[Unicode]

OG Dota2 ရဲ့ လူစားဝင် ကစားသမား “W1sh-“ ဆိုတာ ဘယ်သူလဲ?

 

OG အသင်းဟာ လာမယ့် WePlay! Dota2 Pushka League ကို ဝင်ရောက်ကစားမယ့် လူစာရင်းကို လွန်ခဲ့တဲ့ နာရီပိုင်းက ကြေညာခဲ့ပါတယ်။ WePlay! Pushka League ဟာ ဥရောပနဲ့ CIS က အကောင်းဆုံး Dota2 အသင်းတွေ League ပုံစံ ပါတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲသစ်တစ်ခုပဲ ဖြစ်ပါတယ်။

OG အသင်းဟာ Europe အုပ်စုမှာ Alliance, Ninja in Pyjamas, Nigma, Team Secret, Team Liquid, OG Seed တို့နဲ့အတူ ကျရောက်နေတာပဲ ​ဖြစ်ပါတယ်။ အုပ်စု ထိပ်ဆုံး (၄) သင်းဟာ ရှုံးထွက်အဆင့်မှာ CIS မှ အသင်းများနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး စုစုပေါင်း ဆုကြေးကတော့ ဒေါ်လာ (၂၅၀,၀၀၀) ဖြစ်ပါတယ်။

WePlay! Dota2 Pushka League မှာ ကစားမယ့် OG ရဲ့ လူစာရင်းကတော့
1/ SumaiL-
2/ W1sh-
3/ Ceb
4/ Saksa
5/ N0tail
တို့ပဲ ဖြစ်ပါတယ်။


OG ရဲ့ Mid နဲ့ Offlane ဖြစ်တဲ့ Topson နဲ့ MidOne တို့ဟာ COVID-19 ပြန့်ပွားနေချိန် မလေးရှားနိုင်ငံကို ရောက်ရှိနေတာဖြစ်မလို့ OG အသင်းနဲ့ လာရောက် မပူးပေါင်းနိုင်သေးပါဘူး။

ယခု WePlay! Pushka League မှာတော့ Offlane နေရာမှာ လူဟောင်းတစ်ဦးဖြစ်သူ Ceb ပါဝင်ကစားပေမယ့် Mid နေရာမှာတော့ မျက်နှာသစ်ကစားသမား တစ်ဦးဖြစ်တဲ့ “W1sh-“ဆိုတဲ့ကစားသမား ပါဝင်ခဲ့ပါတယ်။ Ana နဲ့ Topson လိုမျိုး လူမသိ သူမသိ ကစားသမားတွေကို အရောင်တင်နိုင်ခဲ့တဲ့အတွက် အခု လူစားဝင် ကစားသမားအသစ် “W1sh-“ အကြောင်းကို တော်တော်များများက စိတ်ဝင်စားနေကြပါပြီ။

W1sh- ဆိုတာ ဘယ်သူလဲ?

W1sh ဟာ လူဦးရေ (၅) သန်းခန့်သာရှိတဲ့ “ဂျော်ဂျီယာ” နိုင်ငံသားတစ်ဦး ဖြစ်ပါတယ်။ အသက် (၂၂) နှစ်ရှိပြီး Mid Role ကို အဓိက ကစားသူ ဖြစ်ပါတယ်။

W1sh when he was playing for Wind and Rain

Dota2 ကစားသမား သက်တမ်းတစ်လျှောက် Unchained Esports, Wind and Rain, Godsent အစရှိတဲ့ Tier 2/3 အသင်းတွေမှာပဲ ကစားခဲ့တဲ့အတွေ့အကြုံ ရှိပါတယ်။ Godsent အသင်းမှာလည်း မတ်လမှာ နောက်ဆုံးကစားခဲ့တာ ဖြစ်ပြီးယခု လက်ရှိ Godsent နဲ့ စာချုပ်ရှိမရှိကိုတော့ သေချာမသိရသေးပါဘူး။

