[Unicode]

Streamer လောကမှာ ဘယ်သူတွေ ဦးဆောင်နေလဲ

 

ဂိမ်းကစားသူအတော်များများဟာ ဂိမ်း stream များကိုလည်း စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့ရှိကြပါတယ်။ အချို့ကြည့်ရှုသူပရိသတ်များဟာ မိမိတို့ ဝါသနာပါတဲ့ဂိမ်းများရဲ့ ကစားပုံ ကစားနည်းများကို streamer တွေဆီက လေ့လာတတ်ကြသလို stream ကို အပျော်တမ်းသက်သက်ကြည့်ရှုသူများလည်း ရှိကြပါတယ်။ သုတေသနတစ်ခုမှာတော့ ဂိမ်းလုံးဝကစားလေ့မရှိပဲ stream သီးသန့်သာ ကြည့်ရှုကြတဲ့ ပရိသတ်များလည်း ရှိတယ်လို့ ဆိုထားပါတယ်။

ယခုနှစ်အတွင်းမှာ ဂိမ်း streaming ဟာ ယခင်နှစ်များထက် ပိုမိုခေတ်စားလာခဲ့ပြီး နာမည်ကျော် streamer အမြောက်အများ ပေါ်ပေါက်လာခဲ့ပါတယ်။ ဂိမ်းအသစ်များထွက်ပေါ်လာမှုနဲ့အတူ နှစ်အတော်ကြာတည်းက ရှိနေခဲ့ကြတဲ့ ဝါရင့် streamer များ ပိုမိုနာမည်ကျော်လာခဲ့သလို တစ်ဟုန်ထိုး လူကြိုက်များလာတဲ့ streamer လက်သစ်များလည်း ရှိလာပါတယ်။

Tfue

– Follower အများဆုံး streamer များ –

  1. Shroud– ၇.၀၂၇ သန်း
  2. Tfue– ၇.၀၂၅ သန်း
  3. Myth – ၅.၄၃ သန်း
  4. Dakotaz – ၄.၀၈ သန်း
  5. TimTheTatman – ၄.၀၄ သန်း
  6. Summit1g – ၃.၉၇ သန်း
  7. DrDisrespect – ၃.၇၂ သန်း
  8. TSM_Daequan – ၃.၇၁ သန်း
  9. DrLupo – ၃.၅၈ သန်း
  10. Pokimane – ၃.၄၄ သန်း

Twitch နဲ့ Mixer တို့ဟာ ဝါရင့် streamer အများစု အဓိကအားထား အသုံးပြုတဲ့ streaming platform များဖြစ်ကြသလို အသစ်ပေါ်ပေါက်လာတဲ့ streamer များဟာလည်း ယင်း platform များကိုပဲ အသုံးများကြပါတယ်။ ထိပ်ဆုံး streamer များရဲ့ follower အရေအတွက်ဟာ နိုင်ငံငယ်တစ်နိုင်ငံရဲ့ လူဦးရေထက်တောင် ကျော်လွန်နေပါတယ်။

စာရင်းထဲမှာ မပါဝင်ပဲ လူသိအများဆုံးဖြစ်နေတဲ့ streamer တစ်ဦးလည်း ရှိပါသေးတယ်။ သူကတော့ Fortnite ကို အဓိက stream ပြီး Twitch ပေါ်မှာ follower အများဆုံးရရှိထားခဲ့တဲ့ Ninja ပါ။ ယခုနှစ်ထဲမှာ Ninja ဟာ Twtich ပေါ်ကနေ ပြိုင်ဘက် platform ဖြစ်တဲ့ Mixer ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ လက်ရှိမှာ Mixer ပေါ်က Ninja ရဲ့ follower အရေအတွက်ဟာ ၂.၂ သန်းသာ ရှိသေးလို့ အခြား Fortnite streamer တစ်ဦးဖြစ်တဲ့ Tfue က ထိပ်ဆုံးမှာ ရပ်တည်နေနိုင်တာပါ။

ဒါပေမယ့် follower အများဆုံး streamer တိုင်းကတော့ subscriber အများဆုံး မဟုတ်ကြပါဘူး။ Twitch ပေါ်က ကြည့်ရှုသူ ပရိသတ်များဟာ သူတို့ နှစ်သက်တဲ့ streamer များ ကြာရှည်ရပ်တည်နိုင်အောင် လစဉ် ငွေပမာဏတစ်ခု လှူတန်းပြီး subscribe ပြုလုပ်လေ့ရှိကြပါတယ်။ ဒီလို Subscribe လုပ်တဲ့သူတွေသာ ကိုယ်အားပေးတဲ့ Streamer ရဲ့ Stream Chat Box မှာ ကော်မန့်ပေးနိုင်တာ စတဲ့ အထူးအခွင့်အရေးတွေလည်း ရှိပါတယ်။

