ဘာလို႔ FIGHTING GAMES ေတြ လူေဆာ့နည္းတာလဲ?

Fighting Games ဆိုတာနဲ႔ လူတိုင္း Street Fighter, Tekken နဲ ့Mortal Kombat ကိုေျပးျမင္ၾကမွာပါ။ ျပီးရင္ ၾကိဳက္လားေမးရင္လဲ ၁၀၀ မွာ အေယာက္ ၉၀ ေလာက္က ၾကိဳက္တယ္ပဲ ေျဖၾကမွာအေသအခ်ာပါပဲ။ ဒါေပမယ့္ ေဆာ့ျဖစ္ၾကလားဆို အမ်ားစုုက ဟင့္အင္းပဲေျဖၾကမွာပါ။ ဟုတ္ပါတယ္၊ Dota2, League of Legends လို MOBA ဂိမ္းေတြ CSGO နဲ႔ PUBG လို Shooter Games ေတြ ဦးေဆာင္ေနတဲ့ ေခတ္ၾကီးထဲမွာ Fighting Game ေတြဟာ အရမ္း Niche ကသိကေအာက္ျဖစ္တဲ့ အမ်ိဳးအစားထဲမွာ ပါေနပါတယ္။ ၾကိဳက္ရဲ႕သားနဲ႔ ဘာလို့မေဆာ့ၾကလဲဆိုတာ အရမ္းထူးဆန္းတဲ့ ကိစၥတစ္ခုပါ။ အဲ့အတြက္ ၂၀၁၈ ထဲမွာ တစ္ကမၻာလံုးက ဂိမ္မာေတြကို analysis survey စစ္ေဆးမႈတစ္ခု လုပ္ခဲ့တာမွာ တိက်တဲ့အေျဖတစ္ခု ထြက္လာပါတယ္။ အရမ္းရိုးရွင္းပါတယ္။ ခက္လို႔ မေဆာ့တာပါတဲ့။

Fighting Game ေတြကို ဘာလုိ့လူၾကိဳက္ၾကသလဲ?

Anime fan ေတြထဲ Rock Lee နဲ့ Gaara ခ်တာကိုမၾကိဳက္ဘူး ထေအာ္ရင္ အဲဒီ့လူကို ဝိုင္းထိုးၾကမွာေသခ်ာပါတယ္။ ခုေတာင္ Marvel ရဲ႕ Endgame ကိုမၾကိဳက္ဘူးေျပာမိရင္ ေခ်ာင္းရိုက္မယ့္လူအုပ္ႀကီး ေသခ်ာေပါက္ရွိပါတယ္။ ဘာလို႔လဲ? လူေတြဟာ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်ၾကတာကိုၾကည့္ရတာ ၾကိဳက္ပါတယ္။ Shonen Anime ေတြရဲ ႔ဇာတ္ေကာင္ေတြ အခ်င္းခ်င္းခ်ၾကတဲ့ Tournament arc ဟာ လူတိုင္းၾကိဳက္တဲ့ story arc တစ္ခုပါ။ Fighting Game ေတြဟာ တစ္နည္းအားျဖင့္ အဲဒါေတြကို ကိုယ္တိုင္ဝင္ေရာက္ခံစားနိုင္ေအာင္လုပ္ထားတဲ့ ဂိမ္းေတြပါ။ ဒါ့ေၾကာင့္မုိ႔လို႔ ဒီကိစၥက အထူးတလည္ရွင္းျပစရာ မလိုေတာ့ပါဘူး။

ဒါဆုိရင္ Fighting Game ေတြကို ဘာလုိ႔လူမေဆာ့ၾကသလဲ?

-သူမ်ားေတြခ်ေနတာ ၾကည့္ရတာၾကိဳက္ေပမယ့္ မင္းဝင္ခ်မလားဆိုဘယ္သူမွမခ်ခ်င္ပါဘူး။ ဒါက အရိုးရွင္းဆံုး အေျဖပါ။ Game တစ္ခုရဲ႕ ရွဳေထာင့္က ၾကည့္မယ္ဆိုရင္ေတာ့ မတူပါဘူး။ ဘာလို႔ လူမေဆာ့ၾကသလဲဆိုလို႔ ဘယ္သူမွမေဆာ့ဘူးလို႔လဲ မထင္ပါနဲ႔။ ေဆာ့လြန္းလို့ Fighting Game Community (FGC) ဆိုျပီး သတ္သတ္မွတ္မွတ္ ေခၚရေလာက္တဲ့ထိရွိသလို တစ္နွစ္တစ္ခါက်င္းပတဲ့ World EVO tournament ဆိုတာ ESPN ကေတာင္ ထုတ္လြြင့္ရတဲ့ ျပိဳင္ပြဲတစ္ခုပါ။