ထူးခြားတာကတော့ W1sh ဟာ လက်ရှိ Dota2 Leaderboard (Europe) မှာ အဆင့် (၂၉) နေရာအထိ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ထို့အပြင် Dotabuff အချက်အလက်များအရ သူရဲ့ ပွဲအများဆုံး ကစားထားတဲ့ Hero က “Invoker” ဖြစ်ပြီး ပွဲပေါင်း (၈၀၀) ကျော်နဲ့ Win Rate 59% ရှိနေပါတယ်။

ပုံမှန်ဆိုရင် Stand-in ကစားသမားတစ်ယောက် လူစားထိုး ဝင်ကစားတယ်ဆိုတာ စိတ်ဝင်စားစရာ မရှိပါဘူး။ ဒါပေမယ့် တစ်ခါမှ နာမည်မကြားဖူးတဲ့ ကစားသမားတွေကို ခေါ်ယူပြီး TI ယူနေကျဖြစ်တဲ့ OG မှာ ဝင်ကစားမှာဖြစ်လို့ ယခုလို ရှာဖွေတင်ဆက်လိုက်ရတာ ဖြစ်ပါတယ်။

WePlay Pushka League ကိုတော့ မေလ (၁၂) ရက်နေ့အထိ ယှဉ်ပြိုင်မှာ ဖြစ်ပြီး OG ကတော့ ဧပြီ (၂၈) မှာ Alliance နဲ့ စတင်ယှဉ်ပြိုင်ရမှာပါ။ N0tail နဲ့ Ceb တို့ရဲ့ ထိမ်းကျောင်းမှုနဲ့အတူ W1SH တစ်ယောက် Mid မှာ ဘယ်လို ကစားပြမယ်ဆိုတာ ကြည့်ရှုဖို့ မစောင့်စားနိုင်တော့ပါဘူး။


[ZawGyi]

OG Dota2 ရဲ႕ လူစားဝင္ ကစားသမား “W1sh-“ ဆိုတာ ဘယ္သူလဲ?

 

OG အသင္းဟာ လာမယ့္ WePlay! Dota2 Pushka League ကို ဝင္ေရာက္ကစားမယ့္ လူစာရင္းကို လြန္ခဲ့တဲ့ နာရီပိုင္းက ေၾကညာခဲ့ပါတယ္။ WePlay! Pushka League ဟာ ဥေရာပနဲ႔ CIS က အေကာင္းဆုံး Dota2 အသင္းေတြ League ပုံစံ ပါတ္လည္စနစ္ျဖင့္ ယွဥ္ၿပိဳင္ရမယ့္ ၿပိဳင္ပြဲသစ္တစ္ခုပဲ ျဖစ္ပါတယ္။

OG အသင္းဟာ Europe အုပ္စုမွာ Alliance, Ninja in Pyjamas, Nigma, Team Secret, Team Liquid, OG Seed တို႔နဲ႔အတူ က်ေရာက္ေနတာပဲ ​ျဖစ္ပါတယ္။ အုပ္စု ထိပ္ဆုံး (၄) သင္းဟာ ရႈံးထြက္အဆင့္မွာ CIS မွ အသင္းမ်ားနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး စုစုေပါင္း ဆုေၾကးကေတာ့ ေဒၚလာ (၂၅၀,၀၀၀) ျဖစ္ပါတယ္။

WePlay! Dota2 Pushka League မွာ ကစားမယ့္ OG ရဲ႕ လူစာရင္းကေတာ့
1/ SumaiL-
2/ W1sh-
3/ Ceb
4/ Saksa
5/ N0tail
တို႔ပဲ ျဖစ္ပါတယ္။


OG ရဲ႕ Mid နဲ႔ Offlane ျဖစ္တဲ့ Topson နဲ႔ MidOne တို႔ဟာ COVID-19 ျပန႔္ပြားေနခ်ိန္ မေလးရွားႏိုင္ငံကို ေရာက္ရွိေနတာျဖစ္မလို႔ OG အသင္းနဲ႔ လာေရာက္ မပူးေပါင္းႏိုင္ေသးပါဘူး။

