[Unicode]

တချိန်က စိတ်ရောဂါလို့အမည်တပ်ခဲ့ပေမယ့် အခုတော့ ဂိမ်းဆော့ဖို့တိုက်တွန်းတဲ့ WHO

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ဟာ ယခင်က ဗီဒီယိုဂိမ်းစွဲလမ်းခြင်းကို စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခု (Mental Disorder) အဖြစ် သတ်မှတ်ခဲ့ပေမယ့် အခုတော့ လူတွေကို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ဗီဒီယိုဂိမ်းတွေ ဆော့နေကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

အခုစာရေးနေချိန်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လူဦးရေ ၄ သိန်း ၇ သောင်းကျော် ကူးစက်ခံရပြီး နှစ်သောင်းကျော် သေဆုံးထားတဲ့ COVID-19 ရဲ့ အန္တရာယ်ဟာ ၂၁ ရာစုအတွက် အဆိုးရွားဆုံးကပ်ရောဂါတစ်ခုပါ။ ဒါ့ကြောင့် ကမ္ဘာ့နိုင်ငံအများစုမှာ သွားလာလှုပ်ရှားမှုကို ကန့်သတ်ပြီး အိမ်တွင်းအောင်းဖို့ တိုက်တွန်းထားကြပါတယ်။

ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ဒီရောဂါကို တိုက်ဖျက်ဖို့ ကျရာတာဝန်က စွမ်းစွမ်းတမံ ကြိုးစားလုပ်ကိုင်နေချိန်မှာ ကျွန်တော်တို့လို သာမာန်လူတွေကတော့ ရောဂါပျံ့ပွားမှု လျှော့ချနိုင်ဖို့ တစ်ယောက်နဲ့တစ်ယောက် မထိတွေ့ဘဲ နေထိုင်ဖို့ အရေးကြီးပါတယ်။ WHO ကလည်း လူတွေကို ကိုယ့်အိမ်ထဲမှာပဲ ပျော်ရွှင်စွာ အချိန်ဖြုန်းရန် နည်းလမ်းရှာဖို့ တိုက်တွန်းလိုက်တာပါ။

WHO Director-General Tedros Adhanom

WHO ရဲ့ အထွေထွေဒါရိုက်တာဖြစ်သူက မီဒီယာထုတ်ပြန်ချက်မှာ အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။
“ပထမဆုံး ကျန်းမာပြီး အာဟာရပြည့်ဝအောင် ချင့်ချိန်စားသောက်ပါ။ ဒါက သင့်ရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စွာ လည်ပတ်စေမှာဖြစ်ပါတယ်။

ဒုတိယအနေနဲ့ အယ်လ်ကိုဟော (အရက်ဘီယာ) သောက်သုံးမှုနဲ့ သကြားများတဲ့ သောက်စရာတွေကို သုံးစွဲသောက်သုံးမှု လျှော့ချပါ။

တတိယက ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်ခြင်းက အကယ်လို့ COVID-19 ကူးစက်ခံရရင် ဆိုးရွားတဲ့ ရောဂါဝေဒနာတွေ ဖြစ်လာဖို့ ပိုပြီးအခွင့်အလမ်းများစေပါတယ်။

စတုတ္ထအဆင့်က လေ့ကျင့်ခန်းလုပ်ပါ။ WHO ဟာ အရွယ်ရောက်ပြီးသူတစ်ယောက်အတွက် ကာယလေ့ကျင့်ခန်း တစ်နေ့ကိုနာရီဝက်နဲ့ ကလေးတွေအတွက် တစ်နေ့ကိုတစ်နာရီ ပြုလုပ်ဖို့ တိုက်တွန်းပါတယ်။ တကယ်လို့ သင့်ရဲ့နိုင်ငံက ခွင့်ပြုသေးတယ်ဆိုရင် အပြင်ကို လမ်းထွက်လျှောက်ပါ၊ ပြေးပါ၊ ဒါပေမယ့် အခြားလူတွေနဲ့တော့ အကွာအဝေးတစ်ခုခြားပြီး ထိတွေ့မှုကို တားဆီးပါ။ တကယ်လို့ အိမ်ထဲက အိမ်ပြင်မထွက်ရရင် လေ့ကျင့်ခန်းဗီဒီယိုတွေကို အွန်လိုင်းကရှာပြီး လိုက်လုပ်ပါ၊ သီချင်းနားထောင်ပြီး ကပါ၊ ယောဂလေ့ကျင့်ခန်းလုပ်ပါ၊ ဒါမှမဟုတ် အိမ်ထဲက လှေကားကို အတက်အဆင်းလုပ်ပါ။
တကယ်လို့ အိမ်မှာအလုပ်လုပ်နေရတာဆိုရင်လည်း ပုံစံတစ်မျိုးတည်းနဲ့ အကြာကြီးမထိုင်မိပါစေနဲ့။ နာရီဝက် အလုပ်လုပ်ပြီးတိုင်း ၃ မိနစ် အနားယူပါ။ လာမယ့်ရက်တွေမှာ အိမ်တွင်းမှာ ဘယ်လိုကျန်းမာအောင်နေရမယ်ဆိုတာကို ထပ်မံအကြံပေးထုတ်ပြန်ပါ့မယ်။