Fighting Game တစ္ခုကို ေသခ်ာထဲထဲဝင္ဝင္ေဆာ့ဖို႔ဆိုတာ အရမ္းခက္ပါတယ္။ High, Low, Overhead, Neutral, Frame advantage/data/trap, Guardstun, Recovery, Ukeme, Zoning စသျဖင့္ အေခၚအေဝၚေတြလည္း တစ္ပံုႀကီးရွိပါတယ္။ ဒါေတြအကုန္လုံးကို ေနာက္ Post တစ္ခုမွာ ေသခ်ာရွင္းျပေပးပါ့မယ္။

ဥပမာ (၁) ပံုမွန္ခုမွစေဆာ့တဲ့ player တစ္ေယာက္ဟာ ဒါေတြကိုနားမလည္တဲ့အတြက္ ခလုတ္ေတြ ေလ်ွာက္ႏွိပ္ပါတယ္။ အဲမွာလူနဲ့မခ်ခင္ Arcade Mode ရဲ႕ေနာက္ပိုင္း stage ေတြမွာတင္ စေမွာက္မွာအေသအခ်ာပါပဲ။ ၅ ပြဲေလာက္ ခံရျပီးရင္ လူက ေတာ္ေတာ္တင္းေနပါျပီ။ Dark Souls တို႔ဘာတို႔မတိုင္ခင္ Salty ျဖစ္တယ္ဆိုတဲ့စကားနဲ႔ Controller ႀကီး ကိုင္ေပါက္တယ္ ဘာညာဆိုတာ Street Fighter ရဲ႕ Akuma နဲ႔ Gill ကေန စခဲ့တာေမ့လို့မရပါဘူး။ ဒါေတာင္ လူလူခ်င္းခ်တာ မဟုတ္ေသးဘူးေနာ္။

ဥပမာ (၂) လူလူခ်င္း စခ်ပါျပီတဲ့။ ေဘးခ်င္းကပ္ရက္ေဘာ္ဒါနဲ႔ ေဆာ့တယ္ပဲဆိုပါစို႔။ ကိုယ္က ၅ ပြဲေလာက္ ဆက္တုိက္ႏုိင္လုိက္ၿပီဆုိရင္ သူဆက္ေဆာ့ခ်င္မွာ မဟုတ္ေတာ့ပါဘူး။ ဒါေပမယ့္ သိပ္လိုက္တဲ့ ကိုယ္ကေတာ့ ေၾကာက္တာလား ဘာလားဆိုျပီး ဆက္ေဆာ့ခ်င္ေနပါလိမ့္မယ္။ ေျပာင္းျပန္ ျပန္ေတြးျကည့္ပါ။ ကိုယ္လဲရႈံးရင္ ထိုနည္းလည္းေကာင္းပဲျဖစ္ပါလိမ့္မယ္။ ဘယ္သူမွ ေတာက္ေလွ်ာက္ရံွဴးရတာကို မၾကိဳက္ပါဘူး။

ဥပမာ (၃) Online စေဆာ့ျပီဆိုရင္ စစခ်င္း New Player ခ်င္းပဲ ေတြ႕မွာပါ။ အဲမွာ ကိုယ္ကနိုင္ေနျပီဆို computer AI ကမွ ခက္ေသးတယ္ကြာဆိုျပီး ဆက္ေဆာ့ပါလိမ့္မယ္။ အဲမွာစေတြ႕ပါျပီ ကိုယ့္ထက္ၾကမ္းတဲ့ေကာင္ေတြ။ ဘယ္လိုေဆာ့ေဆာ့ကို မနိုင္ဘူးဆိုတာမ်ိဳးေတြ၊ ကပ္သီးေလးတစ္ခ်က္ထိုးခံရျပီး ရွံဴးတာေတြ၊ အေဝးပစ္ Spam တာကို ဘယ္လိုျပန္ေခ်ပရမွန္း မသိလို႔ Spam ခံရျပီးရွံဴးတာေတြ။ ဟိုေကာင္ခ်ေတာ့ထိတယ္ ငါခ်ေတာ့မထိဘူး -ီးေတာင္မေဆာ့ဘူးကြာ ဆိုတာမ်ိဳးေတြ ျဖစ္လာပါျပီ။

