[Unicode]

မြန်မာ Esports အသင်းတွေ SEA Games မှာ ဘာကြောင့်အရေးနိမ့်ခဲ့ရသလဲ?

 

အားလုံးသိကြတဲ့အတိုင်း အခုကျင်းပသွားတဲ့ ဖိလစ်ပိုင် SEA Games 2019 Esports ပြိုင်ပွဲမှာ မြန်မာအသင်း ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ဂိမ်း (၃) မျိုးစလုံး (Dota2, Mobile Legends, Arena of Valor) မှာ အားလုံး အုပ်စုအဆင့်ကနေ လှည့်ပြန်လာခဲ့ရပါတယ်။

ဒါဟာ ပထမဆုံး ဆုတံဆိပ်ပေးအပ်တဲ့ ဒေသတွင်း တရားဝင်အသိအမှတ်ပြု အိုလံပစ်အဆင့် Esports ပြိုင်ပွဲတစ်ခုအနေနဲ့ ပါဝင်ယှဉ်ပြိုင်နေတဲ့ ကစားသမားတွေရော၊ ပရိသတ်တွေ အတွက်ပါ မမျှော်လင့်ထားတဲ့ ရလဒ်တစ်ခု ဖြစ်ပါတယ်။

Esports ကို အားပေးတဲ့ အမာခံပရိသတ်တွေရှိပေမယ့်လည်း ပုံမှန်အချိန်မှာဆိုရင်တော့ SEA Games Esports ပြိုင်ပွဲဝင်အသင်းတွေကို အခုလောက် မျှော်လင့်ချက် ထားချင်မှထားကြမှာပါ။ ဒါပေမယ့် ဒီ ၂၀၁၉ ခုနှစ် နိုဝင်ဘာလောက်က စပြီး Team Cyanide Dota2 ရဲ့ WESG South East Asia တတိယဆု၊ Burmese Ghouls ရဲ့ MLBB ကမ္ဘာ့ Championship ပြိုင်ပွဲ စတုတ္ထဆုနဲ့ တက္ကသိုလ်ပေါင်းစုံ Dota2 ပြိုင်ပွဲမှာ ထိုင်းနဲ့ မလေးရှားအသင်းတွေကိုကျော်ဖြတ် ဗိုလ်စွဲခဲ့တဲ့ ဒဂုံတက္ကသိုလ် စတဲ့အောင်မြင်မှုတွေကြောင့် Esports ပရိသတ်များသာမက အခြားပြည်သူများကပါ စောင့်ကြည်နေခဲ့ရတဲ့ အားကစားတစ်ခု ဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း ဆုတံဆိပ်တစ်ခုတောင် မရရှိပဲ ၃ သင်းလုံး အုပ်စုအဆင့်ကနေ လှည့်ပြန်လာရအောင် ဘယ်အရာတွေက ဟန့်တားခဲ့ကြလဲ ဆိုတဲ့ အကြောင်းအရာတွေကို စာရေးသူမှ အချက် ၃ ချက်ကို အခြေခံပြီး နည်းနည်းလောက်ဝေဖန်သုံးသပ်ခွင့်ပြုပါခင်ဗျာ။

 

နိုင်ငံခြားပြိုင်ပွဲ အတွေ့အကြုံ အားနည်းခြင်း

 

စာရေးသူ သိရှိရသလောက် ယခုသွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ ၃ သင်းထဲမှာ Dota2 အသင်းကလွဲရင် ကျန်တဲ့ AoV နဲ့ MLBB အသင်းတွေဟာ နိုင်ငံခြားပြိုင်ပွဲအတွေ့အကြုံ လုံးဝမရှိကြပါဘူး။ MLBB အသင်းက ကစားသမားအချို့ကတော့ အသင်းဟောင်းတွေနဲ့ နိုင်ငံခြားပြိုင်ပွဲတွေ သွားရောက်ယှဉ်ပြိုင်ဖူးပေမယ့် အသင်းလိုက်အတွေ့အကြုံတော့ မရှိကြပါဘူး။

Online ပေါ်ကနေဆော့ရတဲ့ ပြိုင်ပွဲနဲ့ နိုင်ငံရပ်ခြားတစ်ခုက Esports Stadium (သို့မဟုတ်) ခန်းမတစ်ခုမှာ ဆော့ရတဲ့ ပြိုင်ပွဲက ကွာခြားမှုကြီးမားလို့ နိုင်ငံခြားပြိုင်ပွဲအတွေ့အကြုံဆိုတာက အရေးကြီးတဲ့ လိုအပ်ချက်တစ်ခုပါ။ ကိုယ်မရင်းနှီးတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ကိုယ့်အမာခံ အားပေးနေမယ့် ပရိသတ်တွေ မပါပဲနဲ့ ဆော့ရတာ ဖိအားအနည်းနဲ့ အများတော့ ရှိနေမှာပါ။

