[Unicode]

ဘယ်မလဲ ဂျပန် Dota 2 Pro?

 

၂၀၁၉-၂၀၂၀ DPC season ကြီးရဲ့ အစမှာ အာရှ Dota 2 အသင်းများရဲ့ အားကောင်းနေမှုကို အတော်များများလည်း သတိထားမိကြမှာပါ။ တရုတ်နဲ့ အရှေ့တောင်အာရှဒေသများဟာ Dota 2 နယ်ပယ်ရဲ့ အရေးကြီးအစိတ်အပိုင်းတွေဖြစ်နေခဲ့တာ အစဉ်အလာကြီးတစ်ခုလို ဖြစ်နေပါပြီ။ ဒါပေမယ့် ဂျပန်နိုင်ငံလို ဂိမ်းနဲ့ပတ်သက်လို့ ထွန်းကားတဲ့နိုင်ငံကို Dota 2 ပွဲတွေမှာ မတွေ့ရတဲ့ကိစ္စကတော့ မေးခွန်းထုတ်စရာ ဖြစ်လို့နေပါတယ်။

Dota 2 ဟာ အာရှတစ်ခွင်မှာ အလွန်ခေတ်စားလှပေမယ့် ဂျပန်နိုင်ငံမှာတော့ Dota 2 အပါအဝင် MOBA ဂိမ်းအတော်များများဟာ နေရာကောင်း မရကြသေးဘူးလို့ ယူဆရပါတယ်။ Dota 2 ပြိုင်ပွဲကြီးများအတွင်းမှာ ဂျပန် pro ကစားသမား မမြင်တွေ့ရခြင်းက ဒီယူဆချက်ကို ထောက်ခံလျက်ရှိပါတယ်။

Gaming mechanic များနဲ့ ပတ်သတ်လို့ ကျွမ်းကျင်ကြောင်း နာမည်ကြီးတဲ့ ဂျပန်များ MOBA လောက ကနေ ပျောက်ကွယ်နေတဲ့ကိစ္စက အံ့အားသင့်စရာပါ။ Liquipedia ရဲ့ ဖော်ပြချက်အရတော့ ဂျပန်အသိုင်းအဝိုင်းနဲ့ ဆက်နွယ်ပြီး ဖွဲ့စည်းခဲ့တဲ့ Dota 2 အဖွဲ့အစည်းဆိုလို့ DeToNator နဲ့ AffectioN နှစ်ခုပဲ ရှိခဲ့ဖူးပါတယ်။

From Mara Cup (Youtube Video)

Esports ဟာ ဂျပန်မှာ တရားမဝင်တဲ့ လောင်းကစားတစ်ခုလား

ဂျပန် Dota 2 pro ကစားသမားများကို မမြင်တွေ့ခြင်းဟာ အကြောင်းရင်းများတော့ ရှိပါတယ်။ ဂျပန်နိုင်ငံရဲ့ ဂိမ်းလောကနဲ့ ပတ်သက်တဲ့ ဥပဒေအချို့ဟာ ဒီအကြောင်းရင်းများထဲက တစ်ခုပါ။ မကြာသေးမီအချိန်ထိ ဗီဒီယိုဂိမ်းပြိုင်ပွဲများကနေ ဆုကြေးငွေအနိုင်ရခြင်းကို ချုပ်ခြယ်ကန့်သတ်ထားတဲ့ဥပဒေများ ဂျပန်နိုင်ငံမှာ ရှိနေဆဲပါ။

Esports နဲ့ ပတ်သက်လို့ တိုက်ရိုက်ကန့်သတ်ထားချက်များ မရှိပေမယ့် ယင်းဥပဒေများဟာ ဂျပန် Esports ပြိုင်ပွဲများရဲ့ ခေတ်စားမှုကို ထိန်းချုပ်ထားသလို ဖြစ်နေပါတယ်။ အကြီးမားဆုံးပြဿနာကတော့ “Act against Unjustifiable Premiums and Misleading Representations” လို့ အမည်ပေးထားတဲ့ ဥပဒေဖြစ်ပြီး Esports ပြိုင်ပွဲတစ်ခုရဲ့ ဆုကြေးငွေကို ၁၀၀,၀၀၀ ယန်း (ဒေါ်လာ ၉၀၀) သာ အများဆုံးချီးမြှင့်ရမယ်လို့ ကန့်သတ်ထားသလို ဖြစ်နေပါတယ်။