နောက်ဆုံးအချက်ကတော့ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဂရုပြုစောင့်ရှောက်ပါ။ ဒီအချိန်မှာ ဖိအားများခြင်း၊ စိတ်ရှုပ်ထွေးခြင်းနဲ့ ကြောက်လန့်ခြင်းကို ခံစားရတာ ပုံမှန်ဖြစ်ပါတယ်။ သင်ယုံကြည်ရတဲ့ သိကျွမ်းသူတွေနဲ့ စကားပြောပါ။

သင့်ရဲ့ Community ပေါ်မှာ အခြားလူတွေကို ကြည့်ရှုအားပေးခြင်းကလည်း သူတို့ကိုသာမက သင်ကိုယ်တိုင်ကိုပါ အကျိုးရှိစေပါတယ်။ အိမ်နီးချင်းတွေ၊ မိသားစုဝင်တွေနဲ့ သူငယ်ချင်းမိတ်ဆွေတွေကို ဂရုစိုက်ပါ။ အကြင်နာတရားက ဆေးဝါးဖြစ်ပါတယ်။
သီချင်းနားထောင်ပါ၊ စာအုပ်ဖတ်ပါ၊ ဒါမှမဟုတ်ရင် ဂိမ်းဆော့နေပါ။

တကယ်လို့ သတင်းတွေကိုကြည့်ရှုခြင်းက သင့်ကိုကြောက်လန့်စေတယ်ဆိုရင် သတင်းတွေကြည့်တာ၊ ဖတ်တာကို သိပ်မလုပ်ပါနဲ့။ သင့်အတွက် လိုအပ်တဲ့သတင်းအချက်အလက်တွေကို ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်တွေကနေ တစ်နေ့ကို နှစ်ခါခန့်သာ စစ်ဆေးပါ”

WHO ရဲ့ အထွေထွေဒါရိုက်တာကတော့ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအတွက် ဗီဒီယိုဂိမ်းတွေဆော့နေဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါဟာ အဆိပ်အတောက်များတဲ့ အွန်လိုင်းပလက်ဖောင်းတွေပေါ်မှာ သတင်းမှားတွေ အချက်အလက်များတွေနဲ့ တွေ့ကြုံရတာကိုလည်း လျှော့ချပေးမှာဖြစ်ပါတယ်။

ဂိမ်မာတွေအတွက်တော့ COVID-19 ကူးစက်မခံရအောင် Social Distancing ပြုမူနေထိုင်ရတာ အရမ်းကြီး ခက်ခဲလိမ့်မှာမဟုတ်ပါဘူး။ WHO နဲ့ ပြည်တွင်းကျန်းမာရေးဝန်ကြီးဌာနတို့ရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာရင် ဒီကပ်ဆိုးကြီးကို အားလုံးကျော်လွှားနိုင်မှာပါ။ ဒီအချိန်အတွင်းမှာ Gaming Noodle ကလည်း ဂိမ်မာတွေ မပျင်းရိရအောင် အစီအစဉ်သစ်လေးတွေရော၊ နေ့စဉ်သတင်းနဲ့ Feature တွေနဲ့ပါ ဖျော်ဖြေပေးနေမှာပါ။

မူရင်း မိန့်ခွန်း – https://www.who.int/dg/speeches/detail/who-director-general-s-opening-remarks-at-the-media-briefing-on-covid-19—20-march-2020


[ZawGyi]

တခ်ိန္က စိတ္ေရာဂါလို႔အမည္တပ္ခဲ့ေပမယ့္ အခုေတာ့ ဂိမ္းေဆာ့ဖို႔တိုက္တြန္းတဲ့ WHO

 

ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္း WHO ဟာ ယခင္က ဗီဒီယိုဂိမ္းစြဲလမ္းျခင္းကို စိတ္ပိုင္းဆိုင္ရာျပႆနာတစ္ခု (Mental Disorder) အျဖစ္ သတ္မွတ္ခဲ့ေပမယ့္ အခုေတာ့ လူေတြကို စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးအတြက္ ဗီဒီယိုဂိမ္းေတြ ေဆာ့ေနၾကပါလို႔ တိုက္တြန္းလိုက္ပါတယ္။