ဒါဆိုရင် နိုင်ငံခြားပြိုင်ပွဲအတွေ့အကြုံ များပြားလှတဲ့ Dota2 အသင်းကရော ဘာကြောင့်ကျရှုံးခဲ့ရတာလဲ? ဒါကတော့ ဒုတိယခေါင်းစဉ်မှာ ဆက်လက်ရှင်းပြပါမယ်။

 

ပြည်ပအသင်းတွေမှာ သွားရောက် မကစားဖူးခြင်း

 

ဆိုလိုတာက ပြည်တွင်း pro တွေကို ပြည်ပထွက်ပြီး ကြေးစား ကစားစေချင်တာပါ။ Dota2 အသင်းက ကစားသမား (၅) ယောက်လုံးဟာ အိန္ဒိယအသင်းတစ်သင်းမှာ သွားရောက်ဆော့ကစားဖူးပါတယ်။ ဒါပေမယ့်လည်း ပြည်ပကစားသမားတွေနဲ့ တွဲဆော့ခဲ့ရတာမျိုး မဟုတ်တဲ့အပြင် အိန္ဒိယ Dota2 အဆင့်အတန်းဟာလည်း မြန်မာနဲ့ ကွာခြားမှု ကြီးကြီးမားမား မရှိတာမလို့ ဒါကို နိုင်ငံခြားအတွေ့အကြုံ အပြည့်အဝရတယ်လို့ မယူဆနိုင်ပါဘူး။

အနီးစပ်ဆုံးအနေနဲ့ ယခု SEA Games Dota2 အသင်းက Insane ဟာ ထိုင်းနိုင်ငံအခြေစိုက်ဖြစ်တဲ့ Clutch Gamer အသင်းမှာ သွားရောက်ကစားခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျန်းမာရေးအခြေအနေကြောင့် ရက်ပိုင်းခန့်သာ လေ့ကျင့်ခဲ့ပြီး ပြန်လာခဲ့ရပါတယ်။

ဒါဟာ မြန်မာ Esports လောကအတွက် အလွန်တရာ နစ်နာတဲ့ ဖြစ်ရပ်တစ်ခုပါ။ တကယ်လို့သာ Insane သာ Clutch Gamers မှာသာ ရေရှည်မဟုတ်တောင် လအနည်းငယ်လောက်ပဲ ဆော့ခဲ့မယ်ဆိုရင်တောင်မှ သူ့ရဲ့ Teammates တွေဆီကနေ အများကြီး သင်ယူခွင့်ရခဲ့မှာပါ။

ဘာတွေကွာခြားလဲ ဆိုတာ ထောက်ပြရရင် Insane Clutch Gamer ကို စတင်ရောက်ရှိခဲ့ချိန်က Teammate တစ်ဦးဖြစ်တဲ့ “Nikobaby” က TI9 ကို Mineski နဲ့ ကစားဖူးတဲ့အပြင် အခုလည်း Alliance လို အသင်းကြီးမျိုးမှာ လက်စွမ်းပြနိုင်နေပါပြီ။ နောက် ex-teammate တစ်ယောက်ဖြစ်တဲ့ “kyxy” ကလည်း အခုလာမယ့် ဒုတိယ Major ဖြစ်တဲ့ DreamLeague 13 Leipzig Major မှာ Reality Rift အသင်းနဲ့အတူ ပါဝင်ခွင့် ရရှိထားပါတယ်။

Insane သာ အဲလို Teammate တွေနဲ့ ပြိုင်ပွဲတွေဆော့ဖူးလိုက်မယ်ဆိုရင် နိုင်ငံခြားအသင်းတွေမှာ ဘယ်လို ပြင်ဆင်လေ့ကျင့်တယ်၊ ဘယ်လို Skill ကောင်းအောင်လုပ်တယ်၊ ဘယ်လို နည်းစနစ်အသစ်တွေ ရှိတယ် ဆိုတာမျိုးကို သိရှိလာခဲ့ပြီး ပြည်တွင်းမှာ ပြန်လည်မျှဝေနိုင်ခဲ့မှာ ဖြစ်လို့ အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ ဖြစ်လာမှာပါ။ အနီးစပ်ဆုံးပြောရရင် မြန်မာအသင်း 2-0 နဲ့ ရှုံးခဲ့တဲ့ Laos Dota2 အသင်းက Core 3 ယောက်လုံးဟာ ထိုင်းထိပ်သီး အသင်းတွေဖြစ်တဲ့ Alpha Red နဲ့ MSCerberus တို့မှာ ကာလအတန်ကြာ ကစားဖူးတဲ့ အတွေ့အကြုံကောင်းတွေ ရှိနေပါတယ်။