ေျပာခ်င္တာကေတာ့ Fighting Game တစ္ခုရဲ႕ Skill Gap ဟာ Dota2, Csgo တို့လို Team-based Game ေတြနဲ႔ယွဥ္ရင္ ပိုသိသာပါတယ္။ ရပ္ကြက္ေကာင္းလို႔ Rank တက္တယ္ဆိုတာမ်ဳိးေတြ မရပါဘူး။ ရွံဴးလဲ ဘယ္သူမွ blame လို႔ အျပစ္တင္လို႔ မရပါဘူး။ ကိုယ္ရွံဴးရင္ရွံဳးတာပါပဲ။ ဒီဒဏ္ထိသြားျပီဆိုတဲ့လူဟာ ေနာက္ အနည္းဆံုးေလးငါးလေလာက္ထိ Fighting Game ဆိုတာႀကီးကို ျပန္မထိေတာ့ပါဘူး။ ကိုယ္တီးေနရရင္ေတာ့ အရမ္းေပ်ာ္တယ္မလား။ ဒါဟာ Fighting Game ပါပဲ :3

Fighting Game ၾကိဳက္တဲ့လူကေရာ ဘာေျကာင့္အရမ္းႀကိဳက္ျပီး ပံုမွန္ေဆာ့ႀကသလဲ?

ပထမဆံုးကေတာ့ အထင္လြဲၾကတာပါ။ ဂိမ္းေခြအသစ္ထြက္ခ်ိန္ေလာက္ကလြဲလို႔ ဘယ္သူမွ Fighting Game တစ္ခုကို တစ္ေနကုန္ထိုင္ေဆာ့မေနပါဘူး။ အဲဒါမို႔ Steam Chart လိုေနရာမ်ဳိးမွာၾကည့္လိုက္ရင္ အမ်ားဆံုး Player Count က ေထာင္ဂဏန္းပါ။ အဲဒါကိုေဆာ့တဲ့လူမရွိဘူးထင္ရင္ မွားပါလိမ့္မယ္။ ပြဲတစ္ပြဲျဖစ္ဖို့ လူဆယ္ေယာက္ တစ္ရာ ျပည့္စရာမလိုတဲ့အတြက္ ေလးေယာက္ေလာက္ရွိေနရင္ကို ပတ္လည္ေဆာ့ေနလို႔ရတဲ့ အမ်ိဳးအစားပါ။ ျပီးရင္ လူေဆာ့အမ်ားဆံုး Prime Time ဆိုျပီးရွိတဲ့အျပင္ Discord Chat ကေန ခ်ိန္းပြဲေတြလဲရွိပါတယ္။ အရမ္းထူးဆန္းပါတယ္ Discord admin middle man နဲ့ေပါင္းျပီးလုပ္တဲ့ ပိုက္ဆံေျကး Tournament ေတြကအစ အပတ္တိုင္းမဟုတ္ေတာင္ လတိုင္းရွိပါတယ္။ ဘယ္ဂိမ္း community မွ Casual ေတြအတြက္အဲေလာက္ active မျဖစ္ေပးပါဘူး။ ေသခ်ာတာကေတာ့ Fighting Game တစ္ခုစေဆာ့မယ္ရည္ရြယ္ရင္ သူ႕ discord channel ကို google ေခါက္ျပီး join ျဖစ္ေအာင္ join ပါလို႔ အႀကံေပးခ်င္ပါတယ္။

 

