[Unicode]

“Apex Legends မိုဘိုင်းလ်ဗားရှင်း ထွက်လာဖို့ ဘယ်လောက်စောင့်ရဦးမှာလဲ”

 

Apex Legends ဟာ ထွက်ရှိပြီး အချိန်တိုအတွင်းမှာ အောင်မြင်မှုအမြောက်အများရရှိခဲ့တဲ့ battle royale ဂိမ်းတစ်ခုဖြစ်ပါတယ်။ ကိုယ်ပိုင်ဟန်ရှိလှပြီး free-to-play ကစားနိုင်တာကြောင့်လည်း လူကြိုက်အများဆုံးဂိမ်းများထဲက တစ်ခုဖြစ်လာခဲ့တာပါ။ EA ဟာ Apex Legends ကို မိုဘိုင်းလ်ဖုန်းများပေါ်မှာလည်း ကစားနိုင်တော့မှာဖြစ်ကြောင်း ကြေညာချက်ကိုလည်း ထုတ်ပြန်ထားခဲ့ပါတယ်။

EA ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Andrew Wilson ရဲ့ ပြောကြားချက်အရတော့ Apex Legends မိုဘိုင်းလ်ဗားရှင်းကို ၂၀၂၁ ခုနှစ်ရဲ့ ဘဏ္ဍာရေးနှစ်အတွင်းမှာ စတင်ထုတ်လုပ်မယ်လို့ ဆိုပါတယ်။ EA ရဲ့ ယင်းဘဏ္ဍာရေးနှစ်ဟာ ၂၀၂၀ အောက်တိုဘာလ ၁ ရက်နေ့မှာမှ စတင်မှာဖြစ်လို့ ထွက်ရှိလာဖို့ အနည်းဆုံးတစ်နှစ်ခန့် ကြာမြင့်ဦးမှာ ဖြစ်ပါတယ်။

EA CEO Andrew Wilson

Apex Legends ရဲ့ ပြိုင်ဘက်ဂိမ်းများဖြစ်ကြတဲ့ PUBG, Call of Duty: Mobile နဲ့ Fortnite တို့ဟာ မိုဘိုင်းလ်ဗားရှင်းများထွက်ရှိထားပြီးဖြစ်လို့ ယခုလိုအချိန်ဆွဲမှုဟာ အစီအစဉ်ကောင်းမဟုတ်ကြောင်း အများက ဝေဖန်လျက်ရှိပါတယ်။ ဒါပေမယ့် EA ဟာ နောက်ပိုင်းထွက်ရှိလာမယ့် မိုဘိုင်းလ်ဖုန်းများနဲ့ ကိုက်ညီပြီး ဂိမ်းအတွေ့အကြုံကောင်းများပေးစွမ်းနိုင်ဖို့ ယခုလို အချိန်ယူတာဖြစ်ကြောင်းလည်း အချို့က သုံးသပ်ကြပါတယ်။

Andrew Wilson ရဲ့ ပြောကြားချက်များထဲမှာတော့ “ကျွန်တော်တို့ဟာ Apex Legends ကို စတင်ထုတ်လုပ်စဉ်ထဲက ရေရှည်အတွက် အဓိကဂိမ်းတစ်ခုအဖြစ် ရည်ရွယ်ချက်များ ထားရှိခဲ့ပါတယ်။ Apex Legends အတွက် အလုပ်လုပ်နေကြတဲ့ ဝန်ထမ်းများဟာလည်း အရင်ကထက် ပိုမိုများပြားလာခဲ့သလို ဒီဂိမ်းဟာလည်း ပိုမိုတိုးတက်လာခဲ့ပါတယ်။”

“ကစားသူပေါင်း သန်း ၇၀ ကျော်ရရှိထားတဲ့ Apex Legends ကို မိုဘိုင်းလ်ပေါ် ရောက်ရှိအောင် ဆောင်ရွက်သွားမှာဖြစ်သလို အခြားနယ်ပယ်သစ်များပေါ်ကိုလည်း ခြေဆန့်ဦးမှာပါ။ Apex competitive gaming program တစ်ခုကိုလည်း ထုတ်လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ အသေးစိတ်အချက်အလက်များကို မကြာမီ ထပ်မံကြေညာပေးသွားပါမယ်။” အစရှိသဖြင့် ပါဝင်ခဲ့ပါတယ်။

ယနေ့ခေတ်မှာ နာမည်ကြီးဂိမ်းကုမ္ပဏီအများစုဟာ မိုဘိုင်းလ် platform ကို အာရုံစိုက်မှုများပြားလာခဲ့သလို မိုဘိုင်းလ်ဂိမ်းများဟာလည်း ပြောင်းလဲတိုးတက်လာခဲ့ပါတယ်။ နောင်တစ်ချိန် Esports လောကမှာ မိုဘိုင်းလ်ဂိမ်းများဟာ ကြီးမားတဲ့နေရာတစ်ခုမှာ ရပ်တည်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ကြရမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

Source: Techrader


[Zawgyi]

“Apex Legends မိုဘိုင္းလ္ဗားရွင္း ထြက္လာဖုိ့ ဘယ္ေလာက္ေစာင့္ရဦးမွာလဲ”

 

