်ကြပ်မိတယ်။ ပြီးတော့ ဖုန်းကနေ Ban ခံရကြောင်း Noti ဝင်လာတယ်။ David Icke အကြောင်းပြောပြီး လူတွေ “Wake up” သင့်ကြောင်း၊ “Think outside of the box” လုပ်သင့်ကြောင်း သူ့ရဲ့ စီးပွားရေးအတွက် စွန့်စားမှုအကြောင်းကို ဂုဏ်ယူစွာနဲ့ ပြောသွားတာ ဖြစ်ပါလိမ့်မယ်။
သိပ်မကြာခင်လည်း Official statement ထွက်လာတော့မှာပါ။ ဘဒိုတို့ရော ဘယ်လို ယူဆကြလဲဗျ။
Yahooyeeha
[ZawGyi]
Theory 1
Theory 2
David Icke
Theory 3
Theory 4
Twitch နဲ့ ချူပ်ဆိုထားတဲ့ agreement ကို ဆိုးဆိုးရွားရွားချိုးဖောက်ခဲ့လို့
Yahooyeeha