ပြည်ပထွက်ကစားစေချင်တယ်ဆိုတာ Dota2 တင်မဟုတ်ပဲ အခြားဂိမ်းအမျိုးအစားတွေမှာပါ ကိုယ်ထူးချွန်ရင် ထူးချွန်သလို ပြည်ပကို ကြေးစား သွားရောက်ကစားစေချင်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း ဘောလုံးနဲ့ ဘော်လီဘော အားကစားတွေမှာ ပြည်ပထွက်ကစားတဲ့ ကစားသမားတွေကို တွေ့ရှိနိုင်မှာပါ။

 

နည်းပြကောင်း မရှိခြင်း

 

Esports ဆိုတာ ဘောလုံးလိုမျိုး လူသိများအခြေကျပြီးသား အားကစားနည်းတစ်ခု မဟုတ်ပါဘူး။ Esports ဟာ မြန်မာနိုင်ငံကို စတင်ဝင်ရောက်လာတာကြာပြီဆိုပေမယ့် တကယ်တမ်း ထွန်းကားလာတာက ၂,၃ နှစ်လောက်သာ ရှိပါဦးမယ်။ ဘောလုံးလို နှစ်ရာချီပြီး တည်ရှိလာတဲ့ အားကစားတစ်ခုနဲ့ နှိုင်းယှဉ်လို့ မရသေးတဲ့ အခြေအနေတစ်ခုပါ။

အဲဒီအတွက်ကြောင့်လည်း Game အမျိုုးအစားတိုင်းအတွက် အတွေ့အကြုံရင့်ပြီး ဩဇာအာဏာညောင်းတဲ့ နည်းပြလို လူမျိုုးတွေ ထွက်ရှိမှုနှုန်း အလွန်နည်းပါးပါတယ်။ ဆရာဖြစ်သင်တန်းလိုမျိုးလည်း မရှိတဲ့အတွက် ဂိမ်းတစ်ခုအကြောင်းကို အတိုင်းအတာတစ်ခုအထိ ကျွမ်းကျင်စွာဆော့တတ်ဖို့ လိုအပ်သလို နည်းစနစ်ပိုင်းကိုလည်း ထုံးလိုခြေ ရေလိုနှောက်ပြီး အမြဲ Up-to-date ဖြစ်နေဖို့ လိုအပ်ပါတယ်။

Game ဆိုသည်မှာလည်း သမာရိုးကျ အားကစားမဟုတ်တဲ့အတွက် မကြာခဏဆိုသလို Version Update များ ထွက်ပေါ်လာတာမလို့ တကယ်ထိရောက်မယ့် နည်းဗျူဟာတစ်ခုကို ပြသနိုင်မယ့် နည်းပြတစ်ဦးကတော့ အသင်းတိုင်း လိုအပ်ပါတယ်။ ကစားသမားတွေ ဘယ်လောက်တော်တယ်ပြောပြော ကစားသမား Mindset နဲ့မဟုတ်ပဲ နည်းပြ သို့မဟုတ် သုံးသပ်သူ တစ်ယောက်လို အပေါ်စီးကနေ ခြုံငုံမြင်တွေ့နိုင်မယ့် လူတစ်ယောက်တော့ အသင်းတိုင်းမှာ လိုအပ်ပါတယ်။