အခုစာေရးေနခ်ိန္မွာ တစ္ကမာၻလုံးအတိုင္းအတာနဲ႔ လူဦးေရ ၄ သိန္း ၇ ေသာင္းေက်ာ္ ကူးစက္ခံရၿပီး ႏွစ္ေသာင္းေက်ာ္ ေသဆုံးထားတဲ့ COVID-19 ရဲ႕ အႏၲရာယ္ဟာ ၂၁ ရာစုအတြက္ အဆိုး႐ြားဆုံးကပ္ေရာဂါတစ္ခုပါ။ ဒါ့ေၾကာင့္ ကမာၻ႔ႏိုင္ငံအမ်ားစုမွာ သြားလာလႈပ္ရွားမႈကို ကန႔္သတ္ၿပီး အိမ္တြင္းေအာင္းဖို႔ တိုက္တြန္းထားၾကပါတယ္။

ေဆးဘက္ဆိုင္ရာဝန္ထမ္းေတြက ဒီေရာဂါကို တိုက္ဖ်က္ဖို႔ က်ရာတာဝန္က စြမ္းစြမ္းတမံ ႀကိဳးစားလုပ္ကိုင္ေနခ်ိန္မွာ ကြၽန္ေတာ္တို႔လို သာမာန္လူေတြကေတာ့ ေရာဂါပ်ံ႕ပြားမႈ ေလွ်ာ့ခ်ႏိုင္ဖို႔ တစ္ေယာက္နဲ႔တစ္ေယာက္ မထိေတြ႕ဘဲ ေနထိုင္ဖို႔ အေရးႀကီးပါတယ္။ WHO ကလည္း လူေတြကို ကိုယ့္အိမ္ထဲမွာပဲ ေပ်ာ္႐ႊင္စြာ အခ်ိန္ျဖဳန္းရန္ နည္းလမ္းရွာဖို႔ တိုက္တြန္းလိုက္တာပါ။

WHO Director-General Tedros Adhanom

WHO ရဲ႕ အေထြေထြဒါ႐ိုက္တာျဖစ္သူက မီဒီယာထုတ္ျပန္ခ်က္မွာ ေအာက္ပါအတိုင္း ေျပာၾကားခဲ့ပါတယ္။
“ပထမဆုံး က်န္းမာၿပီး အာဟာရျပည့္ဝေအာင္ ခ်င့္ခ်ိန္စားေသာက္ပါ။ ဒါက သင့္ရဲ႕ ကိုယ္ခံအားစနစ္ကို ေကာင္းမြန္စြာ လည္ပတ္ေစမွာျဖစ္ပါတယ္။

ဒုတိယအေနနဲ႔ အယ္လ္ကိုေဟာ (အရက္ဘီယာ) ေသာက္သုံးမႈနဲ႔ သၾကားမ်ားတဲ့ ေသာက္စရာေတြကို သုံးစြဲေသာက္သုံးမႈ ေလွ်ာ့ခ်ပါ။

တတိယက ေဆးလိပ္မေသာက္ပါနဲ႔။ ေဆးလိပ္ေသာက္ျခင္းက အကယ္လို႔ COVID-19 ကူးစက္ခံရရင္ ဆိုး႐ြားတဲ့ ေရာဂါေဝဒနာေတြ ျဖစ္လာဖို႔ ပိုၿပီးအခြင့္အလမ္းမ်ားေစပါတယ္။

စတုတၳအဆင့္က ေလ့က်င့္ခန္းလုပ္ပါ။ WHO ဟာ အ႐ြယ္ေရာက္ၿပီးသူတစ္ေယာက္အတြက္ ကာယေလ့က်င့္ခန္း တစ္ေန႔ကိုနာရီဝက္နဲ႔ ကေလးေတြအတြက္ တစ္ေန႔ကိုတစ္နာရီ ျပဳလုပ္ဖို႔ တိုက္တြန္းပါတယ္။ တကယ္လို႔ သင့္ရဲ႕ႏိုင္ငံက ခြင့္ျပဳေသးတယ္ဆိုရင္ အျပင္ကို လမ္းထြက္ေလွ်ာက္ပါ၊ ေျပးပါ၊ ဒါေပမယ့္ အျခားလူေတြနဲ႔ေတာ့ အကြာအေဝးတစ္ခုျခားၿပီး ထိေတြ႕မႈကို တားဆီးပါ။ တကယ္လို႔ အိမ္ထဲက အိမ္ျပင္မထြက္ရရင္ ေလ့က်င့္ခန္းဗီဒီယိုေတြကို အြန္လိုင္းကရွာၿပီး လိုက္လုပ္ပါ၊ သီခ်င္းနားေထာင္ၿပီး ကပါ၊ ေယာဂေလ့က်င့္ခန္းလုပ္ပါ၊ ဒါမွမဟုတ္ အိမ္ထဲက ေလွကားကို အတက္အဆင္းလုပ္ပါ။
တကယ္လို႔ အိမ္မွာအလုပ္လုပ္ေနရတာဆိုရင္လည္း ပုံစံတစ္မ်ိဳးတည္းနဲ႔ အၾကာႀကီးမထိုင္မိပါေစနဲ႔။ နာရီဝက္ အလုပ္လုပ္ၿပီးတိုင္း ၃ မိနစ္ အနားယူပါ။ လာမယ့္ရက္ေတြမွာ အိမ္တြင္းမွာ ဘယ္လိုက်န္းမာေအာင္ေနရမယ္ဆိုတာကို ထပ္မံအႀကံေပးထုတ္ျပန္ပါ့မယ္။