တကယ်တော့ အထက်ပါဥပဒေဟာ စီးပွားဖြစ်ထုတ်ကုန်များကို ရောင်းအားမြှင့်တင်ဖို့နဲ့ လူကြိုက်ပိုများလာအောင် ဆွဲဆောင်ဖို့ ရည်ရွယ်တဲ့ ကြော်ငြာပွဲများပြုလုပ်ရာမှာ ချီးမြှင့်မယ့် ဆုကြေးကို ကန့်သတ်ဖို့ ရည်ရွယ်ထားတာပါ။ ဂိမ်းများကိုလည်း စီးပွားဖြစ်ထုတ်ကုန်တစ်မျိုးအဖြစ် ယူဆလိုက်တဲ့အတွက်ဂိမ်းပြိုင်ပွဲများဟာ ကြော်ငြာပွဲများဖြစ်လာရပြီး ဂျပန် Esports နယ်ပယ်အတွက် ဆိုးကျိုးသက်ရောက်နေရခြင်းဖြစ်ပါတယ်။

Esports ကို သွယ်ဝိုက်သောနည်းလမ်းတွေနဲ့ လောင်းကစားအဖြစ် သတ်မှတ်တာတွေကလည်း ရှိပါသေးတယ်။ Dota 2 ဟာ လောင်းကစား လုံးဝမဟုတ်ပေမယ့် Dota 2 ပွဲများနဲ့ ပတ်သက်ပြီး လောင်းလို့ရတဲ့ betting service တွေက ဂျပန်နိုင်ငံရဲ့ Dota 2 အပေါ် အမြင်ကို လွဲနေစေပါတယ်။ ဂျပန်နိုင်ငံမှာ လောင်းကစားလုပ်ခြင်းကို ဥပဒေများစွာနဲ့ တားမြစ်ထားပါတယ်။

ဂျပန်နိုင်ငံတရားရုံးချုပ်ရဲ့ သတ်မှတ်ချက်အရ ဂိမ်းပွဲတစ်ခုကနေ ဆုကြေးငွေအနိုင်ရရှိအောင် ကြိုးပမ်းဟာ လောင်းကစားလုပ်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ Dota 2 ပြိုင်ပွဲဟာ လောင်းကစားမဆန်ကြောင်း လူအများ သိနေကြပေမယ့် ဒီသတ်မှတ်ချက်ဟာ နိုင်ငံတွင်း Esports ခေတ်စားလာဖို့ တစ်နည်းတစ်ဖုံ တားမြစ်ထားသလို ဖြစ်နေပြန်ပါတယ်။

ယနေ့ခေတ် Esports ဟာ တစ်ကမ္ဘာလုံးမှာ အရှိန်အဟုန်နဲ့ ကျယ်ပြန့်လာတာကိုတော့ ဂျပန် သတိထားမိပါတယ်။ ၂၀၁၈ မှာ ဂျပန်နိုင်ငံရဲ့ အရေးကြီးဆုံး Esports အဖွဲ့အစည်းဖြစ်တဲ့ Japanese esports Union (JeSU) ကို ဖွဲ့စည်းခဲ့သလို အချို့ကစားသမားများနဲ့ ဂိမ်းများကို ပြိုင်ပွဲပြုလုပ်ကစားခွင့်များ ထုတ်ပေးခဲ့ပါတယ်။ ယခုနှစ် Tōkyō Game Show မှာလည်း Dota 2 ပြိုင်ပွဲအသေးစားတစ်ခုပြုလုပ်ခဲ့ပြီး ပွဲကို Twitch ပေါ်မှာ လွှင့်ခဲ့ပါသေးတယ်။

ဂျပန်နိုင်ငံသားများအတွက် Dota 2 ကစားဖို့ ခက်ခဲမှု

Streamer တစ်ဦးဖြစ်သူ Hokutora က ဂျပန်နိုင်ငံသားများ Dota 2 ကစားဖို့ ခက်ခဲနေရခြင်းရဲ့ အဓိကအကြောင်းအရင်းနှစ်ခုကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ပထမတစ်ခုကတော့ Dota 2 ရဲ့ အပြိုင်အဆိုင် MOBA ဂိမ်းဖြစ်တဲ့ League of Legends ကြောင့်ပါ။ League ဟာ ဂျပန်ဘာသာနဲ့ အပြည့်အဝ ပြန်ဆိုထားပြီးသားဖြစ်လို့ ဂျပန်များအတွက် လေ့လာရလွယ်ကူနေပါတယ်။ League ရဲ့ graphic များဟာလည်း anime စတိုင်နဲ့တူလို့ ဂျပန်များ ရွေးချယ်ကစားဖို့ အဆင်ပြေလှပါတယ်။