ဥပမာ Burmese Ghouls က PVNDV လို နည်းပြမျိုးဆိုရင် BG စဖွဲ့ကတည်းက ကစားခဲ့တာဖြစ်ပြီး ပြည်တွင်းပြည်ပ ပွဲအတွေ့အကြုံသာမက ကစားသမားတွေနဲ့ပါ ချစ်ခင်ရင်းနှီးပြီး Respect တစ်ခု ရယူပြီးသားမလို့ သူဟာ နည်းပြအဖြစ် ရွေးခဲ့တဲ့လမ်း မှန်တယ်လို့ ပြောလို့ရပါတယ်။ ထို့အတူ Dota2 အသင်းအနေနဲ့လည်း လက်ရှိအသင်းထဲက တစ်ယောက်အနေနဲ့ ကစားသမားဘဝကို စတေးပြီး နည်းပြအဖြစ် ကူးပြောင်းသင့်တယ်လို့ ထင်မြင်မိပါတယ်။ ဘာလို့လည်းဆိုတော့ လက်ရှိမှာ လက်ရွေးစင် Dota2 အသင်းသား ၅ ယောက်ထက် အတွေ့အကြုံနဲ့ အောင်မြင်မှုအပိုင်းမှာ သာတဲ့သူ ရှိမယ် မထင်ပါဘူး။ သိရသလောက် အခု SEA Games မှာလည်း Dota2 အသင်းမှာ Coach/Analyst မပါသွားဘူးလို့ သိရပါတယ်။ သူတို့ တတိယ ရရှိခဲ့တဲ့ WESG SEA မှာဆိုရင် သူတို့နဲ့ အနီးကပ်သူငယ်ချင်းလည်းဖြစ် အသင်းဖော်ဟောင်းလည်းဖြစ်တဲ့ “Phin Mel” က Manager အနေနဲ့ လိုက်ပါခဲ့ပါ သေးတယ်။

စာရေးသူအပေါ်မှာ ထောက်ပြခဲ့တဲ့ ၃ ချက်လုံးဟာ အခုအချိန်မှာသာ လိုအပ်ချက်တွေ ရှျိနပမယ့် နောင် ၁ နှစ် ၂ နှစ်လောက်အတွင်းမှာ ပြည်စုံလာနိုင်မယ်လို့ ယူဆရပါတယ်။ နိုင်ငံခြား ပြိုင်ပွဲတွေကလည်း အမြဲတမ်းရှိနေတာဖြစ်လို့ အချိန်အတိုင်းအတာတစ်ခုမှ ပြည့်ဝသွားပါလိမ့်မယ်။ ပြည်ပထွက်ဆော့ဖို့ ကိစ္စကလည်း SEA Games ပွဲကလွဲရင် အခြားပြိုင်ပွဲတွေမှာ မြန်မာ Esports အသင်း အသီးသီးက လက်စွမ်းပြနိုင်ခဲ့တာမလို့ မကြာခင် ပြည်ပအသင်းတွေကနေ ကမ်းလှမ်းခံရနိုင်တယ်လို့ ယူဆရပါတယ်။

နည်းပြတွေအနေနဲ့လည်း လက်ရှိအောင်မြင်နေတဲ့ ကစားသမားတွေ အသက်အရွယ်အရ လက်စွမ်းကျလာတဲ့အခါ နည်းပြဘဝအနေနဲ့ အတွေအကြုံတွေ ပြန်လည် မျှဝေပေးနိုင်မှာပါ။
ဒါပေမယ့် ယခု ပြီးဆုံးခဲ့တဲ့ SEA Games Esports ကို ပြန်ကြည့်မယ်ဆိုရင် ဝေဖန် အပြစ်တင်သူတွေထက် ကစားသမားတွေ စိတ်ဓါတ်ကျမှာစိုးလို့ ဝိုင်းဝန်းအားပေးနေတဲ့ အမာခံ ပရိသတ်တွေ ရှိနေတာကို တွေ့ရှိနိုင်မှာပါ။ သေချာတာတစ်ခုကတော့ လာမယ့် ၂၀၂၁ Vietnam SEA Games ပဲဖြစ်ဖြစ် အခြား နိုင်ငံတကာ အားကစားပြိုင်ပွဲတွေမှာဖြစ်ဖြစ် Esports အနေနဲ့ ထပ်မံပါဝင်ခွင့် ရခဲ့ဦးမယ်ဆိုရင် အားပေးမယ့်ပြည်သူတွေကို စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ အာမခံပါရစေ ခင်ဗျာ။


[Zawgyi]

ျမန္မာ Esports အသင္းေတြ SEA Games မွာ ဘာေၾကာင့္အေရးနိမ့္ခဲ့ရသလဲ?

 

အားလုံးသိၾကတဲ့အတိုင္း အခုက်င္းပသြားတဲ့ ဖိလစ္ပိုင္ SEA Games 2019 Esports ၿပိဳင္ပြဲမွာ ျမန္မာအသင္း ပါဝင္ယွဥ္ၿပိဳင္ခဲ့တဲ့ ဂိမ္း (၃) မ်ိဳးစလုံး (Dota2, Mobile Legends, Arena of Valor) မွာ အားလုံး အုပ္စုအဆင့္ကေန လွည့္ျပန္လာခဲ့ရပါတယ္။