က်န္တဲ့အခ်က္ေတြကေတာ့ ရွင္းပါတယ္။အေပၚမွာေျပာထားခဲ့သလိုပါပဲ။

  • ႐ႈံးရင္​ဘယ္​သူမွ Blame လို႔မရ
  • ပ်င္​းတယ္​​ေဆးထိုးမယ္​ကြာဆိုၿပီး ဝင္​​ေဆာ့လို႔ရတဲ့ဂိမ္​းမ်ိဳးမဟုတ္​ ကိုယ္​ပဲ​​ေမွာက္​ၿပီး ကိုယ္​့ဒုကၡကိုယ္​႐ွာသလိုျဖစ္​မယ္​
  • တစ္​ပြဲတစ္​ပြဲ အလြန္​ဆံုး ၅မိနစ္​ပဲ အလုပ္​ပ်က္​အကိုင္​ပ်က္​​ေတြမျဖစ္​ အဲအခ်ိန္​​ေလးအတြင္​းမွာပဲ စိတ္​​ေက်နပ္​မႈ အျပည္​့ရ
  • မႏိုင္​ဘူးဆို ႏွစ္​မ်ိဳးပဲ႐ွိတယ္​ ကိုယ္​ပိန္​းလို႔ရယ္​၊ ဟိုဘက္​ကပို​ကို​ေကာင္​း​ေနလို႔
  • Git Gud (အ႐ွိကိုအ႐ွိအတိုင္​းလက္​ခံ မႏုိင္ရင္ထက္ႀကိဳးစား)
  • ကိုယ့္အားကိုယ္ကိုး
  • ဘယ္​သူမဆိုထ​ေဆာ့ႏိုင္​ ဒါ​ေပမယ္​့ button mash ​ေလ်ွာက္​ႏွိပ္​​ေနရင္​​ေတာ့ တစ္​သက္​လံုးမႏိုင္​
  • ဇာတ္လမ္း​ေတြထဲက မင္​းသား​ေတြလို I won’t give up ဘာညာ၊ comeback ဖီလင္က ဒီလိုဂိမ္​း​ေတြမွာအျပည္​့ရ
  • ကိုယ္​့ကိုတီးသြားတဲ့​ေကာင္​ကိုျပန္​ႏိုင္​ရတဲ့ဖီလင္က ဘာနဲ႔မွမတူ
  • တစ္​ပြဲနဲ႔တစ္​ပြဲလံုးဝမ႐ိုး
  • ​ေလ့လာရင္​​ေလ့လာသ​ေလာက္​နက္​နဲ

ဒါေတြကိုျကိုက္နွစ္သက္တဲ့ လူေတြကေတာ့ Fighting Game ဆိုတာျကီးကိုခ်စ္ျကမွာအမွန္ပါပဲ။

(ေနာက္ post မွာ in-game mechanics အေသးစိတ္နဲ့ ခုေခတ္ hot ေနတဲ့ fighting game ေတြအေၾကာင္း ထဲထဲဝင္ဝင္ရွင္းျပပါ့မယ္)

~Lan~

Street Fighter V

Blazblue Cross Tag Battle (BBTAG)

Dragon Ball FighterZ

#ArticlebyLan #Lan #FightingGame #StreetFighter #Tekken #DragonBall #MortalKombat #BBTAG

 

 

 

======================================

Unicode User များအတွက် 

======================================

 

ဘာလို့ FIGHTING GAMES တွေ လူဆော့နည်းတာလဲ?

Fighting Games ဆိုတာနဲ့ လူတိုင်း Street Fighter, Tekken နဲ့Mortal Kombat ကိုပြေးမြင်ကြမှာပါ။ ပြီးရင် ကြိုက်လားမေးရင်လဲ ၁၀၀ မှာ အယောက် ၉၀ လောက်က ကြိုက်တယ်ပဲ ဖြေကြမှာအသေအချာပါပဲ။ ဒါပေမယ့် ဆော့ဖြစ်ကြလားဆို အများစုက ဟင့်အင်းပဲဖြေကြမှာပါ။ ဟုတ်ပါတယ်၊ Dota2, League of Legends လို MOBA ဂိမ်းတွေ CSGO နဲ့ PUBG လို Shooter Games တွေ ဦးဆောင်နေတဲ့ ခေတ်ကြီးထဲမှာ Fighting Game တွေဟာ အရမ်း Niche ကသိကအောက်ဖြစ်တဲ့ အမျိုးအစားထဲမှာ ပါနေပါတယ်။ ကြိုက်ရဲ့သားနဲ့ ဘာလို့မဆော့ကြလဲဆိုတာ အရမ်းထူးဆန်းတဲ့ ကိစ္စတစ်ခုပါ။ အဲ့အတွက် ၂၀၁၈ ထဲမှာ တစ်ကမ္ဘာလုံးက ဂိမ်မာတွေကို analysis survey စစ်ဆေးမှုတစ်ခု လုပ်ခဲ့တာမှာ တိကျတဲ့အဖြေတစ်ခု ထွက်လာပါတယ်။ အရမ်းရိုးရှင်းပါတယ်။ ခက်လို့ မဆော့တာပါတဲ့။

 

 

Fighting Game တွေကို ဘာလို့လူကြိုက်ကြသလဲ?