ယခု WePlay! Pushka League မွာေတာ့ Offlane ေနရာမွာ လူေဟာင္းတစ္ဦးျဖစ္သူ Ceb ပါဝင္ကစားေပမယ့္ Mid ေနရာမွာေတာ့ မ်က္ႏွာသစ္ကစားသမား တစ္ဦးျဖစ္တဲ့ “W1sh-“ဆိုတဲ့ကစားသမား ပါဝင္ခဲ့ပါတယ္။ Ana နဲ႔ Topson လိုမ်ိဳး လူမသိ သူမသိ ကစားသမားေတြကို အေရာင္တင္ႏိုင္ခဲ့တဲ့အတြက္ အခု လူစားဝင္ ကစားသမားအသစ္ “W1sh-“ အေၾကာင္းကို ေတာ္ေတာ္မ်ားမ်ားက စိတ္ဝင္စားေနၾကပါၿပီ။

W1sh- ဆိုတာ ဘယ္သူလဲ?

W1sh ဟာ လူဦးေရ (၅) သန္းခန႔္သာရွိတဲ့ “ေဂ်ာ္ဂ်ီယာ” ႏိုင္ငံသားတစ္ဦး ျဖစ္ပါတယ္။ အသက္ (၂၂) ႏွစ္ရွိၿပီး Mid Role ကို အဓိက ကစားသူ ျဖစ္ပါတယ္။

W1sh when he was playing for Wind and Rain

Dota2 ကစားသမား သက္တမ္းတစ္ေလွ်ာက္ Unchained Esports, Wind and Rain, Godsent အစရွိတဲ့ Tier 2/3 အသင္းေတြမွာပဲ ကစားခဲ့တဲ့အေတြ႕အႀကဳံ ရွိပါတယ္။ Godsent အသင္းမွာလည္း မတ္လမွာ ေနာက္ဆုံးကစားခဲ့တာ ျဖစ္ၿပီးယခု လက္ရွိ Godsent နဲ႔ စာခ်ဳပ္ရွိမရွိကိုေတာ့ ေသခ်ာမသိရေသးပါဘူး။

ထူးျခားတာကေတာ့ W1sh ဟာ လက္ရွိ Dota2 Leaderboard (Europe) မွာ အဆင့္ (၂၉) ေနရာအထိ ေရာက္ရွိေနတာပဲ ျဖစ္ပါတယ္။ ထို႔အျပင္ Dotabuff အခ်က္အလက္မ်ားအရ သူရဲ႕ ပြဲအမ်ားဆုံး ကစားထားတဲ့ Hero က “Invoker” ျဖစ္ၿပီး ပြဲေပါင္း (၈၀၀) ေက်ာ္နဲ႔ Win Rate 59% ရွိေနပါတယ္။

ပုံမွန္ဆိုရင္ Stand-in ကစားသမားတစ္ေယာက္ လူစားထိုး ဝင္ကစားတယ္ဆိုတာ စိတ္ဝင္စားစရာ မရွိပါဘူး။ ဒါေပမယ့္ တစ္ခါမွ နာမည္မၾကားဖူးတဲ့ ကစားသမားေတြကို ေခၚယူၿပီး TI ယူေနက်ျဖစ္တဲ့ OG မွာ ဝင္ကစားမွာျဖစ္လို႔ ယခုလို ရွာေဖြတင္ဆက္လိုက္ရတာ ျဖစ္ပါတယ္။

WePlay Pushka League ကိုေတာ့ ေမလ (၁၂) ရက္ေန႔အထိ ယွဥ္ၿပိဳင္မွာ ျဖစ္ၿပီး OG ကေတာ့ ဧၿပီ (၂၈) မွာ Alliance နဲ႔ စတင္ယွဥ္ၿပိဳင္ရမွာပါ။ N0tail နဲ႔ Ceb တို႔ရဲ႕ ထိမ္းေက်ာင္းမႈနဲ႔အတူ W1SH တစ္ေယာက္ Mid မွာ ဘယ္လို ကစားျပမယ္ဆိုတာ ၾကည့္ရႈဖို႔ မေစာင့္စားႏိုင္ေတာ့ပါဘူး။