XQcOW

– Subscriber အများဆုံး streamer များ –

  1. XQcOW – ၃၀,၉၀၀
  2. Shroud – ၃၀,၈၀၀
  3. MontanaBlack88 – ၂၈,၀၀၀
  4. AdmiralBahroo – ၂၅,၄၀၀
  5. Dr.DisRespect – ၂၅,၂၀၀
  6. MOONMOON_OW – ၂၄,၃၀၀
  7. NICKMERCS – ၂၂,၃၀၀
  8. Castro_1021 – ၂၂,၀၀၀
  9. CriticalRole – ၂၀,၀၀၀
  10. Formal – ၁၉,၅၀၀
Shroud & Dr.DisRecpect

– လစဉ်ဝင်ငွေအကောင်းဆုံး streamer များ –

  1. Ninja (လစဉ်ဝင်ငွေ ဒေါ်လာ ၄ သိန်းမှ ၈ သိန်း)
  2. Shroud (လစဉ်ဝင်ငွေ ဒေါ်လာ ၁ သိန်းခွဲမှ ၂ သိန်း)
  3. Summit1g (လစဉ်ဝင်ငွေ ဒေါ်လာ ၁ သိန်းမှ ၁.၂၅ သိန်း)

ယခု ဝင်ငွေစာရင်းဟာ Twitch နဲ့ Mixer stream များပေါ်မှ ရရှိတဲ့ အချက်အလက်များပေါ်မှာ ခန့်မှန်းတွက်ချက်ထားတာဖြစ်ပြီး အခြားဝင်ငွေရနိုင်တဲ့ YouTube နဲ့ စပွန်ဆာများတို့မှ ရရှိငွေများ မပါဝင်သေးပါဘူး။ Streamer အများစုရဲ့ ဝင်ငွေဟာ ကြေငြာလက်ခံခြင်းများ၊ donation များနဲ့ subscription များကနေ ရရှိပါတယ်။

– Net worth အများဆုံးရရှိထားတဲ့ streamer များ –

  1. Ninja (ဒေါ်လာ ၁၂ သန်းမှ ၁၅ သန်း)
  2. Summit1g (ဒေါ်လာ ၅.၅ သန်းမှ ၇.၅သန်း)
  3. TimTheTatman (ဒေါ်လာ ၄ သန်းမှ ၆သန်း)
Ninja

Ninja ဟာ Twitch ပေါ်မှာ ရှိနေစဉ်ထဲက ဝင်ငွေအကောင်းဆုံး streamer ဖြစ်နေခဲ့တာပါ။ Twitch ကနေ Mixer ကို ရွှေ့ပြောင်းဖို့အတွက် ဒေါ်လာသန်းပေါင်းများစွာနဲ့ ကမ်းလှမ်းခြင်းခံခဲ့ရတယ်လို့လည်း ကောလဟလများ ထွက်ပေါ်ခဲ့ပါတယ်။ Ninja ကို Red Bull နဲ့ Adidas တို့လို ကုမ္ပဏီကြီးများက စပွန်ဆာပေးထားတဲ့သလို ကိုယ်ပိုင်နာမည်နဲ့ ထုတ်ကုန်များကနေလည်း ဝင်ငွေရရှိနေပါတယ်။

တိုးတက်ပြောင်းလဲနေတဲ့ Esports လောကမှာ လက်ရှိခေတ်စားနေတဲ့ steamer များစာရင်းကို လေ့လာနိုင်အောင် တင်ပြလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်လျက်ရှိပါတယ်။

Source: theloadout


[Zawgyi]

Streamer ေလာကမွာ ဘယ္သူေတြ ဦးေဆာင္ေနလဲ

 