ဒုတိယတစ်ခုကတော့ Dota 2 ကို ဂျပန်ဘာသာနဲ့ ပြည့်ပြည့်ဝဝ ပြောင်းလဲနိုင်ခြင်း မရှိတာပါ။ ဂိမ်းကို ဂျပန်ဘာသာပြောင်းလိုက်ရင် အချို့အချက်များဟာ မူလအတိုင်း အင်္ဂလိပ်လိုပဲ ကျန်နေခဲ့ပါတယ်။ Hero များရဲ့ skill explanation များနဲ့ item detail များလို အရေးကြီးအချက်အလက်တွေ မပြောင်းလဲပဲ ကျန်နေခဲ့တဲ့အချက်က အင်္ဂလိပ်စာအားနည်းလေ့ရှိတဲ့ ဂျပန်အများစုအတွက် Dota 2 ကစားဖို့ အခက်အခဲအဖြစ် ရှိနေပါတယ်။

ဂျပန် Dota 2 ကစားသမား အရေအတွက် သိသိသာသာများပြားလာဖို့ကတော့ မလွယ်ကူလှပါဘူး။ ဒါပေမယ့် အနာဂတ်မှာ ဂျပန်ကစားသမားများကို လက်ရှိအင်အားကြီး Dota 2 အဖွဲ့အစည်းတစ်ခုက ခေါ်ယူလိုက်ရင်တော့ ဂျပန် Dota 2 pro များ ပေါ်ထွန်းလာနိုင်ပါတယ်။ ဂျပန်နိုင်ငံရဲ့ Dota 2 နဲ့ Esports အရေးကလည်း စိတ်ဝင်စားဖွယ်ဖြစ်လို့ ဖော်ပြလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

Source: joindota


[Zawgyi]

ဘယ္မလဲ ဂ်ပန္ Dota 2 Pro ?

 

၂၀၁၉-၂၀၂၀ DPC season ႀကီးရဲ႕ အစမွာ အာရွ Dota 2 အသင္းမ်ားရဲ႕ အားေကာင္းေနမႈကို အေတာ္မ်ားမ်ားလည္း သတိထားမိၾကမွာပါ။ တ႐ုတ္နဲ႔ အေရွ႕ေတာင္အာရွေဒသမ်ားဟာ Dota 2 နယ္ပယ္ရဲ႕ အေရးႀကီးအစိတ္အပိုင္းေတြျဖစ္ေနခဲ့တာ အစဥ္အလာႀကီးတစ္ခုလို ျဖစ္ေနပါၿပီ။ ဒါေပမယ့္ ဂ်ပန္ႏိုင္ငံလို ဂိမ္းနဲ႔ပတ္သက္လို႔ ထြန္းကားတဲ့ႏိုင္ငံကို Dota 2 ပြဲေတြမွာ မေတြ႕ရတဲ့ကိစၥကေတာ့ ေမးခြန္းထုတ္စရာ ျဖစ္လို႔ေနပါတယ္။

Dota 2 ဟာ အာရွတစ္ခြင္မွာ အလြန္ေခတ္စားလွေပမယ့္ ဂ်ပန္ႏိုင္ငံမွာေတာ့ Dota 2 အပါအဝင္ MOBA ဂိမ္းအေတာ္မ်ားမ်ားဟာ ေနရာေကာင္း မရၾကေသးဘူးလို႔ ယူဆရပါတယ္။ Dota 2 ၿပိဳင္ပြဲႀကီးမ်ားအတြင္းမွာ ဂ်ပန္ pro ကစားသမား မျမင္ေတြ႕ရျခင္းက ဒီယူဆခ်က္ကို ေထာက္ခံလ်က္ရွိပါတယ္။

 

Gaming mechanic မ်ားနဲ႔ ပတ္သတ္လို႔ ကြၽမ္းက်င္ေၾကာင္း နာမည္ႀကီးတဲ့ ဂ်ပန္မ်ား MOBA ေလာက ကေန ေပ်ာက္ကြယ္ေနတဲ့ကိစၥက အံ့အားသင့္စရာပါ။ Liquipedia ရဲ႕ ေဖာ္ျပခ်က္အရေတာ့ ဂ်ပန္အသိုင္းအဝိုင္းနဲ႔ ဆက္ႏြယ္ၿပီး ဖြဲ႕စည္းခဲ့တဲ့ Dota 2 အဖြဲ႕အစည္းဆိုလို႔ DeToNator နဲ႔ AffectioN ႏွစ္ခုပဲ ရွိခဲ့ဖူးပါတယ္။

From Mara Cup (Youtube Video)

Esports ဟာ ဂ်ပန္မွာ တရားမဝင္တဲ့ ေလာင္းကစားတစ္ခုလား?