Apex Legends ဟာ ထြက္ရွိျပီး အခ်ိန္တိုအတြင္းမွာ ေအာင္ျမင္မႈအေျမာက္အမ်ားရရွိခဲ့တဲ့ battle royale ဂိမ္းတစ္ခုျဖစ္ပါတယ္။ ကိုယ္ပိုင္ဟန္ရွိလွျပီး free-to-play ကစားႏိုင္တာေၾကာင့္လည္း လူၾကိဳက္အမ်ားဆုံးဂိမ္းမ်ားထဲက တစ္ခုျဖစ္လာခဲ့တာပါ။ EA ဟာ Apex Legends ကို မိုဘိုင္းလ္ဖုန္းမ်ားေပၚမွာလည္း ကစားႏိုင္ေတာ့မွာျဖစ္ေၾကာင္း ေၾကညာခ်က္ကုိလည္း ထုတ္ျပန္ထားခဲ့ပါတယ္။

EA ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္သူ Andrew Wilson ရဲ႕ ေျပာၾကားခ်က္အရေတာ့ Apex Legends မိုဘိုင္းလ္ဗားရွင္းကို ၂၀၂၁ ခုႏွစ္ရဲ႕ ဘ႑ာေရးႏွစ္အတြင္းမွာ စတင္ထုတ္လုပ္မယ္လို႔ ဆိုပါတယ္။ EA ရဲ႕ ယင္းဘ႑ာေရးႏွစ္ဟာ ၂၀၂၀ ေအာက္တိုဘာလ ၁ ရက္ေန႔မွာမွ စတင္မွာျဖစ္လို႔ ထြက္ရွိလာဖုိ့ အနည္းဆုံးတစ္ႏွစ္ခန့္ ၾကာျမင့္ဦးမွာ ျဖစ္ပါတယ္။

EA CEO Andrew Wilson

Apex Legends ရဲ႕ ျပိဳင္ဘက္ဂိမ္းမ်ားျဖစ္ၾကတဲ့ PUBG, Call of Duty: Mobile နဲ႔ Fortnite တို႔ဟာ မိုဘိုင္းလ္ဗားရွင္းမ်ားထြက္ရွိထားျပီးျဖစ္လို႔ ယခုလိုအခ်ိန္ဆြဲမႈဟာ အစီအစဥ္ေကာင္းမဟုတ္ေၾကာင္း အမ်ားက ေဝဖန္လ်က္ရွိပါတယ္။ ဒါေပမယ့္ EA ဟာ ေနာက္ပိုင္းထြက္ရွိလာမယ့္ မိုဘိုင္းလ္ဖုန္းမ်ားနဲ႔ ကိုက္ညီျပီး ဂိမ္းအေတြ႔အၾကံဳေကာင္းမ်ားေပးစြမ္းႏိုင္ဖုိ႔ ယခုလို အခ်ိန္ယူတာျဖစ္ေၾကာင္းလည္း အခ်ိဳ႕က သုံးသပ္ၾကပါတယ္။

Andrew Wilson ရဲ႕ ေျပာၾကားခ်က္မ်ားထဲမွာေတာ့ “ကြ်န္ေတာ္တို႔ဟာ Apex Legends ကို စတင္ထုတ္လုပ္စဥ္ထဲက ေရရွည္အတြက္ အဓိကဂိမ္းတစ္ခုအျဖစ္ ရည္ရြယ္ခ်က္မ်ား ထားရွိခဲ့ပါတယ္။ Apex Legends အတြက္ အလုပ္လုပ္ေနၾကတဲ့ ဝန္ထမ္းမ်ားဟာလည္း အရင္ကထက္ ပိုမိုမ်ားျပားလာခဲ့သလို ဒီဂိမ္းဟာလည္း ပိုမိုတိုးတက္လာခဲ့ပါတယ္။”

“ကစားသူေပါင္း သန္း ၇၀ ေက်ာ္ရရွိထားတဲ့ Apex Legends ကို မိုဘုိင္းလ္ေပၚ ေရာက္ရွိေအာင္ ေဆာင္ရြက္သြားမွာျဖစ္သလို အျခားနယ္ပယ္သစ္မ်ားေပၚကိုလည္း ေျခဆန္႔ဦးမွာပါ။ Apex competitive gaming program တစ္ခုကိုလည္း ထုတ္လုပ္ဖုိ႔ အစီအစဥ္ရွိပါတယ္။ အေသးစိတ္အခ်က္အလက္မ်ားကို မၾကာမီ ထပ္မံေၾကညာေပးသြားပါမယ္။” အစရွိသျဖင့္ ပါဝင္ခဲ့ပါတယ္။

ယေန႔ေခတ္မွာ နာမည္ၾကီးဂိမ္းကုမၸဏီအမ်ားစုဟာ မိုဘိုင္းလ္ platform ကို အာရုံစိုက္မႈမ်ားျပားလာခဲ့သလို မိုဘိုင္းလ္ဂိမ္းမ်ားဟာလည္း ေျပာင္းလဲတိုးတက္လာခဲ့ပါတယ္။ ေနာင္တစ္ခ်ိန္ Esports ေလာကမွာ မိုဘိုင္းလ္ဂိမ္းမ်ားဟာ ၾကီးမားတဲ့ေနရာတစ္ခုမွာ ရပ္တည္မလားဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ၾကရမွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

Source: Techrader