ဂိမ္းကစားသူအေတာ္မ်ားမ်ားဟာ ဂိမ္း stream မ်ားကုိလည္း စိတ္ပါဝင္စားစြာ ၾကည့္ရႈေလ့ရွိၾကပါတယ္။ အခ်ိဳ႕ၾကည့္ရႈသူပရိသတ္မ်ားဟာ မိမိတုိ႔ ဝါသနာပါတဲ့ဂိမ္းမ်ားရဲ႕ ကစားပုံ ကစားနည္းမ်ားကို streamer ေတြဆီက ေလ့လာတတ္ၾကသလို stream ကို အေပ်ာ္တမ္းသက္သက္ၾကည့္ရႈသူမ်ားလည္း ရွိၾကပါတယ္။ သုေတသနတစ္ခုမွာေတာ့ ဂိမ္းလုံးဝကစားေလ့မရွိပဲ stream သီးသန္႔သာ ၾကည့္ရႈၾကတဲ့ ပရိသတ္မ်ားလည္း ရွိတယ္လုိ႔ ဆိုထားပါတယ္။

ယခုႏွစ္အတြင္းမွာ ဂိမ္း streaming ဟာ ယခင္ႏွစ္မ်ားထက္ ပုိမိုေခတ္စားလာခဲ့ျပီး နာမည္ေက်ာ္ streamer အေျမာက္အမ်ား ေပၚေပါက္လာခဲ့ပါတယ္။ ဂိမ္းအသစ္မ်ားထြက္ေပၚလာမႈနဲ႔အတူ ႏွစ္အေတာ္ၾကာတည္းက ရွိေနခဲ့ၾကတဲ့ ဝါရင့္ streamer မ်ား ပိုမိုနာမည္ေက်ာ္လာခဲ့သလို တစ္ဟုန္ထိုး လူၾကိဳက္မ်ားလာတဲ့ streamer လက္သစ္မ်ားလည္း ရွိလာပါတယ္။

Tfue

– Follower အမ်ားဆုံး streamer မ်ား –

  1. Shroud– ၇.၀၂၇ သန္း
  2. Tfue – ၇.၀၂၅ သန္း
  3. Myth – ၅.၄၃ သန္း
  4. Dakotaz – ၄.၀၈ သန္း
  5. TimTheTatman – ၄.၀၄ သန္း
  6. Summit1g – ၃.၉၇ သန္း
  7. DrDisrespect – ၃.၇၂ သန္း
  8. TSM_Daequan – ၃.၇၁ သန္း
  9. DrLupo – ၃.၅၈ သန္း
  10. Pokimane – ၃.၄၄ သန္း

Twitch နဲ႔ Mixer တို႔ဟာ ဝါရင့္ streamer အမ်ားစု အဓိကအားထား အသုံးျပဳတဲ့ streaming platform မ်ားျဖစ္ၾကသလို အသစ္ေပၚေပါက္လာတဲ့ streamer မ်ားဟာလည္း ယင္း platform မ်ားကိုပဲ အသုံးမ်ားၾကပါတယ္။ ထိပ္ဆုံး streamer မ်ားရဲ႕ follower အေရအတြက္ဟာ ႏိုင္ငံငယ္တစ္ႏိုင္ငံရဲ႕ လူဦးေရထက္ေတာင္ ေက်ာ္လြန္ေနပါတယ္။

စာရင္းထဲမွာ မပါဝင္ပဲ လူသိအမ်ားဆုံးျဖစ္ေနတဲ့ streamer တစ္ဦးလည္း ရွိပါေသးတယ္။ သူကေတာ့ Fortnite ကို အဓိက stream ျပီး Twitch ေပၚမွာ follower အမ်ားဆုံးရရွိထားခဲ့တဲ့ Ninja ပါ။ ယခုႏွစ္ထဲမွာ Ninja ဟာ Twtich ေပၚကေန ျပိဳင္ဘက္ platform ျဖစ္တဲ့ Mixer ကို ေျပာင္းေရႊ႕သြားခဲ့ပါတယ္။ လက္ရွိမွာ Mixer ေပၚက Ninja ရဲ႕ follower အေရအတြက္ဟာ ၂.၂ သန္းသာ ရွိေသးလို႔ အျခား Fortnite streamer တစ္ဦးျဖစ္တဲ့ Tfue က ထိပ္ဆုံးမွာ ရပ္တည္ေနႏိုင္တာပါ။