ဒါဟာ ပထမဆုံး ဆုတံဆိပ္ေပးအပ္တဲ့ ေဒသတြင္း တရားဝင္အသိအမွတ္ျပဳ အုိလံပစ္အဆင့္ Esports ၿပိဳင္ပြဲတစ္ခုအေနနဲ႔ ပါဝင္ယွဥ္ၿပိဳင္ေနတဲ့ ကစားသမားေတြေရာ၊ ပရိသတ္ေတြ အတြက္ပါ မေမွ်ာ္လင့္ထားတဲ့ ရလဒ္တစ္ခု ျဖစ္ပါတယ္။

Esports ကို အားေပးတဲ့ အမာခံပရိသတ္ေတြရွိေပမယ့္လည္း ပုံမွန္အခ်ိန္မွာဆိုရင္ေတာ့ SEA Games Esports ၿပိဳင္ပြဲဝင္အသင္းေတြကို အခုေလာက္ ေမွ်ာ္လင့္ခ်က္ ထားခ်င္မွထားၾကမွာပါ။ ဒါေပမယ့္ ဒီ ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာေလာက္က စၿပီး Team Cyanide Dota2 ရဲ႕ WESG South East Asia တတိယဆု၊ Burmese Ghouls ရဲ႕ MLBB ကမာၻ႔ Championship ၿပိဳင္ပြဲ စတုတၳဆုနဲ႔ တကၠသိုလ္ေပါင္းစုံ Dota2 ၿပိဳင္ပြဲမွာ ထိုင္းနဲ႔ မေလးရွားအသင္းေတြကိုေက်ာ္ျဖတ္ ဗိုလ္စြဲခဲ့တဲ့ ဒဂုံတကၠသိုလ္ စတဲ့ေအာင္ျမင္မႈေတြေၾကာင့္ Esports ပရိသတ္မ်ားသာမက အျခားျပည္သူမ်ားကပါ ေစာင့္ၾကည္ေနခဲ့ရတဲ့ အားကစားတစ္ခု ျဖစ္ခဲ့ရပါတယ္။

ဒါေပမယ့္လည္း ဆုတံဆိပ္တစ္ခုေတာင္ မရရွိပဲ ၃ သင္းလုံး အုပ္စုအဆင့္ကေန လွည့္ျပန္လာရေအာင္ ဘယ္အရာေတြက ဟန႔္တားခဲ့ၾကလဲ ဆိုတဲ့ အေၾကာင္းအရာေတြကို စာေရးသူမွ အခ်က္ ၃ ခ်က္ကို အေျခခံၿပီး နည္းနည္းေလာက္ေဝဖန္သုံးသပ္ခြင့္ျပဳပါခင္ဗ်ာ။

 

ႏိုင္ငံျခားၿပိဳင္ပြဲ အေတြ႕အႀကဳံ အားနည္းျခင္း

 

စာေရးသူ သိရွိရသေလာက္ ယခုသြားေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ ၃ သင္းထဲမွာ Dota2 အသင္းကလြဲရင္ က်န္တဲ့ AoV နဲ႔ MLBB အသင္းေတြဟာ ႏိုင္ငံျခားၿပိဳင္ပြဲအေတြ႕အႀကဳံ လုံးဝမရွိၾကပါဘူး။ MLBB အသင္းက ကစားသမားအခ်ိဳ႕ကေတာ့ အသင္းေဟာင္းေတြနဲ႔ ႏိုင္ငံျခားၿပိဳင္ပြဲေတြ သြားေရာက္ယွဥ္ၿပိဳင္ဖူးေပမယ့္ အသင္းလိုက္အေတြ႕အႀကဳံေတာ့ မရွိၾကပါဘူး။

Online ေပၚကေနေဆာ့ရတဲ့ ၿပိဳင္ပြဲနဲ႔ ႏိုင္ငံရပ္ျခားတစ္ခုက Esports Stadium (သို႔မဟုတ္) ခန္းမတစ္ခုမွာ ေဆာ့ရတဲ့ ၿပိဳင္ပြဲက ကြာျခားမႈႀကီးမားလို႔ ႏိုင္ငံျခားၿပိဳင္ပြဲအေတြ႕အႀကဳံဆိုတာက အေရးႀကီးတဲ့ လိုအပ္ခ်က္တစ္ခုပါ။ ကိုယ္မရင္းႏွီးတဲ့ ပတ္ဝန္းက်င္တစ္ခုမွာ ကိုယ့္အမာခံ အားေပးေနမယ့္ ပရိသတ္ေတြ မပါပဲနဲ႔ ေဆာ့ရတာ ဖိအားအနည္းနဲ႔ အမ်ားေတာ့ ရွိေနမွာပါ။