Anime fan တွေထဲ Rock Lee နဲ့ Gaara ချတာကိုမကြိုက်ဘူး ထအော်ရင် အဲဒီ့လူကို ဝိုင်းထိုးကြမှာသေချာပါတယ်။ ခုတောင် Marvel ရဲ့ Endgame ကိုမကြိုက်ဘူးပြောမိရင် ချောင်းရိုက်မယ့်လူအုပ်ကြီး သေချာပေါက်ရှိပါတယ်။ ဘာလို့လဲ? လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ချကြတာကိုကြည့်ရတာ ကြိုက်ပါတယ်။ Shonen Anime တွေရဲ့ဇာတ်ကောင်တွေ အချင်းချင်းချကြတဲ့ Tournament arc ဟာ လူတိုင်းကြိုက်တဲ့ story arc တစ်ခုပါ။ Fighting Game တွေဟာ တစ်နည်းအားဖြင့် အဲဒါတွေကို ကိုယ်တိုင်ဝင်ရောက်ခံစားနိုင်အောင်လုပ်ထားတဲ့ ဂိမ်းတွေပါ။ ဒါ့ကြောင့်မို့လို့ ဒီကိစ္စက အထူးတလည်ရှင်းပြစရာ မလိုတော့ပါဘူး။

 

ဒါဆိုရင် Fighting Game တွေကို ဘာလို့လူမဆော့ကြသလဲ?

-သူများတွေချနေတာ ကြည့်ရတာကြိုက်ပေမယ့် မင်းဝင်ချမလားဆိုဘယ်သူမှမချချင်ပါဘူး။ ဒါက အရိုးရှင်းဆုံး အဖြေပါ။ Game တစ်ခုရဲ့ ရှုထောင့်က ကြည့်မယ်ဆိုရင်တော့ မတူပါဘူး။ ဘာလို့ လူမဆော့ကြသလဲဆိုလို့ ဘယ်သူမှမဆော့ဘူးလို့လဲ မထင်ပါနဲ့။ ဆော့လွန်းလို့ Fighting Game Community (FGC) ဆိုပြီး သတ်သတ်မှတ်မှတ် ခေါ်ရလောက်တဲ့ထိရှိသလို တစ်နှစ်တစ်ခါကျင်းပတဲ့ World EVO tournament ဆိုတာ ESPN ကတောင် ထုတ်လွင့်ရတဲ့ ပြိုင်ပွဲတစ်ခုပါ။

Fighting Game တစ်ခုကို သေချာထဲထဲဝင်ဝင်ဆော့ဖို့ဆိုတာ အရမ်းခက်ပါတယ်။ High, Low, Overhead, Neutral, Frame advantage/data/trap, Guardstun, Recovery, Ukeme, Zoning စသဖြင့် အခေါ်အဝေါ်တွေလည်း တစ်ပုံကြီးရှိပါတယ်။ ဒါတွေအကုန်လုံးကို နောက် Post တစ်ခုမှာ သေချာရှင်းပြပေးပါ့မယ်။

ဥပမာ (၁) ပုံမှန်ခုမှစဆော့တဲ့ player တစ်ယောက်ဟာ ဒါတွေကိုနားမလည်တဲ့အတွက် ခလုတ်တွေ လျှောက်နှိပ်ပါတယ်။ အဲမှာလူနဲ့မချခင် Arcade Mode ရဲ့နောက်ပိုင်း stage တွေမှာတင် စမှောက်မှာအသေအချာပါပဲ။ ၅ ပွဲလောက် ခံရပြီးရင် လူက တော်တော်တင်းနေပါပြီ။ Dark Souls တို့ဘာတို့မတိုင်ခင် Salty ဖြစ်တယ်ဆိုတဲ့စကားနဲ့ Controller ကြီး ကိုင်ပေါက်တယ် ဘာညာဆိုတာ Street Fighter ရဲ့ Akuma နဲ့ Gill ကနေ စခဲ့တာမေ့လို့မရပါဘူး။ ဒါတောင် လူလူချင်းချတာ မဟုတ်သေးဘူးနော်။