ဒါေပမယ့္ follower အမ်ားဆုံး streamer တိုင္းကေတာ့ subscriber အမ်ားဆုံး မဟုတ္ၾကပါဘူး။ Twitch ေပၚက ၾကည့္ရႈသူ ပရိသတ္မ်ားဟာ သူတို႔ ႏွစ္သက္တဲ့ streamer မ်ား ၾကာရွည္ရပ္တည္ႏိုင္ေအာင္ လစဥ္ ေငြပမာဏတစ္ခု လွဴတန္းျပီး subscribe ျပဳလုပ္ေလ့ရွိၾကပါတယ္။ ဒီလို Subscribe လုပ္တဲ့သူေတြသာ ကိုယ္အားေပးတဲ့ Streamer ရဲ႕ Stream Chat Box မွာ ေကာ္မန္႔ေပးႏုိင္တာ စတဲ့ အထူးအခြင့္အေရးေတြလည္း ရွိပါတယ္။

XQcOW

– Subscriber အမ်ားဆုံး streamer မ်ား –

  1. XQcOW – ၃၀,၉၀၀
  2. Shroud – ၃၀,၈၀၀
  3. MontanaBlack88 – ၂၈,၀၀၀
  4. AdmiralBahroo – ၂၅,၄၀၀
  5. Dr.DisRespect – ၂၅,၂၀၀
  6. MOONMOON_OW – ၂၄,၃၀၀
  7. NICKMERCS – ၂၂,၃၀၀
  8. Castro_1021 – ၂၂,၀၀၀
  9. CriticalRole – ၂၀,၀၀၀
  10. Formal – ၁၉,၅၀၀
Shroud & Dr.DisRecpect

– လစဥ္ဝင္ေငြအေကာင္းဆုံး streamer မ်ား –

  1. Ninja (လစဥ္ဝင္ေငြ ေဒၚလာ ၄ သိန္းမွ ၈ သိန္း)
  2. Shroud (လစဥ္ဝင္ေငြ ေဒၚလာ ၁ သိန္းခြဲမွ ၂ သိန္း)
  3. Summit1g (လစဥ္ဝင္ေငြ ေဒၚလာ ၁ သိန္းမွ ၁.၂၅ သိန္း)

ယခု ဝင္ေငြစာရင္းဟာ Twitch နဲ႔ Mixer stream မ်ားေပၚမွ ရရွိတဲ့ အခ်က္အလက္မ်ားေပၚမွာ ခန္႔မွန္းတြက္ခ်က္ထားတာျဖစ္ျပီး အျခားဝင္ေငြရႏိုင္တဲ့ YouTube နဲ႔ စပြန္ဆာမ်ားတို့မွ ရရွိေငြမ်ား မပါဝင္ေသးပါဘူး။ Streamer အမ်ားစုရဲ႕ ဝင္ေငြဟာ ေၾကျငာလက္ခံျခင္းမ်ား၊ donation မ်ားနဲ႔ subscription မ်ားကေန ရရွိပါတယ္။

– Net worth အမ်ားဆုံးရရွိထားတဲ့ streamer မ်ား –

  1. Ninja (ေဒၚလာ ၁၂ သန္းမွ ၁၅ သန္း)
  2. Summit1g (ေဒၚလာ ၅.၅ သန္းမွ ၇.၅သန္း)
  3. TimTheTatman (ေဒၚလာ ၄ သန္းမွ ၆သန္း)
Ninja

Ninja ဟာ Twitch ေပၚမွာ ရွိေနစဥ္ထဲက ဝင္ေငြအေကာင္းဆုံး streamer ျဖစ္ေနခဲ့တာပါ။ Twitch ကေန Mixer ကို ေရႊ႕ေျပာင္းဖုိ႔အတြက္ ေဒၚလာသန္းေပါင္းမ်ားစြာနဲ႔ ကမ္းလွမ္းျခင္းခံခဲ့ရတယ္လို႔လည္း ေကာလဟလမ်ား ထြက္ေပၚခဲ့ပါတယ္။ Ninja ကို Red Bull နဲ႔ Adidas တို႔လို ကုမၸဏီၾကီးမ်ားက စပြန္ဆာေပးထားတဲ့သလို ကိုယ္ပိုင္နာမည္နဲ႔ ထုတ္ကုန္မ်ားကေနလည္း ဝင္ေငြရရွိေနပါတယ္။

တိုးတက္ေျပာင္းလဲေနတဲ့ Esports ေလာကမွာ လက္ရွိေခတ္စားေနတဲ့ steamer မ်ားစာရင္းကို ေလ့လာႏိုင္ေအာင္ တင္ျပလုိက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႕ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္လ်က္ရွိပါတယ္။

Source: theloadout