ေနာက္ဆုံးအခ်က္ကေတာ့ သင့္ရဲ႕စိတ္ပိုင္းဆိုင္ရာက်န္းမာေရးကို ဂ႐ုျပဳေစာင့္ေရွာက္ပါ။ ဒီအခ်ိန္မွာ ဖိအားမ်ားျခင္း၊ စိတ္ရႈပ္ေထြးျခင္းနဲ႔ ေၾကာက္လန႔္ျခင္းကို ခံစားရတာ ပုံမွန္ျဖစ္ပါတယ္။ သင္ယုံၾကည္ရတဲ့ သိကြၽမ္းသူေတြနဲ႔ စကားေျပာပါ။

သင့္ရဲ႕ Community ေပၚမွာ အျခားလူေတြကို ၾကည့္ရႈအားေပးျခင္းကလည္း သူတို႔ကိုသာမက သင္ကိုယ္တိုင္ကိုပါ အက်ိဳးရွိေစပါတယ္။ အိမ္နီးခ်င္းေတြ၊ မိသားစုဝင္ေတြနဲ႔ သူငယ္ခ်င္းမိတ္ေဆြေတြကို ဂ႐ုစိုက္ပါ။ အၾကင္နာတရားက ေဆးဝါးျဖစ္ပါတယ္။
သီခ်င္းနားေထာင္ပါ၊ စာအုပ္ဖတ္ပါ၊ ဒါမွမဟုတ္ရင္ ဂိမ္းေဆာ့ေနပါ။

တကယ္လို႔ သတင္းေတြကိုၾကည့္ရႈျခင္းက သင့္ကိုေၾကာက္လန႔္ေစတယ္ဆိုရင္ သတင္းေတြၾကည့္တာ၊ ဖတ္တာကို သိပ္မလုပ္ပါနဲ႔။ သင့္အတြက္ လိုအပ္တဲ့သတင္းအခ်က္အလက္ေတြကို ယုံၾကည္စိတ္ခ်ရတဲ့ ရင္းျမစ္ေတြကေန တစ္ေန႔ကို ႏွစ္ခါခန႔္သာ စစ္ေဆးပါ”

WHO ရဲ႕ အေထြေထြဒါ႐ိုက္တာကေတာ့ စိတ္ပိုင္းဆိုင္ရာႀကံ့ခိုင္မႈအတြက္ ဗီဒီယိုဂိမ္းေတြေဆာ့ေနဖို႔ တိုက္တြန္းခဲ့ပါတယ္။ ဒါဟာ အဆိပ္အေတာက္မ်ားတဲ့ အြန္လိုင္းပလက္ေဖာင္းေတြေပၚမွာ သတင္းမွားေတြ အခ်က္အလက္မ်ားေတြနဲ႔ ေတြ႕ႀကဳံရတာကိုလည္း ေလွ်ာ့ခ်ေပးမွာျဖစ္ပါတယ္။

ဂိမ္မာေတြအတြက္ေတာ့ COVID-19 ကူးစက္မခံရေအာင္ Social Distancing ျပဳမူေနထိုင္ရတာ အရမ္းႀကီး ခက္ခဲလိမ့္မွာမဟုတ္ပါဘူး။ WHO နဲ႔ ျပည္တြင္းက်န္းမာေရးဝန္ႀကီးဌာနတို႔ရဲ႕ လမ္းၫႊန္ခ်က္ေတြကို လိုက္နာရင္ ဒီကပ္ဆိုးႀကီးကို အားလုံးေက်ာ္လႊားႏိုင္မွာပါ။ ဒီအခ်ိန္အတြင္းမွာ Gaming Noodle ကလည္း ဂိမ္မာေတြ မပ်င္းရိရေအာင္ အစီအစဥ္သစ္ေလးေတြေရာ၊ ေန႔စဥ္သတင္းနဲ႔ Feature ေတြနဲ႔ပါ ေဖ်ာ္ေျဖေပးေနမွာပါ။

မူရင္း မိန္႔ခြန္း – https://www.who.int/dg/speeches/detail/who-director-general-s-opening-remarks-at-the-media-briefing-on-covid-19—20-march-2020