 

ဥပမာ (၂) လူလူချင်း စချပါပြီတဲ့။ ဘေးချင်းကပ်ရက်ဘော်ဒါနဲ့ ဆော့တယ်ပဲဆိုပါစို့။ ကိုယ်က ၅ ပွဲလောက် ဆက်တိုက်နိုင်လိုက်ပြီဆိုရင် သူဆက်ဆော့ချင်မှာ မဟုတ်တော့ပါဘူး။ ဒါပေမယ့် သိပ်လိုက်တဲ့ ကိုယ်ကတော့ ကြောက်တာလား ဘာလားဆိုပြီး ဆက်ဆော့ချင်နေပါလိမ့်မယ်။ ပြောင်းပြန် ပြန်တွေးကြည့်ပါ။ ကိုယ်လဲရှုံးရင် ထိုနည်းလည်းကောင်းပဲဖြစ်ပါလိမ့်မယ်။ ဘယ်သူမှ တောက်လျှောက်ရံှူးရတာကို မကြိုက်ပါဘူး။

ဥပမာ (၃) Online စဆော့ပြီဆိုရင် စစချင်း New Player ချင်းပဲ တွေ့မှာပါ။ အဲမှာ ကိုယ်ကနိုင်နေပြီဆို computer AI ကမှ ခက်သေးတယ်ကွာဆိုပြီး ဆက်ဆော့ပါလိမ့်မယ်။ အဲမှာစတွေ့ပါပြီ ကိုယ့်ထက်ကြမ်းတဲ့ကောင်တွေ။ ဘယ်လိုဆော့ဆော့ကို မနိုင်ဘူးဆိုတာမျိုးတွေ၊ ကပ်သီးလေးတစ်ချက်ထိုးခံရပြီး ရှူံးတာတွေ၊ အဝေးပစ် Spam တာကို ဘယ်လိုပြန်ချေပရမှန်း မသိလို့ Spam ခံရပြီးရှူံးတာတွေ။ ဟိုကောင်ချတော့ထိတယ် ငါချတော့မထိဘူး -ီးတောင်မဆော့ဘူးကွာ ဆိုတာမျိုးတွေ ဖြစ်လာပါပြီ။

ပြောချင်တာကတော့ Fighting Game တစ်ခုရဲ့ Skill Gap ဟာ Dota2, Csgo တို့လို Team-based Game တွေနဲ့ယှဉ်ရင် ပိုသိသာပါတယ်။ ရပ်ကွက်ကောင်းလို့ Rank တက်တယ်ဆိုတာမျိုးတွေ မရပါဘူး။ ရှူံးလဲ ဘယ်သူမှ blame လို့ အပြစ်တင်လို့ မရပါဘူး။ ကိုယ်ရှူံးရင်ရှုံးတာပါပဲ။ ဒီဒဏ်ထိသွားပြီဆိုတဲ့လူဟာ နောက် အနည်းဆုံးလေးငါးလလောက်ထိ Fighting Game ဆိုတာကြီးကို ပြန်မထိတော့ပါဘူး။ ကိုယ်တီးနေရရင်တော့ အရမ်းပျော်တယ်မလား။ ဒါဟာ Fighting Game ပါပဲ :3

 

Fighting Game ကြိုက်တဲ့လူကရော ဘာကြောင့်အရမ်းကြိုက်ပြီး ပုံမှန်ဆော့ကြသလဲ?