ဒါဆုိရင္ ႏိုင္ငံျခားၿပိဳင္ပြဲအေတြ႕အႀကဳံ မ်ားျပားလွတဲ့ Dota2 အသင္းကေရာ ဘာေၾကာင့္က်ရႈံးခဲ့ရတာလဲ? ဒါကေတာ့ ဒုတိယေခါင္းစဥ္မွာ ဆက္လက္ရွင္းျပပါမယ္။

 

ျပည္ပအသင္းေတြမွာ သြားေရာက္ မကစားဖူးျခင္း

 

ဆိုလိုတာက ျပည္တြင္း pro ေတြကို ျပည္ပထြက္ၿပီး ေၾကးစား ကစားေစခ်င္တာပါ။ Dota2 အသင္းက ကစားသမား (၅) ေယာက္လုံးဟာ အိႏၵိယအသင္းတစ္သင္းမွာ သြားေရာက္ေဆာ့ကစားဖူးပါတယ္။ ဒါေပမယ့္လည္း ျပည္ပကစားသမားေတြနဲ႔ တြဲေဆာ့ခဲ့ရတာမ်ိဳး မဟုတ္တဲ့အျပင္ အိႏၵိယ Dota2 အဆင့္အတန္းဟာလည္း ျမန္မာနဲ႔ ကြာျခားမႈ ႀကီးႀကီးမားမား မရွိတာမလို႔ ဒါကို ႏိုင္ငံျခားအေတြ႕အႀကဳံ အျပည့္အဝရတယ္လို႔ မယူဆႏုိင္ပါဘူး။

အနီးစပ္ဆုံးအေနနဲ႔ ယခု SEA Games Dota2 အသင္းက Insane ဟာ ထိုင္းႏိုင္ငံအေျခစိုက္ျဖစ္တဲ့ Clutch Gamer အသင္းမွာ သြားေရာက္ကစားခဲ့ဖူးပါတယ္။ ဒါေပမယ့္ က်န္းမာေရးအေျခအေနေၾကာင့္ ရက္ပိုင္းခန႔္သာ ေလ့က်င့္ခဲ့ၿပီး ျပန္လာခဲ့ရပါတယ္။

ဒါဟာ ျမန္မာ Esports ေလာကအတြက္ အလြန္တရာ နစ္နာတဲ့ ျဖစ္ရပ္တစ္ခုပါ။ တကယ္လို႔သာ Insane သာ Clutch Gamers မွာသာ ေရရွည္မဟုတ္ေတာင္ လအနည္းငယ္ေလာက္ပဲ ေဆာ့ခဲ့မယ္ဆိုရင္ေတာင္မွ သူ႔ရဲ႕ Teammates ေတြဆီကေန အမ်ားႀကီး သင္ယူခြင့္ရခဲ့မွာပါ။

ဘာေတြကြာျခားလဲ ဆိုတာ ေထာက္ျပရရင္ Insane Clutch Gamer ကို စတင္ေရာက္ရွိခဲ့ခ်ိန္က Teammate တစ္ဦးျဖစ္တဲ့ “Nikobaby” က TI9 ကို Mineski နဲ႔ ကစားဖူးတဲ့အျပင္ အခုလည္း Alliance လို အသင္းႀကီးမ်ိဳးမွာ လက္စြမ္းျပႏိုင္ေနပါၿပီ။ ေနာက္ ex-teammate တစ္ေယာက္ျဖစ္တဲ့ “kyxy” ကလည္း အခုလာမယ့္ ဒုတိယ Major ျဖစ္တဲ့ DreamLeague 13 Leipzig Major မွာ Reality Rift အသင္းနဲ႔အတူ ပါဝင္ခြင့္ ရရွိထားပါတယ္။

Insane သာ အဲလို Teammate ေတြနဲ႔ ၿပိဳင္ပြဲေတြေဆာ့ဖူးလိုက္မယ္ဆိုရင္ ႏိုင္ငံျခားအသင္းေတြမွာ ဘယ္လို ျပင္ဆင္ေလ့က်င့္တယ္၊ ဘယ္လို Skill ေကာင္းေအာင္လုပ္တယ္၊ ဘယ္လို နည္းစနစ္အသစ္ေတြ ရွိတယ္ ဆိုတာမ်ိဳးကို သိရွိလာခဲ့ၿပီး ျပည္တြင္းမွာ ျပန္လည္မွ်ေဝႏိုင္ခဲ့မွာ ျဖစ္လို႔ အဖိုးမျဖတ္ႏိုင္တဲ့ အေတြ႕အႀကဳံေတြ ျဖစ္လာမွာပါ။ အနီးစပ္ဆုံးေျပာရရင္ ျမန္မာအသင္း 2-0 နဲ႔ ရႈံးခဲ့တဲ့ Laos Dota2 အသင္းက Core 3 ေယာက္လုံးဟာ ထိုင္းထိပ္သီး အသင္းေတြျဖစ္တဲ့ Alpha Red နဲ႔ MSCerberus တို႔မွာ ကာလအတန္ၾကာ ကစားဖူးတဲ့ အေတြ႕အႀကဳံေကာင္းေတြ ရွိေနပါတယ္။