ဂ်ပန္ Dota 2 pro ကစားသမားမ်ားကို မျမင္ေတြ႕ျခင္းဟာ အေၾကာင္းရင္းမ်ားေတာ့ ရွိပါတယ္။ ဂ်ပန္ႏိုင္ငံရဲ႕ ဂိမ္းေလာကနဲ႔ ပတ္သက္တဲ့ ဥပေဒအခ်ိဳ႕ဟာ ဒီအေၾကာင္းရင္းမ်ားထဲက တစ္ခုပါ။ မၾကာေသးမီအခ်ိန္ထိ ဗီဒီယိုဂိမ္းၿပိဳင္ပြဲမ်ားကေန ဆုေၾကးေငြအႏိုင္ရျခင္းကို ခ်ဳပ္ျခယ္ကန္႔သတ္ထားတဲ့ဥပေဒမ်ား ဂ်ပန္ႏိုင္ငံမွာ ရွိေနဆဲပါ။

Esports နဲ႔ ပတ္သက္လို႔ တိုက္႐ိုက္ကန္႔သတ္ထားခ်က္မ်ား မရွိေပမယ့္ ယင္းဥပေဒမ်ားဟာ ဂ်ပန္ Esports ၿပိဳင္ပြဲမ်ားရဲ႕ ေခတ္စားမႈကို ထိန္းခ်ဳပ္ထားသလို ျဖစ္ေနပါတယ္။ အႀကီးမားဆုံးျပႆနာကေတာ့ “Act against Unjustifiable Premiums and Misleading Representations” လို႔ အမည္ေပးထားတဲ့ ဥပေဒျဖစ္ၿပီး Esports ၿပိဳင္ပြဲတစ္ခုရဲ႕ ဆုေၾကးေငြကို ၁၀၀,၀၀၀ ယန္း (ေဒၚလာ ၉၀၀) သာ အမ်ားဆုံးခ်ီးျမႇင့္ရမယ္လို႔ ကန္႔သတ္ထားသလို ျဖစ္ေနပါတယ္။

တကယ္ေတာ့ အထက္ပါဥပေဒဟာ စီးပြားျဖစ္ထုတ္ကုန္မ်ားကို ေရာင္းအားျမႇင့္တင္ဖို႔နဲ႔ လူႀကိဳက္ပိုမ်ားလာေအာင္ ဆြဲေဆာင္ဖို႔ ရည္႐ြယ္တဲ့ ေၾကာ္ျငာပြဲမ်ားျပဳလုပ္ရာမွာ ခ်ီးျမႇင့္မယ့္ ဆုေၾကးကို ကန္႔သတ္ဖို႔ ရည္႐ြယ္ထားတာပါ။ ဂိမ္းမ်ားကိုလည္း စီးပြားျဖစ္ထုတ္ကုန္တစ္မ်ိဳးအျဖစ္ ယူဆလိုက္တဲ့အတြက္ဂိမ္းၿပိဳင္ပြဲမ်ားဟာ ေၾကာ္ျငာပြဲမ်ားျဖစ္လာရၿပီး ဂ်ပန္ Esports နယ္ပယ္အတြက္ ဆိုးက်ိဳးသက္ေရာက္ေနရျခင္းျဖစ္ပါတယ္။

Esports ကို သြယ္ဝိုက္ေသာနည္းလမ္းေတြနဲ႔ ေလာင္းကစားအျဖစ္ သတ္မွတ္တာေတြကလည္း ရွိပါေသးတယ္။ Dota 2 ဟာ ေလာင္းကစား လုံးဝမဟုတ္ေပမယ့္ Dota 2 ပြဲမ်ားနဲ႔ ပတ္သက္ၿပီး ေလာင္းလို႔ရတဲ့ betting service ေတြက ဂ်ပန္ႏိုင္ငံရဲ႕ Dota 2 အေပၚ အျမင္ကို လြဲေနေစပါတယ္။ ဂ်ပန္ႏိုင္ငံမွာ ေလာင္းကစားလုပ္ျခင္းကို ဥပေဒမ်ားစြာနဲ႔ တားျမစ္ထားပါတယ္။

ဂ်ပန္ႏိုင္ငံတရား႐ုံးခ်ဳပ္ရဲ႕ သတ္မွတ္ခ်က္အရ ဂိမ္းပြဲတစ္ခုကေန ဆုေၾကးေငြအႏိုင္ရရွိေအာင္ ႀကိဳးပမ္းဟာ ေလာင္းကစားလုပ္ျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။ Dota 2 ၿပိဳင္ပြဲဟာ ေလာင္းကစားမဆန္ေၾကာင္း လူအမ်ား သိေနၾကေပမယ့္ ဒီသတ္မွတ္ခ်က္ဟာ ႏိုင္ငံတြင္း Esports ေခတ္စားလာဖို႔ တစ္နည္းတစ္ဖုံ တားျမစ္ထားသလို ျဖစ္ေနျပန္ပါတယ္။