ပထမဆုံးကတော့ အထင်လွဲကြတာပါ။ ဂိမ်းခွေအသစ်ထွက်ချိန်လောက်ကလွဲလို့ ဘယ်သူမှ Fighting Game တစ်ခုကို တစ်နေကုန်ထိုင်ဆော့မနေပါဘူး။ အဲဒါမို့ Steam Chart လိုနေရာမျိုးမှာကြည့်လိုက်ရင် အများဆုံး Player Count က ထောင်ဂဏန်းပါ။ အဲဒါကိုဆော့တဲ့လူမရှိဘူးထင်ရင် မှားပါလိမ့်မယ်။ ပွဲတစ်ပွဲဖြစ်ဖို့ လူဆယ်ယောက် တစ်ရာ ပြည့်စရာမလိုတဲ့အတွက် လေးယောက်လောက်ရှိနေရင်ကို ပတ်လည်ဆော့နေလို့ရတဲ့ အမျိုးအစားပါ။ ပြီးရင် လူဆော့အများဆုံး Prime Time ဆိုပြီးရှိတဲ့အပြင် Discord Chat ကနေ ချိန်းပွဲတွေလဲရှိပါတယ်။ အရမ်းထူးဆန်းပါတယ် Discord admin middle man နဲ့ပေါင်းပြီးလုပ်တဲ့ ပိုက်ဆံကြေး Tournament တွေကအစ အပတ်တိုင်းမဟုတ်တောင် လတိုင်းရှိပါတယ်။ ဘယ်ဂိမ်း community မှ Casual တွေအတွက်အဲလောက် active မဖြစ်ပေးပါဘူး။ သေချာတာကတော့ Fighting Game တစ်ခုစဆော့မယ်ရည်ရွယ်ရင် သူ့ discord channel ကို google ခေါက်ပြီး join ဖြစ်အောင် join ပါလို့ အကြံပေးချင်ပါတယ်။

 

 

ကျန်တဲ့အချက်တွေကတော့ ရှင်းပါတယ်။အပေါ်မှာပြောထားခဲ့သလိုပါပဲ။

  • ရှုံးရင်ဘယ်သူမှ Blame လို့မရ
  • ပျင်းတယ်ဆေးထိုးမယ်ကွာဆိုပြီး ဝင်ဆော့လို့ရတဲ့ဂိမ်းမျိုးမဟုတ်
  • ကိုယ်ပဲမှောက်ပြီး ကိုယ့်ဒုက္ခကိုယ်ရှာသလိုဖြစ်မယ်
  • တစ်ပွဲတစ်ပွဲ အလွန်ဆုံး ၅မိနစ်ပဲ အလုပ်ပျက်အကိုင်ပျက်တွေမဖြစ်
  • အဲအချိန်လေးအတွင်းမှာပဲ စိတ်ကျေနပ်မှု အပြည့်ရမနိုင်ဘူးဆို နှစ်မျိုးပဲရှိတယ် ကိုယ်ပိန်းလို့ရယ်၊ ဟိုဘက်ကပိုကိုကောင်းနေလို့
  • Git Gud (အရှိကိုအရှိအတိုင်းလက်ခံ မနိုင်ရင်ထက်ကြိုးစား)
  • ကိုယ့်အားကိုယ်ကိုး
  • ဘယ်သူမဆိုထဆော့နိုင် ဒါပေမယ့် button mash လျှောက်နှိပ်နေရင်တော့ တစ်သက်လုံးမနိုင်
  • ဇာတ်လမ်းတွေထဲက မင်းသားတွေလို I won’t give up ဘာညာ၊ comeback ဖီလင်က ဒီလိုဂိမ်းတွေမှာအပြည့်ရ
  • ကိုယ့်ကိုတီးသွားတဲ့ကောင်ကိုပြန်နိုင်ရတဲ့ဖီလင်က ဘာနဲ့မှမတူ
  • တစ်ပွဲနဲ့တစ်ပွဲလုံးဝမရိုး
  • လေ့လာရင်လေ့လာသလောက်နက်နဲ

 

 

ဒါတွေကိုကြိုက်နှစ်သက်တဲ့ လူတွေကတော့ Fighting Game ဆိုတာကြီးကိုချစ်ကြမှာအမှန်ပါပဲ။
(နောက် post မှာ in-game mechanics အသေးစိတ်နဲ့ ခုခေတ် hot နေတဲ့ fighting game တွေအကြောင်း ထဲထဲဝင်ဝင်ရှင်းပြပါ့မယ်)

~Lan~

 

Street Fighter V

Blazblue Cross Tag Battle (BBTAG)

Dragon Ball FighterZ

#ArticlebyLan #Lan #FightingGame #StreetFighter #Tekken #DragonBall #MortalKombat #BBTAG