ျပည္ပထြက္ကစားေစခ်င္တယ္ဆိုတာ Dota2 တင္မဟုတ္ပဲ အျခားဂိမ္းအမ်ိဳးအစားေတြမွာပါ ကိုယ္ထူးခြၽန္ရင္ ထူးခြၽန္သလို ျပည္ပကို ေၾကးစား သြားေရာက္ကစားေစခ်င္ပါတယ္။ ျမန္မာႏိုင္ငံမွာဆိုရင္လည္း ေဘာလုံးနဲ႔ ေဘာ္လီေဘာ အားကစားေတြမွာ ျပည္ပထြက္ကစားတဲ့ ကစားသမားေတြကို ေတြ႕ရွိႏိုင္မွာပါ။

 

နည္းျပေကာင္း မရွိျခင္း

 

Esports ဆိုတာ ေဘာလုံးလိုမ်ိဳး လူသိမ်ားအေျခက်ၿပီးသား အားကစားနည္းတစ္ခု မဟုတ္ပါဘူး။ Esports ဟာ ျမန္မာႏိုင္ငံကို စတင္ဝင္ေရာက္လာတာၾကာၿပီဆိုေပမယ့္ တကယ္တမ္း ထြန္းကားလာတာက ၂,၃ ႏွစ္ေလာက္သာ ရွိပါဦးမယ္။ ေဘာလုံးလို ႏွစ္ရာခ်ီၿပီး တည္ရွိလာတဲ့ အားကစားတစ္ခုနဲ႔ ႏႈိင္းယွဥ္လို႔ မရေသးတဲ့ အေျခအေနတစ္ခုပါ။

အဲဒီအတြက္ေၾကာင့္လည္း Game အမ်ိဳုးအစားတိုင္းအတြက္ အေတြ႕အႀကဳံရင့္ၿပီး ဩဇာအာဏာေညာင္းတဲ့ နည္းျပလို လူမ်ိဳုးေတြ ထြက္ရွိမႈႏႈန္း အလြန္နည္းပါးပါတယ္။ ဆရာျဖစ္သင္တန္းလိုမ်ိဳးလည္း မရွိတဲ့အတြက္ ဂိမ္းတစ္ခုအေၾကာင္းကို အတိုင္းအတာတစ္ခုအထိ ကြၽမ္းက်င္စြာေဆာ့တတ္ဖို႔ လိုအပ္သလို နည္းစနစ္ပိုင္းကိုလည္း ထုံးလိုေျခ ေရလိုေႏွာက္ၿပီး အၿမဲ Up-to-date ျဖစ္ေနဖို႔ လိုအပ္ပါတယ္။

Game ဆိုသည္မွာလည္း သမာ႐ိုးက် အားကစားမဟုတ္တဲ့အတြက္ မၾကာခဏဆိုသလို Version Update မ်ား ထြက္ေပၚလာတာမလို႔ တကယ္ထိေရာက္မယ့္ နည္းဗ်ဴဟာတစ္ခုကို ျပသႏိုင္မယ့္ နည္းျပတစ္ဦးကေတာ့ အသင္းတိုင္း လိုအပ္ပါတယ္။ ကစားသမားေတြ ဘယ္ေလာက္ေတာ္တယ္ေျပာေျပာ ကစားသမား Mindset နဲ႔မဟုတ္ပဲ နည္းျပ သို႔မဟုတ္ သုံးသပ္သူ တစ္ေယာက္လို အေပၚစီးကေန ၿခဳံငုံျမင္ေတြ႕ႏိုင္မယ့္ လူတစ္ေယာက္ေတာ့ အသင္းတိုင္းမွာ လိုအပ္ပါတယ္။