ယေန႔ေခတ္ Esports ဟာ တစ္ကမာၻလုံးမွာ အရွိန္အဟုန္နဲ႔ က်ယ္ျပန္႔လာတာကိုေတာ့ ဂ်ပန္ သတိထားမိပါတယ္။ ၂၀၁၈ မွာ ဂ်ပန္ႏိုင္ငံရဲ႕ အေရးႀကီးဆုံး Esports အဖြဲ႕အစည္းျဖစ္တဲ့ Japanese esports Union (JeSU) ကို ဖြဲ႕စည္းခဲ့သလို အခ်ိဳ႕ကစားသမားမ်ားနဲ႔ ဂိမ္းမ်ားကို ၿပိဳင္ပြဲျပဳလုပ္ကစားခြင့္မ်ား ထုတ္ေပးခဲ့ပါတယ္။ ယခုႏွစ္ Tōkyō Game Show မွာလည္း Dota 2 ၿပိဳင္ပြဲအေသးစားတစ္ခုျပဳလုပ္ခဲ့ၿပီး ပြဲကို Twitch ေပၚမွာ လႊင့္ခဲ့ပါေသးတယ္။

ဂ်ပန္ႏိုင္ငံသားမ်ားအတြက္ Dota 2 ကစားဖို႔ ခက္ခဲမႈ

Streamer တစ္ဦးျဖစ္သူ Hokutora က ဂ်ပန္ႏိုင္ငံသားမ်ား Dota 2 ကစားဖို႔ ခက္ခဲေနရျခင္းရဲ႕ အဓိကအေၾကာင္းအရင္းႏွစ္ခုကို ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။ ပထမတစ္ခုကေတာ့ Dota 2 ရဲ႕ အၿပိဳင္အဆိုင္ MOBA ဂိမ္းျဖစ္တဲ့ League of Legends ေၾကာင့္ပါ။ League ဟာ ဂ်ပန္ဘာသာနဲ႔ အျပည့္အဝ ျပန္ဆိုထားၿပီးသားျဖစ္လို႔ ဂ်ပန္မ်ားအတြက္ ေလ့လာရလြယ္ကူေနပါတယ္။ League ရဲ႕ graphic မ်ားဟာလည္း anime စတိုင္နဲ႔တူလို႔ ဂ်ပန္မ်ား ေ႐ြးခ်ယ္ကစားဖို႔ အဆင္ေျပလွပါတယ္။

ဒုတိယတစ္ခုကေတာ့ Dota 2 ကို ဂ်ပန္ဘာသာနဲ႔ ျပည့္ျပည့္ဝဝ ေျပာင္းလဲႏိုင္ျခင္း မရွိတာပါ။ ဂိမ္းကို ဂ်ပန္ဘာသာေျပာင္းလိုက္ရင္ အခ်ိဳ႕အခ်က္မ်ားဟာ မူလအတိုင္း အဂၤလိပ္လိုပဲ က်န္ေနခဲ့ပါတယ္။ Hero မ်ားရဲ႕ skill explanation မ်ားနဲ႔ item detail မ်ားလို အေရးႀကီးအခ်က္အလက္ေတြ မေျပာင္းလဲပဲ က်န္ေနခဲ့တဲ့အခ်က္က အဂၤလိပ္စာအားနည္းေလ့ရွိတဲ့ ဂ်ပန္အမ်ားစုအတြက္ Dota 2 ကစားဖို႔ အခက္အခဲအျဖစ္ ရွိေနပါတယ္။

 

ဂ်ပန္ Dota 2 ကစားသမား အေရအတြက္ သိသိသာသာမ်ားျပားလာဖို႔ကေတာ့ မလြယ္ကူလွပါဘူး။ ဒါေပမယ့္ အနာဂတ္မွာ ဂ်ပန္ကစားသမားမ်ားကို လက္ရွိအင္အားႀကီး Dota 2 အဖြဲ႕အစည္းတစ္ခုက ေခၚယူလိုက္ရင္ေတာ့ ဂ်ပန္ Dota 2 pro မ်ား ေပၚထြန္းလာႏိုင္ပါတယ္။ ဂ်ပန္ႏိုင္ငံရဲ႕ Dota 2 နဲ႔ Esports အေရးကလည္း စိတ္ဝင္စားဖြယ္ျဖစ္လို႔ ေဖာ္ျပလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

Source: joindota