ဥပမာ Burmese Ghouls က PVNDV လို နည္းျပမ်ိဳးဆိုရင္ BG စဖြဲ႕ကတည္းက ကစားခဲ့တာျဖစ္ၿပီး ျပည္တြင္းျပည္ပ ပြဲအေတြ႕အႀကဳံသာမက ကစားသမားေတြနဲ႔ပါ ခ်စ္ခင္ရင္းႏွီးၿပီး Respect တစ္ခု ရယူၿပီးသားမလို႔ သူဟာ နည္းျပအျဖစ္ ေ႐ြးခဲ့တဲ့လမ္း မွန္တယ္လို႔ ေျပာလို႔ရပါတယ္။ ထို႔အတူ Dota2 အသင္းအေနနဲ႔လည္း လက္ရွိအသင္းထဲက တစ္ေယာက္အေနနဲ႔ ကစားသမားဘဝကို စေတးၿပီး နည္းျပအျဖစ္ ကူးေျပာင္းသင့္တယ္လို႔ ထင္ျမင္မိပါတယ္။ ဘာလို႔လည္းဆိုေတာ့ လက္ရွိမွာ လက္ေ႐ြးစင္ Dota2 အသင္းသား ၅ ေယာက္ထက္ အေတြ႕အႀကဳံနဲ႔ ေအာင္ျမင္မႈအပိုင္းမွာ သာတဲ့သူ ရွိမယ္ မထင္ပါဘူး။ သိရသေလာက္ အခု SEA Games မွာလည္း Dota2 အသင္းမွာ Coach/Analyst မပါသြားဘူးလို႔ သိရပါတယ္။ သူတို႔ တတိယ ရရွိခဲ့တဲ့ WESG SEA မွာဆိုရင္ သူတို႔နဲ႔ အနီးကပ္သူငယ္ခ်င္းလည္းျဖစ္ အသင္းေဖာ္ေဟာင္းလည္းျဖစ္တဲ့ “Phin Mel” က Manager အေနနဲ႔ လိုက္ပါခဲ့ပါ ေသးတယ္။

စာေရးသူအေပၚမွာ ေထာက္ျပခဲ့တဲ့ ၃ ခ်က္လုံးဟာ အခုအခ်ိန္မွာသာ လိုအပ္ခ်က္ေတြ ရွ်ိနပမယ့္ ေနာင္ ၁ ႏွစ္ ၂ ႏွစ္ေလာက္အတြင္းမွာ ျပည္စုံလာႏိုင္မယ္လို႔ ယူဆရပါတယ္။ ႏိုင္ငံျခား ၿပိဳင္ပြဲေတြကလည္း အၿမဲတမ္းရွိေနတာျဖစ္လို႔ အခ်ိန္အတိုင္းအတာတစ္ခုမွ ျပည့္ဝသြားပါလိမ့္မယ္။ ျပည္ပထြက္ေဆာ့ဖို႔ ကိစၥကလည္း SEA Games ပြဲကလြဲရင္ အျခားၿပိဳင္ပြဲေတြမွာ ျမန္မာ Esports အသင္း အသီးသီးက လက္စြမ္းျပႏိုင္ခဲ့တာမလို႔ မၾကာခင္ ျပည္ပအသင္းေတြကေန ကမ္းလွမ္းခံရႏိုင္တယ္လို႔ ယူဆရပါတယ္။

နည္းျပေတြအေနနဲ႔လည္း လက္ရွိေအာင္ျမင္ေနတဲ့ ကစားသမားေတြ အသက္အ႐ြယ္အရ လက္စြမ္းက်လာတဲ့အခါ နည္းျပဘဝအေနနဲ႔ အေတြအႀကဳံေတြ ျပန္လည္ မွ်ေဝေပးႏိုင္မွာပါ။
ဒါေပမယ့္ ယခု ၿပီးဆုံးခဲ့တဲ့ SEA Games Esports ကို ျပန္ၾကည့္မယ္ဆိုရင္ ေဝဖန္ အျပစ္တင္သူေတြထက္ ကစားသမားေတြ စိတ္ဓါတ္က်မွာစိုးလို႔ ဝိုင္းဝန္းအားေပးေနတဲ့ အမာခံ ပရိသတ္ေတြ ရွိေနတာကို ေတြ႕ရွိႏိုင္မွာပါ။ ေသခ်ာတာတစ္ခုကေတာ့ လာမယ့္ ၂၀၂၁ Vietnam SEA Games ပဲျဖစ္ျဖစ္ အျခား ႏိုင္ငံတကာ အားကစားၿပိဳင္ပြဲေတြမွာျဖစ္ျဖစ္ Esports အေနနဲ႔ ထပ္မံပါဝင္ခြင့္ ရခဲ့ဦးမယ္ဆိုရင္ အားေပးမယ့္ျပည္သူေတြကို စိတ္ပ်က္ေစမွာ မဟုတ္ဘူးလို႔ အာမခံပါရေစ ခင္ဗ်ာ။